← Chapters

အခန်း (၁၆၉)

Vol. 12 Ch. 169

အခန်း (၁၆၉)

Vol. 12 Ch. 169

သုန်းချန်ရှင်က ပြန််ယူခြင်းမရှိပါ။ သူ၏ မျက်နှာက အပြုံးမပျက်ပဲ ဆက်လက်ပြော၏။

“တကယ်လို့ ညီလေးဟန်အနေနဲ့ သိုင်းပညာကို စိတ််ဝင်စားရင်လည်း ငါတို့ သုန်းမိသားစုနဲ့ စာချုပ်ချုပ်သင့်တယ်”

“စီရင်စုမြို့တော်မှာ ကောင်းကောင်းမွန်မွန် နေချင်တယ်ဆိုင် မင်းမှာ ပိုက်ဆံ၊ စွမ်းအားနဲ့ ခွန်အားတွေ ရှိမှရမယ်။ ငါတို့ မိသားစုကြီးတွေနဲ့ စာချုပ်ချုပ်တာက မင်းအတွက် ဖွံ့ဖြိးဖို့ အကောင်းဆုံး ရွေးချယ်မှုပဲ”

“ဒါက ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက်က အုပ်စိုးနိုင်တဲ့ ကျောက်နက်မြို့လို နယ်စပ်မြို့လေး မဟုတ်ဘူး”

“အဲ့ဒီအပြင် မင်းက သွေးချီချိုးဖျက်မှု တတိယအဆင့်လေးပဲ ရှိတာ။ ဒီနေရာမှာ.. နောက်ခံမရှိရင် ဘာမှလုပ်လို့ မရဘူး”

အဆုံးသတ်တွင် သုန်းချန်ရှင်၏ စကားလုံးများဟာ ခြိမ်းခြောက်ခြင်း အဓိပ္ပာယ်တို့ ပါဝင်နေပြီး ဖြစ်၏။

“ကျွန်တော်ငြင်းတယ်”

ဟန်ကျောက်က စာအုပ်ကို သုန်းချန်ရှင်၏ လက်ကြားထဲသို့ ထိုးထည့်လိုက်သည်။

ထိုအချိန်၌ သုန်းချန်ရှင်၏ နောက်ရှိ သွေးချီချိုးဖျက်မှု တတိယအဆင် နှစ်ယောက်တို့က ရှေ့သို့တက်ကာ ဟန်ကျောက်ကို လမ်းပိတ်၏။

“မင်းက ဘာကိုဆိုလိုတာလဲ”

ဟန်ကျောက်၏ မျက်နှာ၌ ဒေါသတို့ ပေါ်လာခဲ့သည်။

အစက သူဟာ ယနေ့တွင် စိတ်အခြေအနေ ကောင်းနေခဲ့ပါသည်။ နောက်ဆုံးတွင် ပထမဆုံး ဒေါသရေနဂါးဂိုဏ်း၏ လမ်းပိတ်ခြင်းကို ခံခဲ့ရ၏။ ယခုလည်း သုန်းမိသားစုက လူနှင့် ကြုံတွေ့ပြန်လေသည်။

ဒီသုန်းချန်ရှင်သာ ချီနှစ်ဆင့် စစ်ဘုရင်တစ်ယောက် ဖြစ်ပါက သူ့အနေနှင့် ယခုကဲ့သို့ မောက်မာသည့် စကားလုံးများကို ပြောဆိုခြင်းအား နားလည်နိုင်ပါသည်။ သို့ပေမယ့် ဒီလူဟာ ခွန်အားသန့်စင်ခြင်း အဆင့်လေးသာ ရှိ၏။

သို့ပေမယ့် အလွန် အထက်စီးဆန်လှသည်။ အပြင်ဘက်မှာသာ ဆိုပါက ဟန်ကျောက်ဟာ တစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်မှာဖြစ်သည်။

