အခန်း (၁၇၇)
Vol. 12 Ch. 177
လူတိုင်းဟာ နှလုံးသားထဲတွင် ကျိန်ဆဲမိကြသည်။ သို့ပေမယ့် အပြင််ပန်းတွင်တော့ ပြသရဲခြင်း မရှိပေ။
ဘာပဲဖြစ်ဖြစ် ဤသည်မှာ စုမိသားစု၏ မျိုးဆက်ဖြစ်ကာ ကောင်းကင်နက်နဲဂိုဏ်း၏ ဆက်ခံသူ တပည့်တစ်ဦးလည်း ဖြစ်၏။ မည်သည့် နောက်ခံပဲဖြစ်ဖြစ် သူတို့၏ ဘဝတွင် မရောက်နိုင်သည့် အမြင့်မျိုး ဖြစ်သည်။
ထို့အပြင် ချန်လော့ဟိုင်၏ တိုက်ပွဲအပြီးတွင် လန်ဖန်းယွင်၏ ခွန်အားဟာ မည်မျှ လျော့ကျသွားစေကာမူ သူတို့အနေနှင့် တိုက်ခိုက်ရဲခြင်းပင် မရှိပေ။
“ကြီးစိုးသော မိုးနှင့်တိမ်များ”
ရေလွှာအတွင်းရှိ ဟန်ကျောက်၏ ကိုယ်ပွားက အော်လိုက်သည်။ သူ့ကို ဝန်းရံနေသည့် ရေလွှာနှင့် ဓါးချီတို့ဟာ ပေါက်ကွဲထွက်သွားပြီး အလွန်စွမ်းအားကြီးမားသည့် အားတစ်ခုကို ဖွဲ့စည်းကာ မာကြောသည့် မိုးသီးများသဖွယ် လွင့်စင်လာခဲ့သည်။
“မကောင်းတော့ဘူး”
ချန်လော့ဟိုင်၏ ပုံစံက ရုတ်တရက် ပြောင်းလဲသွား၏။ ဒီဆက်တိုက် တိုက်ခိုက်မှုအပြီးတွင် လန်ဖန်းယွင်တွင် ယခုကဲ့သို့ ကြောက်စရာကောင်းသည့် တိုက်ကွက်အား ထုတ်ဖော်ရန် ခွန်အားရှိဦးမည်ဟု ထင်မထားခဲ့ပေ။
သို့ပေမယ့် ဒီအချိန်တွင် သူဟာ လက်သီးနှစ်ဖက်ကို ထိုးနှက်ထားပြီး အတွင်းအားဟာ ခန္ဓာကိုယ်မှ ထွက်ခွာရုံ ရှိသေးသည်။ လူတစ်ကိုယ်လုံးဟာ အားနည်းချက်တို့ဖြင့် ပြည့်နှက်နေ၏။
တစ်ဖက်လူ၏ ဓါးချီက သူ၏ လက်သီးအားကို ချိုးဖျက်ပြီးချိန်၌ သူ့အနေနှင့် တန်ပြန်တိုက်ခိုက်ချိန်မှာ နောက်ကျလွန်းနေပြီ ဖြစ်သည်။
ချန်လော့ဟိုင်ဟာ ဆေဘာကိုသာ အားကုန်ထုတ်ကာ အခန္ဓာကိုယ်အတွင်းရှိ သွေးချီနှင့် အတွင်းအားတို့ကို စုစည်းပြီး ထိုတိုက်ခိုက်မှုကို အစွမ်းကုန် ခုခံရသည်။
ကောင်းကင်တွင် ပြည့်နှက်နေသည့် တောက်ပသည့် ဓါးအလင်းမိုးများ အတွင်းမှ အေးစက်သည့် အလင်းရောင်တစ်ချက်ကို သူတွေ့လိုက်သည်။ သွေးရောင်အလင်းဟာ တဖြည်းဖြည်း ပေါ်လာခဲ့၏။ ရလဒ်ဟာ ဆုံးဖြတ်ပြီး ဖြစ်သည်။
“ဒါက မိုးပြန်ဓါးလား.. ဒါက ဓါးဆန္ဒလား..”
