← Chapters

အခန်း (၁၇၄)

Vol. 12 Ch. 174

အခန်း (၁၇၄)

Vol. 12 Ch. 174

“ခွန်အားသန့်စင်ခြင်း အကြီးအစားကျွမ်းကျင်မှု အဆင့်နဲ့ စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ကို ရင်ဆိုင်ဖို့ဆိုတာ နည်းဆုံး အဆင့်မြင့်အဆင့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားရတယ်”

“လန်ဖန်းယွင်က ခွန်အားသန့်စင်ခြင်း အဆင့်ပဲ ရှိတယ်။ ဒါပေမယ့် ချီတစ်ဆင့် စစ်ဘုရင်အဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်။ အဲ့တော့ သူကျင့်ကြံထားတဲ့ ကျင့်စဉ်က သေချာပေါက် ဒြပ်စင်ငါးပါး ခန်းမရဲ့ ထိပ်တန်းကျင့်စဉ်တစ်ခုဖြစ်တဲ့ ကောင်းကင်မြစ်မိုးရဲ့ တန်ပြန်ဓါးသိုင်း ဖြစ်ရမယ်”

“ငါက ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုကို ရောက်နေပြီး ထိပ်တန်းကျင့်စဉ်တစ်ခုကို ကျင့်ကြံထားပေမယ့်”

“မြစ်ပေါ်မှာသာ သူ့ကို ရင်ဆိုင်ရရင် ရှုံးမှာပဲ”

“လန်ဖန်းယွင်သာ ကောင်းကင်သူတော်စင် ဂူကောင်းကင်က ဆက်ခံသူတစ်ယောက် ဖြစ်နေရင် သူ့မှာ အခြားဝှက်ဖဲတွေ ရှိလောက်ဦးမှာ”

“သူ့ကို အလျှင်စလို စိန်ခေါ်တာက ငါ့အသက်ကို အန္တရာယ်ထဲကို ထိုးသွင်းတာနဲ့ အတူတူပဲ”

“ကောင်းကင်သူတော်စင် ဂူကောင်းကင်”

စုနင်ချုံက ပဟေဋိဖြစ်သွားသည်။

“အရင်တုန်းက.. ကောင်းကင်သူတော်စင်ဂိုဏ်းနဲ့ ချင်အင်ပါယာတို့ ပူးပေါင်းပြီး အရှေ့ဘက်အောင်နိုင်ခြင်း တိုက်ကြီးက အုပ်စိုးသူမိသားစုတွေ အားလုံးကို စိန်ခေါ်ခဲ့တယ်။ သူတို့တွေ ရှုံးနိမ့်သွားပြီးတဲ့နောက်မှာ ကောင်းကင်သူတော်စင်ဂိုဏ်းက အပိုင်းသုံးခုကွဲသွားခဲ့တယ်”

“ယင်နဲ့ယန် ခန်းမရဲ့ ခန်းမသခင်နှစ်ယောက်က သူတို့ရဲ့ တပည့်တွေကို ဦးဆောင်ပြီး အဆုံးမဲ့ပင်လယ် အပြင်ဘက်ကို ထွက်သွားခဲ့တယ်”

“အံ့ဖွယ်သုံးပါးခန်းမကတော့ နေရာမှာတင် ပြိုကွဲသွားပြီး နိုင်ငံသုံးခုအနှံ့ ပျံ့နှံ့နေတဲ့ ဂိုဏ်းအသီးသီးနဲ့ အုပ်စိုးသူမိသားစုတွေ ဖြစ်လာခဲ့တယ်”

“ဒြပ်စင်ငါးပါးခန်းမရဲ့ ခန်းသခင် ငါးယောက်ကတော့.. အတူတူ ပူးပေါင်းပြီး ဒီလောကကနေ ခွဲထွက်ပြီး ကောင်းကင်သူတော်စင် ဂူကောင်းကင်ကို တည်ထောင်ခဲ့ကြတယ်။ အဲ့ဒီကတည်းက သူတို့တွေ လောကကြီးကနေ တစ်သီးတစ်သန့် ရပ်တည်ခဲ့တာ”

