← Chapters

အခန်း (၁၇၂)

Vol. 12 Ch. 172

အခန်း (၁၇၂)

Vol. 12 Ch. 172

ဟန်ကျောက်ဟာ အစမ်းရှင်သန်မှု အတွင်းရှိ အချက်အလက်များကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

ဆေးပညာဟာ သူ့ကို အလွန်များပြားသည့် ပြဿနာများ ယူဆောင်လာမည်ဟု ထင်မထားခဲ့‌ပေ။ ဤသည်မှာ သူ၏ အစစ်အမှန် အဆင့်ကို မဖော်ထုတ်ပြခဲ့သေးပေ။

‘ကြည့်ရတာ စစ်ဘုရင်အဆင့်ကို မရောက်ခင်မှာ ငါ့ရဲ့ အဓိကခန္ဓာကို မြို့ကနေ အလွယ်တကူ ထွက်စေလို့ မဖြစ်ဘူး’

သို့ပေမယ့် သူဟာ ဒီအတိုင်းနေလို့လည်း မရပေ။

“ဒေါသရေနဂါးဂိုဏ်းက ငါ့ကိုယ်ပွားမှာ နောက်ခံတစ်ခု ရှိနေမှာကို ကြောက်တာဆိုတော့.. သူတို့တွေ ထိပါးလို့မရတဲ့ နောက်ခံတစ်ခုကို ငါဖန်တီးရမယ်”

ယခုအချိန်၌ ဒေါသရေနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းဟာ ဒဏ်ရာအပြင်းအထန် ရနေပြီး အသန်မာဆုံးလူမှာ ချီငါးဆင့် စစ်ဘုရင်အဆင့်ရှိသည့် လက်ရှိဂိုဏ်းချုပ် ရှန့်ကွမ်းယွင်ဖေး ဖြစ်သည်။

ယခုအချိန်၌ သူဟာ ရှန့်ကွမ်းယွင်ဖေး၏ ပြိုင်ဘက်မဟုတ်ပါ။ သို့ရာတွင် သူသာ လုယင်ရွှမ်း၏ ခန္ဓာကိုယ်အတွင်းရှိ ယင်နှင့်ယန် မညီမျှမှုကိုသာ ဖြေရှင်းနိုင်ပြီး ချီတစ်ဆင့် စစ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ပါက ရှန်းကွမ်းယွင်ဖေးဟာ မသတ်နိုင်ဟု သူမယုံပေ။

သူဟာ ရေနဂါးသွေးကို ရယူရပေမည်။ ဤသည်မှာ သိုင်းသူတော်စင်များကို အဆင့်ချိုးဖျက်စေနိုင်သည့် ရတနာတစ်ခု ဖြစ်၏။ သူ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လက်ခံရပေမည်။

“၁။ ပါရမီကို ရရှိသည်(မရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိသည်”

“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”

“လက်ရှိကျန်ငွေ- ရွှေ၁၃၉လျန်”

“ငါ နံပါတ်နှစ်ကို ရွေးချယ်တယ်” ဟန်ကျောက်ဟာ တုံ့ဆိုင်းခြင်းမရှိပဲ သူ၏ရွေးချယ်မှုကို လုပ်သည်။ “စွမ်းရည်မှတ် +၃၂”

“ဗာဂျရာအတတ်(ဒုတိယအဆင့် အကြီးစားကျွမ်းကျင်မှုအဆင့် ၆%၊ အဆင့်မြှ့င်တင်နိုင်။ အထူးသက်ရောက်မှုများ- ကြွက်သားကျုံ့ဆန့်ခင်း အဆင့်၆၊ အရိုးမာခြင်း အဆင့်၅၊ ဗာဂျရာအစစ်အမှန်ချီ အဆင့်၂”

ဟန်ကျောက်ဟာ ရွှေနီရောင် မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးကို ဆေးပေါင်းအိုးအတွင်းမှ ထုတ်ကာ ပါးစပ်ထဲသို့ ထည့်သည်။

