← Chapters

အခန်း (၁၆၈)

Vol. 12 Ch. 168

အခန်း (၁၆၈)

Vol. 12 Ch. 168

“ဒါက ပြဿနာအရမ်းကြီး‌ေတာ့ မကြီးလောက်ပါဘူး” ဟန်ကျောက်ဟာ လမ်းကြားမှ ထွက်ကာ လမ်း‌ေပါ်တွင် အေးအေးလူလူသာ လျှောက်ခဲ့၏။ သူဟာ မူလအစီအစဉ်အတိုင်း စုမိသားစု၏ ဆေးဆိုင်သို့ သွားရောက်ခြင်းမရှိပါ။

အဲ့ဒီအစား တစ်ခါတည်း လမ်းကြောင်းပြောင်းကာ အဆုံးမဲ့ရတနာစံအိမ်ဆီသို့ ထွက်ခဲ့သည်။ အစက သူ၏ ဆေးပညာ ပေါက်မြောက်မှုကို ဖုံးကွယ်ထားရန် စီစဉ်ထား၏။ သို့ပေမယ့် လန်ပိုင်ချွမ်က ဖော်လိုက်လေသည်။ ယခုအချိန်၌ သူ့ကိုယ်သူ ရုပ်ဖျက်ရန် မလိုတော့ပါ။

သူဟာ ဆေးပင်များကို အသုတ်လိုက် ဝယ်ယူနိုင်ပြီး အဆုံးမဲ့ရတနာစံအိမ်တွင် တစ်ခါတည်း သွားဝယ်ဖို့သာ လိုပါသည်။ ဤသည်က ပိုမိုဈေးပေါ၏။

ပြီးလျှင် တစ်ယောက်ယောက် သူ့ကို လာရောက်ဖိတ်ခေါ်မည်အား သူမြင်နိုင်ပါသည်။ ဒေါသရေနဂါးဂိုဏ်းသို့ တစ်ခါတည်း ပြန်ပေးဆွဲမည့် လူအများကြီး‌ေတာ့ မရှိလောက်ပါ။ သို့ရာတွင် ခြိမ်းခြောက်မှုနှင့် လာဘ်ထိုးမှု များစွာတို့ ရှိမှာဖြစ်၏။

ကံကောင်းစွာပင် သူ၏ အစစ်အမှန် ဆေးပညာအဆင့်ကို မည်သူမှ သိရှိခြင်းမရှိပါ။ မဟုတ်ပါက ပြဿနာကြီးပါပြီ။

ဒေါသရေနဂါးဂိုဏ်းကိုတော့..

သူ့အနေနှင့် ကြောက်ရွံ့ခြင်း မရှိပါ။ လွန်ခဲ့သည့် သုံးလက လနှစ်စင်းကောင်တီ၏ ကောင်းကင်ထောက်တိုင်တောင် အနီးအနားတွင် ရေနဂါးတစ်ကောင် ပေါ်လာသည်ဟု ကြားသည်။

ရေနဂါးမှာ စိတ်ဝိညာဉ်သားရဲတစ်ကောင် ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရတနာဟု ဆိုနိုင်၏။ အသွေးနှင့်အသားဟာ သိုင်းသမားများအတွက် မည်သည့် စိတ်ဝိညာဉ်ဆေးလုံးထက်မဆို ပိုမိုအထောက်အကူ ဖြစ်စေသည်။

အရေခွံနှင့် ကြေးခွံတို့ဟာ ချပ်ဝတ်ထုလုပ်ရန် အသုံးပြုနိုင်ပြီး သွား၊ လက်သည်းတို့ကို စိတ်ဝိညာဉ်ကိရိယာများအဖြစ် သွန်းလုပ်နိုင်သည်။

အရေးအကြီးဆုံးမှာ စိတ်ဝိညာဉ်သားရဲသွေးကို ချိုးရသည့် ပထမမျိုးဆက် သိုင်းသမားများဟာ ရုပ်ပိုင်းဆိုင်ရာ ကြီးစွာ မြင့်တက်လာပြီး အဆင့်ချိုးဖျက်မည့် အောင်မြင်နိုင်ချေကို တိုးလာစေသည်။

