← Chapters

အခန်း (၁၇၃)

Vol. 12 Ch. 173

အခန်း (၁၇၃)

Vol. 12 Ch. 173

ဟန်ကျောက်ဟာ ရုတ်တရက် လေထဲသို့ ထိုးလိုက်သည်။ ပြင်းထန်စူးရှသည့် လေခွင်းသံဟာ မိုးခြိမ်းသည့်နှယ် ပေါ်လာခဲ့သည်။

သူ၏ လက်များဟာ ရွှေအစင်းကဲ့သို့ ဝင်းဝါနေ၏။ အင်္ကျီလက်များကို လှန်ကြည့်လိုက်လျှင်လည်း လက်တစ်ချောင်းလုံး သန့်စင်သော ရွှေချောင်းနှယ် ရှိနေပါသည်။

သူဟာ မှန်ရှေ့သို့ သွားရောက်ကာ ကြည့်လိုက်၏။ သူ၏ မျက်နှာသာမက မျက်ဆံများနှင့် ဆံပင်များပါ ရွှေရောင် ဖြစ်နေပါသည်။

“ဒါက ဗာဂျရာအကာအကွယ်လား.. ငါ့ခန္ဓာကိုယ်တစ်ခုလုံးက ပိုက်ဆံနံ့တွေ ထွက်နေသလိုပဲ”

“ကလန်၊ ကလန်၊ ကလန်” ဟန်ကျောက်ဟာ လက်ကောက်ဝတ်နှစ်ခုကို ကြက်ခြေခတ်လုပ်ကာ ညင်သာစွာ ထိရိုက်ကြည့်သည် သတ္တုနှစ်ခု ရိုက်ခတ်သည်နှင့် တူညီသည့် အသံက ပေါ်လာ၏။

ထို့နောက် ညာဘက်လက်ကို ဝှေ့ယမ်းကာ လေထဲသို့ ထိုးလိုက်သည်။ လှုပ်ရှားမှုတိုင်းတွင် အစစ်အမှန်ချီနှင့် အတွင်းအားတို့ မြင့်တက်လာကြောင်းကို ခံစားရ၏။

“အိုး… အစစ်အမှန်ချီက ကုန်တာ မြန်လှချည်လား”

ဗာဂျရာအတတ်က ယူဆောင်လာသည့် ခန္ဓာကိုယ်ရှိ စွမ်းအားကြီးမားသည့် တိုးတက်မှုများကို ရင်းနှီးအောင် လုပ်ပြီးနောက် ဟန်ကျောက်ဟာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီတို့ မျက်စိနှင့် တွေ့မြင်နိုင်သည့် အမြန်နှုန်းဖြင့် ကုန်ခမ်းလာကြောင်းကို ရုတ်တရက် နားလည်လိုက်သည်။

ထို့ကြောင့် ဗာဂျရာ အကာအကွယ် အခြေအနေကို အမြန် ရုတ်သိမ်းလိုက်၏။

“ဒီနှုန်းနဲ့ဆို အလွန်ဆုံး နှစ်မိနစ်လောက်ပဲ ခံမှာ”

ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

သို့ရာတွင် အဆင့်တူညီသည့် သိုင်းသမားများနှင့် တိုက်ခိုက်ရာတွင် သူ့အနေနှင့် ဗာဂျရာအတတ်အား အသုံးပြုရန် မလိုအပ်သည့် ပုံပါ။ သူ့ထက် အဆ့င်မြင့်သူနှင့် တိုက်ခိုက်လျှင်တောင် သုံးပါးသော အနှစ်သာရအား ရှိပါသေးသည်။

ဗာဂျရာအကာအကွယ်ကို သူ၏ ဝှက်ဖဲတစ်ခုအဖြစ်သာ အသုံးပြုနိုင်မည် ဖြစ်၏။

‘နှစ်မိနစ်က လုံလောက်မှာပါ’

“ဘာပဲဖြစ်ဖြစ် ဗာဂျရာအကာအကွယ်ရဲ့ တစ်ခုတည်းသော အားနည်းချက်က စွမ်းအင်အလွန်အကျွံ့ ကုန်ဆုံးတာပဲ။ ငါ့ထက် သိုင်းပညာအဆများစွာသာလွန်ပြီး ငါ့ရဲ့ ခုခံမှုကို တစ်ခါတည်း ချိုးဖျက်နိုင်သူ မဟုတ်ရင် အားကုန်အောင် တိုက်ရမှာ”