“ဒါပေမယ့်.. ချန်ကောင်းကင်နန်းတော် ပွင့်လာတော့မယ့် အကြိမ်တိုင်းမှာ ကောင်းကင်သူတော်စင် ဂူကောင်းကင်ရဲ့ ဆက်ခံသူတစ်ယောက်က လောကထဲကို ဝင်လာတတ်တယ်”

“ချန်ကောင်းကင်ပိတ်ရင် သူလည်း ဂူကောင်းကင်ကို ပြန်တယ်”

“ဒါက ဘိုးဘေးဆီက ငါကြားခဲ့တာ။ အပြင်မှာ လျှောက်မပြောနဲ့”

စုထန်ချီက ရှင်းပြသည်။

“အဲ့လိုဆိုရင်.. လန်ဖန်းယွင်က တကယ်ပဲ ကောင်းကင်သူတော်စင် ဂူကောင်းကင်ရဲ့ ဆက်ခံသူဖြစ်ရင်.. နင်သူ့ကို သတ်လိုက်တဲ့အခါ ကောင်းကင်သူတော်စင် ဂူကောင်းကင်က နင့်ကို လက်စားပြန်ချေမှာ မကြောက်ဘူးလား”

စုနင်ချုံက ပဟေဋိဖြစ်စွာ ပြောသည်။

“ဘာကို ကြောက်ရမှာလဲ။ လက်နက်သခင်သာ ဝင်မပါရင် ကောင်းကင်သူတော်စင် ဂူကောင်းကင်က ဂရုစိုက်မှာ မဟုတ်ဘူး။ အဲ့ဒီအပြင် ကောင်းကင်သူတော်စင် ဂူကောင်းကင်က သိုင်းနတ်ဘုရားး သက်ဆင်းလာရင်တောင် ဒီလောကက အဆင့်မြင့်အဆင့် လက်နက်သခင်တွေရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ သူတို့တွေ သက်ဆင်းရဲလား ဆိုတာတောင် မေးစရာတစ်ခုပဲ”

စုထန်ချီက အပြုံးတစ်ခုနှင့် ပြောသည်။

“ငါသိပြီ”

စုနင်ချုံက နားလည်သွားသည်။

တစ်ချိန်တည်းတွင် ယန်ပိုင်ချွမ်ဟာ ဟန်ကျောက်ကို လာရှာ၏။

နောက်ဆုံးအကြိမ် အဖြစ်အပျက် ကတည်းက ဟန်ကျောက်ဟာ သူ့အပေါ် ပိုမိုသတိထားလာခဲ့သည်။ သူဟာ လျှို့ဝှက်ချက်ကို တမင် ထုတ်ပြောခဲ့တာ မဟုတ်ပေမယ့် ကိုယ့်ပါးစပ်ကို မထိန်းနိုင်သည့် လူများအတွက် လျှို့ဝှက်ချက်များကို မသိလေ ပိုကောင်းလေဖြစ်သည်။

ယန်ပိုင်ချွမ်လည်း သူ၏အမှားကို နားလည်ပါသည်။ ထို့ကြောင့် ထိုနေ့မှ စတင်ပြီး ဟန်ကျောက်ကို ဆေးပညာအကြောင်း မမေးတော့ပေ။

ရေတိုအတွင်း ဟန်ကျောက်ဟာ သူ့ကို မိတ်ဆွေတစ်ယောက်အဖြစ် ဆက်ဆံပါသေးသည်။ သို့ပေမယ့် လုံးဝ စိတ်လွတ်ကိုယ်လွတ် ပေါင်းသင်းတာမျိုးတော့ မဟုတ်ပေ။

“ဂျူနီယာညီလေးဟန်.. ဒီအတောအတွင်း ကိစ္စကြီးတစ်ခု ရှိတာကို မင်းသိလား”

“ဘာကိစ်စလဲ”

ဟန်ကျောက်က ကြောင်တောင်သွားသည်။

“ဒေါသရေနဂါးဂိုဏ်းရဲ့ ဒုခေါင်းဆောင် ချန်လော့ဟိုင်က မိုးပြန်ဓါး လန်ဖန်းယွင်ကို စိန်ခေါ်တာ။ နှစ်နာရီအတွင်းမှာ အဲ့သတင်းက စီရင်စုမြို့တော် တစ်ခုလုံးကို ပျံ့နှံ့သွားတာ”