စိတ်ဝိညာဉ်သားရဲ သွေးကိုသာ လုံးဝ သန့်စင်နိုင်ပါက နောက်မျိုးဆက်မှ စတင်၍ အနာဂတ် မျိုးဆက်များ၏ သွေးမျိုးဆက်များဟာ စိတ်ဝိညာဉ်သားရဲ၏ စွမ်းအားကို ပိုင်ဆိုင်နိုင်ကြသည်။

စိတ်ဝိညာဉ်သားရဲ အုပ်စိုးသူ မိသားစုများ၏ လောကတွင် ကြယ်ပွင့်သစ်တစ်ခု ဖြည်းညှင်းစွာ မြင့်တက်လာမှာပါ။

ထိုစိတ်ဝိညာဉ်သားရဲ မိသားစု၏ မျိုးဆက်များဟာ ခန္ဓာကိုယ်အတွင်းရှိ ရေနဂါးသွေးမျိုးဆက်ကြောင့် အနည်းဆုံး တိုက်ရိုက်မျိုးဆက် ငါးဆက်အထိ အဆင့်တူသည့် သိုင်းသမားများ၏ ခန္ဓာကိုယ်ထက် များစွာ သာလွန်သည့် ခန္ဓာကိုယ်တည်ဆောက်ပုံအား ရရှိပေလိမ့်မည်။

ပထမမျိုးဆက် စိတ်ဝိညာဉ်သားရဲ သွေးမျိုးဆက် သိုင်းသမားဟာ ဒီဗိုင်းစွမ်းအားအဆင့်သို့ ချိုးဖျက်ရန်ပင် အခွင့်အရေး ရှိသည်။

သို့ရာတွင် သွေးမျိုးဆက် သိုင်းသမား အများစုတို့ဟာ သူတို့၏ သွေးမျိုးဆက်များမှ ပါရမီကို တူးဖော်ြခင်း၌ အဓိက အာရုံထားကြသည်။

အဆင့်ချိုးဖျက်လျှင်တောင် သူတို့၏ သွေးမျိုးဆက်များဟာ အခြေခံအားဖြင့် မျိုးရိုးလက္ခဏာလိုက်ကာ ဒီဗိုင်းစွမ်းအားအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် စိတ်ဝိညာဉ်သားရဲများသာ ဖြစ်လာကြသည်။

သူတို့ဟာ စိတ်ဝိညာဉ်သားရဲ သွေးမျိုးဆက်ကို သန့်စင်စွာ မှီခိုရုံနှင့် ဒီဗိုင်းစွမ်းအား အဆင့်ကို ချိုးဖျက်မည်မဟုတ်ပါ။ ခက်ခဲမှု၏ ကွာဟချက်ဟာ ကြီးမားလှကာ မနှိုင်းယှဉ်သာအောင် ရှိနေပါသည်။

လူအများစုအတွက် ဖြတ်လမ်းကို လိုက်ခြင်းမှာ နံပါတ်တစ်ရွေးချယ်မှု ဖြစ်သည်။ ထိုအကြောင်းကြောင့် လနှစ်စင်းကောင်တီ၏ ဒေသခံများသာမက အနီးအနားရှိ စီရင်စုများမှ သိုင်းသူတော်စင်အဆင့် ကျွမ်းကျင်သူများပါ ကောင်းကင်ထောက်တိုင်တောင်သို့ အပြေးရောက်လာကြသည်။

ထိုအထဲတွင် သိုင်းပညာအကယ်ဒမီ၏ ခေါင်းဆောင်ကြီးနှင့် ဒေါသရေနဂါးဂိုဏ်းမှ ဂိုဏ်းချုပ်ဟောင်းတို့လည်း ပါဝင်ကြသည်။

ရေနဂါးမှာ အစစ်အမှန် နဂါး သွေးမျိုးဆက်၏ မျိုးဆက်တစ်ခုသာ ဖြစ်ကာ အစစ်အမှန် နဂါးများ၏ ကြောက်စရာကောင်းသည့် ဒီဗိုင်းစွမ်းအား မရှိပေမယ့် ၎င်းဟာ ဖင်းခုနစ်ဆင့် အကြီးစားကျွမ်းကျင်မှု အဆင့်ရှိ သိုင်းသူတော်စင်တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်ပါသေးသည်။

