← Chapters

အခန်း (၁၇၁)

Vol. 12 Ch. 171

အခန်း (၁၇၁)

Vol. 12 Ch. 171

“ကျွန်တော်ပြောလို့ မပြီးသေးဘူး.. ကျွန်တော့မှာ အဆင့်မြင့်အဆင့် ပါရမီကို ရောက်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်”

ဟန်ကျောက်က ပြုံးသည်။

“နင်စမ်းသပ်တုန်းက.. ငါလည်းရှိတယ်နော်..”

လုယင်ရွှမ်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ဗာဂျရာအတတ်နဲ့ဆိုရင် ဖြစ်နိုင်တယ်”

ဟန်ကျောက်က လေးနက်စွာ ပြောသည်။

“နင်ပြောချင်တာက.. ပါရမီကို မြင့်တက်စေနိုင်တဲ့ ဗာဂျရာအတတ်လား”

လုယင်ရွှမ်းဟာ မှင်သက်သွား၏။

“ဟုတ်တယ်”

ဟန်ကျောက်က ခေါင်းညှိတ်သည်။

“ပြီးခဲ့တုန်းက ကျွန်တော့မှာ အဆင့်နိမ့်အဆင့် ပါရမီပဲ ရှိတယ်။ အခွင့်အရေးတစ်ခုကြောင့် ကောင်းကင်စီရင်စုက ကျီမိသားစု မျိုးဆက်တွေနဲ့ ကြုံတွေ့ခဲ့ရတယ်"

“နောက်တော့ သူတို့ဆီကနေ ဗာဂျရာ လျှို့ဝှက်ကျမ်းကို ရခဲ့ပြီး ကျွန်တော့ရဲ့ ပါရမီကို အလယ်အလတ်အဆင့်ကို မြှင့်တင်နိုင်ခဲ့တယ်”

“အဲ့ဒါဆိုသာ ဆက်ပြီး လေ့ကျင့်ရင် တစ်နှစ်အတွင်းမှာ အဆင့်ချိုးဖျက်ပြီး အဆင့်မြင့်အဆင့် ပါရမီကို ရလာနိုင်မယ်လို့ ယုံကြည်တယ်”

“ကောင်းကင်စီရင်စုက ကျီမိသားစုလား”

လုယင်ရွှမ်းဟာ အံ့ဩသွား၏။ ရှင်းလင်းစွာပင် သူမလည်း ကျီမိသားစုကို သိပါသည်။

“ဒါက ဗာဂျရာအတတ်ကို ကျင့်ကြံပြီး ရလာတဲ့ သန့်စင်သောယန် အစစ်အမှန်ချီပဲ”

ဟန်‌ကျောက်က လက်ကိုဆန့်သည်။ လက်ဝါးထဲတွင် ရွှေရောင် ဗာဂျရာအစစ်အမှန်ချီ ပေါ်လာ၏။

“ဒါက တကယ့်ကို သန့်စင်သောယန် အစစ်အမှန်ချီပဲ”

လုယင်ရွှမ်း၏ မျက်လုံးများက ပြူးကျယ်သါားသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ဖင်း နတ်ဆိုးစွမ်းအင်ဟာ တုံ့ပြန်လာခဲ့၏။

“ငါကြားတာတော့ ဗာဂျရာအတတ်ကို ကျင့်ကြံရတာက လူကို အပိုင်းတစ်ထောင် ခုတ်ပိုင်းခံရသလို နာကျင်တယ်တဲ့။ နင်က အနည်းဆုံး တတိယအဆင့်အထိ ကျင့်ကြံရမှာ။ အဆင့်ချိုးဖျက်ရင် အတွင်းစိတ်နတ်ဆိုးရဲ့ ထိုးနှက်မှုကိုလည်း ခံရနိုင်တယ်။ ငါ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုတောင် နင်မသိဘူး။ ဒီအတိုင်း ငါ့ကို ကူညီမလို့လား”

“ဟုတ်တယ်”

ဟန်ကျောက်က လေးနက်စွာ ပြောသည်။

“နင်ငါ့ကိစ္စတွေကို ဘာလို့ ဒီလောက်တောင် စွဲလမ်းနေရတာလဲ”

“ဘာလို့လဲဆို‌ေတာ့ ကျွန်တော်လာတဲ့ အချိန်တုန်းက ဆရာက နင့်ကို စောင့်ရှောက်ပေးဖို့ မှာခဲ့လို့ပဲ။ လူကြီးလူကောင်းဆိုတာ ဘယ်တော့မှ ကိုယ့်ကတိကို မဖျက်ဘူး”

“နင်..”

