← Chapters

အခန်း (၁၆၆)

Vol. 12 Ch. 166

အခန်း (၁၆၆)

Vol. 12 Ch. 166

“ဘဇ်”

ရှင်းလင်းကာ နားစူးလှသည့် ဓါးငိုကြွေးသံဟာ ဆက်တိုက် ထွက်ပေါ်လာ၏။

“ဘဇ်၊ ဘဇ်၊ ဘဇ်..”

ထိုအချိန်၌ သက်ခြွေဓါးဟာ ပျော်ရွှင်မှု လှိုင်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။ တုန်ခါမှုနှုန်းဟာ မြင့်တက်လာခဲ့၏။

ဟန်ကျောက်ဟာ သူ၏ နားစည်တို့ လှုပ်ခါနေသည်ဟု ခံစားရပြီး အလွန် မသက်မသာ ရှိလှသည်။

သူ၏ အဓိကခန္ဓာကိုယ်ဟာ သုံးပါးသော အနှစ်သာရအား တစ်ဝက်ကျော်အား ဆုံးရှုံးခဲ့၏။ သို့ပေမယ့် သာမန် ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့် တစ်ယောက်ထက် သန်မာပါသေးသည်။

ဒီသွေးစိတ်ဝိညာဉ်ကိုယ်ပွားဟာ ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းကို အားကုန် အသုံးပြုခြင်း မရှိသေးပေ။ မဟုတ်ပါက ၎င်း၏ စွမ်းအားဟာ ပိုမိုသန်မာမှာ ဖြစ်၏။

ပုံမှန်အားဖြင့် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက်ဟာ သတိထားခြင်း မရှိပဲ များပြားသည့် အတွင်းအားများကို ဦးခေါင်းတွင် စုဆောင်းထားပါက အနီးကပ်လာသည်နှင့် ဓါးငိုကြွေးသံကြောင့် နားစည်များ ပေါက်ကွဲထွက်သွားနိုင်ပါသည်။

“ဒီနေ့ကစတင်ပြီး မင်းက မိုးပြန်ဓါး လန်ဖန်းယွင်ပဲ။ ဒီနာမည်က ယွမ်ကန်းကောင်တီမှာ ပဲ့တင်ထပ်လာလိမ့်မယ်”

ဟန်ကျောက်က အသာပြုံးသည်။

“ကောင်းပြီ”

လန်ဖန်းယွင်က ခေါင်းညှိတ်သည်။

“မင်းကို အဆင့်ထဲကို ရောက်အောင်လုပ်လို့ရလား မသိဘူး”

ဟန်ကျောက်ဟာ ဆန်မာရုအိတ်အတွင်းရှိ ကျောက်စိမ်းတံဆိပ်ပြားကို စဉ်းစားမိ၏။ ဒီကိုယ်ပွားကို သူ၏ အဆင့်အား အမွေဆက်ခံစေနိုင်ပါက ပိုကောင်းပေလိမ့်မည်။

သူ့တွင် သွေးစိတ်ဝိညာဉ် မူဝါဒရှိကာ နတ်ဆိုးသားရဲများ၏ သွေးကို စုပ်ယူခြင်းအားဖြင့် အဓိကခန္ဓာ၏ သွေးချီကို ယာယီ ပြောင်းလဲနိုင်ပါသည်။

ဒီကျောက်စိမ်းတံဆိပ်ပြားဟာ လူတစ်ယောက်၏ သွေးချီ(သို့) အစစ်အမှန်ချီကို ပစ်မှတ်ထားအခြေခံကာ မှတ်သားခြင်း ဖြစ်ပါက သူ၏ သေဆုံးမှုကို အတုလုပ်ကာ လန်ဖန်းယွင်အား အဆင့်ကို ဆက်ခံစေနိုင်ပါသည်။

ဟန်ကျောက်ဟာ လန်ဖန်းယွင်ကို ဒီဗိုင်းလက်နက်အတွင်းသို့ ထည့်ကာ သိုင်းအကယ်ဒမီမှ ထွက်ခဲ့၏။ ခွန်အားသန့်စင်ခြင်း အဆင့်ရှိ အရွယ်ရောက်ပြီးသည့် နတ်ဆိုးသားရဲ သွေးကို ဝယ်လိုက်သည်။

ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားများအတွက် အရွယ်ရောက်ပြီးသည့် နတ်ဆိုးသားရဲ အသားဟာ စိတ်ဝိညာဉ်ဆေးလုံးနှင့် နှိုင်းယှဉ်နိုင်သည့် ကျင့်ကြံခြင်း အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ ဈေးနှုန်းဟာ အမြဲတမ်း မြင့်မားလေ့ရှိ၏။

သို့ရာတွင် နတ်ဆိုးသားရဲသွေးဟာတော့ များစွာ တန်ကြေးနိမ့်ပါသည်။

နောက်တစ်နေ့နံနက်တွင်..

