← Chapters

အခန်း (၁၇၆)

Vol. 12 Ch. 176

အခန်း (၁၇၆)

Vol. 12 Ch. 176

“ဘုန်း”

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ အတွင်းအားဟာ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပျံ့နှံ့သွားသည်။

ပတ်ဝန်းကျင်ရှိ ဇိမ်ခံသင်္ဘောများပေါ်ရှိ ခွန်အားသန့်စင်ခြင်းအဆင့်အောက်ရှိ သိုင်းသမားများဟာ ဦးခေါင်းများ မူးဝေစွာ ခံစားလိုက်ရသည်။

ဟန်ကျောက်၏ ထိန်းချုပ်မှုအောက်တွင် သွေးစိတ်ဝိညာဉ်ကိုယ်ပွားဟာ ဘုတ်ပြားကို ခြေနှင့်တို့ကာ ခုန်တက်သွားပြီး မြစ်ပြင်ပေါ်တွင် ခြေဖျားထောက်ကာ ရွေ့လျားသွား၏။

“စစ်ဘုရင်အဆင့်လေးနဲ့”

သူက စကားဆုံးသည်နှင့် ခါးရှိ သက်ခြွေဓါးဟာ ဓါးအိမ်မှ ထွက်လာခဲသည်။

“ဘဇ်၊ ဘဇ်၊ ဘဇ်”

ကြမ်းကြုတ်သည့် ဓါးငိုသံတစ်ခုဟာ မြစ်ပြင်တစ်လွှားကို ပဲ့တင်ထပ်သွားပြီး ဓါးချီမျှင်များဖြင့် ဖွဲ့စည်းလာသည့် ဓါးမိုးကာ ကျယ်လောင်စွာ သက်ဆင်းလာခဲ့သည်။

“ဒါက…”

ခရီးသွာသင်္ဘောနှင့် ဇိမ်ခံသင်္ဘောများပေါ်တွင် ကြည့်ရှုနေသည့် လူများ၏ နားစည်များဟာ တုန်ခါသွားကြ၏။

ထိုဓါးချက်ကို ထိပ်တိုက် ရင်ဆိုင်ရသည့် ချန်လော့ဟိုင်ဟာ ခန္ဓာကိုယ်တစ်ခုလုံးအား ဓါးချီတို့ ဝန်းရံထားသည်ဟု ခံစားလိုက်ရသည်။

ပုန်းအောင်းရန် မည်သည့်နေရာမှ မရှိသလို ဆုတ်ခွာရင်လည်း သေခြင်းနှင့် ကြုံရမည့်ပုံပါ။

ချန်လော့ဟိုင်ဟာ မြေအောက်(လူဆိုးလူမိုက်)လောကတွင် နှစ်ပေါင်းများစွာတိုင်အောင် ကျင်လည်ခဲ့ပြီး တိုက်ခိုက်ရေးတွင် အတွေ့အကြုံရှိသူ ဖြစ်သည်။

လန်ဖန်းယွင်၏ ဓါးချက်ကို ကြည့်ရုံနှင့် တစ်ဖက်လူဟာ သူ၏ဘဝတွင် တစ်ခါမှ ရင်ဆိုင်ဖူးခြင်း မရှိသည့် ရန်သူကြီးဖြစ်မည်အား နားလည်လိုက်သည်။ သူဟာ ထိုဓါးချက်ကို ထိပ်တိုက်သာ ရင်ဆိုင်ရန် တတ်နိုင်၏။

“ရုန့်ရင်းတဲ့ကောင်”

ချန်လော့ဟိုင်က အော်လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ဝက်တွင် အတွင်းအားတို့ မြင့်တက်လာခဲ့သည်။ ခါးရှိ ရှည်လျားသည့် ဆေဘာဟာ ရုတ်တရက် ဓါးအိမ်မှ ထွက်လာပြီး အေးစက်သည့် ဆေဘာအလင်းတစ်ခု ထွက်ပေါ်လာ၏။

“အုမ်း”

ဆေဘာအလင်းနှင့် ဓါးအလင်းတို့ ထိပ်တိုက်ဆုံမိပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မြစ်ပြင်ဟာ ထည်ဝါသည့် အားလှိုင်းကြောင့် တုန်ခါနေပြီး လှိုင်းများစွာ ထွက်ပေါ်လာခဲ့၏။

