← Chapters

အခန်း (၁၆၇)

Vol. 12 Ch. 167

အခန်း (၁၆၇)

Vol. 12 Ch. 167

နှစ်ဝက်အတွင်းတွင် ဆေးသန့်စင်ခြင်းကို သင်ယူနိုင်ခဲ့သည်ကပင် ယန်ပိုင်ချွမ်အား အလွန် ချီကျူးစေခဲ့ပြီး ဖြစ်၏။ သတိဟူသည်မှာ ပိုထားလေ ကောင်းလေဖြစ်၏။

“ငွေ၂၀၀၀၀လျန် ကျန်သေးတယ်။ ပုံမှန်ဆို နှစ်ဝက်လောက်သုံးဖို့ လုံလောက်သေးတယ်။ ဒါပေမယ့် ငါ့မှာ မီးတောက် ရိုးတွင်းခြင်ဆီသန့်စင်ခြင်း ဆေးလုံးကို လေ့လာဖို့ ရှိသေးတယ်။ ဒီလောက်နဲ့ နှစ်ဝက်တောင် မခံမှာ စိုးရတယ်”

ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“လန်ဖန်းယွင်ကိုပဲ ပေါ်လာခိုင်းရမယ် ထင်တယ်။ သူသာ ချီလင်အဆင့်က အဆင့်တူတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို သတ်နိုင်ရင် သေချာပေါက် ချက်ချင်း ချမ်းသာလာမှာ”

“သူ့အတွက် အရေအဆီအနှစ် ဆေးလုံးတွေကို ပိုသန့်စင်ပေးရမယ်”

ဟန်ကျောက်ဟာ စိတ်ပိုင်းဖြတ်ပြီးနောက် ဆေးပေါင်းအိုးနှင့် ဆေးပင်များကို သိမ်းလိုက်သည်။

ထို့နောက် စန္ဒကူးအမွှေးတိုင်ကို မီးညှိကာ အခန်းထဲရှိ ဆေးနံ့များကို ပျက်ပြယ်စေ၏။ ထို့နောက် ဓါးမိုးခြံဝန်းမှ ထွက်ကာ ကွမ်းလင်ဒေသသို့ ရောက်ရှိသွားသည်။

ကွမ်းလင်ဒေသရှိ လူအများစုဟာ သိုင်းအကယ်ဒမီနှင့် ပက်သက်နေကြ၏။ သိုင်းအကယ်ဒမီမှ တပည့်အများစုဟာ ဒေသခံများ ဖြစ်ကြသည်။

သူတို့၏ မိသားစုများဟာ သိုင်းအကယ်ဒမီသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။ ထို့ကြေင့် သူတို့ဟာ အနီးအနားရှိ ကွမ်းလင်ဒေသတွင်သာ နေထိုင်ကြ၏။

မျိုးဆက် တစ်ခုပြီးတစ်ခု ဖြတ်သန်းလာပြီးနောက် ကွမ်းလင်ဒေသ တစ်ခုလုံးဟာ သိုင်းအကယ်ဒမီရှိ တပည့်များ၏ အုပ်စိုးမှုအောက်သို့ ကျရောက်သွားသည်။

ဟန်ကျောက်ဟာ လမ်းတစ်ဝက်တွင် သူ့နောက်မှ လူတစ်ယောက် လိုက်ပါလာကြောင်းကို ရုတ်တရက် နားလည်လိုက်သည်။ ထို့အပြင် မီတာ၁၀၀ အဝေးတွင် လူအချို့လည်း ရှိနေ၏။ သူတို့ဟာ သူ့ကို ဝိုင်းထားပြီး ဖြစ်သည်။

ထိုပုံကို တွေ့ရပြီးနောက် သူဟာ ညာဘက်ရှိ လမ်းကြာင်းသို့ ကြည့်လိုက်သည်။ တည်ငြိမ်စွာ လျှောက်ဝင်လိုက်၏။ ထို့နောက် ရုတ်တရက် လမ်းကြားအတွင်းပိုင်းသို့ အမြန်ပြေးသွားသည်။

လန်ဖန်းယွင်ကို ထုတ်လွှတ်လိုက်၏။ လန်ဖန်းယွင်က ခြေထောက်ကို အသာတောက်ကာ လမ်းကြား၏ ထိပ်ပိုင်းဆီသို့ လျှင်မြန်စွာ ပျံသန်းသွား၏။

ထို့နောက် ဟန်ကျောက်ဟာ လမ်းကြားအပြင်ဘက်သို့ ဖြည်းညှင်းစွာ ပြန်လျှောက်လာခဲ့သည်။ ထိုအချိန်၌ အရပ်ရှည်သည့် လူနှစ်ယောက်ဟာ ရုတ်တရက် လျှောက်လာခဲ့၏။

