← Chapters

အခန်း (၁၇၈)

Vol. 12 Ch. 178

အခန်း (၁၇၈)

Vol. 12 Ch. 178

ရှိနေကြသည့် သိုင်းသမား အများစုတို့ဟာ စစ်ဘုရင်အဆင့်သို့ ရောက်ရှိခြင်း မရှိပေ။ ထို့အပြင် သူတို့ထဲမှ လူပေါင်းများစွာဟာ စစ်ဘုရင်များ၏ တိုက်ပွဲကိုပင် ကြုံတွေ့ဖူးခြင်း မရှိပေ။

ယခုအကြိမ်ဟာ သူတို့၏ ဘဝတွင် စစ်ဘုရင်အဆင့် ကျွမ်းကျင်သူများ တိုက်ခိုက်သည့် စွမ်းအားကို ကြုံတွေ့ရသည့် တစ်ခုတည်းသော အကြိမ် ဖြစ်နိုင်ပါသည်။

သို့ရာတွင် သိုင်းသမားအားလုံး သိလိုက်သည်ကား နာမည်ကျော်ကြားသည့် စစ်ဘုရင်တစ်ယောက်ပင်လျှင် လန်ဖန်းယွင်၏ ဓါးချက်ကို မခံနိုင်ခြင်း ဖြစ်သည်။

လက်စသတ်တော့ စစ်ဘုရင်များဟာ ပြိုင်ဘက်မကင်းကြပေ။ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ဟာလည်း စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်နိုင်၏။

“ငါက သူတို့တွေ နေဝင်ချိန်ကနေ မြစ်ပြင်ပေါ်မှာ လရိပ်သန်းချိန်အထိ တိုက်ခိုက်ကြမယ်လို့ ထင်ထားခဲ့တာ.. ဒီလို တစ်ချက်တည်းနဲ့ အဆုံးသတ်လိုက်မယ်လို့ စိတ်တောင်မကူးခဲ့ဘူး..”

ချန်လော့ဟိုင်၏ အစ်ကိုဖြစ်သူ ချန်လော့ရှန်ဟာ မှင်သက်နေ၏။ မြစ်ထဲသို့ ခုန်ချကာ သူ့အစ်ကို၏ အလောင်းကို ဆယ်ယူသည်။

ဒီမတိုင်ခင်က သူ့ညီ ပြောခဲ့သည်အား အမှတ်ရသေးသည်။ ဒီတိုက်ပွဲတွင် အမြင်အချို့ ရရှိပါက ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်လောက်မှာ ဟူ၍ ဖြစ်၏။

မထင်မှတ်စွာပင် ဤသည်မှာ ညီဖြစ်သူ၏ နောက်ဆုံးစကားများ ဖြစ်နေလေသည်။

“ငါတို့တွေ ဒီလိုပဲ ထားလိုက်လို့ မရဘူး။ ဒုဂိုဏ်းချုပ်အတွက် လက်စားချေဖို့ လိုအပ်တယ်”

“ဟုတ်တယ်.. လက်စားချေမယ်”

ချန်လော့ရှန်၏ ဘေးရှိ ဒေါသရေနဂါး ဂိုဏ်းသားများဟာလည်း ဒေါသထွက်စွာ ရှိနေကြသည်။ နဂါးတောမြစ်ထဲတွင် မည်သည့် အဖွဲ့အစည်းကမှ ဒေါသရေနဂါးဂိုဏ်းအား ယခုကဲ့သို့ ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်ပေါ်အောင် လုပ်ဆောင်ရဲခြင်း မရှိပေ။

“ပါးစပ်ပိတ်ထား… ဒါက မျှတတဲ့ တိုက်ပွဲတစ်ခုပဲ။ မင်းက သိုင်းလောကကလူတွေ ငါတို့ကို ဟားတိုက်မှာကို မြင်ချင်လို့လား”