ချန်လော့ဟိုင်၏ ခန္ဓာကိုယ်တွင် အတွင်းအားတို့ ပိုမိုလှိုင်းထန်လာခဲ့သည်။ သူ၏ ကျောက်ကပ်နှင့် ပေါင်းစပ်ပြီးဖြစ်သည့် ရေဒြပ်စင်ချီဟာ မြစ်ရေကို စီးပိုးကာ ကြီးမားသည့် ဆေဘာရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သူဟာ လက်ထဲရှိ ဆေဘာရှည်ကို မြင့်မားစွာ မြှောက်၏။ မြစ်ရေနှင့် ဖွဲ့စည်းထားသည့် ဆေဘာရှည်ကြီးဟာ စုစည်းလာခဲ့သည်။

ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း စစ်ဘုရင်အဆင့် သိုင်းသမားများဟာ နှလုံးသား၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့အတိုင်း ဒြပ်စင်ချီကို စုပ်ယူလေ့ ရှိသည်။

သို့ရာတွင် အချို့ အထူးကျင့်စဉ်များကို ကျင့်ကြံသည့် သိုင်းသမားများဟာ ကျင့်စဉ်အမျိုးအစားအလိုက် သက်ဆိုင်ရာ ဒြပ်စင်ချီအတိုင်းသာ အထူးပြု စုပ်ယူကြသည်။

ဥပမာအားဖြင့် ချန်လော့ဟိုင်ကျင့်ကြံသည့် မြစ်ပင်လယ် ဆေဘာအတတ်ဟာ ဒြပ်စင်ငါးမျိုးထဲမှ ရေဒြပ်စင်ကို စုပ်ယူသည်။ ထို့ကြောင့် ရေရှိသည့် နေရာတွင် ခွန်အား ၁၂၀%ကို ထုတ်ဖော်နိုင်ပါသည်။

ဤသည်မှာ လန်ဖန်းယွင်သာ သူ၏ စိန်ခေါ်မှုကို အမှန်တကယ် လက်ခံလာပါက အသုံးပြုရန် ချန်လှပ်ထားသည့် ဝှက်ဖဲတစ်ခုလည်း ဖြစ်၏။

“ချိုးဖျက်မယ်”

ဟန်ကျောက်ကိုယ်ပွား၏ ဝတ်စုံဖြူဟာ လေထဲတွင် တဖျက်ဖျက်ခတ်နေ၏။ လက်ထဲရှိ ဓါးဟာ ငွေရေခဲသဖွယ် ရှိနေပြီး လေထဲတွင် ခုတ်ပိုင်းလိုက်ပြန်ရာ ဓါးချီများက မြင့်တက်လာပြန်သည်။

“နဂါးငွေ့တန်းအသွင်”

ထိုဓါးချီဟာ သံမဏိဖြင့် ပြုလုပ်ထားသဖွယ် မာကျောသည့် ရေကြည်ရောင် ဆေဘာကို နှစ်ပိုင်းပြတ်သွားစေသည်။

သို့ရာတွင် ချန်လော့ဟိုင်၏ ဒုတိယဓါးချက်ဟာ ရောက်ရှိလာနေပြီး ဖြစ်၏။ ခုနက ရေကို ဆေဘာအဖြစ် စုစည်းသည့် အရှိန်အဝါဟာ လက်ရှိတိုက်ကွက်အတွက် ယောင်ပြကွက်သာ ဖြစ်သည်။

သာမန်လူတစ်ဦးထက် ပိုမိုထူထဲသည့် သူ၏လက်ဝါးဟာ ရုတ်တရက် လက်သီးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး အဝေးမှ တိုက်ခိုက်၏။

အားလှိုင်းတို့ မြင့်တက်မှုနှင့်အတူ ကြမ်းကြတ်သည့် လက်သီးအားဟာ လေဟာနယ်ကို ထိုးခွင်းလာခဲ့သည်။ ကျဆင်းလာနေသည့် မြစ်ရများဟာ ထိုအတွင်းအားလက်သီး၏ ခေါ်ဆောင်မှုနောက်သို့ လိုက်ကာ ရေတန်းများအဖြစ် ပြောင်းလဲသွား၏။