“ညီလေးဟန်.. ကြည့်ရတာ ခုနက ငါ့စကားကို မင်းနားမလည်သေးတာ ဖြစ်မယ်။ မင်းသိထားရမှာက ကောင်တီမြို့ထဲမှာ ဆိုရင်တောင် အကြွင်းမဲ့ လုံခြုံနေတာတော့ မဟုတ်ဘူး။ မင်းရဲ့ လက်ရှိ သဘောထားက ငါ့ကို အရမ်းမပျော်မရွှင် ဖြစ်စေတယ်”

သုန်းချန်ရှင်၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွား၏။

“အဲ့တော့… မင်းက သိုင်းအကယ်ဒမီမှာ တိုက်ခိုက်ချင်လို့လား”

ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။

“သိုင်းကျောင်းထဲမှာ ဖြစ်နေလို့ မင်းဝမ်းသာသင့်တယ်” သုန်းချန်ရှင်၏ မျက်လုံးများက အေးစက်သွားသည်။

ထိုပုံကို တွေ့ရပြီးနာက် သူ၏နောက်ရှိ နှစ်ယောက်တို့က တင်းမာသွားပြီး ဟန်ကျောက်ဆီသို့ လျှောက်လာကြသည်။ သူတို့ဟာ တိုက်ခိုက်မှုပြုပါက အပြစ်ပေးခံရမှာ ဖြစ်ပေမယ့် သုန်းချင်ရှန်ကို စိတ်ကျေနပ်မှု ရစေဖို့ လိုအပ်ပါသည်။

“သုန်းချင်ရှန်… မင်းဘာလုပ်တာလဲ”

ယန်ပိုင်ချွမ်က အဝေးမှ အပြေးရောက်လာ၏။ သူက ဟန်ကျောက်၏ လမ်းကို ပိတ်ထားသည့် လူနှစ်ယောက်အား တွန်းကာ သုန်းချင်ရှန်ကို ကြည့်သည်။

“အစ်ကိုပိုင်ချွမ်.. မင်းဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”

သုန်းချင်ရှန်က ပြုံးသည်။

ယန်ပိုင်ချွမ်မှာ စတုတ္ထမြောက်သားသာ ဖြစ်သည်။ သို့ပေမယ့် သူကတော့ တတိယမြောက်သားဖြစ်၏။ နှစ်ဖက်လုံးဟာ ပထမဇနီး၏ အကြီးဆုံးသား မဟုတ်သလို မိသားစုရှိ ပါရမီအမြင့်ဆုံး လူများလည်း မဟုတ်ပေ။ မည်သူကမှ မည်သူထက် သာလွန်ခြင်းမရှိပါ။

“ဟန့်”

ယန်ပိုင်ချွမ်က ဒေါသထွက်သွားသည်။ သူက နှာခေါင်းရှုံ့ကာ သုန်းချင်ရှန်ကို လစ်လျူရှုလိုက်၏။ အဲ့ဒီအစား ဟန်ကျောက်ကို ကြည့်ကာ တောင်းပန်စွာ ပြောသည်။ “ညီလေးဟန်.. ငါပါးစပ်ဖွာတာကိုပဲ အပြစ်တင်ရမယ်ကွာ.. မူးပြီး မဟုတ်တာတွေ လျှောက်ပြောမိတာ… အားလုံး ငါ့အမှာားပဲ.. ဒီကိစ္စကို ငါသေချာပေါက် ကောင်းကောင်းကိုင်တွယ်မှာပါ”

“အစ်ကိုပိုင်ချွမ်.. ကျွန်တော်က အရင်ရောက်တာနော်” သုန်းချင်ရှန်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“မင်း.. ခွေးကောင်.. မင်းကို ဒီလို လူယုတ်မာဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး”

ယန်ပိုင်ချွမ်က မြေပြင်ပေါ်ရှိ စာချုပ်ကို ကောက်ကာ ကြည့်သည်။ သုန်းချန်ရှင်၏ နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲ၏။