ထိပ်တန်းအဆင့် သိုင်းသူတော်စင်အချို့ ဦးဆောင်ခြင်း မရှိပါက အရေအတွက်ကို မှီခိုကာ နဂါးတစ်ကောင်ကို သတ်ဖြတ်ရန်မှာ အိပ်မက်မက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

သူတို့ဟာ နဂါးကို စိတ်ဖြတ်ရာတွင် အောင်မြင်လျှင်တောင် ပြီးလျှင် မည်ကဲ့သို့ ခွဲတမ်းချကြမည်နည်း။ ဤသည်မှာ နောက်ထပ် သွေးလွှမ်းသည့် တိုက်ပွဲတစ်အခုအား ဦးတည်သွားမှာပါ။

ဒေါသရေနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းဟာ အထိအခိုက်မရှိပဲ လွတ်မြောက်လာနိုင်လျှင်တောင် အချိန်တိုအတွင်း ပြန်လာနိုင်ဦးမည် မဟုတ်ပေ။

ဟန်ကျောက်ဟာ အဆုံးမဲ့ ရတနာစံအိမ်မှ ဆေးပင်များကို တယ်ယူပြီးနောက် သိုင်းပညာအကယ်ဒမီသို့ ပြန်ခဲ့သည်။

“ငါ့ရဲ့ အစီအစဉ်တွေ အားလုံးကို စီနီယာအစ်မလုပေါ်မှာပဲ အားကိုးရတော့မယ်”

သူ့တွင် လုံခြုံသည့် လမ်းကြောင်းတစ်ခုနှင့် စွမ်းအာကြီးသည့် နောက်ခံတို့ လိုအပ်နေပါသည်။ အဓိကအချက်ဟာ ထိုလူဟာ ယုံကြည်ရရန် လိုအပ်သေး၏။ လုယင်ရွှမ်းဟာ ထိုအခြေအနေများကို ကိုက်ညီသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

သူမ၏ နောက်ခံနှင့် သူဟာ သိမ်းဆည်းထားသည့် ဆေးလုံးများကို ရောင်းချရန် နည်းလမ်းတစ်ခု ရလာမှာပါ။ ပိုက်ဆံသာ ရလာပါက ပိုမိုများပြားသည့် ဆေးပင်များကို ဝယ်ယူကာ နှစ်ဝက်အတွင်းတွင် မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးအား‌ သေချာပေါက် သန့်စင်နိုင်မှာပါ။

ထိုအချိန်၌ ဗာဂျရာအတတ်အား မြှင့်တင်ရန် အချိန်ကျပါပြီ။ တစ်နှစ်၊ နှစ်နှစ် အတွင်းတွင် လုယင်ရွှမ်း၏ ခန္ဓာကိုယ်အတွင်းရှိ ယင်ယန် မညီမျှမှုကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။

“ဒီတစ်ကြမ်တော့ အချိန်ကို စီမံတာ အမှားအယွင်းမဖြစ်ရင် အနောက်ဆောင်မှာ မီးလောင်(မယားများ သောက်ပြဿနာတက်)မှာ မဟုတ်လောက်ပါဘူး”

ဟန်ကျောက်ဟာ နှလုံးသားထဲတွင် ရယ်မိ၏။ သိုင်းအကယ်ဒမီသို့ လျှင်မြန်စွာ ပြန်ခဲ့သည်။

ဗဟိုရှိ အဆောက်အအုံကို ဖြတ်ကျော်ပြီးနောက် လမ်းချိုးကာ ဓါးမိုးခြံဝန်းသို့ သွားတော့မှာပါ။ သို့ပေမယ့် ပြဿနာက သူ့ဆီသို့ လာရှာ၏။ လူငယ် သုံးယောက်တို့ဟာ သူ့ဘက်သို့‌ လျှောက်လာကြသည်။ သူ့ဆီသို့ ဦးတည်လာပုံပါ။