ရှေ့ဘက်မှ ကြည့်ပါက ဆောင်းရာသီတွင် လှိုဏ်ဂူများ၌ တွဲကျနေတတ်သည့် ရေခဲပန်းဆွဲဆူးချွန်များနှင့် တူပါသည်။

“မိုးပြန်အသွင်”

ကိုယ်ပွား၏ ညာဘက်လက်အတွင်းရှိ သက်ခြွေဓါးဟာ ဘယ်ဘက်လက်ဆီသို့ ရွေ့လျားသွားပြီး ခန္ဓာကိုယ်ဟာ လေထဲတွင် ဓါးမြသည့် ဓါးသွားပမာ ဝှေ့ယမ်းသွားသည်။

အဖြူရောင် ဓါးအလင်းများကို သယ်ဆောင်ထားပြီး မြစ်ရေဟာလည်း လည်ပတ်နေသည့် ဓါးစွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းဟာ နဂါးတစ်ကောင် ရေကို စုပ်ယူရင်းက မိုးပေါ်သို့ ထိုးတက်သွားသည့်နှယ် ရှိနေတော့သည်။

“ဘန်း”

စွမ်းအားကြီးမားသည့် လက်သီးအားဟာ ရေလွှာများနှင့် ထိတွေ့မိကြသည်။ ထက်မြသည့် ဓါးချီက လက်သီးချက်ကို ဖျက်ဆီးသွား၏။

သို့ရာတွင် ချန်လော့ဟိုင်၏ တိုက််ခိုက်မှုဟာ ထိုထက်ပိုပါသည််။ သူဟာ အဆက်အပြတ်သည့် မြစ်ရေပမာ သူ၏ အဆုံးမသတ်နိုင်သည့် လက်သီးအားနှင့် ဆေဘာအတတ်တို့ကို အသုံးပြုနိုင်၏။

လက်သီးအားကို ဓါးချီက ဖျက်ဆီးလိုက်သည့် တစ်ပြိုင်နက်နီးပါးတွင် နောက်ထပ် လက်သီးချက်များဟာ ရေလွှာကို တစ်ခုပြီးတစ်ခု ထိမှန်လာခဲ့၏။

ရေပြင်ပေါ်တွင် ရှည်ကြားသည့် တိုက်ပွဲကို တိုက်ခိုက်ခြင်းဟာ သူ၏ အကောင်းဆုံး တိုက်ခိုက်မှုနည်းလမ်း ဖြစ်သည်။ ရှေ့ရှိလူဟာ ခွန်အားသန့်စင်ခြင်း အဆင့်နှင့် စစ်ဘုရင်တစ်ယောက်ကို ထိပ်တိုက် တိုက်ခိုက်နိုင်သော်လည်း ဒီနေရာတွင် သူ့ကို အနိုင်ယူရန်မှာ ဖြစ်နိုင်ခြင်း မရှိပါ။

“ဘုန်း၊ ဘုန်း၊ ဘုန်း”

ခဏတာအတွင်း တိုက်ပွဲဟာ.. မျက်စိတစ်မှိတ် အတွင်းတွင် လူတိုင်း၏ မျက်စိရှေ့၌ လက်ရည်ညီသည့် အခြေအနေသို့ ဝင်ရောက်သွားသည်။

“ပျင်းဖို့ကောင်းလိုက်တာ.. ငါကလန်ဖန်းယွင်ကို ဝှက်ဖဲတိုက်ကွဲတစ်ခုခု ရှိမယ်လို့ ထင်ထားတာ”

ဇိမ်ခံသင်္ဘောပေါ်တွင် စုထန်ချီက စိတ်ပျက်သည့် အသွင်ဖြင့် သက်ပြင်းချသည်။

“ဝမ်းကွဲအစ်ကို.. ဘာဖြစ်လို့လဲ။ လန်ဖန်းယွင်ရဲ့ အတွင်းအားက အဆုံးမသတ်ဘူး။ ကြည့်ရတာ သူ့ရဲ့ တိုက်ခိုက်မှုမှာ အစစ်အမှန်ချီ ပါဝင်ပြီး အရေးနိမ့်တာမျိုး လုံးဝ မရှိပါဘူး”