“သုံးပါးသော အနှစ်သာရအားရဲ့ ကြာရှည်မှုက လုံလောက်တယ်။ ဒါပေမယ့် ဗာဂျရာအစစ်အမှန်ချီနဲ့ သက်ရှည်အစစ်အမှန်ချီက ဒီလောက်ကြီးမားတဲ့ ကုန်ကျမှုကို မထောက်ပံ့ပေးနိုင်ဘူး။ စိတ်ဝိညာဉ် လုယူခြင်းအတတ်ကို ငါကျင့်ပြီးရင် သက်ရှည်ကျမ်းကို ကောက်နုတ်ရမယ်”

ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူ၏အာရုံဟာ သိုင်းပညာကော်လံပေါ်သို့ ကျရောက်သွား၏။

“သိုင်းပညာများ- စိတ်ဝိညာဉ်လုယူခြင်းအတတ်(ပထမအဆင့် မစတင်သေး)၊ ကျင့်ကြံရန်လိုအပ်ချက်- အဆင့်မြင့်အဆင့် ပါရမီ၊ အဆင့်မြှင့်တင်နိုင်”

“အိုဇာတာကောင်းသူ ပါရမီက အကောင်းဆုံးပဲ”

ဟန်ကျောက်ဟာ ဝမ်းသာသွား၏။

အစမ်းရှင်သန်မှုအရ သူဟာ ဗာဂျရာအတတ်ကို တတိယအဆင့်၏ အကြီးစား ကျွမ်းကျင်မှုသို့ ကျင့်ကြံပြီးမှသာလျှင် ပါရမီကို အဆင့်မြင့်အဆင့် ရောက်ရုံ မြှင့်တင်နိုင်ခဲ့သည်။

ယခုအချိန်၌ အိုဇာတာကောင်းသူ၏ နှစ်ဆသက်ရောက်မှုနှင့် သူဟာ အဆင့်မြင့်အဆင့် ပါရမီကို ရလာခဲ့ပါပြီ။ သူသာ စိတ်ဝိညဉ်လုယူခြင်း ပထမအဆင့်ကို ကျင့်ကြံပြီးပါက လုယင်ရွှမ်း၏ ယင်ယန် မညီမျှမှုကို ကူညီနိုင်ပါပြီ။

ထို့နောက် သူမဆီမှ သက်ဆိုင်ရာ နောက်ဆက်တွဲ ကျင့်စဉ်ကို ရရှိမည်ဖြစ်၏။ အနှေးနှင့်အမြန် သူဟာ သူမ၏ နဂါးဟိန်းခန္ဓာအား ယူငင်နိုင်ပြီး သူမခန္ဓာကိုယ်ရှိ အန္တရာယ်ကို အပြီးတိုင် ဖြေရှင်းပေးမှာ ဖြစ်သည်။

‘ဒီကိစ္စကြောင့် ငါလည်း စူပါအဆင့် ပါရမီကို ရလာနိုင်မျာ’

နဂါးဟိန်းခန္ဓာကို ရရှိပြီးပါက သူဟာ အိုဇာတာကောင်းသူ၏ နှစ်ဆသက်ရောက်မှုကို ခံရဦးမှာ ဖြစ်သည်။ ထိုအချိန်၌ စူပါပါရမီရှင်တစ်ဦး၏ ကျင့်ကြံခြင်း အတွေ့အကြုံကို ခံစားနိုင်ပါပြီ။

“အရင်ဆုံး ဒေါသရေနဂါးဂိုဏ်းရဲ့ ကိစ္စကို ရှင်းတာပေါ့” သူ၏ခန္ဓာကိုယ်မှ ပုံရိပ်တစ်ခု ပျံသန်းထွက်လာ၏။ ချက်ချင်းပင် ရုပ်ခန္ဓာအဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာတော့ သွေးစိတ်ဝိညာဉ်ကိုယ်ပွား ဖြစ်၏။

“အမည်- လန်ဖန်းယွင်(သွေးစိတ်ဝိညာဉ်ကိုယ်ပွား)”

“ကျင့်စဉ်- ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်း(စတုတ္ထအဆင့် အကြီးစားကျွမ်းကျင်မှု ၈၈%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ထက်မြခြင်း အဆင့်၁၂၊ ဓါးငိုကြွေးခြင်း အဆင့်၉၊ မိုးပြန်အား အဆင့်၆)”