“ညီလေးဟန်.. မင်းနဲ့တွေ့ရတာ ဂုဏ်ယူစရာပါပဲ” ဦးဆောင်လာသည့် လူငယ်က နွေးထွေးစွာ ပြုံး၏။

“မင်းက”

ဟန်ကျောက်က ကြောင်တောင်စွာ မေးသည်။ သူဟာ တစ်ဖက်လူကို တစ်ခါမှ မြင်ဖူးခြင်းမရှိပေ။

“ငါက သုန်းမိသားစုရဲ့ တတိယသားပဲ။ ငါ့နာမည်က သုန်းချန်ရှင်.. ညီလေးဟန် မသိရင်လည်း ကိစ္စတော့ မရှိပါဘူး။ အစ်ကိုပိုင်ချွမ် မင်းအကြောင်းပြောတာကို ငါမကြာခဏ ကြားဖူးတယ်”

သုန်းချန်ရှင်က အပြုံးတစ်ခုနှင့် ပြောသည်။

“အိုး.. စီနီယာအစ်ကိုသုန်းကို.. တောင်းပန်ပါတယ်”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။ သူဟာ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီဂ ဖြစ်၏။

သုန်းမိသားစုဟာလည်း ကောင်တီမြို့ထဲတွင် မိသားစုကြီးတစ်ခု ဖြစ်သည။ ချန်ရှင်၏ အဖိုးဖြစ်သူဟာ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။ ဝိညာဉ်ဖြတ်တောက်ခြင်းဆေဘာ ၄၉ကွက်နှင့် ယွမ်ကန်းကေင်တီတွင် ကိုယ့်ကိုယ်ကိုယ် နာမည်တစ်ခု တည်ဆောက်နိုင်ခဲ့သည်။

“အစ်ကိုပိုင်ချွမ်ဆီက ကြားတာတော့ ညီလေးဟန်က နှက်ဝက်တည်း ဆေးပညာကို လေ့လာခဲ့ပြီး အခြေခံဆေးနှစ်မျိုးကို သန့်စင်နိုင်နေပြီဆို။ မင်းက တကယ့်ကို ဆေးပညာ ပါရမီရှင်ပဲ”

သုန်းချန်ရှင်က စကားလမ်းကြောင်း ပြောင်းသွား၏။

"စီနီယာအစ်ကိုယန်က ချီးကျူးလွန်းတာပါ။ ကျွန်တော်က အာဟာရဆေးလုံးရဲ့ အစောပိုင်း သန့်စင်မှုလေးကို ပြီးမြောက်ခဲ့ရံပါပဲ။ ပြီးတော့ အောင်မြင်နိုင်ချေကလည်း ၁၀%တောင်မရှိဘူး။ သွေးရပ်ဆေးလုံးကတော့ အခုအချိန်အထိ တစ်ကြိမ်ပဲ သန့်စင်နိုင်သေးတယ်”

ဟန်ကျောက်က လက်နှစ်ဖက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းသည်။

သုန်းချန်ရှင်က အသာပြုံးသည်။

“ညီလေးဟန်.. မင်းကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေဖို့ မလိုပါဘူး။ မင်းရဲ့ နောက်ခံနဲ့ ဆေးပညာကို အရှိန်အဟုန်မြင့်မြင့် ကျင့်ကြံနိုင်ဖို့ ဆေးပင်အများကြီးကို ရနိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်”

“အခုလို အောင်မြင်မှုနှုန်း ရနိုင်တာကတင် တော်တော်လေး ရှားပါးနေပြီ။ ညီလေးဟန်သာ ဆန္ဒရှိရင် ငါတို့ သုန်မိသားစုနဲ့ စာချုပ်ချုပ်လို့ရတယ်။ မင်းကို အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးဖို့ ကတိပေးတယ်”

“ဆေးဖော်မြူလာနဲ့ ဆေးပင်တွေကို ငါတို့ သုန်းမိသားစုက ထောက်ပံ့ပေးမယ်။ မင်းက ဆေးလုံးကို အောင်မြင်အောင် သန့်စင်ပြီး လေ့ကျင့်တုန်းက ကုန်ဆုံးခဲ့တဲ့ အရင်းအမြစ်တွေအတွက် ပြန်ပေးဖို့ပဲ လိုတယ်။ ဘယ်လိုထင်လဲ”

“ဒါက..”