ချန်လော့ရှန်က မာကြောစွာ ပြောသည်။

“ဒီကိစ္စကို ဆုံးဖြတ်ဖို့ ဂိုဏ်းချုပ်ကို လက်လွှဲပေးရမယ်။ မင်းတို့တွေ ဘာမှဝင်မပြောနဲ့”

သူက ချန်လော့ဟိုင်၏ အလောင်းကို သယ်ကာ သင်္ဘောပေါ်သို့ ပြန်ခဲ့သည်။

လန်ဖန်းယွင်ဟာ နောက်ခံ မည်မျှပင် စွမ်းအားကြီးမားစေကာမူ၊ ပါရမီမည်မျှပင် ကောင်းနေစေကာမူ ခွန်အားသန့်စင်ခြင်းအဆင့်တွင်သာ ရှိပါသည်။ သူ့အနေနှင့် လှုပ်ရှားလို့ မရနိုင်ပေ။

သို့ပေမယ့် ချီငါးဆင့် စစ်ဘုရင်တစ်ယောက် အနေနှင့် ခေါင်းဆောင်ဟာ လင်ဖန်းယွင်ကို မည်သည်မှ မလုပ်နိုင်ပေဘူးလား။ မည်သူမှ မသိပါက အဆင်ပြေပါသည်။ သို့ရာတွင် ရေရှည်ကို စဉ်းစားဖို့ လိုအပ်သေးသည်။

“ဟုတ်ကဲ့ပါ…”

လူတိုင်းဟာ ရှုံးနိမ့်သွားသည့် ကြက်ဖသဖွယ် စိတ်ဓါတ်ကျကာ ဝမ်းနည်းကုန်ကြသည်။

အနောက်ဘက်နယ်မြေရှိ နံပါတ်တစ် လူဆိုးဂိုဏ်းတစ်ခုဟာ လန်ဖန်းယွင်၏ ရှေ့တွင် ဂုဏ်ယူဝံ့ကြွားနိုင်ခြင်း မရှိသည့် ပုံပါ။

လူတစ်ယောက်၏အောက်… လူတစ်သောင်း၏ အထက်တွင် ရှိသည့် ဒုခေါင်းဆောင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် ယခုကဲ့သို့ အသတ်ခံခဲ့ရ၏။

သူတို့တွေ လိုက်လံရှာဖွေခဲ့သည့် ကျော်ကြားမှုနှင့် စွမ်းအားဟာ ယခုအချိန်၌ ထုတ်ပြောရန်ပင် မထိုက်တန်တော့သည့် ပုံပါ။

မြစ်ဧရိယာ၏ အလယ်ပိုင်းအနီးတွင် လေးထပ်ရှိသည့် အဆောက်အအုံလောက် မြင့်မားသည့် ဇိမ်ခံသင်္ဘောတစ်စီး ရှိ၏။

“မဖျက်ဆီးနိုင်တဲ့ ဗာဂျရာဒီဗိုင်းအတတ်လား”

မုတ်ဆိတ်ရှည်နှင့် အဖိုးကြီးတစ်ယောက်ဟာ ရုတ်တရက် မတ်တပ်ရပ်ကာ သူ၏ မုတ်ဆိတ်များကို သပ်သည်။

သူ၏ မျက်နှာက နီကာ ခန္ဓာကိုယ်ဟာ အရပ်မြင့်ကာ သန်မာ၏။ သူဟာ လှိုင်းများပေါ်တွင် ရွေ့လျားသွားသည့် ပုံရိပ်၏ နောက်ကျောကို စူးစိုက်စွာ ကြည့်နေ၏။

“အဖိုးလေး.. ခုနက ဘာပြောတာလဲ”

ချောမောသည့် လူငယ်တစ်ယောက်ဟာ ရှေ့တက်လာခဲ့သည်။

“မဖျက်ဆီးနိုင်တဲ့ ဗာဂျရာဒီဗိုင်းအတတ်”

မုတ်ဆိတ်ရှည်နှင့် အဖိုးအိုက လေးနက်စွာ ပြောသည်။

“အဖိုးပြောတာက.. လန်ဖန်းယွင်က ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့…”

လူငယ်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။

“အဲ့ဒါက ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့ အစွန်းရောက် သိုင်းပညာတစ်ခုဖြစ်တဲ့ မဖျက်ဆီးနိုင်တဲ့ ဗာဂျရာဒီဗိုင်းအတတ်ပဲ..”