သက်ခြွေဓါးဟာ ချန်လော့ဟိုင်၏ မျက်ခုံးနှစ်ခုအကြားကို ဖြတ်သန်းသွားပြီး ဦးခေါင်းအနောက်ဘက်မှ ပြန်ထွက်လာခဲ့သည်။
ဓါးချီနှင့် မိုးပြန်အားတို့ဟာ သူ၏ စိတ်များကို လစ်ဟာသွာားစေ၏။ သူဟာ သေဆုံးသည်ထက်ပင် သေဆုံးခဲ့ပါပြီ။
“ဒင်”
မသေခင်တွင် ချန်လော့ဟိုင်၏ လက်ထဲရှိ ဆေဘာဟာ ဟန်ကျောက်၏ ဘယ်ဘက်လက်အား ခုန်ပိုင်းမိခဲ့သည်။ သတ္တုချင်း ထိခတ်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။
ဟန်ကျောက်ကိုယ်ပွား၏ မျက်နှာတစ်ခုလုံး.. ဆံပင်နှင့် အရေအပြားများ အပါအဝင်ဟာ ရွှေရောင် ပြောင်းေနခဲ့သည်။
“ဘုန်း”
အတွင်းအား၏ ထောက်ပံ့မှု မရှိတော့ရာ ချန်လော့ဟိုင်ဟာ မြစ်အတွင်းသို့ ကျဆင်းသွားသည်။
“အခွင့်အရေးကောင်းပဲ”
လန်ဖန်းယွင်၏ ရုတ်တရက် ပေါက်ကွဲထွက်လာမှုကို တွေ့လိုက်ရချိန်၌ ဇိမ်ခံသင်္ဘောပေါ်ရှိ စုထန်ချီ၏ မျက်လုံးများက လင်းလက်သွားသည်။ သူ၏ တိုက်ခိုက်ရန် အချိန်ဟာ ရောက်ရှိလာကြောင်းကို သိလိုက်ရသည်။
“ဘုန်း”
သူဟာ ရုတ်တရက် သင်္ဘောအစွန်းကို တစ်ချက်ရိုက်ကာ လေထဲသို့ ပျံတက်သွားသည်။ ကောင်းကင်အထက် ၁၀မီတာကျော်လောက် မြင့်တက်သွားပြီး တိုက်ပွဲကို ကြည့်နေကသည့် သာမန်လူများ၏ အားပေးခြင်းကို ဆွဲဆောင်သွား၏။
သူ၏ ခန္ဓာကိုယ်ဟာ မြစ်ပြင်ပေါ်သို့ တည်ငြိမ်စွာ ကျပြီးနောက် ချက်ချင်းပင် တိုက်ခိုက်နေသူ နှစ်ဦးဆီသို့ ပြေးတက်သွားသည်။ ခြေဖျားထိပ်ဖြင့် မြစ်ပြင်ကို တောက်ကာ ခန္ဓာကိုယ်ဟာ မီတာအနည်းငယ် မြင့်တက်သွားပြန်၏။
“ကောင်းကင်နက်နဲခြင်းဂိုဏ်းရဲ့ ဆက်ခံသူတပည့် စုထန်ချီက…”
စုထန်ချီက ကျယ်လောင်စွာ အော်လိုက်၏။ သူ၏ ထူထဲသည့် တွင်းအားနှင့် အစစ်အမှန်ချီတို့က အသံကို မြစ်ပြင်တစ်လျှောက် ပျံ့နှံ့သွားစေသည်။
ထိုအချိန်၌ လန်ဖန်းယွင်၏ ဓါးဟာ ချန်လော့ဟိုင်၏ မျက်ခုံးနှစ်ခု အကြားသို့ ထိုးဖောက်သွား၏။ ဤသည်မှာ အားကုန်သုံးကာ တိုက်ခိုက်သည့် လက္ခဏာရပ် ဖြစ်သည်။ သူသာ…
“မဖျက်ဆီးနိုင်တဲ့ ဗာဂျရာ ဒီဗိုင်းအတတ်လား.. ဂလု၊ ဂလု၊ ဂလု..”