နှစ်ဝက်တည်းနှင့် သူ၏ကိုယ်ပွားဟာ စတုတ္ထအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ကာ ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့်နှင့် နီးကပ်နေပါပြီ။

သူ၏ အစစ်အမှန်ချီနှင့် ဗာဂျရာအကာအကွယ်တို့နှင့် ပေါင်းလိုက်ပါက ချီနှစ်ဆင့် စစ်ဘုရင်ကို ရင်ဆိုင်ရလျှင်တောင် ရလဒ်ကို သေချာပေါက် ပြောနိုင်မည်မဟုတ်ပါ။

နှစ်ရက်ကြာပြီးနောက်…

ညနေခင်းတွင်

အံ့ဩစရာကောင်းသည့် သတင်းတစ်ခုဟာ စီရင်စုမြို့တော် တစ်ခုလုံးကို လေမုန်တိုင်းသဖွယ် ဖြတ်သန်းသွားသည်။

“မင်းကြားခဲ့လား.. ဒေါသရေနဂါးဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်က ချီလင်အဆင့်ထဲက လန်ဖန်းယွင်ကို စိန်ခေါ်လိုက်တယ်တဲ့”

“တကယ်ပဲလားဟ… ဒေါသရေနဂါးဂိုဏ်းရဲ့ အကြီးအကဲနှစ်ယောက်ဖြစ်တဲ့ ချန်လော်ရှန်းနဲ့ ချန်လော်ဟိုင်တို့က ကျော်ကြားခဲ့တာ ကြာနေပြီလေ။ သူတို့က အနက်‌ရောင် အဆင့်ဇယားပေါ်က စစ်ဘုရင်အဆင့်ကို ရောက်ပြီးတဲ့ ကျွမ်းကျင်သူတွေပဲ။ ဘယ်လိုလုပ်ပြီး ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို စိန်ခေါ်ရတာလဲ”

“ပြီးခဲ့တုန်းက.. ဒေါသရေနဂါးဂိုဏ်းက လင်းဖုန်းကို အမည်မသိ ကျွမ်းကျင်သူတစ်ယောက်က သတ်ဖြတ်ပြီးတဲ့နောက်မှာ လင်ဖန်းယွင်က သူ့ကို ပြန်သတ်ခဲ့တယ်မလား။ ဒါက ကျေးဇူးတရားကို ကျေးဆွတ်ပြီး တုံ့ပြန်ရာ မကျဘူးလား”

“အဲ့တော့ ဘာဖြစ်လဲ။ ဒီလောကမှာ ဘယ်သူက နာမည်မကြီးပဲ နေချင်လို့လဲ”

“အနက်ရောင် အဆင့်ပြဇယားက ဘယ်လောက်ပဲ ကျော်ကြားကျော်ကြား.. ချီလင်အဆင့်ကို မနှိုင်းယှဉ်နိုင်ဘူး။ ချန်လော့ဟိုင်က သူ့အသက်အရွယ်နဲ့ အဆင့်မဝင်နိုင်တော့.. ပါရမီရှင်တွေရဲ့ အလောင်းကို နင်းပြီး ကျော်ကြားအောင် လုပ်တာ ဖြစ်မှာပေါ့”

“ငါတော့ စစ်ဘုရင်အဆင့်အကြား တိုက်ပွဲတွေကို မတွေ့ရတာတောင် နှစ်ပေါင်းမနည်းတော့ဘူး။ ဒီတစ်ကြိမ်တော့ ကံကောင်းတာပဲ။ အချိန်နဲ့ နေရာကို မင်းတို့သိကြလား”

“နောက်လရဲ့ တတိယမြောက်နေ့မှာ.. နဂါးတောမြစ်ပေါ်မှာ တိုက်ပွဲကျင်းပမယ်တဲ့”

“ဒီလူကြီးက တကယ့်ကို အရှက်မဲ့တာပဲ”

“ချန်လော့ဟိုင်က မြစ်ပြင်တစ်လွှားမှာ ကျက်စားတဲ့ နာမည်ကျော်ပုဂ္ဂိုလ်ပဲ။ လန်ဖန်းယွင်မှာ စစ်ဘုရင်အဆင့်ကို ယှဉ်နိုင်တဲ့ တိုက်ခိုက်မှုခွန်အား ရှိရင်တောင် မြစ်ပြင်ပေါ်မှာ တိုက်ခိုက်ရင်တော့ အရှုံးပေါ်မှာပဲ”