လုယင်ရွှမ်းက ခေါင်းလှည့်သွားသည်။

“အရင်ပြန်နှင့်.. ဒီအကြောင်းကို ငါစဉ်းစားဦးမယ်”

“ကောင်းပြီ”

ဟန်ကျောက်က လျှောက်ထွက်သွားသည်။

“နေဦး”

လုယင်ရွှမ်းက လှမ်းကာတား၏။

“ဘာဖြစ်လို့လဲ”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။

“နင်ငါ့ခြံထဲက ထွက်တာကို ဘယ်သူမှ မမြင်စေနဲ့”

“အိုး.. ကောင်းပါပြီ”

ဟန်ကျောက်၏ မျက်နှာက ပြန်လည်ထိုင်းမှိုင်းသွားသည်။ ခြေလှမ်းများကို အရှိန်တင်လိုက်၏။

“ပြီးတော့….”

“ဘာတုန်း..”

“ကျေးဇူးတင်ပါတယ်”

“ငါတို့က မိသားစုတွေပဲ.. ဒီလိုစကားမျိုး ပြောစရာမလိုပါဘူး”

ဟန်ကျောက်က လက်ကိုယမ်းသည်။

“မိသားစု…”

နောက်ထပ်နှစ်ဝက်ဟာ ကုန်ဆုံးသွားခဲ့သည်။ အခန်းထဲတွင် ဟန်ကျောက်ဟာ ဆေးပေါင်းအိုးအတွင်းရှိ ရွှေရောင်ဆေးလုံး ငါးလုံးတို့ကို ကြည့်ကာ စိတ်သက်သာရာ ရသွားသည်။

“နောက်ဆုံးတော့ မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်းဆေးကို ငါသန့်စင်နိုင်ခဲ့ပြီ”

“စကေး- အလယ်အလတ်အဆင့် ဆေးပညာရှင်(အသေးစားကျွမ်းကျင်မှု ၄၂%)”

သူဟာ လုယင်ရွှမ်းနှင့် ရိုးသားလိုက်ပြီးကတည်းက သူမ၏ အကူအညီနှင့် ဆေးပညာလမ်းကြောင်းဟာ များစွာ ချောမွေ့လာခဲ့သည်။

“ပြန်လည်မွေးဖွားလာသော ဆေးသူတော်စင်၏ အဆင့်ဟာ တိုးလာခဲ့သည်”

“ပြန်လည်မွေးဖွားလာသည့် ဆေးသူတော်စင်- ခရမ်းရောင်ပါရမီ- ဆေးပညာပါရမီဟာ ၁၁ဆ တိုးလာခဲ့သည်။ အဆင့်နိမ့်အဆင့်နှင့် အလယ်အလတ်အဆင့် ဆေးလုံးများကို သန့်စင်ရာ၌ အောင်မြင်နိုင်ချေဟာ ၄၀%နှင့် ၃၀%တို့ အသီးသီး ဖြစ်လာခဲသည်။ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင် ဆေးလုံးများ၏ သန့်စင်မှုကို လုံးဝ တတ်မြောက်ပြီးပါက အဆင့်မြင့်အဆင့် အရည်အသွေးကို ရလာနိုင်သည့် အခွင့်အရေး ၉% ရှိသည်။(လေ့ကျင့်မှုဖြင့် လိမ္မော်ရောင် ပါရမီအဖြစ်သို့ မြှင့်တင်နိုင်သည်။ အမြင့်ဆုံး အကန့်အသတ်မှာ အနီရောင်ဖြစ်သည်)”

အဆင့်မြင့်တက်ပြီးနောက် စနစ်မျက်နှာပြင်က အချက်ပြလာခဲ့သည်။

“အခု.. ဗာဂျရာအတတ်ကို မြှင့်တင်လို့ရပြီ”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ရေရွတ်လိုက်၏။