စုနင်ချုံက သိလိုစွာ မေးသည်။

“သူတို့နှစ်ယောက်က လက်ရေညီနေတဲ့ပုံ ပေါ်နေလိမ့်မယ်”

စုထန်ချီက ခေါင်းကိုယမ်းသည်။

သင်္ဘောပေါ်ရှိ လူတိုင်းနှင့် ဘေးဘက်ရှိ သိုင်းသမားများ၏ ခေါင်းလှည့်ကြည့်လာမှုကို တွေ့ရပြီးနောက် သူက ခဏတာ ရပ်တန့်သွားပြီးမှ ဆက်လက်ပြောသည်။

“ဒီနှစ်ယောက်ကို ကျွမ်းကျင်သူတွေလို့ ယူဆလို့ရတယ်။ အထူးသဖြင့် လန်ဖန်းယွင်ပဲ။ သူက ထိပ်တန်းအဆင့်ရှိတဲ့ ကောင်းကင်မြစ်မိုးရဲ့ တန်ပြန်ဓါးသိုင်းကို ကျင့်ကြံတယ်။ သူ့မှာ အစစ်အမှန်ချီလည်း ရှိပြီး ရေထဲမှာ တိုက်ခိုက်တာတောင် အားသာချက် ရနေတယ်လို့ ထငရတယ်။ ဒါပေမယ့် အဲ့ဒါက အဓိကအချက် မဟုတ်ဘူး”

“ချန်လော့ဟိုင်ရဲ့ ကျင့်စဉ်က လန်ဖန်းယွင်ထက် နိမ့်ပေမယ့် ဘာပဲဖြစ်ဖြစ် သူ့မှာ ခွန်အားအဆင့် အားသာချက်ရှိတယ်။ အဲ့ဒီအပြင် သူ့ရဲ့လက်သီးက ရေဒြပ်စင်ချီနဲ့အတူ ကိုယ်တွင်းအင်္ဂါငါးခုနဲ့ ပေါ်းစပ်ထားတယ်။ သူက ရေပေါ်မှာ ပိုကြာကြာ တိုက်ခိုက်နိုင်မှာ”

“ပြောတာတော့ ဟုတ်နေတာပဲ.. ဒါဆိုရင် ငါ့ကို ပြောစမ်းပါဦး.. ဘယ်သူနိုင်မှာလဲလို့”

ဘေးရှိ သင်္ဘောပေါ်မှ သိုင်းးသမားတစ်ယောက်က အော်၏။

“ငါပြောတာ ရှင်းနေပြီးပြီလေ.. မင်းက မေးနေသေးတာလား”

စုထန်ချီက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“လန်ဖန်းယွင်မှာသာ တစ်ချက်တည်းနဲ့ ပွဲဖျက်နိုင်မယ့် ဝှက်ဖဲမရှိရင် သူရှုံးနိမ့်ဖို့က အချိန်တစ်ခုပဲ လိုတော့တယ်”

“မင်းရဲ့ လေသံကို နားထောင်ရတာ သူတို့ရဲ့ နည်းစနစ်တွေကို မြင်နိုင်တဲ့ပုံနဲ့။ မင်းက စစ်ဘုရင်တစ်ယောက်ထက် သန်မာနေလို့လား”

ခုနက မေးသည့်လူက ပြန်လည်ချေပစွာ ပြောသည်။

ထိုစကားကို ကြားရပြီးနောက် စုထန်ချီက နှာခေါင်းရှုံကာ ဂရုစိုကခြင်း မရှိတော့ပေ။

“မင်းရဲ့ ခွေးမျက်လုံးတွေကို သေသေချာချာဖွင့်ပြီး ကြည့်လိုက်ဦး.. ဒီသခင်လေးက တိမ်စီရင်စုရဲ့ အုပ်စိုးသူမိသားစု သုံးခုထဲက တစ်ခုဖြစ်တဲ့ စုမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်ပြီး ကောင်းကင်နက်နဲခြင်းဂိုဏ်းရဲ့ စစ်မှန်တဲ့ ဆက်ခံသူတပည့်တစ်ယောက်လည်း ဖြစ်တယ်။ မင်းက ဘယ်သူ့ကိုလာပြီး မေးခွန်းထုတ်ချင်နေတာလဲ”