“မြို့ထဲက အလောင်းကစားဒေသ အချို့မှာ လောင်းကြေးတောင် ဖွင့်ပြီးပြီ။ ငါတို့တွေ သွားလောင်းကြမလား… ၁အချိုး ၁၀တဲ့.. တကယ်လို့ လန်ဖန်းယွင်ဘက်ကသာ လောင်းပြီး အနိုင်ရရင် ချမ်းသာပြီ”

“သူမလာတာ(သို့) ရှုံးတာမျိုး ဖြစ်ရင်ရော”

“တစ်ဖက်က ကျော်ကြားနေတာ ကြာပြီဖြစ်တဲ့ ချီတစ်ဆင့် စစ်ဘုရင်တစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး ခွန်အားသန့်စင်ခြင်းအဆင့် လူသစ်တစ်ယောက်ကို ရှုံးမှာလဲ။ နေရာအားသာချက်လည်း ရှိသေးတာကို”

“ငါကတော့ လန်ဖန်းယွင်ဘက်ကနေ ကိုင်ပြီကွာ.. သူက လာလည်းလာရဲပြီး နိုင်လည်း အနိုင်ရမှာ..”

“ငါကတော့ ချန််လော့ဟိုင်ဘက်က လောင်းမယ်။ နိုင်ကြေးက နည်းပေမယ့် သေချာတယ်”

“ငွေချိတ်ကောက် အလောင်းကစားရုံမှာ သွားလောင်းရအောင်။ နိုင်ပါစေကွာ”

ယွမ်ကန်းကောင်တီမြို့၏ လမ်းကြားများနှင့် ဆိုင်များတွင်လည်း တူညီသည့် စကားဝိုင်းများ ဖြစ်ပေါ်နေပါသည်။

စစ်ဘုရင်အဆင့် သိုင်းသမားများဟာ ယွမ်ကန်းကောင်တီတစ်ခုလုံးတွင် အင်အားကြီးသူများဟု ယူဆနိုင်နေပြီး ဖြစ်၏။ ထိုအဆင့်ရှိသည့် သိုင်းသမား အားလုံးတို့ဟာ မြင့်မားသည့် ရာထူးများ ရှိကြသည်။

အဖွဲ့နှစ်ဖက်သာ သေအောင် မတိုက်ခိုက်ပါက နှစ်ပေါင်းဆယ်နှင့်ချီအောင် လှုပ်ရှာားမှုပြုစရာ မလိုကြပေ။

နာမည်ကျော်ကြားသည့် စစ်ဘုရင်တစ်ယောက်၏ ချီလင်အဆင့်မှ ပါရမီရှင်တစ်ယောက်ကို စိန်ခေါ်ခြင်းဟာ တကယ့်ကို ကြည့်ချင်စရာ ပွဲတစ်ခုဖြစ်သည်။

ထိုအချိန်၌ အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တို့ဟာ ငွေချိတ်ကောက် အလောင်းကစားရံဒရှေ့မှ ဖြတ်သွား၏။ အမျိုးသားဟာ အရည်အသွေးကောင်းသည့် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အမျိုးသမီးဟာ ရှည်လျားသည့် အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ထားကာ မျက်နှာကို ပါးလျသည့် ပုဝါဖြင့် ကာထားသည်။

“နင်ချုံ.. ငါတို့တွေ ရောက်လာတာနဲ့ ဒီလိုပွဲတစ်ခုကို ကြုံရမယ်လို့ ထင်မထားခဲ့ဘူး”

"အစ်ကို.. နင်ပွဲကြုံရုံသက်သက် လာတာတော့ မဟုတ်ဘူးမလား”

“နင်ချုံပဲ ငါ့ကို ကောင်းကောင်းသိတယ်။ ငါလည်း ချီလင်အဆင့်ထဲကို ဝင်အောင်လုပ်ပြီး နည်းနည်းလောက် ကြွားလုံးထုတ်မလို့”

“အစ်ကို… နင်အဲ့ဒီ မိုးပြန်ဓါးကို အရင်သွားပြီး စိန်ခေါ်မလို့လား”

“မဟုတ်ပါဘူး။ ငါက သူတို့တွေ တိုက်ခိုက်ပြီးတာကို စောင့်ပြီးမှ တိုက်ခိုက်မှာ”