စီရင်စုမြို့တော်၏ အလယ်ပိုင်းရှိ မြေကွက်လပ်တွင်… ကြီးမားသည့် ကျောက်တိုင်နှစ်ခုရှိ ဘယ်ဘက်တိုင်ဟာ

အလင်းတစ်ထုကို ရုတ်တရက် ထုတ်လွှတ်လာခဲ့သည်။

“ကြည့်လိုက်ဦး”

“ချီလင်အဆင့်က ပြောင်းပြန်ပြီလား”

“ဘာလို့ ဒီအတောအတွင်း အဆင့်တွေ ခဏခဏ ပြောင်းနေရတာလဲ”

“၂၉၅လား…. နောက်ဆုံးအကြိမ်တုန်းက ဒေါသရေနဂါးဂိုဏ်းက လင်းဖုန်းကို သတ်ခဲ့တဲ့ အမည်မသိပုဂ္ဂိုလ်လည်း အသတ်ခံလိုက်ရတာလား”

“ဒီလူသစ်ရဲ့ နာမည်က လန်ဖန်းယွင်လို့ ခေါ်တယ်။ သူက ဘယ်ကလာတာလဲ”

“အသက်၂၁နှစ်တဲ့.. ဘုရားရေ”

“အရင်းအမြစ်မသိ.. ကျင့်ကြံခြင်းနည်းလမ်း- မိုးပြန်ဓါးအတတ်”

“အဆင့်- ခွန်အားသန့်စင်ခြင်းအဆင့်တဲ့… ချီတစ်ဆင့် စစ်ဘုရင်အဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ နောက်ထပ် ကြောက်စရာလူတစ်ယောက်ပဲ”

“ဒီအတောအတွင်း ဘာတွေဖြစ်နေတာလဲ။ ဒီလောက်များတဲ့ ပါရမီရှင်တွေ ဘယ်နေရာကနေ ထွက်လာတာလဲ”

လူအုပ်ထဲတွင် ရပ်နေသည့် ယန်ပိုင်ချွမ်ဟာ မနာလိုစွာ ရှိနေ၏။

“တကယ့်ကို မယုံနိုင်စရာ ကောင်းတယ်”

ဟန်ကျောက်က သဘောတူစွာ ခေါင်းညှိတ်သည်။ နှစ်ယောက်သားဟာ ဟိုဟိုဒီဒီ လျှောက်သွားပြီးနောက် ဟန်ကျောက်ဟာ ဆေးဖော်စပ်ရန် အကြောင်းပြချက်ဖြင့် သိုင်းအကယ်ဒမီဆီသို့ ပြန်ခဲ့သည်။

ဤနည်းအားဖြင့် သူဟာ ဆေးသန့်စင်ရင်းမှ လန်ဖန်းယွင်အား ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းအတတ်အား ကျင့်စေသည်။

နှစ်ဝက်ဟာ တိတ်ဆိတ်စွာ ကုန်လွန်သွားသည်။ ဟန်ကျောက်ဟာ ဆေးပေါင်းအိုးအတွင်းရှိ လုံးဝိုင်းသည့် အပြာရောင် ဆေးလုံးကို ကြည့်သည်။ သူ၏ မျက်လုံးများထဲ၌ အံ့ဩမှုတို့ ပေါ်လာ၏။

“ဒါက အဆင့်မြင့်အဆင့် ဆေးလုံးမလား”

“စကေး- အခြေခံဆေးပညာ(ပြီးပြည့်စုံခြင်း ၉၀%)”

“ပြန်လည်မွေးဖွားလာသော ဆေးသူတော်စင်ဟာ အဆင့်မြင့်တက်လာခ့သည်”

“ပြန်လည်မွေးဖွားလာသော ဆေးသူတော်စင်- ခရမ်းရောင်ပါရမီ- ဆေးပညာပါရမီဟာ ဆယ်ဆ တိုးလာခဲ့သည်။ အဆင့်နိမ့် ဆေးလုံးများနှင့် အလယ်အလတ်အဆင့် ဆေးလုံးများကို သန့်စင်ရာ၌ အောင်မြင်နိုင်ချေဟာ ၃၀%နှင့် ၂၀%တို့ အသီးသီး တိုးတက်လာခဲ့သည်။

အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့် ဆေးလုံးများကို လုံးဝ ပိုင်နိုင်စွာ သန့်စင်နိုင်ပါက အဆင့်မြင့်အဆင့် ဆေးလုံးကို သန့်စင်နိုင်မည့် အခွင့်အရေး ၅%ရှိလာသည်။

(၎င်းဟာ လေ့ကျင့်ခြင်းအားဖြင့် လိမ္မော်ရောင် ပါရမီအဖြစ်သို့ မြင့်တက်နိုင်သည်။ အမြင့်ဆုံး အကန့်အသတ်မှာ အနီရောင်ပါရမီ ဖြစ်သည်)”

စနစ်မျက်နှာပြင်တွင် ပါရမီမြင့်တက်မှု အချက်ပေးချက်ဟာ‌ ပေါ်လာခဲ့၏။ သူ၏ ဆေးပညာပါရမီဟာ ကိုးဆမှ ဆယ်ဆသို့ မြင့်တက်သွားသည်။

အဆင့်နိမ့်နှင့် အလယ်အလတ် ဆေးလုံးများကို သန့်စင်နိုင်ရာ အောင်မြင်နိုင်ချေဟာ ၁၀% စီ ထပ်မံတိုးလာခဲ့ပြီး ဆင့်မြင့်အဆင့် ဆေးလုံးများကို သန့်စင်ရာ၌ အောင်မြင်နိုင်ချေဟာ ၁%မှ ၅%သို့ မြင့်တက်သွားသည်။

“အခြေခံအဆင့် ဆေးလုံး ခြောက်မျိုးနဲ့ အလယ်အလတ်အဆင့် ဆေးလုံး တစ်မျိုးကို သန့်စင်ဖို့အတွက် နှစ်ဝက်ပဲ ငါသုံးခဲ့မယ်လို့ ဘယ်သူထင်မိမှာလဲ။ အဆင့်မြင့်အဆင့် ဆေးလုံးတွေကိုတောင် သန့်စင်နိုင်နေပြီ”

ဟန်ကျောက်ဟာ ဆေးပေါင်းအိုးအတွင်းရှိ အဆင့်မြင့်အဆင့် ရေအဆီအနှစ်ဆေးလုံးကို အပြုံးတစ်ခုနှင့် ကောက်ယူသည်။

ဒီရေအဆီအနှစ် ဆေးလုံးဟာ အလယ်အလတ်အဆင့် ဆေးလုံးများအကြားတွင် အရိုးရှင်းဆုံးများထဲမှ တစ်ခုသာ ဖြစ်ပေမယ့် ရေအမျိုးအစား ကျင့်စဉ်များကို ကျင့်ကြံရာ၌ အလွန် အကျိုးရှိပါသည်။

ထို့ကြောင့် ဟန်ကျောက်ဟာ ၎င်းကို အရင်ဆုံး သင်ယူရန် ရွေးချယ်လိုက်ခြင်း ဖြစ်၏။

ရေအဆီအနှစ် ဆေးလုံးကဲ့သို့ အလယ်အလတ်အဆင့် ဆေးလုံးတိုင်းဟာ သာမန် အဆင့်နိမ့် ဆေးလုံးတစ်ခုထက် အဆပေါင်းများစွာ ပိုမိုဈေးကြီးပါသည်။

ဤသည်မှာ အလယ်အလတ်အဆင့် ဆေးပညာရှင်နှင့် အဆင့်မြင့်အဆင့် ဆေးပညာရှင်တို့ အကြားရှိ ကြီးမားသည့် ခြားနားချက်လည်း ဖြစ်၏။

အလယ်အလတ်အဆင့် ဆေးပညာရှင်များဟာ ချီငါးဆင့် စစ်ဘုရင်များပင်လျှင် လေးနက်စွာ ဆက်ဆံရသည့် အရေးကြီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သိုင်းသူတော်စင်တစ်ယောက်ရှိသည့် ထိပ်တန်းအဖွဲ့အစည်း တစ်ခုပင်လျှင် သူတို့ကို အလေးမထားစွာ ဆက်ဆံခြင်းမရှိပေ။