ယန်ပိုင်ချွမ်က လိုရင်း တစ်ခါတည်း ပြောသည်။

“အဲ့လိုလား”

ဟန်ကျောက်က စဉ်းစားသည်။

“အချိန်က နောက်လ သုံးရက်နေ့တဲ့။ အဲ့ဒီအချိန်မှာ အနီးအနားက သိုင်းသမားတွေ အများအပြား တိုက်ပွဲကို သွားကြည့်ကြမှာ။ စစ်ဘုရင်တွေရဲ့ တိုက်ပွဲက ဆယ်စုနှစ်တစ်ခု ကြာတာတောင် မြင်ရခဲတယ်လေ။ မင်းရော အတူတူသွားကြည့်မလား”

ယန်ပိုင်ချွမ်၏ ပုံက စိတ်လှုပ်ရှားနေသည့် ပုံပါ။

“ကျွန်တော်တော့ သိပ်ပြီး စိတ်မဝင်စားပါဘူး”

ဟန်ကျောက်က ခေါင်းကိုယမ်းသည်။

ထိုစကားကို ကြားရပြီးနောက် ယန်ပိုင်ချွမ်၏ ပုံစံက အေးခဲသွား၏။

“ဒါက.. အင်းပါ.. မင်းစိတ်မဝင်စားဘူး ဆိုမှတော့ ငါ့ဘာသာပဲ သွားတော့မယ်။ တကယ်တော့ ငါလည်း အရမ်းကြီး စိတ်မဝင်စားပါဘူး။ ဒါပေမယ့် ငွေချိတ်ကောက် အလောင်းကစားစံအိမ်မှာ လောင်းကြေးတင်ထားလို့။ ရလဒ်ကို ချက်ချင်း သွားကြည့်ရမယ်..”

“ဘာပြောတာ”

ဟန်ကျောက်က ယန်ပိုင်ချွမ်၏ ပုခုံးကို ဆွဲသည်။

“တောင်းပန်ပါတယ်.‌. ငါမင်းရှေ့မှာ အလောင်းကစားအကြောင်းကို မပြောခဲ့သင့်ဘူး.. ငါ..”

ယန်ပိုင်ချွမ်က နေရခက်စွာ ပြုံးသည်။

“အဲ့ရှေ့ကစကား”

ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်နေ၏။

“ငွေချိတ်ကောက် အလောင်းကစားရုံမှာ လောင်းကြေးတင်တာလား”

ယန်ပိုင်ချွမ်က ကြောင်တောင်သွားသည်။

“အချိုးကရော”

ဟန်ကျောက်က အမြန်မေးသည်။

“၁အချိုး ၁၀.. လူတိုင်းက ချန်လော့ဟိုင် နိုင်မယ်လို့ပဲ ထင်ကြတာ”

ယန်ပိုင်ချွမ်က ရှင်းပြသည်။

ဟန်ကျောက်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ “ဂျူနီယာညီလေးဟန်.. ဘာဖြစ်လို့လဲ”

“အစ်ကိုယန်.. ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ”

“ငါတို့က မိတ်ဆွေကောင်းတွေပေါ့”

ဟန်ကျောက်၏ ပုံစံက လေးနက်သွားပြီး ပြောသည်။ “မဟုတ်ဘူး.. အစ်ကိုက ကျွန်တော့ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်ပြီး ညီအစ်ကိုတွေလည်း ဖြစ်တယ်”

ယန်ပိုင်ချွမ်ဟာ ခံစားသွားရသည်။

“ဂျူနီယာညီလေးဟန်.. မင်းက ငါ့ကို အဲ့လိုတွေးတာပေါ့။ ငါက နောက်ဆုံးအကြိမ်တုန်းက မင်းငါ့ကို..”