နှစ်ယောက်လုံးဟာ အနက်ရောင် တိုက်ခိုက်‌ရေး ဝတ်စုံများကို ဝတ်ဆင်ထားသည်။ သူတို့၏ ရင်ဘတ်တွင် အင်္ကျီများဟာ ပွင့်ဟနေပြီး အမွှေးများ ဖုံးလွှမ်းနေသည့် ကြွက်သားများ ပေါ်လာခဲ့သည်။ ကြွက်သားခြောက်မြောင်းဟာ ကျောက်သားကဲ့သို့ မာကြော၏။

ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က နောက်သို့လှည့်ကာ လျှောက်သွားသည်။ သူ၏နောက်တွင် ကောက်ကျစ်သည့် အသွင်သဏ္ဍာန်နှင့် ခါးတွင် ဆေဘာရှည်ကို ချိတ်ဆွဲထားသည့် အဖိုးကြီးတစ်ယောက် ပေါ်လာကြောင်းကို နားလည်လိုက်သည်။

“မင်းတို့က ဘာကို ဆိုလိုတာလဲ”

ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည် ဒီအဖိုးကြီးဟာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက် ဖြစ်ပါသည်။ သို့ပေမယ့် တစ်ဖက်လူကို သူတွေ့ဖူးခြင်း မရှိပါ။

“ငါက ညီလေးဟန်ကို အိမ်ကို ဧည့်သည်အဖြစ် ဖိတ်ချင်လို့ပါ”

“ကျွန်တော့မှာ ခင်ဗျားတို့ အာရုံစိုက်ရလောက်အောင် ထိုက်တန်တာ ဘာမှရှိပုံ မပေါ်ဘူးနော်”

ဟန်ကျောက်က သံသယဖြင့် မေးသည်။

“ဘယ်ဟုတ်မလဲ.. ညီလေးဟန်.. မင်းကိုယ်မင်း နှိမ့်ချနေဖို့ မလိုပါဘူး။ မင်းရဲ့ ဆေးသန့်စင်ခြင်း ပါရမီက ရတနာတစ်ပါးပဲလေ”

အဖိုးကြီးက ဆက်လက်ပြောသည်။

“ခင်ဗျားကို ဘယ်သူပြောလိုက်တာလဲ”

ဟန်ကျောက်၏ နှလုံးသားက အခုန်မြန်သွားသည်။ ယန်ပိုင်ချွမ်ကတော့ သူ့ကို သစ္စာမဖောက်လောက်ပေ။ အာဟာရ ဆေးလုံးလေးနှင့် တန်မည်မဟုတ်ပါ။

“သိုင်းအကယ်ဒမီက တပည့်တစ်ယောက်က ယန်ပိုင်ချွမ်မူးပြီး လျှောက်ပြောတာကို ကြားခဲ့တာ။ သူငါတို့ကို သတင်းပို့ပေးခဲ့တာပဲ”

“ဒမ်း… ပါးစပ်ဖွာတဲ့ကောင်”

ဟန်ကျောက်ဟာ ရယ်ရမည်မသိ ငိုရမည်မသိ ဖြစ်သွား၏။ ထိုသို့ဆိုပါက ရက်အနည်းငယ်အတွင်းတွင် ထိုအကြောင်းကို သိုင်းအကယ်ဒမီ တစ်ခုလုံး သိသွားလောက်ပါသည်။

ကံကောင်းစွာပင် သူဟာ ပြင်ဆင်ထားပြီး ဖြစ်၏။

“ညီလေးဟန်… မင်းရဲ့ မိသားစုနောက်ခံ တစ်ခုတည်းနဲ့ မင်းဆေးဖော်ဖို့အတွက် အရင်းအမြစ် ဘယ်လောက်များများ ထောက်ပံ့ပေးနိုင်မှာလဲ။ ငါတို့ရဲ့ ဒေါသရေနဂါးဂိုဏ်းကို ဝင်ရောက်ရင်တော့ ငါတို့ဆီမှာ မင်းအတွက် ဆေးသန့်စင်ရာမှာ သင်ကြားပေးနိုင်တဲ့ အလယ်အလတ်အဆင့် ဆေးပညာရှင်နှစ်ယောက် ရှိတယ်။ ပြောစရာတစ်ခုရှိတယ်။ ဉာဏ်ကောင်းတဲ့လူက အခြေအနေကို လက်ခံတတ်ရတယ်တဲ့..”