ဆေးလုံးဟာ ပါးစပ်အတွင်းသို့ ဝင်ကာ တံတွေးနှင့် ထိတွေ့မိသည်နှင့် အရည်အဖြစ် ပြောင်းလဲသွားပြီး ဟန်ကျောက်၏ ဝမ်းဗိုက်အတွင်းသို့ စီးဝင်သွား၏။

နွေးထွေးသည့် စီးကျောင်းဟာ ဝမ်းဗိုက်အောက်ပိုင်းမှ စတင်လာပြီး သူ၏ လက်ချောင်းခြေချောင်းနှင့် အရိုးများဆီသို့ လှည့်လည်သွားသည်။ ပူလောင်သည့် ခံစားချက်က ခန္ဓာကိုယ်တစ်ခုလုံးမှ မြင့်တက်လာ၏။

“စနစ်.. ဗာဂျရာအတတ်ကို ဒုတိယအဆင့်ရဲ့ ပြီးပြည့်စုံခြင်း ၁၀၀%ကို မြှင့်တင်မယ်”

ဟန်ကျောက်က စိတ်ထဲတွင် ရေရွတ်သည်။

“စွမ်းရည်မှတ်များ- ၃၂.. ၁၈”

“သိုင်းပညာများ- ဗာဂျရာအတတ်(ဒုတိယအဆင့် ပြီးပြည့်စုံခြင်း ၁၀၀%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ကြွက်သား ကျုံ့ဆန့်ခြင်း အဆင့်၇၊ အရိုးမာခြင်း အဆင့်၆၊ ဗာဂျာရာ အစစ်အမှန်ချီ အဆင့်၃”

“ဟစ်..”

ဟန်ကျောက်ဟာ ခန္ဓာကိုယ်ရှိ ကြွက်သားအားလုံးကို ဓါးဖြင့် လှီးဖြတ်သည့် စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရသသည်။

သို့ရာတွင် ထိုနာကျင်မှုဟာ ခန္ဓာကိုယ်အား ပျံ့နှံ့တော့မည့် အချိန်၌ အပူတစ်ခု မြင့်တက်လာပြီး နာကျင်မှုဟာ တစ်ဝက်လောက် ချက်ချင်း လျော့ကျသွားသည်။

ဤသည်မှာ အလွန်နာကျင်နေဆဲ ရှိပေမယ့် အဆင့်ချိုးဖျက်ရန် အမှတ်ထည့်ပေါင်းစဉ်ကထပ် များစွာ ပိုမိုကောင်းမွန်သေးသည်။ ဒီနာကျင်မှုဟာ ၁၅စက္ကန့်ကြာခဲ့၏။ သို့ပေမယ့် ဟန်ကျောက်အနေနှင့် ခံနိုင်ရည်ရှိဆဲ ဖြစ်သည်။

“ဟူး..”

သူဟာ ရှည်လျားသည့် သက်ပြင်းကို ချသည်။

“မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးကို အသုံးပြုပြီးတာတောင် အရမ်းနာကျင်နေတုန်းပဲ။ ဗာဂျရာအတတ်ကို တတ်မြောက်နိုင်တဲ့ လူတစ်ယောက်ရဲ့ စိတ်ခွန်အား ဘယ်လောက်သန်မာလဲဆိုတာကို စိတ်ကူးဖို့တောင် ခက်တယ်”

အစမ်းရှင်သန်ခြင်း အတွင်းတွင် သူ့တွင် ကျင့်ကြံခြင်းဖြစ်စဉ်အား တိုတောင်းစေနိုင်သည့် စွမ်းရည်မှတ် မရှိပေ။ မီးတောက် ရိုးတွင်းခြင်ဆီသန့်စင်ခြင်း ဆေးလုံးနှင့်ပင်လျှင် နာကျင်မှုဟာ အစအဆုံး ရှိနေမှာ ဖြစ်သည်။

ဤသည်ကို တောင့်ခံရန်အတွက် မည်မျှ သန်မာသည့် စိတ်စွမ်းအားတို့ ရှိရမည်လဲ ဟူသည်ကို ဟန်ကျောက်အနေနှင့် စိတ်ကူးရဲခြင်းပင် မရှိပေ။