နှစ်ခုလုံးဟာ ရေအဆီအနှစ် ဆေးလုံးများသာ ဖြစ်လျှင်တောင် အလယ်အလတ်အဆင့်၏ တန်ဖိုးဟာ အဆင့်နိမ့်အဆင့်ထက် သုံးဆ၊ အဆင့်မြင့်အဆင့်၏ တန်ဖိုးဟာ အလယ်အလတ်အဆင့်ထက် သုံးဆ ပိုမိုမြင့်မားသည်။

သို့ရာတွင် အဓိကအချက်မှာ အဆင့်မြင့်အဆင့် ဆေးလုံးများဟာ ရှားပါးပြီး အလွန်အဖိုးတန်လှခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင် လိုအပ်ချက်မှာ ကြီးမားလှ၏။ အခြေခံအားဖြင့် ဆေးလုံးရသည်နှင့် လုဝယ်ကြပါသည်။ ပိုက်ဆံရှိလျှင်တောင် ဝယ်နိုင်ရန် ခက်ခဲ၏။

အကြိမ်အများစုတို့တွင် ဆေးပညာရှင်များဟာ အဆင့်မြင့်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ပါက သူတို့ဘာသာတွက် သိမ်းထားလေ့ ရှိကြသည်။

မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးမှာတော့ သန့်စင်ရန် အခက်ခဲဆုံး အလယ်အလတ်အဆင့် ဆေးလုံးတစ်မျိုး ဖြစ်သည်။

သို့ရာတွင် ဟန်ကျောက်၏ လက်ရှိ ဆေးပညာအတွေ့အကြုံနှင့် တတ်မြောက်ရန်အတွက် အချိန်ရှည်ကြာတော့မည် မဟုတ်ပါ။

“ပြီးရင်.. နောက်ထပ်ပြဿနာက ငါ့လက်ထဲက ဆေးလုံးတွေကို ဘယ်လိုရောင်းချရမလဲ ဆိုတာပဲ”

ဟန်ကျောက်ဟာ အနည်းငယ် စိုးရိမ်နေမိ၏။ သူဟာ ရေအဆီအနှစ် ဆေးလုံးအားလုံးကို လန်ဖန်းယွင်အား ထောက်ပံ့ပေးခဲ့သည်။

သို့ရာတွင် အခြား အဆင့်နိမ့်အဆင့် ဆေးလုံးခြောက်မျိုးဟာ ဆန်မာရုအိတ်အတွင်းတွင် အလောင်းတစ်ထောင်ကျော်ကာ ရှိနေပြီး ဖြစ်၏။

ထိုဆေးခြောက်မျိုး၏ သန့်စင်မှု အောင်မြင်နိုင်ချေဟာ အနိမ့်ဆုံး ၆၀%သို့ ရောက်ရှိနေပါပြီ။ သူ၏ ထိုအောင်မြင်နိုင်ချေနှင့် အဆင့်နိမ့်အဆင့် ဆေးလုံးများ၏ တန်ဖိုးဟာ မြင့်မားခြင်း မရှိလျှင်တောင် ရောင်းချနိုင်ပါက အကျိုးအမြတ်များစွာကို ရရှိလာမှာ ဖြစ်သည်။

သို့ရာတွင် ပြဿနာမှာ ယခုအချိန်၌ သူ့အနေနှင့် ရောင်းချရဲခြင်း မရှိခြင်း ဖြစ်သည်။ သူဟာ နာမည်တုတစ်ခုကိုပင် အသုံးပြုရဲခြင်း မရှိပေ။

အခက်ခဲဆုံး အခြေခံအဆင့် ဆေးလုံးဖြစ်သည့် ပီကူးဆေးလုံးဟာ အာဟာရဆေးလုံး၏ မြှင့်တင်ထားမှု ဖြစ်သည်။ တစ်လုံးကို စားထားပါက တိုက်ခိုက်မှု မပြုလျှင် လေးရက်အတွင်း ဗိုက်ဆာတော့မည် မဟုတ်ပေ။

တန်ဖိုးဟာ တစ်လုံးလျှင် ငွေ၆လျန်ဖြစ်၏။

ယခု ဟန်ကျောက်ဟာ အာဟာရဆေးလုံးများကို ယန်ပိုင်ချွမ်မှတစ်ဆင့် ရောင်းချနေပါသည်။ ထို့အပြင် သူဟာ ယန်ပိုင်ချွမ်အား သူ၏ ဆေးသန့်စင်ခြင်း အောင်မြင်နိုင်ချေအား ခန့်မှန်းနိုင်ခြင်း မရှိစေရန် အများကြီး ရောင်းချရဲခြင်း မရှိပေ။

All Chapters