စုထန်ချီဟာ လန်ဖန်းယွင်၏ ဆံပင်နှင့် အရေအပြားတို့ ရွှေရောင် ပြောင်းလဲသွားမှုကို သတိထားမိလိုက်သည်။ သူ၏ ပုံစံက ချက်ချင်းပင် ပြောင်းလဲသွားပြီး ထိုးဆင်းကျသွား၏။
“စွက်”
ခန္ဓာကိုယ်ဟာ ချက်ချင်းပင် မြစ်ထဲသို့ နစ်ဝင်သွား၏။ အံ့ဩနေမှုကြောင့် ပါးစပ်အပြည့် ရေများ သောက်မိသွားသေးသည်။
“ဟန်.. ဘယ်သူစကားပြောတာလဲ.. စုဘာလဲ..”
ဟန်ကျောက်၏ ကိုယ်ပွားက ပတ်ဝန်းကျင်ကို လှည့်ကာ အသံလာရာသို့ ကြည့်လိုက်သည်။ မြစ်ပြင်ဟာ ဗလာကျင်းလင်း ဖြစ်နေကြောင်းကိုသာ တွေ့လိုက်ရ၏။
“ကလန်”
ထိုပုံကို တွေ့ရပြီးနော်က သူဟာ ဘေးရှိ ဘုတ်ပြားကို လက်ဝှေ့ယမ်းကာ ပစ်လွှတ်လိုက်သည်။ ခန္ဓာကိုယ်ဟာ လေထဲသို့ ခုန်ကာ အပေါ်သို့ တက်လိုက်၏။ တစ်ချိန်တည်းတွင် လက်ထဲရှိ သက်ခြွေဓါးကို နောက်ကျောရှိ ဓါးအိမ်အတွင်းသို့ ပြန်ထည့်လိုက်သည်။
ရေလွှာစီးဘုတ်ပြားဟာ အသက်ဝင်လာသည့်အလား လှိုင်းများအကြား တိုးဝင်ရွေ့လျားသွားသည်။ သူဟာ လက်ကို နောက်ပစ်ကာ ထည်ဝါစွာ ထွက်ခွာသွား၏။
စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ကာ လှိုင်းများကို စီးနင်းပြီး ပြန်လည်ထွက်ခွာသွားလေသည်။
ပတ်ဝန်းကျင်ရှိ ဒေါသရေနဂါးဂိုဏ်းသားများဟာ သူ့ကို စူးစိုက်စွာ ကြည့်နေကြသည်။ သို့ပေမယ့် မည်သူမှ တားဆီးမှု မပြုကြပေ။
ဤသည်မှာ လူသိရှင်ကြား စိန်ခေါ်မှုဖြစ်၏။ ယခုအချိန်၌ လှုပ်ရှားမှု ပြုပါက ဒေါသရေနဂါးဂိုဏ်းဟာ သိုင်းလောကတွင် ရပ်တည်နိုင်မှာ မဟုတ်တော့ပေ။
“ဘုရားရေ.. ငါသေတော့မလို့”
ဟန်ကျောက်ထွက်ခွာသွားပြီးနောက် စုထန်ချီဟာ နောက်ဆုံးတွင် ရေထဲမှ ထွက်လာရဲသွားသည်။ သူဟာ လေပူများကို မှုတ်ထုတ်ပြီးနောက် စီးနင်းလာခဲ့သည့် ဇိမ်ခံသင်္ဘောဆီသို့ ကူးခတ်သွား၏။
သူ၏ ပုံပျက်ပန်းပျက် အသွင်က သင်္ဘောပေါ်ရှိ လူတိုင်းကို ရယ်ချင်မိစေသည်။ သို့ပေမယ့် သူ၏ နောက်ခံကြောင့် သူတို့ဟာ လှောင်ရယ်ရဲခြင်း မရှိကြပါ။
“ဟားဟားဟား.. ဘယ်က စောက်ရူးက တိုက်ခိုက်ဖို့ လုပ်တာလဲ”
“နာမည်ကြီးချင်လို့ ရူးသွားတာလား.. မြစ်ပြင်ပေါ်မှာတောင် ကောင်းကောင်းမရပ်နိုင်ပဲ ဘာလို့ ကျွမ်းကျင်သူတစ်ယောက်လို ဟန်ဆောင်တာလဲ”