ကျန်းမင်က အခွင့်အရေးရတုန်း ကျယ်လောင်စွာ ဝင်ပြောသည်။

အရင်တုန်းက သိုင်းသမားများကို ကြုံတွေ့ရပါက သူဟာ ပိုမိုယဉ်ကျေးစွာ ပြောလေ့ရှိခဲ့သည်။ သူ၏ မိသားစုတွင် ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှု အဆင့်ရှိ သိုင်းသမားတစ်ယောက် ရှိလျှင်တောင် သူ့အတွက် ကိုယ်ရံတော်အဖြစ် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို ထားပေးရန် ခွန်အားမရှိပါ။

သူဟာ သွေးချီချိုးဖျက်မှု တတိယအဆင့်ရှိ သိုင်းသမားတစ်ဦးကို ကြုံရလျှင်ပင် ယဉ်ကျေးစွာသာ ပြောဆို၏။ ဘာပဲဖြစ်ဖြစ် သွေးဆူလွယ်သူ တစ်ဦးဦးကိုသာ ထိပါးမိပါက အမှန်တကယ် အရိုက်ခံရမှာ ဖြစ်သည်။

သို့ရာတွင် ယနေ့တွင် စုထန်ချီရှိနေရာ စစ်ဘုရင်တစ်ယောက်ကိုပင် ရိုင်းပြသည့် စကားအချို့ ပြောရဲပါသည်။

“စုမိသားစုလား”

“ကောင်းကင်နက်နဲခြင်းဂိုဏ်းရဲ့ ဆက်ခံသူတပည့်”

တစ်ဖက်သင်္ဘောရှိ လူများဟာ ကျန်းမင်၏ စကားကြောင့် အံ့ဩကုန်ကြပြီး ချက်ချင်းပင် မှင်သက်နေကြသည်။

ခုနက ပြန်လည်ပြေဆိုခဲ့သည့် သိုင်းသမားက ဦးညွှတ်ကာ တောင်းပန်၏။

“ကောင်းကင်နက်နဲခြင်းဂိုဏ်းက ပုဂ္ဂိုလ်တစ်ယောက်ကို.. ခုနက ကျွန်တော် ပြောတော များသွားတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

“ရပါတယ်။ လန်ဖန်းယွင် ဒီကိုလာမယ်ကြားလို့ သူ့ရဲ့ဓါးသိုင်းကို စမ်းကြည့်မလို့ ငါလည်းလာခဲ့တာ။ ဒေါသရေနဂါးဂိုဏ်းက အရင်ဦးသွားမယ်လို့ ထင်မထားခဲ့ဘူး။ ခဏလောက် စောင့်ရဦးမှာပေါ့”

စုထန်ချီက လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ကျွမ်းကျင်သူတစ်ယောက်သဖွယ် ပြောသည်။

သူဟာ ဒီသိုင်းသမားများနှင့် ငြင်းခုန်ရလောက်အောင် သူ့ကိုယ်သူ နှိမ့်ချရမည်အား မနှစ်မြို့စွာ ခံစားရပေမယ့် ဘေးတွင် နောက်လိုက်တစ်ယောက် ရှိပြီး လိုအပ်ပါက သူ့အတွက် ဝင်ပြောခြင်းအား ဟိတ်ဟန်ထုတ်စွာ နေရသည်မှာ အလွန်ခံစားလို့ ကောင်းပါသည်။

“သခင်လေးလည်း မိုးပြန်ဓါးကို ပြီးရင် စိန်ခေါ်မလို့လား.. ခုနကပြောတော့ သူချန်လော့ဟိုင်ကို ရှုံးတော့မှာဆို” ဘေးရှိ သင်္ဘောပေါ်ရှိ လူအချို့က သိလိုစွာ မေးသည်။

“ဘယ်သူနိုင်နိုင်.. ငါက တစ်ကြိမ်ပဲ တိုက်ခိုက်မှာ။ ဒါကို မမျှတတဲ့ နိုင်ပွဲလို့ မဆိုနိုင်ဘူးမလား”

စုထန်ချီက အသာပြုံးသည်။

‘ဒမ်း..’

‘ဘယ်လောက်အရှက်မဲ့လိုက်လဲ’

လေသံကိုပင် ဂုဏ်သိက္ခာကြီးမြင့်သလို လုပ်ပြောနေသေးသည်။

All Chapters