အခန်း (၁၇၉)
Vol. 12 Ch. 179
မုတ်ဆိတ်ရှည်နှင့် အဖိုးကြီးက ကောင်းကင်ကို သက်ပြင်းချကာ မော့ကြည့်သည်။ သူဟာ သူ၏ တောက်ပခဲ့သည့် နှစ်များကို ပြန်လည်တွေးတောနေမိ၏။
ရုတ်တရက် တစ်ခုခုကို ခံစားမိသည့်အလား ဇိမ်ခံသင်္ဘော၏ ဘေးဘက်သို့ ထောင့်ဖြတ်မျဉ်းအတိုင်း ထောင်ကြည့်လိုက်သည်။
ဇိမ်ခံသင်္ဘော၏ ဒုတိယထပ် ပြတင်းပေါက်တွင် အစိမ်းရောင်ဝတ်စုံနှင့် အရပ်ရှည်ရှည် အမျိုးသမီးတစ်ယောက် ရပ်နေ၏။ သူမ၏ မျက်နှာကို အဖြူရောင် ပုဝါတစ်ခုနှင့် ကာထားပါသည်။
တစ်ဖက်လူဟာ ခုနက သူ့ကို ရန်လိုမှုတို့ ပါဝင်သည့် လောင်ကျွမ်းနေသည့် အကြည့်နှင့် ကြည့်နေသည့်ပုံပါ။
“အဖိုးလေး.. ဘာဖြစ်လို့လဲ”
ယန်ဝမ်ကွမ်းက အဖိုးဖြစ်သူ၏ အကြည့်နောက်သို့ လိုက်ကာ ကြည့်လိုက်သည်။
ဇိမ်ခံသင်္ဘောပေါ်တွင် အရပ်ရှည်ကာ လှပသည့် အမျိုးသမီးတစ်ယောက်ကို သတိထားမိလိုက်သည်။ မနေနိုင်ပဲ ပဟေဋိဖြစ်သွား၏။
အဖိုးလေးဟာ မိန်းမများနှင့် ကင်းကွာနေတာ နှစ်ေါပင်းများစွာ ကြာပါပြီ။ ဘယ်လိုလုပ်ပြီး မိန်းမငယ်တစ်ယောက်ကို စိတ်ဝင်စားသွားရသနည်း။
“ဘာမှမဟုတ်ပါဘူး”
မုတ်ဆိတ်ရှည်နှင့် အကြီးအကဲက ခေါင်းကို အသာယမ်းသည်။
ဇိမ်ခံသင်္ဘော၏ ဒုတိယထပ်တွင် လုယင်ရွှမ်းဟာ ခေါင်းငုံ့သွားပြီး သူမကိုယ်သူမ အလွန် အန္တရာယ်များလိုက်တာဟု တွေးမိ၏။ နှလုံးသားထဲရှိ ထိန်းချုပ်မရသည့် အမုန်းတရားကြောင့် ထိုလူယုတ်မာအဖိုးကြီး ယန်ရှယ်၏ တွေ့သွားလုမတတ် ဖြစ်သွားခဲ့သည်။
ထိုမုတ်ဆိတ်ရှည်နှင့် အဖိုးအိုဟာ သူမမိခင်၊ အစ်မကြီးနှင့် မောင်တို့ကို သတ်ဖြတ်ခဲ့သည့် အပြစ်သားဖြစ်သည်။
ယန်ရှယ်ဟာ ယန်မိသားစု၏ အသန်မာဆုံး သိုင်းသမားဖြစ်၏။ ချီငါးဆင့် အထွတ်အထိပ်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
လုယင်ရွမ်းတွင် အချိန်အများကြီး မရှိပေ။ မဟုတ်ပါက သူမဟာ ကောင်းကင်ဖင်းနတ်ဆိုးအတတ်ကဲ့သို့ ထူးဆန်းသည့် သိုင်းပညာတစ်ခုကို ကျင့်ကြံရန် ရွေးချယ်ခဲ့မည် မဟုတ်ပေ။
သူမဟာ လက်စားချေမှု ပြုကာ ဖခင်ဖြစ်သူ လုယီ၏ရှေ့တွင် သူမကိုယ်သူမ သက်သေပြလို၍ ဖြစ်သည်။ ကောင်းကင်ဖင်းနတ်ဆိုး အတတ်ကိုသာ မရွေးချယ်ခဲ့ပါက ဒီဘဝတွင် လက်စားချေရန် ဘယ်တော့မှ အခွင့်အရေး ရှိလာမည်မဟုတ်ပါ။
သူမ၏ မွေးရာပါ ဆန့်ကျင်သည့် နဂါးဟိန်းခန္ဓာနှင့် ဖီးနစ်ငိုကြွေးခြင်း ခန္ဓာတို့ကြောင့် ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိပြီးပါက သက်တမ်းဟာ သိသာစွာ လျော့ကျသွားမှာ ဖြစ်သည်။
စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးပါက အသက်၃၀ကျော်အထိ နေနိုင်ရန် ခက်ခဲမှာဖြစ်သည်။ အသက်၃၀ မတိုင်ခင်တွင် ချီငါးဆင့် စစ်ဘုရင်တစ်ယောက်အား သတ်ဖြတ်ရန် ခွန်အားကို လိုချင်ပါက ထိပ်တန်း ကျင့်စဉ်တစ်ခုကို ကျင့်ကြံရန် လိုအပ်ပါသည်။
ဒီကောင်းကင်ဖင်း နတ်ဆိုးအတတ်ဟာ သူမအတွက် အထူး ပြင်ဆင်ထားသည့် ပုံပါ။ ယခုအချိန်၌ လက်စားချေရန် နေ့ရက်သို့ ရောက်ရှိရန်အတွက် နောက်ထပ် ခြေလှမ်းကြီးတစ်ခု နီးကပ်လာခဲ့ပါပြီ။
“ဂျူနီယာမောင်လေးဟန်ကို ကြည့်ရတာ လန်ဖန်းယွင်နဲ့ ရင်းနှီးသလိုပဲ။ မဟုတ်ရင် ငွေ၂၀၀၀၀လျန်ကျော်ကို ချေးပြီး ငါ့ကိုပါ ဆွဲခေါ်လာမှာ မဟုတ်ဘူး”
“လန်ဖန်းယွင်သာ စစ်ဘုရင်အဆင့်ကို ချိုးဖျက်သွားရင် သူ့ကို အကူအညီတောင်းလို့ ရလောက်တယ်။ အဲ့ဒါဆို ငါတို့တွေ ပိုစောပြီး လက်စားချေလို့ရပြီ”
လုယင်ရွှမ်းက စဉ်းစားသည်။
ပြီးခဲ့သည့်လက ဟန်ကျောက်ဟာ သူမကို ငွေချိတ်ကောက် အလောင်းကစားရုံ၌ လောင်းကြေးထည့်ရန် တောင်းဆိုခဲ့သည်။ သူမဟာ အနည်းငယ် မပျော်ရွှင်စွာ ခံစားလိုက်ရ၏။
သို့ပေမယ့် ဟန်ကျောက်၏ ချော့မြူကာ ဆက်တိုက် တောင်းဆိုနေမှုကို ဒီအတိုင်း နေနိုင်ခြင်း မရှိခဲ့ပေ။ နောက်ဆုံးတွင် သဘောတူပြီး ငွေ၃၀၀၀လျန်အား ပေးလိုက်လေသည်။
“ဒီကောင်လေးတော့… အမြန်ပြန်ပြီး နိုင်ကြေးတွေ သွားထုတ်ဖို့ တာဆူနေလောက်ပြီ”
ဟန်ကျောက်၏ ဖြစ်ပေါ်နေမည့် အသွင်ကို စဉ်းစားကာ လုယင်ရွှမ်းဟာ မနေနိုင်ပဲ ပြုံးသည်။
သူမဟာ ဟန်ကျောက်နှင့် ပက်သက်ပြီး မည်သည့် ချစ်ခင်စွဲလမ်းမှုမှ မရှိပါ။ သူ့ကို အရင်တုန်းက သူမ၏ မောင်ဖြစ်သူနှင့် အနည်းငယ် တူညီစွာ ခံစားရသည်။ တွေ့လိုက်ရသည့် အချိန်တိုင်းတွင် ရင်းနှီးမှုတစ်ခုကို ခံစားရ၏။
ထို့အပြင် သူဟာ သာမန် ယောကျားများနှင့် ခြားနားပါသည်။ သူမ၏ ရုပ်ရည်အပေါ် မက်မောခြင်း မရှိပေ။
တစ်ချိန်တည်းတွင် သူဟာ သူမဖခင်၏ ဂုဏ်ယူရသည့် တပည့်လည်း ဖြစ်၏။ ထို့ကြောင့် သူမအနေနှင့် အထူး ဂရုစိုက်ပေးခြင်း ဖြစ်သည်။
သူ့ကို ကူညီကာ လုဟွမ်ရှုံ၊ သုန်းချန်ရှင်နှင့် သုန်းကိန်လျုံတို့အား ရိုက်နှက်ပေးသည်မှာလည်း ထိုအကြောင်းပြချက်ကြောင့် ဖြစ်သည်။
သို့ရာတွင် အရေးအကြီးဆုံးမှာ ကောာင်းကင်ဖင်းနတ်ဆိုး ကျင့်စဉ်အား ကျင့်ကြံသူများဟာ တိုက်ပွဲများကို တစ်ခုပြီးတစ်ခု ကြုံတွေ့ရန် လိုအပ်သောကြောင့် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ခွန်အားအပြည့်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတိုင်းအပြီးတွင် ခန္ဓာကိုယ်အတွင်းရှိ ယင်စွမ်းအင်တို့ဟာ အဆင့်ပိုမြင့်လာသောကြောင့် ဖြစ်သည်။