“အစ်ကိုယန်.. ကျွန်တော့ကို ငွေတစ်သောင်းလောက် ချေးပါလား။ နောက်လကျရင် ပြန်ဆပ်မယ်”

ဟန်ကျောက်က ကြားဖြတ်ကာ ပြောသည်။

“ဒါက.. ငွေ၁၀၀၀၀ကို ငါထုတ်ပေးလို့ရတယ်။ ဒါပေမယ့်…”

ယန်ပိုင်ချွမ်က ကြောင်တောင်သွားသည်။

“ညီလေးဟန်.. မင်းပြောတော့ အလောင်းကစားနဲ့ မူးယစ်ကို စိတ်မဝင်စားဘူးဆို”

“အဲ့ဒါနားကြားမှာ.. ကျွန်တော်က မူးယစ်ကိုပဲ မမွေ့လျော်တာ.. တကယ်တော့ အလောင်းကစားကနေ ကျွန်တော် နုတ်ထွက်ဖို့ ကြိုးစားနေတာ နှစ်တွေမနည်းတော့ဘူး။ ဒါပေမယ့် ကျရှုံးခဲ့တယ်”

ဟန်ကျောက်က အမြန်ပြောသည်။

“ကောင်းပြီ။ ဒါဆိုရင် အိမ်ပြန်ပြီး ပိုက်ဆံသွားယူလိုက်မယ်”

ယန်ပိုင်ချွမ်က ခေါင်းညှိတ်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုယန်။ ကျွန်တော် စောင့်နေမယ်နော်.. မြန်မြန်ပြန်လာခဲ့”

ဟန်ကျောက်ဟာ ယန်ပိုင်ချွမ်ကို သိုင်းအကယ်ဒမီမှ တွန်းထုတ်ကာ ပြော၏။

“စီနီယာအစ်မလုကို မြန်မြန်ရှာရမယ်။ ဒီအခွင့်အရေးကို လက်လွှတ်လို့ မဖြစ်ဘူး”

ဟန်ကျောက်ဟာ ဓါးမိုးခြံဝန်းဆီသို့ အမြန်ပြေးသည်။ ဒီအလုပ်သာ အောင်မြင်ပါက သူဟာ ၂နှစ်၊ ၃နှစ်အတွင်း ပိုက်ဆံရှားတော့မည် မဟုတ်ပေ။

ဤနည်းအားဖြင့် ဟန်ကျောက်ဟာ သူ၏ ဂုဏ်သိက္ခာနှင့် ဘဝကို အရင်းတည်ကာ ဓါးမိုးခြံဝန်းရှိ ဂျူနီယာ၊ စီနီယာ အစ်မများထံမှ ပိုက်ဆံများကို လိုက်လံချေးတော့သည်။ ငွေ၁၀၀၀၀လျန်ကျော် ရလာခဲ့၏။

ခြောက်လပိုင်း၏ သုံးရက်နေ့တွင်…

ကောင်းကင်ဟာ ကြည်လင်နေပြီး ရာသီဥတုဟာ ကောင်းမွန်နေ၏။ ယွမ်ကန်းကောင်တီ၏ မိုင်တစ်ရာ အဝေးရှိ.. နဂါးတောမြစ်တွင်.. ခရီးသွားသင်္ဘောများနှင့် ဇိမ်ခံသင်္ဘောများဟာ မြစ်ပြင်တစ်လွှားတွင် ရပ်တန့်နေကြ၏။

ဒေါသရေနဂါးဂိုဏ်းဟာ ပိုက်ဆံကောက်ပေမယ့် သူတို့၏ မြစ်ပြင်ပေါ်ရှိ ဘုံစည်းမျဉ်းများကို ထိန်းသိမ်းသည့် တာဝန်အား ပြီးပြည့်စုံစွာ ယူထားပါသည်။ ထို့ကြောင့် မြစ်ပြင်ပေါ်တွင် ကုန်သင်္ဘောများစွာလည်း အဆက်အပြတ် သွားလာနေပါသည်။

စာပေသမား များစွာဟာလည်း ဇိမ်ခံသင်္ဘောများတွင် တစ်နှစ်ပတ်လုံး လှည့်လတ်နေတတ်သည်။ သူတို့ဟာ ကဗျာများကို ရွတ်ဆိုကာ ဖန်တီးမှုများ ပြုကြသည်။ သီဆိုကခုန်သည့် ဖျော်ဖြေမှုများနှင့် အလွန် စည်ကားပျော်ရွှင်စရာ ကောင်းလှ၏။