“သူခုနက ပြောတာကို မင်းတို့ကြားလိုက်လား.. ကောင်းကင်နက်နဲခြင်းဂိုဏ်းရဲ့ ဆက်ခံသူ တပည့်တဲ့…”
“ဒီကောင်သာ ကောင်းကင်နက်နဲခြင်းဂိုဏ်းရဲ့ ဆက်ခံသူတပည့်ဆိုရင် ငါက ဂိုဏ်းချုပ်ကြီးပဲ”
စုထန်ချီ၏ နောက်ခံကို မသိသည့် ပတ်ဝန်းကျင်ရှိ လူများက ရယ်ကသည်။ သူတို့ဟာ နောက်ထပ် ကျွမ်းကျင်သူတစ်ယောက် ပေါ်လာတော့မည်ဟု ထင်ထားခဲ့တာပါ။ သို့ပေမယ့် ရေနစ်သွားသည့် ခွေးတစ်ကောင်ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
“သခင်လေးစု”
ကျန်းမင်က ကြိုးကို အမြန်ပစ်ချကာ ရေထဲရှိ စုထန်ချီကို ဆွဲတင်သည်။
“ဝမ်းကွဲအစ်ကို.. ဘာဖြစ်လို့လဲ။ တစ်ခုခုများ အစားမှားခဲ့လို့လား”
စုနင်ချုံက ရှေ့သို့တက်လာပြီး ကြောင်တောင်စွာ မေးသည်။ စုထန်ချီ၏ ခွန်အားနှင့် မြစ်ပြင်ပေါ်တွင် မြဲမြံစွာ မရပ်နိုင်သည်မှာ မဖြစ်နိုင်ပေ။
သူဟာ ရာသီဥတုနှင့် အသားမကျခြင်း(သို့) မကောင်းတာတစ်ခုခု စားမိခြင်းကြောင့်သာ ယခုကဲ့သို့ ဖြစ်ခဲ့တာ ဖြစ်ပေလိမ့်မည်။ ဤသည်မှ လွဲ၍ အခြား အကြောင်းပြချက်ကို သူမအနေနှင့် စဉ်းစားနိုင်ခြင်း မရှိပါ။
“ဖြစ်နိုင်တာက… ဒီနေ့ ငါစားခဲ့တဲ့ အစားအသောက်တွေမှာ မသန့်ရှင်းတာတွေ ပါလာတာဖြစ်မယ်”
စုထန်ချီက သူ၏ ဝမ်းကွဲညီမကို ကျေးဇူးတင်စွာ ကြည့်သည်။
သူမဟာ သူ့အတွက် အကြောင်းပြချက်ကိုပင် စဉ်းစားပေးခဲ့၏။ တကယ့်ကို နားလည်တတ်ပါသည်။
ထိုအကြောင်းပြချက်ဟာ အနည်းငယ် မယုံချင်စရာ ကောင်းပေမယ့် တစ်ခါတည်း အမှန်ကို ပြောလိုက်ခြင်းထက်တော့ ကောင်းပါသည်။
အခြားလူများသာ ကြောက်ရွံ့မှုကြောင့် သူ၏ ခြေထောက်များ ပျော့ခွေသွားကြောင်း ဖြစ်ကြောင်းအား သိသွားပါက နောင်တွင် သိုင်းလောက၌ မည်ကဲ့သို့ ရှင်သန်နိုင်တော့မည်နည်း။
ပြီးခဲ့တုန်းက သူဟာ ခန့်မှန်းချက် ထုတ်ခဲ့ရုံသာ ရှိသည်။ တကယ့်ကို ကောင်းကင်သူတော်စင် ဂူကောင်းကင်၏ ဆက်ခံသူနှင့် ကြုံတွေ့ရမည်ဟု ထင်မထားခဲ့ပေ။
ဒီဗိုင်းအတတ် ၁၂ခုထဲမှ တစ်ခုဖြစ်သည့် မဖျက်ဆီးနိုင်သည့် ဗာဂျရာဒီဗိုင်းအတတ်ကို ခွန်အားသန့်စင်ခြင်းအဆင့်နှင့် တတ်မြောက်ထားခြင်းမှာ သေချာပေါက် ကောင်းကင်သူတော်စင် ဂူကောင်းကင်၏ ဆက်ခံသူ ဖြစ်မှာပါ။