“ယန်ပိုင်ချွမ်.. ငါမင်းကို အစ်ကိုပိုင်ချွမ်လို့ခေါ်တာ.. မင်းကို မျက်နှာသာ ပေးထားတာနော်။ ငါမင်းကို ကြောက်လို့လို့ မထင်တယ်”

သုန်းချန်ရှင်က ဒေါသထွက်သွားသည်။

“မင်း.. ညီလေးဟန်ကို ထပ်ပြီး ပြဿနာရှာရဲရင် ငါမင်းကို အလွတ်မပေးဘူး”

ယန်ပိုင်ချွမ်က ပြန်လည်ပြောဆို၏။

ပွဲလာကြည့်ကြသည့် လူများ ပတ်ဝန်းကျင်တွင် ပိုမို၊ ပိုမိုကာ များပြားလာမှုကို တွေ့ရပြီးနောက် သုန်းချန်ရှင်ဟာ မျက်မှောင်ကြုတ်သွားသည်။

“ဂျူနီယာညီလေးဟန်.. ငါပြောတာတွေကို မှတ်ထားပါ။ ကောင်တီမြို့မှာ ဆိုရင်တောင် လုံးဝ လုံခြုံနေတာ မဟုတ်ဘူး။ နောင်မှာ ညဘက်တွေအပြင်ထွက်ရင် သတိထားနေ”

သုန်းချန်ရှင်က မသွားခင် ကြမ်းကြုတ်စွာ ပြောခဲ့သည်။

“ချွမ်း..”

“မင်းဘာစကားပြောတယ်”

ယန်ပိုင်ချွမ်က ဒေါသထွက်သွားပြီး သူ၏မျက်နှာဟာ နီရဲလာ၏။ ချက်ချင်းပင် ခါးရှိ ဓါးရှည်ကို ဆွဲထုတ်သည်။

“အစ်ကိုယန်.. ထားလိုက်တော့”

ဘေးတွင် လူများ ပိုမိုဝိုင်းအုံလာပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က အမြန်ဆွဲသည်။ သူ၏နှလုံးသားထဲရှိ ယန်ပိုင်ချွမ်အပေါ် မကျေနပ်မှုဟာ ပျောက်ကွယ်သွား၏။

“ညီလေးဟန်.. ငါတကယ် တောင်းပန်တယ်ကွာ.. နောက်ကျရင် သေရည်လုံးဝ မသောက်တော့ဘူး… မဟုတ်တာတွေလည်း မပြောတော့ဘူး”

ယန်ပိုင်ချွမ်က အရှက်ရစွာ ပြောသည်။

“ကောင်းပါပြီ.. ဆိုင်သွားပြီး အခြား ပေါ်လာနိုင်တဲ့ ပြဿနာတွေအတွက် ကျွန်တော့ကို ကူညီဖို့ ဆွေးနွေးရအောင်”

ဟန်ကျောက်က မျက်ဆန်လှည့်သည်။ သူ၏ မျက်လုံးထောင့်များက သုန်းချန်ရှင်၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်နေ၏။

“ကောင်းပြီ။ ဒီနေ့ နောက်ဆုံးပဲ… မနက်ဖြန်ကစပြီး ငါသေရည်ဖြတ်ပြီ”

ယန်ပိုင်ချွမ်က လေးနက်စွာ ပြောသည်။

“သွားရအောင်”

နှစ်ယောက်သားဟာ သိုင်းအကယ်ဒမီမှ အတူတူ ထွက်ခွာသွား၏။

မည်သည့် တိုက်ခိုက်မှုမှ မရှိပုံကို တွေ့ရပြီးနောက် အပြင်လူများဟာ လျှင်မြန်စွာ လူကွဲသွားကြသည။ သို့ပေမယ့် မည်သူမှ သတိမထားမိသည်ကား လုယင်ရွှမ်းဟာ ကျမ်းစာခန်းမ၏ ငါးထပ်မြောက် ပြတင်းပေါက်တွင် ရပ်ကာ ခံစားချက်မဲ့သည့် မျက်နှာဖြင့် ကြည့်နေခြင်း ဖြစ်သည်။