ယနေ့တွင်တော့ နဂါးတောမြစ်တွင် ပုံမှန်အချိန်ထက် အဆပေါင်းများစွာ ပိုမိုများပြားသည့် ခရီးသည်သင်္ဘောနှင့် ဇိမ်ခံသင်္ဘောများ ရှိနေပါသည်။

“ထူးဆန်းတယ်.. ပုံမှန်ဆို ဇိမ်ခံသင်္ဘောမှာ ငါလာသောက်နေကျပါ.. ဒီလောက်လူတွေ မများဘူးနော်.. အခုဆို သင်္ဘောတွေတောင် များလွန်းလို့ ငါသွားနေကျ သင်္ဘော ဘယ်ပျောက်မှန်း မသိဘူး”

ဖြူရော်သည့် မျက်နှာနှင့် သခင်လေးတစ်ယောက်က ညီညာခြင်းမရှိသည့် ခြေလှမ်းများဖြင့် လျှောက်နေ၏။ သူဟာ ခေါင်းကို ကြောင်တောင်စွာ ကုပ်ရင်းက ကြည့်သည်။

“ကြည့်ရတာ ဒီအတောအတွင်း ဒီကညီအစ်ကို အိမ်က သိပ်မထွက်တာ ဖြစ်မယ်။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး အခုလို ကိစ္စကြီးကို မသိပဲနေမှာလဲ”

ထိုအချိန်၌ ဝတ်စုံပြာနှင့် လူငယ်ဟာ ခေါက်ယပ်တောင်ကို ကိုင်ရင်းက ရောက်လာခဲ့သည်။ သူ၏ဘေးတွင် ဝတ်စုံဖြူနှင့် ပုဝါပါးကာထားသည့် မိန်းမငယ်တစ်ဦး ရပ်နေ၏။

“ညီအစ်ကို.. ဘာကိစ္စလဲ ဆိုတာကို မင်းသိလား”

သခင်လေးက မေးသည်။

ဝတ်စုံပြာနှင့် လူငယ်က ပြုံး၏။

“လွန်ခဲ့တဲ့ တစ်လတုန်းက.. အနောက်ဘက်ရဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ ဒေါသရေနဂါးဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ်.. အနက်ရောင် အဆင့်ဇယား အဆင့်တစ်ဆယ်မှာလည်း ရှိတဲ့လူ ချန်လော့ဟိုင်က…. ချီလင်အဆင့်က လူသစ် မိုးပြန်ဓါးသမားလို့ လူသိများတဲ့.. လန်ဖန်းယွင်ကို စိန်ခေါ်ခဲ့တယ်။ အချိန်က ဒီနေ့ပဲ.. နေရာက မြစ်ပြင်ပေါ်မှာ.. ဒါ့ကြောင့် နေ့စဉ််နေ့တိုင်း လာလေ့ရှိတဲ့ စာပေသမားနဲ့ အနုပညာရှင်တွေအပြင် သိုင်းသမားတွေလည်း တိုက်ပွဲကြည့်ဖို့ အများအပြား ရောက်လာခဲ့တယ်”

“သိထားရမှာက.. သိုင်းသမားတွေဆိုတာ ခါးသက်တဲ့ ကျင့်ကြံမှုအပြင် နားလည်သဘောပေါက်မှု အများစုကို သေခြင်းရှင်ခြင်း တိုက်ပွဲတွေကနေ ရလာကြတာလေ။ စစ်ဘုရင်အဆင့် သိုင်းသမားတွေရဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲဆိုတာလည်း အစကတည်းက ရှားပါးတယ်လေ။ လူသိရှင်ကြား တိုက်ပွဲဆို ပိုဆိုး။ အဲ့တော့ ဒီလိုဖြစ်ပြီပေါ့”

“ညီအစ်ကို… မင်းက တော်တော်ဗဟုသုတ ရှိတာပဲ။ ကျွန်တော့နာမည်က ကျန်းမင်ပါ။ ဒီက ညီအစ်ကိုကို ဘယ်လိုခေါ်ရမလဲ မသိဘူး”

“ညီအစ်ကိုကျန်းက ယဉ်ကျေးလွန်းနေပြန်ပါပြီ။ ကျွန်တော့

All Chapters