ဟန်ကျောက်က ခဏတာ စဉ်းစားသည်။ တစ်ဖက်လူ၏ ပြောကြားချက်အရ သုန်းမိသားစု၏ ကမ်းလှမ်းချက်ဟာ သာမန် ဆေးပညာရှင်သစ် တစ်ယောက်အတွက် အဆင်ပြေသည်ဟု ဆိုနိုင်ပါသည်။

သို့ရာတွင် သူဟာ ယခုအချိန်၌ အဆင့်နိမ့်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေပြီး ဖြစ်၏။ သူ၏ပန်းတိုင်မှာ အလယ်အလတ် ဆေးပညာရှင်တစ်ယောက် အမြန်ဆုံး ဖြစ်လာပြီး မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးကို ဖော်စပ်ကာ ဗာဂျရာအတတ်ကို တတိယအဆင့်သို့ ချိုးဖျက်ရန် ဖြစ်သည်။

ထို့ကြောင့် ချန်ရှင်၏ ကမ်းလှမ်းချက်များဟာ သူ့အတွက် ဆွဲဆောင်မှုရှိခြင်း လုံးဝမရှိပေ။

သို့ရာတွင် လူတစ်ယောက်ဟာ အပြုံးနှင့်လာသူကို ရိုက်မထုတ်သင့်ပေ။ တစ်ဖက်လူဟာ ယန်ပိုင်ချွမ်နှင့်လည်း သိနေ၏။ ထို့ကြောင့် သူဟာ စနစ်တကျ ငြင်းဆန်ရန် လိုအပ်ပါသည်။

“ညီလေးဟန်.. မင်းဆန္ဒရှိရင် အခုပဲ လက်မှတ်ထိုးလို့ ရတယ်။ ငါစာချုပ်ကို ယူလာခဲ့တယ်”

သုန်းချန်ရှင်က စာချုပ်ကို ထုတ်ကာ ဟန်ကျောက်အား ပေးသည်။ ဟန်ကျောက်က ယူကာ အကြမ်းဖျင်း ကြည့်လိုက်၏။

“စီနီယာအစ်ကိုသုန်း.. စာချုပ်က တစ်ခုခု မှားနေတာလားဗျ.. ကျွန်တော်က သုန်းမိသားစုကို နှစ်ပေါင်း၂၀ အလုပ်ပြန်လုပ်ပေးရမှာလား”

ဟန်ကျောက်၏ ပုံစံက အနည်းငယ် အရုပ်ဆိုးသွားသည်။ ဒီကောင်ဟာ သူ့ကို လာနောက်နေသည်လား။

“ဒါပေါ့.. အရင်းအမြစ်တွေ အများကြီးကို သုံးပြီးမှ ညီလေးဟန်သာ အဆင့်နိမ့်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်မလာခဲ့ရင် မင်းတင်ထားတဲ့ အကြွေးကို ဘယ်လိုပြန်ဆပ်မှာလဲ။ နှစ်ပေါင်း၂၀က မများပါဘူး။ တကယ်လို့ အဆင့်နိမ့်အဆင့် ဆေးပညာရှင် ဖြစ်လာနိုင်ရင် စာချုပ်ပါ အခြေအနေတွေကို ပြန်ပြောင်းပေးမယ်” သုန်းချန်ရှင်က ပုံမှန်အတိုင်းသာ ရှင်းပြသည်။

“စီနီယာအစ်ကိုသုန်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့ရဲ့ ပန်းတိုင်က သိုင်းပညာပါ။ ဆေးပညာက ဒီအတိုင်း စမ်းကြည့်ရုံပဲ”

ဟန်ကျောက်က စာချုပ်ကို သုန်းချန်ရှင်အား ပြန်ပေးသည်။

All Chapters