“စနစ်”

“အချက်ပေးအပိုင်းအစ ၉၀တို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့် တစ်ကြိမ်ကို ပေါင်းစပ်မည်လား”

“တစ်ကြိမ် ပေါင်းစပ်ရန်အတွက် အချက်ပေးအပိုင်းအစ ၇၀နှင့် ရွှေ၁၈၀လျန်တို့ကို ကုန်ကျမည်” “ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”

“အသက်၂၂တွင် သင်သည် မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးကို သန့်စင်နိုင်ခဲ့သည်”

“နှစ်ရက်ကြာပြီးနောက် ရေနဂါးဂိုဏ်းမှ လူများ သင့်ကို လာရှာခဲ့သည်။ ပြီးခဲ့သည့် ခြောက်လအတွင်းတွင် လုယင်ရွှမ်းက ရောင်းချခဲ့သည့် ဆေးလုံးအရေအတွက်နှင့် ကြိမ်နှုန်းတို့ကြောင့် သူတို့ဟာ သင့်ကို အဆင့်နိမ့်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်ပြီး ဖြစ်သည်ဟု ယူဆကြသည်”

“သူတို့ဟာ သင့်ကို ဒေါသရေနဂါးဂိုဏ်းသို့ ဝင်ရာက်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့ပေမယ့် သင်က ငြင်းဆန်ခဲ့၏”

“ထိုညတွင် ဒေါသရေနဂါးဂိုဏ်း၏ ဒုခေါင်းဆောင် ချန်းလော်ဟိုင်က လန်ဖန်းယွင်ကို စိန်ခေါ်ခဲ့သည်”

“သူတို့ဟာ နောက်လ၏ တတိယနေ့တွင်.. နဂါးတောမြစ်ပြင်ပေါ်တွင် ချိန်းခဲ့၏..”

“တစ်လကြာပြီးနောက် နဂါးတောမြစ်သို့ အနီးအနားရှိ သိုင်းသမားများ အပြေးရောက်လာကြသည်။ မြစ်ပြင်ပေါ်တွင် ခရီးသည်လှေများ ပြည့်နှက်လာ၏။ ချီလင်အဆင့်မှ ပါရမီရှင် အသစ်နှင့် ဝါရင့် စစ်ဘုရင်တစ်ယောက်တို့အကြား တိုက်ပွဲကို စောင့်စားကြသည်”

“သို့ရာတွင် သင်သည် သင်၏ကိုယ်ပွားကို သွားရောက်စေခြင်း မပြုခဲ့ပေ”

“ချန်းလော်ဟိုင်ဟာ နေဝင်သည်အထိ စောင့်ခဲ့ပြီး လူတိုင်းဟာ စိတ်ပျက်စွာဖြင့် ပြန်သွားခဲ့ရသည်”

“လဝက်ကြာပြီးနောက် သင်သည် လုယင်ရွှမ်းနှင့် မြို့မှထွက်ကာ စိတ်ဝိညာဉ်ဆေးစံအိမ်မှ ဆေးပင်အများအပြားကို သွားရောက်ဝယ်ယူရန် ပြင်သည်။ နောက်ဆုံးတွင် ဒေါသရေနဂါးဂိုဏ်း၏ ဂိုဏ်းချုပ် ရှန့်ကွမ်းယွင်ဖေးနှင့် ဆုံတွေ့ခဲ့၏။ သူဟာ ချီငါးဆင့် စစ်ဘုရင်အဆင့်ရှိ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူနှင့်အတူတူ အခြား စစ်ဘုရင် လေးယောက်တို့လည်း ပါလာကြ၏”

“လုယင်ရွှမ်းဟာ အကောင်းဆုံး ကြိုးစားကာ ခုခံခဲ့သည်။ သို့ပေမယ့် သူမဟာ သူတို့၏ ပြိုင်ဘက်မဟုတ်ပေ။ ထွက်ပြေးကာ သိုင်းအကယ်ဒမီသို့ ပြန်ပြီဂ စစ်ကူများကို သွားရှာ၏”