အစမ်းရှင်သန်ခြင်း အတွင်းတွင် သူဟာ ကျီပိုင်ဝေ၏ ပေါင်ကို တင်းကြပ်စွာဖက်ကာ နတ်ဆိုးသားရဲ အသားများနှင့် မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံး အများအပြားကို စားခဲ့သည်။ ထို့ကြောင့်သာ ရှေ့ဆက်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

တကယ့်ပြင်ပတွင်တော့ သူ့တွင် ရှူးဂါးမာမီ မရှိပေ။ ထို့ကြောင့် ကိုယ်ပိုင် ကြိုးစားအားထုတ်မှုအပေါ်သာ မှီခိုရ၏။

သတိပြန်လည်လာပြီးနောက် ဟန်ကျောက်ဟာ အိပ်ယာမှ ထသည်။ ဆန်မာရု အိတ်ငယ်အတွင်းမှ နတ်ဆိုးသားရဲအသား တစ်တုံးကို ထုတ်ကာ ပါးစပ်အပြည့် စား၏။ နတ်ဆိုးသားရဲ အသားဟာ တစ်ပေလောက် ရှည်ကာ အထူကာ ကလေးလက်မောင်းလောက် ရှိသည်။

သူဟာ အကြိမ်အနည်းငယ် ကိုက်ကာ စားပစ်လိုက်၏။ မကြာခင် ဟန်ကျောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီတို့ စတင် သက်ဝင်လှုပ်ရှားလာသည်ဟု ခံစားလိုက်ရသည်။ ရေပူစမ်းတွင် စိမ်းထားသကဲ့သို့ ခံစားရပြီး အရေအပြားဟာ အနည်းငယ်ပူလောင်ကာ နီရဲလာခဲ့သည်။

“ကြည့်ရတာ နတ်ဆိုးသားရဲ အသားက ခန္ဓာကိုယ် အပြင်ပိုင်းနဲ့ သွေးချီအတွက် အသုံးပြုရပြီး မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးက အတွင်းအင်္ဂါတွေကို ကာကွယ်ပြီး စိတ်ပိုင်းဆိုင်ရာမှာ အတွင်းနတ်ဆိုး ပေါ်လာမှာကို လျှော့ချပေးတယ်တာပဲ”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူဟာ ဆေးပေါင်းအိုးအတွင်းရှိ ကျန်ရှိသည့် ကျန်ရှိသည့် မီးတောက် ရိုးတွင်းခြင်ဆီသန့်စင်ခြင်း ဆေးလုံး လေးလုံးကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ပိုမိုကာပင် ပူလောင်သည့် စီးကြောင်းတစ်ခုဟာ ခြေချောင်းလက်ချောင်းများနှင့် အရိုးများဆီသို့ ပျံ့နှံ့သွားသည်။

ဟန်ကျောက်ဟာ မရီဒျန်များနှင့် အတွင်းအင်္ဂါတို့မှ ပူလောင်မှုကြောင့် အလွန်မသက်မသာ ရှိလှသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အဝတ်တစ်လုံးကို ပါးစပ်ထဲသို့ ထည့်ကာ ကိုက်လိုက်သည်။

“စနစ်.. ဗာဂျရာအတတ်ကို အဆင့်မြှင့်မယ်”

“စွမ်းရည်မှတ် ၁၈… ၀”

“သိုင်းပညာများ- ဗာဂျရာအတတ်(တတိယအဆင့် အသေးစားကျွမ်းကျင်မှု ၂%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ကြွက်သား ကျုံ့ဆန့်ခြင်း အဆင့်၉၊ အရိုးမာခြင်း အဆင့်၇၊ ရိုးတွင်းခြင်ဆီသန့်စင်ခြင်း အဆင့်၁၊ သန့်စင်သောယန် ဗာဂျရာအစစ်အမှန်ချီ အဆင့်၄၊ ဗာဂျရာအကာအကွယ်”