“ခရက်”

ခဏအကြာတွင် လမ်းကြားတစ်ခု၌ အရိုးကျိုးသံများ ပေါ်လာခဲ့သည်။

“ဝူး…”

သုန်းချန်ရှင်၏ လက်များက ပုံပျက်သွားပြီး နာကျင်မှုကြောင့် စူးရဲစွာ အော်မိသည်။ သို့ရာတွင် သူ၏အသံ လည်ပင်းသို့ ရောက်လာသည်နှင့် သွယ်လျသည့် လက်တစ်ဖက်က သူ၏လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ တားဆီးလိုက်၏။

“မင်း… ငါဘယ်သူလဲ ဆိုတာကို.. မင်းသိလား”

သုန်းချန်ရှင်ဟာ ရှေ့ရှိ ငွေရောင်ဆံပင်များနှင့် မျက်နှာဖုံးဝတ် အမျိုးသမီးကို ကြည့်ကာ သွားကြားထဲမှ စကားများကို ညှစ်ထုတ်စွာ ပြောသည်။

“နင်ဘယ်သူလဲ ဆိုတာကို ငါဂရုမစိုက်ဘူး”

မျက်နှာဖုံးနှင့် မိန်းမ၏ အသံက အက်ကွဲနေပြီး အရိုးစိမ့်လောက်အောင် အေးစက်သည်။ သူမ၏ ငွေရောင်ဆံပင်များဟာ မည်သည့်လေတိုက်ခတ်မှုမှ မရှိပေမယ့် လူးလွန့်နေပြီး မျက်လုံးများဟာ လူကို တိုက်ရိုက်မကြည့်ရဲအောင် ဖြစ်စေသည့် ခရမ်းရောင်အလင်းဖျော့ဖျော့အား ထုတ်လွှတ်နေပါသည်။ သူမဟာ သုန်းချန်ရှင်၏ လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။

“ရပ်.. ရပ်လိုက်.. ငါ့အဖိုးက.. သုန်းကိန်လျှုံပဲ။ ချီ.. ချီနှစ်ဆင့် စစ်ဘုရင်တစ်ယောက်”

သုန်းချန်ရှင်က အားကုန်သုံးကာ အော်၏။ သူ၏မျက်နှာဟာ အနီရောင် ပြောင်းနေပါပြီ။ အသက်ရှူရ ကြပ်လှသည့် သေခြင်းအန္တရာယ်ကို ရင်ဆိုင်ရချိန်၌ သူဟာ ယုံကြည်ချက်အရှိဆုံး စကားလုံးကို အားကုန်ပြောလိုက်သည်။

ထိုစကားကို ကြားရပြီးနောက် ဆံဖြူမိန်းမ၏ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် ညာဘက်လက်ဟာ အနည်းငယ် ပြေလျော့သွားသည်။

“ဒုတ်..”

သုန်းချန်ရှင်ဟာ ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွား၏။

“မင်း.. မင်းက သိုင်းပညာအကယ်ဒမီရဲ့ ခြံဝန်းသခင်လုကို တိုက်ခိုက်ခဲ့တဲ့လူလား။ မင်း… မင်းဟန်ကျောက်နဲ့ သိတာလား”

ငွေရောင်ဆံပင်နှင့် မိန်းကလေး၏ မျက်လုံးများက ခရမ်းရောင်လက်သွားသည်။ သူမ၏ မျက်နှာတစ်ခုလုံးဟာ ချက်ချင်းပင် အနက်ရောင်အငွေ့များနှင့် ပြည့်နှက်လာ၏။ ညာဘက်လက်ကို စုကာ သုန်းချန်ရှင်ကို လက်ဝါးထဲသို့ စုပ်ယူလိုက်သည်။