“သင့်ကို နဂါးတောမြစ်ဝရှိ ဒေါသရေနဂါးကျွန်းသို့ ပြန်ပေးဆွဲသွားသည်”

“သင်သည် ရှန့်ကွမ်းယွင်ဖေးဆီမှ သူ၏ ဖခင်ဖြစ်သူ ရှန့်ကွမ်းလီဟာ အခြားသိုင်းသမားများနှင့် ပူးပေါင်းတိုက်ခိုက်ကာ ရေနဂါးသွေးကို အောင်မြင်စွာ ရရှိခဲ့ကြောင်းအား သိခဲ့သည်။ သို့ရာတွင် နှစ်ယောက်လုံးဟာ ဒဏ်ရာများ ရလာခဲ့၏”

“အထူးသဖြင့် ရှန့်ကွမ်းလီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝက်ကို ရေနဂါးသွေးမျိုးဆက်က ဝါးမြိုသွားပြီး ဖြစ်သည်”

“သူဟာ နဂါးသွေးဆေးလုံးကို သန့်စင်ရန်အတွက် ထူးချွန်ပြောင်မြောက်သည့် ဆေးပညာစကေးများနှင့် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ဦးကို လိုအပ်၏။ ထိုအခါမှသာ ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးသွေးကို သန့်စင်ကာ ဒဏ်ရာများ ပျောက်ကင်းခြင်း(သို့) ပိုမိုအဆင့်တက်ခြင်းကို ဖြစ်စေလိမ့်မည်”

“ဒေါသရေနဂါးဂိုဏ်းရှိ အလယ်အလတ်အဆင့် ဆေးပညာရှင် နှစ်ယောက်တို့ဟာ အိုမင်းနေပြီး ဖြစ်ကာ ဆက်လက်တိုးတက်ရန် အခွင့်အရေး မရှိတော့ပေ။ သူတိုဟာ ခက်ခဲမှုမြင့်မားသည့် နဂါးသွေးဆေးလုံးကို သန့်စင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် သင့်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏”

“သူတို့အနေနှင့် လန်ဖန်းယွင်ကို စိန်ခေါ်ခြင်းမှာ လန်ဖန်းယွင်ဟာ အုပ်စိုးသူမိသားစုမှ ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သူ၏ နောက်ခံကို စမ်းသပ်လို၍ ဖြစ်၏”

“နောက်ဆုံးတွင် လန်ဖန်းယွင်ဟာ စိန်ခေါ်မှု၌ ပေါ်မလာခဲ့ရာ သူ့တွင် ယုံကြည်ချက်မရှိဟု ဖော်ပြနေပါသည်။ ထို့ကြောင့် သင့်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏”

“နောက်တစ်နေ့တွင် လုယင်ရွှမ်းဟာ သူမ၏ ကျန်းမုသဲတို့၏ ဆက်ဆံရေးကို အသုံးပြုကာ သိုင်းပညာအကယ်ဒမီ၏ ကျောင်းအုပ်ကို ဖိတ်ခေါ်ခဲ့သည်”

“ရှန့်ကွမ်းလီဟာ အကြပ်ကိုင်မှု၊ ဆွဲဆောင်မှုတို့ဖြင့် အကယ်ဒမီ ကျောင်းအုပ်ကို နောက်ဆုတ်စေခဲ့သည်။ သူဟာ ဒေါသရေနဂါးကျွမ်းသို့ ပြန်လည်ရောက်ရှိပြီးနောက် သတိလစ်စွာ လဲကျသွားခဲ့၏”

“ရှန့်ကွမ်းယွင်ဖေးက နဂါးသွေးဆေးလုံးကိုသာ သန့်စင်နိုင်ပါက သင့်ကို သိုင်းပညာ အကယ်ဒမီသို့ ကိုယ်တိုင် ပြန်လည်ပို့ပေးရန် ကတိပေးခဲ့သည်”

“အသက်၂၅နှစ်- ပြီးခဲ့သည့် သုံးနှစ်အတွင်းတွင် ဒေါသရေနဂါးဂိုဏ်းဟာ သင့်ကို အဖိုးတန်သည့် ဆေးပင်မျိုးစုံအား ထောက်ပံ့ခဲ့ပြီး သင်၏ ဆေးပညာကို မြှင့်တင်ရန် ကူညီပေးခဲ့သည်”