ဤသည်မှာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ယင်ယန်ညီမျှမှုကို ထိပါးစေပေမယ့် ပြောစကားတစ်ခုလည်း ရှိပါသည်။ အစွန်းရောက်ယင်ဟာ ယန်ကို ပေါက်ဖွားစေ၏။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ယင်စွမ်းအင်ဟာ ဖီးနစ်ငိုကြွေးခြင်း ခန္ဓာကြောင့် သာမန်လူများထက် များစွာ ပိုမိုသာလွန်ပါသည်။ ထို့အပြင် ကောင်းကင်ဖင်းနတ်ဆိုး အတတ်ဟာ အစွန်းရောက် ယင်နှင့် မကောင်းမှုအမျိုးအစား ကျင့်စဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ယင်စွမ်းအင်ဟာ အစွန်းရောက်ယင်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်၏။
ခွန်အားအပြည့် တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်းတွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အစွန်းရောက်ယင်ချီ တစ်စွန်းတစ်စဟာ ယန်ချီအဖြစ်သို့ ပြောင်းလဲပြီး ယင်နှင့်ယန်၏ အားနည်းသည့် ညီမျှမှုကို ဖြစ်ပေါ်စေသည်။
ဤနည်းအားဖြင့် သူမဟာ ကောင်းကင်ဖင်းနတ်ဆိုး အတတ်ကို ဆက်လက်ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။ မဟုတ်ပါက သူမ၏ လက်ရှိအခြေအနေနှင့် ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်သည်နှင့် နေရာမှာတင် သေဆုံးသွားမှာပါ။
သူမ တိုက်ခိုက်မှုပြုသည့် အကြိမ်တိုင်းတွင် အစွန်းရောက်ယင်ချီဟာ ယန်ချီအဖြစ် ပြောင်းလဲခြင်းကြောင့် သေခြင်းထက်ဆိုးသည့် နာကျင်မှုကို ခံစားရသည်။
သူမ၏ စိတ်စွမ်းအားဟာ သန့်စင်သည့် သံမဏိကဲ့သို့ မဖျက်ဆီးနိုင်လောက်အောင် ဖြစ်နေပြီး ဖြစ်၏။ အချစ်ဟူသည်မှာ သူမနှင့် အလှမ်းကွာလှသည့် အရာဖြစ်ပြီး သူမအနေနှင့် ထိတွေ့လိုခြင်း မရှိပေ။
“သူ့ကို မလိုအပ်တဲ့ စိတ်ကူးယဉ်မှုတွေ မပေးမိစေဖို့ မျှော်လင့်တယ်”
လုယင်ရွှမ်းဟာ လူးလွန့်နေသည့် မြစ်ရေပြင်ကို ကြည့်ကာ အနည်းငယ် အတွေးနစ်သွားသည်။
ဒီဘဝတွင် သူမ၏ အကြီးမားဆုံး ဆန္ဒမှာ လက်စားချေရန် ဖြစ်သည်။ ဟန်ကျောက်၏ အနစ်နာခံကာ ဗာဂျရာအတတ်ကို သူမအတွက် တတိယအဆင့်အထိ ကျင့်ကြံလိုမှုကြောင့် ခံစားရပေမယ့် ဤသည်မှာ ထိုမျှလောက်သာ ဖြစ်သည်။
အရင်တုန်းက သူမ၏ ဖခင်ဖြစ်သူဟာ မိသားစုကို ဘယ်တော့မှ ထိခိုက်မှုမရှိစေရန် ကျိန်ဆိုခဲ့သည်။ သို့ပေမယ့် အဆုံးသတ်တွင် မည်ကဲ့သို့ ဖြစ်ခဲ့သနည်း။
သူမအနေနှင့် ဖခင်ဖြစ်သူကို အပြစ်မတင်ပါ။ သို့ပေမယ့် လူတိုင်း၏ ကတိစကားများကိုလည်း အလွယ်တကူ ယုံကြည်မည်မဟုတ်ပေ။
လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် မှီခိုရန် လိုအပ်၏။ သူမ၏အမြင်တွင် ဟန်ကျောက်၏ တစ်နှစ်အတွင်းတွင် ဗာဂျရာအတတ်ကို တတိယအဆင့်အထိ ကျင့်ကြံမည်ဟူသည်မှာ နှစ်သိမ့်သည့် စကားမျှသာ ဖြစ်သည်။ ဤသည်မှာ ဖြစ်နိုင်ခြင်း မရှိပေ။
သို့ပေမယ့် သူ့အနေနှင့် မလုပ်ဆောင်နိုင်လျှင်တောင် သူမဟာ သူ၏ ကြင်နာမှုအား ကျေးဇူးတင်ပါသည်။
ဒီအတောအတွင်းတွင် နာကျင်ခဲ့သည့် ကောင်းကင်ဖင်းနတ်ဆိုးအတတ်၏ ယင်နှင့်ယန်ချီ ပြောင်းလဲမှုနှင့် သူမ၏ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်တော့မည့် နေ့ဟာ နီးကပ်လာခဲ့ပါပြီ။ တစ်ချိန်တည်းတွင် သူမတွင် အချိန်အများကြီး မကျန်တော့ဟုလည်း ဆိုလို၏။
“ငါ့ရဲ့ နောက်ဆုံးနေ့တွေမှာ.. အနားမှာ ဂျူနီယာမောင်လေးဟန် ရှိနိုင်ခဲ့တယ်။ အောင်အောင်မြင်မြင် လက်စားချေနိုင်ပြီးရင် ဘဝမှာ ဘာနောင်တမှ မရှိတော့ပါဘူး”
လုယင်ရွှမ်းက ပြုံးသည်။
ကောင်တီမြို့၏ အပြင်ဘက်ရှိ ကွမ်းလင်ဒေသတွင်..
ငွေချိတ်ကောက် အလောင်းကစားရုံ၌ ဆူညံသံများစွာတို့ကို ကြားနိုင်ပါသည်။
“ချန်လော့ဟိုင်.. ခွေးသတောင်းစား.. မင်းက ကောင်းကောင်းမွန်မွန် မသေတဲ့ကောင်ပဲ”
“သူ့ရဲ့ စစ်ဘုရင်အဆင့်ကြီးနဲ့ကွာ.. ခွန်အားသန့်စင်ခြင်းအဆင့်က ကောင်ကိုတောင် မနိုင်ဘူး။ သူကျင့်တဲ့ သိုင်းပညာတွေ အားလုံးကို ခွေးစားသွားတာ ဖြစ်မယ်”
“ငါလည်း ဒီပွဲမှာ ဘိုးဘေးတွေချန်ခဲ့တဲ့ အိမ်တော်ကို ပေါင်လိုက်တာဟေ့.. အခုတော့ နောင်မှာ နွားတင်းကုတ်မှာပဲ အိပ်ရတော့မယ်ထင်တယ်”
“ငါဆို ငါ့မိန်းကကိုတောင် ရောင်းထားတာ.. ချန်လော့ဟိုင်က ရှုံးသွားတယ်တဲ့လား.. ချုံကတော်ရေ.. မဟုတ်ဘူး… မိန်းမရေ..”
အလောင်းကစားသမား ခွေးသားအချို့ဟာ(ဆဲချင်နေတာကြာပြီ) မျက်ရည်များနှင့် မြေပြင်ပေါ်တွင် ဒူးထောက်နေပါသည်။ မကြာခင် သူတို့ဟာ လူမိုက်များ၏ လာရောက်ရိုက်နှက် ရှင်းလင်းမှုကို ခံရ၏။
“ခွေးသတောင်းစားတွေ.. မတတ်နိုင်ရင် မလောင်းနဲ့လေ.. ဒါက အလှူလုပ်နေတာ မဟုတ်ဘူး.. အိမ်ပြန်ပြီး ပစ္စည်းတွေထုတ်ပြီး ဒိုးလိုက်တော့”
အလောင်းကစားရုံမှ ကြီးကြပ်သူက ဒေါသတကြီး ပြေသည်။
“ဟားဟား.. ငွေလျန် တစ်ဆယ်ကျော်လောက် လောင်းလိုက်ရုံနဲ့ ရာဂဏန်းနဲ့ ပြန်ရလာမယ်လို့ ထင်မထားခဲ့ဘူး။ ဒီလန်ဖန်းယွင်က တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ”
“ငါလည်း အမြတ်ရသွားတယ်။ ကံဆိုးတာက လောင်းကြေးက တော်တော်နည်းသွားတာပဲ။ ဒီလိုမှန်းသိရင် များများလေး လောင်းပါတယ်ကွာ”
“ငါတော့ ပွပြီဟေ့.. လန်ဖန်းယွင်.. မင်းက ငါ့ရဲ့ သက်ရှိထင်ရှား ဘိုးဘေးကြီးပဲ”