အဖိုးကြီးက ဆက်လက် တိုက်တွန်း၏။

“ခင်ဗျားက ဒေါသရေနဂါးဂိုဏ်းကလား”

ဟန်ကျောက်ဟာ မှင်သက်သွား၏။

"အခု.. မင်းရဲ့ဆုံးဖြတ်ချက်က ဘာလဲ”

“ဒါက ခင်ဗျားတို့တွေ လူကို ဖိတ်ခေါ်တဲ့ ပုံစံလား”

“မင်းဘာသာ ငါတို့ဂိုဏ်းကို ဝင်ချင်ချင်၊ မဝင်ချင်ချင် ရွေးချယ်စရာ မရှိဘူး”

အဖိုးကြီးက အသံနိမ့်စွာ ပြောသည်။

“ကျွန်တော်ကတော့ အဲ့လိုမထင်ဘူး”

ဟန်ကျောက်က ပြုံးကာ လမ်းကြားဝသို့ လျှောက်သွားသည်။

ထိုပုံကို တွေ့ရပြီးနောက် အဖိုးကြီးက လမ်းကြားအဝရှိ လူသန်ကြီးနှစ်ယောက်တို့ကို ပြောသည်။

“သူ့ကို နည်းနည်းလောက် မှတ်လောက်သားလောက်အောင် လုပ်လိုက်။ ဒါပေမယ့် လက်တွေကို မထိခိုက်စေနဲ့”

“ဟုတ်ကဲ့”

လူသန်ကြီးနှစ်ယောက်တို့က ကောက်ကျစ်စွာ ရယ်ကာ လက်သီးများကို ဆုပ်လိုက်သည်။ တဂျွတ်ဂျွတ် မြည်လာ၏။

“ညီလေးဟန်… မင်းနေရာကို မင်းသိတာ ကောင်းလိမ့်မယ်နော်။ မဟုတ်ရင် ငါတို့ကို မင်းရဲ့ ချောမောတဲ့ မျက်နှာလေးကို ဖျက်ဆီးပစ်တယ်ဆိုပြီး အပြစ်မတင်နဲ့”

နှစ်ယောက်စလုံးဟာ သွေးချီချိုးဖျက်မှု တတိယဆင့်၌ ရှိ၏။ နှစ်ယောက်တစ်ယောက် ဖြစ်ရာ ကွာခြားချက်က ကြီးမားသည်။

ဟန်ကျောက်ဟာ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ သူတို့နှစ်ယောက်ဆီသို့ ဆက်လက်လျှောက်လာ၏။

“မင်းက ဘာတွေ ဟန်ဆောင်နေတာလဲ”

နှစ်ယောက်သားဟာ ဒေါသထွက်သွားပြီး ဟန်ကျောက်၏ မျက်နှာဆီသို့ တစ်ပြိုင်နက် ထိုးလိုက်သည်။

“ဘဇ်”

ရှင်းလင်းကာ နားစူးသည့် ဓါးငိုကြွေးသံတစ်ခု ပေါ်လာ၏။

“ရွှက်”

“ငါ့လက်”

နှစ်ယောက်သား၏ လက်များဟာ လက်ကောက်ဝတ်မှ ပြတ်ထွက်သွားကြသည်။ လက်ဝါးများဟာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သွေးများ ပြန့်ကြဲသွား၏။

လန်ဖန်းယွင်က သက်ခြွေဓါးကို ဝှေ့ယမ်းကာ မိုးရေကဲ့သို့ ဓါးခွန်အားဟာ ရှေ့တွင် ကာထား၏။ သွေးစက်များကို တန်ပြန်စေလိုက်သည်။ သူ၏ ခန္ဓာကိုယ်အား သွေးတစ်စက်ပင် လာစင်ခြင်း မရှိပါ။ သူ့နောက်ရှိ ဟန်ကျောက်ဆိုလျှင် ပိုဆိုး၏။

လူသန်ကြီးနှစ်ယောက််တို့ဟာ နာကျင်မှုဖြင့် အေးစက်သွားကြသည်။ သူတို့ဟာ လမ်းကြားမှ လက်နှစ်ဖက်ကို နောက်ပစ်ကာ လျှောက်ထွက်လာဆဲ ရှိသည့် ဟန်ကျောက်ကို ကြည့်၏။

တိုက်ခိုက်ရဲခြင်း လုံးဝ မရှိတော့ပေ။ ခေါင်းများကို ငုံ့ထားပြီး လက်ကို နံရံဖက်သို့ လှည့်ထားသည်။ လက်ကောက်ဝတ်ရှိ သွေးများ သွားစင်မည်ကို ကြောက်နေသည့်ပုံပါ။