ထို့အပြင် သူဟာ လွန်ခဲ့သည့် နှစ်ပေါင်း ရာဂဏန်းအနည်းငယ် အတွင်းတွင် အသန်မာဆုံး ဖြစ်သည်။ သိုင်းနတ်ဘုရားဟူသည့် အဆင့်ဟာ အနာဂတ်တွင် သူ့အတွက် ဖြစ်လာမှာပါ။
ကံကောင်းစွာပင် ယနေ့ရှိ လူဟာ သူဖြစ်နေလေသည်။ အခြား မောက်မာကာ လောကြီးသည့် လူသာ ဆိုပါက တစ်ချက်တည်းနှင့် အသတ်ခံရပြီးလောက်ပါပြီ။
ယွမ်ကန်းကောင်တီဟာ ကြောက်ဖို့ကောင်းလှသည်။ သူဟာ ဒီနေရာမှ အမြန်ဆုံး ထွက်သွားတာ ကောင်းပါသည်။
“ချန်လော့ဟိုင်.. သေသွားတာလား”
“မြစ်ပြင်တစ်လွှားရဲ့ နာမည်ကျော်ပုဂ္ဂိုလ်.. အနက်ရောင် အဆင့်ပြဇယားက ထိပ်တန်းနံပါတ်၁၀ ချိတ်သူက.. ဒီလိုပဲ သေသွားတာလား”
ပွဲကို ကြည့်နေကြသည့် သခင်လေးနှင့် သခင်မလေးများနှင့် နှိုင်းယှဉ်ပါက သိုင်းသမားများသာလျှင် ခွန်အားသန့်စင်ခြင်း အဆင့်နှင့် စစ်ဘုရင်အဆင့်သို့ အချိန်အတော်ကြာအောင် ရောက်ရှိနေပြီး ဖြစ်သူအား သတ်ဖြတ်ခဲ့သည့် အံ့ဩစရာကောင်းပုံကို နားလည်ပေလိမ့်မည်။
လန်ဖန်းယွင်ဟာ ချန်လော့ဟိုင်၏ အကျွမ်းဝင်ဆုံးဖြစသ်ည့် မြစ်ပြင်ပေါ်တွင် သတ်ဖြတ်နိုင်ခဲ့ရုံမက အလွန် ပြတ်သားစွာ အနိုင်ရခဲ့လေသည်။ လူတိုင်း၏ အတွေးများထက် လုံးဝ ကျော်လွန်နေ၏။
လန်ဖန်းယွင်ကို အနိုင်ရနိုင်မည်ဟု ယူဆကြသည့် လူအချို့ပင်လျှင် ဤနည်းအားဖြင့် အဆုံးသတ်သွားမည်ဟု ထင်မထားခဲ့ကြပေ။
“ဒါက ယောကျားတစ်ယောက် ဖြစ်သင့်တဲ့ ပုံစံပဲ”
လန်ဖန်းယွင်၏ စကားတစ်ခွန်းမှ မဆိုပဲ လှိုင်းများအကြား၌ ထွက်ခွာသွားသည့် နောက်ကျောကို ကြည့်ကာ လူတိုင်းဟာ အချိန်အတော်ကြာအောင် မတည်ငြိမ်နိုင်ပဲ ဖြစ်ကုန်ကြသည်။
စကားတစ်လုံးပင် မဆိုခဲ့ပေ။ ဖြစ်နိုင်တာက လန်ဖန်းယွင်အတွက် အနက်ရောင် အဆင့်ပြဇယားပေါ်ရှိ စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်မှာ ဘာမှမဟုတ်ပေဘူးလား။
ဤသည်မှာ ချီလင်အဆင့်၏ စစ်မှန်သည့် ကြီးမြတ်မှုလေလား။ သူဟာ အဆင့်၂၉၅၌သာ ချိတ်ပါသည်။ ထိုအချိန်၌ လူတိုင်း၏ ကြယ်တာယာစံအိမ်၏ သုံးသပ်ချက်အပေါ် အမြင်ဟာ ပိုမိုယုံကြည်စိတ်တို့ ဖြစ်လာကြသည်။