“နှစ်ဝက်ကြာပြီးနောက် ညတစ်ညတွင် လုယင်ရွှမ်းဟာ ဒေါသရေနဂါးဂိုဏ်းသို့ ချိုးဖျက်ဝင်ကာ သင့်ကို ကယ်တင်ရန် လုပ်ခဲ့သည်။ သို့ပေမယ့် သူမကို ရှန်းကွမ်းယွင်ဖေးနှင့် အခြား စစ်ဘုရင် လေးယောက်တို့က တားဆီခဲ့ကြ၏”

“အသက်၂၆နှစ်တွင် သင်သည် နဂါးသွေးဆေးလုံးကို သန့်စင်ခဲ့သည်။ ရှန့်ကွမ်းယွင်ဖေးဟာ သင့်ကို ရှန့်ကွမ်းလီ၏ အခန်းသိ့ ခေါ်သွားပြီး ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းရှိ နေရဂါးသွေးအား သင့်ကို ထုတ်ကာ ဆေးလုံးအား သန့်စင်စေသည်”

“သင်သည် အကြပ်ကိုင်ခံရကာ သဘောတူခဲ့ရ၏။ သွေးထုတ်ကာ ဆေးလုံးသန့်စင်နေစဉ်တွင် သွေးစိတ်ဝိညာဉ်မူဝါဒကို အသုံးပြုကာ သင်သည် ရေနဂါးသွေး တစ်စိတ်တစ်ပိုင်းကို စုပ်ယူခဲ့ပြီး နဂါးသွေးဆေးလုံးနှင့် အသုံးပြုခဲ့သည်”

“ရှန့်ကွမ်းယွင်ဖေးဟာ နဂါးသွေးဆေးလုံးကို သောက်သုံးရင်းမှ သင့်ကို ရှန့်ကွမ်းလီ၏ ခန္ဓကိုယ်အတွင်းရှိ ရေနဂါးသွေးများကို ဆက်လက်ထုတ်စေသည်”

“တစ်လကြာပြီးနောက် ရှန့်ကွမ်းလီ၏ နဂါးသွေးများ ခမ်းခြောက်သွားသည်။ ရှန့်ကွမ်းယွင်ဖေးဟာ နှုတ်ပိတ်ရန်အတွက် သင့်ကို သတ်ဖြတ်ရန် ပြင်ဆင်သည်”

“သင်သည် အလစ်အငိုက် တိုက်ခိုက်မှုပြကာ သူ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်”

“ထိုအချိန်၌ သင်၏ကိုယ်ပွား လန်ဖန်းယွင်ဟာ စစ်ဘုရင်အဆင့်သို့ ဝင်ရောက်ပြီး ဖြစ်သည်။ သူဟာ လုယင်ရွှမ်းနှင့်အတူ ဒေါသရေနဂါးကျွန်းသို့ ဝင်ရောက်ပြီး သင့်ကို ကယ်တင်ရန် လုပ်သည်။ သူတို့နှစ်ယောက်ကို ဒေါသရေနဂါးဂိုဏ်းမှ စစ်ဘုရင် ခြောက်ယောက်တို့က တားဆီးခဲ့သည်”

“အရေးကြီးသည့် သေခြင်းရှင်ခြင်း အခြေအနေတွင် ရှန့်ကွမ်းယွင်ဖေးဟာ နဂါးသွေး တစ်စိတ်တစ်ပိုင်းကို သန့်စင်နိုင်ခဲ့သည်။ နော်ကဆုံးအချိန်တွင် သူ၏ခွန်အားဟာ ကြီးစွာ တိုးမြင့်လာခဲ့၏”

“သူဟာ မသေခင်တွင် သင်၊ သင်၏ကိုယ်ပွားနှင့် လုယင်ရွှမ်းတို့ကို သတ်ဖြတ်ခ့သည်”

“ဒါက… ကျက်သရေမရှိတဲ့ ဒေါသရေနဂါးဂိုဏ်း..”

All Chapters