ဟန်ကျောက်ဟာ မနေနိုင်ပဲ နာကျင်စွာ အော်ညည်းမိသည်။ ဒီနာကျင်မှုကို သူ့အနေနှင့် ဖော်ပြနိုင်ခြင်းပင် မရှိတော့ပေ။

နတ်ဆိုးသားရဲအသားနှင့် မီးတောက် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း ဆေးလုံးတို့က နာကျင်မှုကို တစ်ပြိုင်နက် လျှော့ချပေးပေမယ့် သူဟာ ကြွက်သားများအား စုတ်ဖြဲခံရသည့်အလား အလွန်နာကျင်နေဆဲ ရှိသည်။ ထိုအဆင့်ချိုးဖျက်မှု၏ နာကျင်မှုဟာ တစ်မိနစ်နီးပါး ကြာခဲ့၏။

“အူးးးး”

ဟန်ကျောက်ဟာ သူ၏ခန္ဓာကိုယ်တွင် မနာကျင်သည့် အစိတ်အပိုင်း မရှိတော့ဟု ခံစားလိုက်ရသည်။ သူဟာ လူအုပ်စုတစ်ခု၏ ဝိုင်ဝန်းရိုက်နှက်ခြင်းကို ခံနေရသဖွယ် ရှိနေပါသည်။

လက်ချောင်းများကို မြှောက်ရန်ပင် ခွန်အားမရှိတော့ပါ။ အမည်မသိ အချိန်တစ်ခု အပြီးတွင် ခန္ဓာကိုယ်အတွင်းသို့ ခွန်အားအချို့ ပြန်ရောက်လာသည်ဟု ခံစားရသည်။

သူက ဗာဂျရာအတတ်၏ ပြောင်းလဲမှုများကို စစ်ဆေးတော့မည့် အချိန်၌ စနစ်မျက်နှာပြင်ပေါ်တွင် အချက်ပေးစာသားတစ်ခု ပေါ်လာခဲ့သည်။

“အသစ်ဖြစ်တည်လာသည့် ဗာဂျရာအတတ်ဟာ မူလလမ်းကြောင်းမှ သွေဖွယ်သွားပြီး မူလကျင့်စဉ္၏ အားသာချက်တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားသည်။ တစ်ချိန်တည်းတွင် အဆင့်ချိုးဖျက်ရာ၌ စိတ်ပိုင်းဆိုင်ရာ အတွင်းနတ်ဆိုး ပေါ်လာနိုင်သည့် ဖြစ်နိုင်ချေကို လျှော့ချပေးသည်။ တစ်ချိနတည်းတွင် ဗာဂျရာအကာအကွယ်ဟူသည့် စွမ်းရည်ကိုလည်း ရရှိ၏။ ၎င်း၏ အလားအလာဟာ ပိုမိုမြင့်မားသည်။ ပိုက်ဆံသုံးကာ မြှင့်တင်ရန် အကြံပေးသည်”

“အခြေခံဆရာသခင်၏ အဆင့်ဟာ မြင့်တက်လာခဲ့သည်”

“အခြေခံဆရာသခင်- အစိမ်းရောင် ပါရမီ။ အခြေခံနှင့် လက်သင်အဆင့် သိုင်းပညာများကို ကျင့်ကြံပါက ကျင့်ကြံခြင်း အမြန်နှုန်းဟာ နှစ်ဆဖြစ်သွားမည်။ အကန့်အသတ်ကို ချိုးဖျက်နိုင်သည့် ဖြစ်နိုင်ချေဟာ ကြီးစွာ မြင့်တက်လာခဲ့၏။ (ကျင့်ကြံခြင်းဖြင့် အဆင့်မြှင့်တင်နိုင်သည်။ အမြင့်ဆုံး အကန့်အသတ်မှာ အပြာရောင်ပါရမီ ဖြစ်သည်)”

“ပါရမီ အဆင့်မြင့်လာတာလား”