တောင်ကြား၏ အနောက်ဘက်ရှိ အဖိုးကြီးလည်း ဟန်ကျောက်၏ ထွက်သွားမှုကို ကြည့်နေ၏။ တားမြစ်ခြင်း မရှိပေ။ သူ၏အကြည့်ဟာ လန်ဖန်းယွင်၏ မျက်နှာပေါ်တွင် စူးစိုက်သွား၏။ အနည်းငယ် ခြောက်သွေ့နေသည့် အသံဖြင့် ပြောသည်။

“မင်းက မိုးပြန်ဓါး လန်ဖန်းယွင်လား”

“ဟုတ်တယ်”

လန်ဖန်းယွင်၏ မျက်နှာပေါ်၌ အဓိပ္ပာယ်ရှိသည့် အပြုံးတစ်ခု ပေါ်လာ၏။

“ဘာကိုရယ်တာလဲ..”

အဖိုးကြီး၏ ဦးခေါင်းတွင် ချွေးများ စို့လာခဲ့သည်။

“ငါ့အတွက် ဓါးထုတ်ရအောင် ကူညီပေးတဲ့လူရှိလို့ ပျော်သွားတာပါ”

လန်ဖန်းယွင်က ပြုံးသည်။

“ကလန်”

ဓါးအိမ်အတွင်းသို့ ပြန်ရောက်ခါစ ရှိသေးသည့် သက်ခြွေဓါးဟာ ရုတ်တရက် ပြန်ထွက်လာခဲ့သည်။ ရှင်းလင်းသည့် ဓါးညည်းသံနှင့်အတူ အေးစက်သည့် ဓါးအငွေ့အသက် တစ်ခုဟာ လမ်းကြားတစ်ခုလုံးကို လွှမ်းခြုံသွား၏။

“ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စက.. နားလည်မှုလွဲတာပါ။ ငါတို့တွေက ညီလေးဟန်ကို တကယ့်စိတ်ရင်းနဲ့ ဖိတ်ချင်တာပါ” အဖိုးကြီးက အမြန်ပြောသည်။

“လက်တစ်ဖက်”

လန်ဖန်းယွင်က ဓါးဦးနှင့် အဖိုးကြီးကို ချိန်ရွယ်ကာ ပြောသည်။

“မင်း”

အဖိုးအိုဟာ ထိတ်လန့်စွာ ဒေါသထွက်သွား၏။ သူဟာ ခြိမ်းခြောက်ခံခဲ့ရလေသည်။

“ငါ့တို့ရဲ့ ဒေါသရေနဂါးဂိုဏ်းကို ထိပါးမိမှာ မင်းမကြောက်ဘူးလား။ မင်းနဲ့ ဟန်ကျောက်ရဲ့ ပက်သက်မှုကို ငါသတင်းဖြန့်လိုက်မှာ မင်းမကြောက်ဘူးလား”

“အဲ့တော့ဘာဖြစ်လဲ။ ခင်ဗျားက တစ်သက်လုံး ဒေါသရေနဂါးကျွန်းကနေ မထွက်တော့ဘူးလား”

လန်ဖန်းယွင်က ထူးမခြားနားစွာ ပြောသည်။

သူ့အနေနှင့် တစ်ခါတည်း သတ်ဖြတ်မှု မပြုခဲ့ခြင်းမှာ စီရင်စုမြို့တော်တွင် လူသတ်မှုကို တင်းကြပ်စွာ တားမြစ်ထားသောကြောင့် ဖြစ်သည်။

သို့ရာတွင် ဒီကောင်တွေကို သင်ခန်းစာတစ်ခုတော့ ပေးရန် လိုအပ်၏။ အဓိကခန္ဓာကိုယ်နှင့် ကိုယ်ပွားတို့အကြား ပက်သက်မှုရှိပုံကို သတင်းလွှင့်တာကတော့.. ပိုမိုကာပင် ဘာမှမဖြစ်ပေ။

ယခုအချိန်အထိ လန်ဖန်းယွင်တွင် မည်သည့်ရန်သူမှ မရှိသေးပါ။ ထို့အပြင် သူဟာ လင်းဖုန်းအတွက် လက်စားချေကာ အမည်မသိ ကျွမ်းကျင်သူကို သတ်ဖြတ်ပေးခဲ့သည့် ဒေါသရေနဂါးဂိုဏ်း၏ ကျေးဇူးရှင်ဖြစ်သည်။

“ကောင်းပြီ”