“အစ်ကို.. နင်က အရမ်းယုတ်မာတာပဲ”

“မဟုတ်ပါဘူး။ ငါက သူတို့ကို ဦးစားပေးတာပါ”

“နင်ပဲမှန်ပါတယ်”

ဝတ်စုံဖြူနှင့် အမျိုးသမီးက စိတ်ဆိုးစွာ ပြောသည်။

သူမ၏ အမည်မှာ စုနင်ချုံဖြစ်၏။ သူမနှင့် ဝမ်းကွဲအစ်ကိုစုထန်ချီတို့ဟာ တိမ်စီရင်စုရှိ အုပ်စိုးသူ မိသားစုသုံးခုမှ တစ်ခုဖြစ်သည့် စုမိသားစုရှိ မျိုးဆက်များ ဖြစ်ကြသည်။

တစ်ချိန်တည်းတွင် သူတို့ဟာ ကောင်းကင်နက်နဲခြင်းဂိုဏ်း၏ ပင်မတပည့်များလည်း ဖြစ်ကြသည်။

သူမ၏ ဝမ်းကွဲအစ်ကိုဖြစ်သူဟာ ရှင်းရှင်းစွာပင် ငယ်ငယ်ရွယ်ရွယ်နှင့် ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိပြီး ဖြစ်၏။ သို့ပေမယ့် သူ၏ လုပ်ပုံကိုင်ပုံများဟာ ကျွမ်းကျင်သူတစ်ယောက်၏ ဟန်ပန်အမူအရာ လုံးဝမရှိပေ။

သူဟာ ချီလင်အဆင့်သို့ ဝင်ရောက်လို၏။ သို့ပေမယ့် အဆင့်ထဲရှိ လူကို တစ်ခါတည်း စိန်ခေါ်မှု မပြုပေ။ အဲ့ဒီအစား အကျိုးအမြတ်ကို စောင့်စားယူလို၏။

“နင်ချုံ.. နင့်အစ်ကို ဘယ်လိုကြမ်းပြမယ်ဆိုတာကိုပဲ ကြည့်နေလိုက်ပါ”

စုထန်ချီက ကျယ်လောင်စွာ ရယ်၏။ ဒီလောကကြီးတွင် သိုင်းခွန်အားဟာ အထွတ်အထိပ် ဖြစ်ပေမယ့် အနိုင်ရသူသာ ဘုရင်ဖြစ်၏။

“အစ်ကို.. ဒီလိုကြီး နိုင်တာက အဓိပ္ပာယ်မရှိဘူးမလား”

စုနင်ချုံဟာ အကူအညီ မဲ့နေ၏။

“နင်ချုံ.. အဲ့တာတော့ မဟုတ်ဘူး.. လန်ဖန်းယွင်က ကောင်းကင်မြစ်မိုးရဲ့ တန်ပြန်ဓါးသိုင်းကို လေ့ကျင့်တာ နင်သိလား”

စုထန်ချီက လေးနက်စွာ ပြောသည်။

ထိုစကားကို ကြားရပြီးနောက် စုနင်ချုံ၏ ပုံစံက အနည်းငယ် ပြောင်းလဲသွား၏။

“ဖြစ်နိုင်တာက ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့ ကောင်းကင်မြစ်မိုးရဲ့ တန်ပြန်ဓါးသိုင်းလား”

စုထန်ချီက ခေါင်းညှိတ်ကာ ပြောသည်။

“ဟုတ်တယ်။ အရင်တုန်းက ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့ အထွတ်အထိပ်အချိန်မှာ တုန်းက ဒြပ်စင်ငါးပါးခန်းမ၊ အံ့ဖွယ်သုံးပါးခန်းမနဲ့ ယင်ယန်ခန်းမဆိုပြီး ကျင့်ကြံခြင်း စွမ်းရည်အမျိုးအစားအတိုင်း ခွဲထားခဲ့တယ်”

“ငါတို့ ကောင်းကင်နက်နဲခြင်းဂိုဏ်းက ဒြပ်စင်ငါးပါးဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုပဲ ဖြစ်တယ်”

နာမည်က စုထန်ချီပါ။ ဒါကတော့ ကျွန်တော့ရဲ့ ဝမ်းကွဲညီမ စုနင်ချုံပါ”

All Chapters