”ခရက်”

သုန်းချန်ရှင်၏ ခြေထောက်ဟာ ကျိုးသွား၏။ သူ၏မျက်လုံးများက ပြူးထွက်လာပြီး မျက်နှာက ရှုံ့တွနေပါသည်။ သို့ရာတွင် သူ၏လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရသာ အသံအုပ်အုပ်သာ ထွက်နိုင်ပါသည်။

“ငါ့ကိုပြော… နင့်ရဲ့အဖိုး သုန်းစံအိမ်ထဲမှာလား”

ငွေရောင်ဆံပင်နှင့် မိန်းကလေးက လက်ကို အနည်းငယ် ဖြေလျှော့ကာ အသံနိမ့်စွာ မေးသည်။

“အသက်.. အသက်ချမ်းသာပေးပါ.. ကျွန်တော် နောက်တစ်ခါ မပြောရဲတော့ပါဘူး”

သုန်းချင်ရှန်း၏ ခန္ဓာကိုယ်ဟာ နာကျင်မှုဖြင့် တွန့်လိမ့်နေ၏။ သူဟာ ခုနက အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ရသည်။ ဦးနှောက်ဟာ အောက်စီဂျင် လိုအပ်နေပါသည်။ ခဏတာပင် ရီဝေသွားခဲ့၏။ ယခုအချိန်၌ သူ၏ပါးစပ်ကိုသာ မုန်းတီးမိသည်။

“ငါ့ကိုဖြေ.. နင့်ရဲ့အဖိုး အခု သုန်းစံအိမ်မှာလား.. တတိယအကြိမ် မေးရအောင် မလုပ်နဲ့”

ငွေရောင်ဆံပင်နှင့် မိန်းကလေး၏ မျက်လုံးများထဲ၌ လူသတ်ငွေ့တို့ ဖြတ်သန်းသွားသည်။ သူမ၏ လက်ဝါးများဟာ ဖြည်းညှင်းစွာ ပြန်လည်တင်းကြပ်လာ၏။

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်”

သုန်းချန်ရှင်က သေခြင်း၏ အန္တရာယ်အောက်တွင် အမြန်ဖြေကြား၏။

“ဒုတ်”

ငွေရောင်ဆံပင်နှင့် မိန်းကလေးက ပြန်လွှတ်လိုက်ပြန်ရာ သုန်းချန်ရှင်ဟာ ပြေပြင်ပေါ်သို့ လဲကျသွားသည်။ ထို့နော်က် ကြောက်လန့်တကြား ပြော၏။

“မင်း.. မင်းဘာလုပ်မလို့လဲ.. ငါမဟုတ်တာ လျှောက်မပြောဘူးလို့ ကတိပေးတယ်… ငါ.. ငါဟန်ကျောက်ကို ပြဿနာထပ်မရှာတော့ဘူး.. သူ. သူရဲကောင်း အမျိုးသမီး.. ကျွန်တော့ကို ချမ်းသာပေးပါ”

“ငါ့ကို လိမ်ရဲကြည့်.. နောင်မှာ ညဘက်အပြင်ထွက်ရင် သတိထားနေ.. မှတ်ထား.. ကောင်တီမြို့မှာတောင် အကြွင်းမဲ့ လုံခြုံနေတာ မဟုတ်ဘူး”

ငွေရောင်ဆံပင်နှင့် အမျိုးသမီးက အေးစက်စွာ ပြောသည်။ သူမဟာ လေထဲတွင် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင် စွမ်းအင်တစ်ခုဟာ သုန်းချန်ရှင်၏ လည်ပင်းကို ထိမှန်သည်။ သုန်းချန်ရှင်ဟာ ခေါင်းငိုက်စိုက်ကျသွားပြီး သတိလစ်သွား၏။

All Chapters