ဟန်ကျောက်ဟာ မှင်သက်သွား၏။ သူဟာ ဗာဂျရာအတတ်၏ ဇယားကို ကြည့်လိုက်ပြီးနောက် အထူးသက်ရောက်မှု ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း အဆင့်၁နှင့် ဗာဂျရာအကာအကွယ်တို့ကို တွေ့လိုက်ရသည်။

“ဗာဂျရာအကာအကွယ်- အစစ်အမှန်ချီနှင့် အတွင်းအား အားလုံးကို စုစည်းပြီး သင်၏ခန္ဓာကိုယ်ပေါ်တွင် ရွှေချပ်ဝတ်တစ်ခုနှင့် တူညီသည့် အကာအကွယ်အလွှာ စွမ်းအားတစ်ခုကို ဖွဲ့စည်းနိုင်သည်။ ၎င်းဟာ အပြင်ပိုင်းမှ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်၏”

“သင်၏ အစစ်အမှန်ချီနှင့် အတွင်းအားတို့ တိုးတက်လာသည်နှင့်အမျှ ခန္ဓာကိုယ်တစ်ခုလုံးဟာ ဗာဂျရာခန္ဓာအဖြစ် မြင့်တက်သွားလိမ့်မည်။ လက်နက်များနှင့် ဒြပ်စင်တိုက်ခိုက်မှုများကို လစ်လျူရှုနိုင်သည့် မဖျက်ဆီးနိုင်သော ဗာဂျရာခန္ဓာတစ်ခု ဖြစ်လာလိမ့်မည်”

“တိုက်ခိုက်မှု ပြုသည့်အခါ အတွင်းအားကို ကြီးစွာ အားဖြည့်ပေးသည်။ လှုပ်ရှားမှုတိုင်းတွင် အလွန် စွမ်းအားကြီးမားသည့် အတွင်းအားတို့ ပါဝင်၏”

“ကျင့်ကြံခြင်း ခွန်အားအဆင့် မြင့်မားလေလေ ခံနိုင်ရည်၊ အမြန်နှုန်း၊ လစ်လျူရှုနိုင်နှုန်းနှင့် အဖျက်စွမ်းအားတို့ ပိုမိုသန်မာလာလေလေ ဖြစ်သည်”

“၎င်းကို မည်သည့် အကြောပိတ်ခြင်း(သို့) ကျင့်ကြံမှုစွမ်းအားအား ခိုးယူခြင်းတို့ ပြုလုပ်နိုင်စွမ်း မရှိပါ”

“ဒါက..”

ဟန်ကျောက်ဟာ အချက်ပေးမှု၏ မျက်နှာပြင်ကို ကြည့်ကာ မနေနိုင်ပဲ မှင်သက်သွားမိသည်။ သူဟာ အိပ်ယာပေါ်မှ ဆင်းကာ မျက်လုံးများကို မှိတ်ပြီး ခန္ဓာကိုယ်အတွင်းသို့ ကြည့်ရှု၏။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ သန့်စင်သောယန် ဗာဂျရာ အစစ်အမှန်ချီဟာ အဆပေါင်းများစွာ အားကောင်းလာကြောင်းကို တွေ့လိုက်ရသည်။ အရေအတွက်ချင်း ယှဉ်ပါက ၎င်းဟာ သက်ရှည်အစစ်အမှန်ချီ၏ တစ်ဝက်လောက်သာ ရှိ၏။ သို့ပေမယ့် အရည်အသွေးမှာတော့ သက်ရှည် အစစ်အမှန်ချီထက် များစွာ ပိုမိုမြင့်မားသည်။

“စမ်းကြည့်မယ်”

ဟန်ကျောက်ဟာ လက်သီးများကို ဆုပ်ကာ ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်လုပ်သည်။

အစစ်အမှန်ချီနှင့် အတွင်းအား အားလုံးတို့ဟာ သူ၏ခန္ဓာကိုယ်တွင် မြင့်တက်လာခဲ့၏။ ထို့နောက် ချက်ချင်းပင် အစစ်အမှန်ချီနှင့် အတွင်းအားတို့ဟာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ချက်ချင်းပင် ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲ့သည်။

“ဗာဂျရာအကာအကွယ်”

All Chapters