တစ်ဖက်လူ၏ အလွန် ပြတ်သားပုံကို တွေ့ရပြီးနောက် အဖိုးကြီးက အံကိုကြိတ်ကာဆေဘာကို ဆွဲထုတ်သည်။ သူ၏ ဘယ်ဘက်လက်ကို လက်ကောက်ဝတ်မှ ခုတ်ဖြတ်လိုက်၏။ ထို့နောက် အတွင်းအားကို သုံးကာ သွေးထွက်မှုကို ရပ်တန့်လိုက်သည်။

သူဟာ ကိုယ့်လက်ကို ပြန်ဖြတ်ရန် ဆုံးဖြတ်ချက်ချနိုင်ပါသည်။ သို့ပေမယ့် လန်ဖန်းယွင်အား တိုက်ခိုကရန် ဓါးထုတ်ဖို့ သတ္တိမရှိပါ။

“ကလန်”

လန်ဖန်းယွင်က သူ၏ဓါးကို ပြန်သိမ်းလိုက်သည်။ လမ်းကြားမှ လျှောက်ထွက်သွား၏။ အဖိုးကြီးနှင့် အခြား လူသန်ကြီး နှစ်ယောက်တို့ဟာ သူတို့၏ လက်များကို အမြန်ကောက်ကာ ဆေးကုသခြင်း ခန်းမဆီသို့ အမြန်ပြေးကြသည်။

သူတို့ဟာ ၁၅မိနစ် အတွင်းတွင် လက်ပြန်ဆက်ခြင်း ဆေးလုံးကို သောက်လိုက်ပါက ပျက်စီးသွားသည့် လက်ချောင်းအား ပြန်ဆက်နိုင်ရန် မျှော်လင့်ချက် ရှိပါသေးသည်။

၎င်းဟာ အရင်ကလောက် အသုံးဝင်တော့မှာ သေချာပေါက် မဟုတ်တော့ပေမယ့် လက်တစ်ချောင်း ဆုံးရှုံးရခြင်းထက်တော့ ကောင်းပါသေးသည်။

သို့ရာတွင် လက်ပြန်ဆက်ခြင်း ဆေးလုံးး၏ တန်ကြးဟာ သူတို့ဘဝ တစ်ဝက်စာလောက် ပြန်ပေးရမှာ ဖြစ်၏။

“ဒီတစ်ကြိမ်မှာ ငါ့ရဲ့ သုံးသပ်ချက်က အမှားအယွင်း ဖြစ်သွားခဲ့တာ။ အဲ့ဒါကြောင့် ဒီအစီအစဉ်မှာ တန်ပြန်ထိခိုက်မှုတွေ ရှိလာခဲ့တယ်။ မင်းတို့နှစ်ယောက်အတွက် ဆေးလုံးကို ယာယီ ငါ့နာမည်နဲ့ မှတ်ထားခိုင်းလိုက်။ နောင်ကျမှ ငါ့ကို ဖြည်းဖြည်းချင်း ပြန်ပေးပေါ့”

“ကျေးဇူးတင်ပါတယ် ဝတ်ပြုဆရာစွန်း”

လူသန်ကြီး နှစ်ယောက်က နာကျင်မှုကို သည်းခံကာ အကြိမ်ကြိမ် ကျေးဇူးတင်သည်။

“ဟန်ကျောက်မှာ လန်ဖန်းယွင်လို ကျွမ်းကျင်သူတစ်ယောက်ရဲ့ ကာကွယ်မှု ရှိနေမယ်လို့ ထင်မထားခဲ့ဘူး။ ဘယ်လောက် ဆိုးလိုက်လဲ”

ဝတ်ပြုဆရာစွန်း၏ ပုံစံက လေးနက်သွားသည်။ ယခုအချိန်၌ ဂိုဏ်း၏ ခေါင်းဆောင်ဟောင်းကြီးဟာ ရေနဂါးသွေးအတွက် ထွက်ခွာသွားတာ နှစ်ဝက်လောက် ကြာပေမယ့် ပြန်မလာသေးပေ။

သိုင်းသူတော်စင်အဆင့်တစ်ယောက် မရှိပဲနှင့် ဂိုဏ်းချပ်နှင့် လက်ထောက်ဂိုဏ်းချုပ်တို့ဟာ အလွယ်တကူ လှုပ်ရှားမှု မပြုရဲကြပေ။ ဂိုဏ်းအတွင်းတွင် လင်ဖန်းယွင်ကို မည်သူကမှ ဘာမှလုပ်နိုင်ခြင်း မရှိပေ။ ကြည့်ရတာ သူဟာ အကောင်းဆုံး ကြိုးစားကာ အနုနည်းကိုသာ သုံးရပေတော့မည်။

All Chapters