မုတ်ဆိတ်ရှည်နှင့် အဖိုးအို၏ ပုံစံက ပိုမိုလေးနက်သွားသည်။

“သူက ငါ့ကို လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကောင်းကင်စီရင်စုမှာ ငါတွေ့ခဲ့တဲ့ လူတစ်ယောက်ကို ပြန်ပြီး အမှတ်ရစေတယ်။ သူ့ရဲ့ အဲ့ဓါးချက်ကလည်း အရမ်းကို အံ့ဩဖို့ကောင်းတယ်”

“အဖိုးလေး.. အဲ့ဒီလူက ဘယ်သူလဲ”

လူငယ်က မေးသည်။

“ချီယွင်ထန်ပဲ”

မုတ်စိတ်ရှည်နှင့် အဖိုးအို၏ အကြည့်က စိတ်ပျက်သွားသည်။

“တိမ်စီရင်စုရဲ့ စောင့်ရှောက်သူ ချီယွင်ထန်လား”

လူငယ်က မှင်သက်သွားသည်။

ချီယွင်ထန်ဟူသည့် အမည်ကို ဝေနိုင်ငံတွင် လူတိုင်း သိကြပါသည်။ အနီးအနားရှိ ချီနှင့် ချူနိုင်ငံတို့မှာပင်လျှင် ချီယွင်ထန်ကို မသိရှိသူ အများကြီးမရှိပေ။

ထိုလူဟာ ကြီးမြတ်သော မျိုးရိုးငါးခုထဲမှ တစ်ခုဖြစ်သည့် ချီမိသားစုမှ လာ၏။ သူဟာ ရှင်းလင်းစွာပင် ချီမိသားစု၏ စိတ်ဝိညာဉ်သားရဲ သွေးမျိုးဆက်ကို ဆက်ခံထားသည်။

သို့ပေမယ့် ဖြတ်လမ်းကို စွန့်လွှတ်ကာ တဖြည်းဖြည်း ဆုတ်ယုတ်လာနေသည့် သိုင်းပညာ လမ်းစဉ်ကို ရွေးချယ်ခဲ့၏။

အုပ်စိုးသူမိသားစုမှ မျိုးဆက်များဟာ သူ့ကို အနီးရှိအရာကို စွန့်လွှတ်ပြီး အဝေးရှိအရာကို လိုက်ရှာသည်ဟူ၍ လှောင်ရယ်လေ့ရှိသည်။

ချီယွင်ထန်ဟာ လှောင်ပြောင်စော်ကားမှုများကို ကြောက်ရွံခြင်း မရှိပေ။ သူဟာ နှစ်ပေါင်းများစွာ နှိမ့်ချစွာ ကျင့်ကြံခဲ့၏။ အသက်၂၇နှစ်တွင် ဓါးတစ်ချက်နှင့် ထိုကောလဟာလ အားလုံးကို ဖျက်ဆီးခဲ့လေသည်။

သူဟာ ကောင်းကင်သူတော်စင်ဂိုစ်း၏ အဆုံးစွန်သောသိုင်းပညာ လျှို့ဝှက်ကောင်းကင် စိတ်ဝိညာဉ်သတ်ဖြတ်ခြင်း ဓါးသိုင်းကို အသုံးပြကာ ချီသုံးဆင့် စစ်ဘုရင်အဆင့်နှင့် ချီငါးဆင့် စစ်ဘုရင်အဆင့် ပြီးပြည့်စုံခြင်း အဆင့်ရှိသူ တစ်ဦးကို သတ်ဖြတ်ခဲ့သည်။

ထိုဓါးချက်ဟာ လောကကြီးကို တုန်လှုပ်စေခဲ့၏။ ထိုအချိန်က သူသတ်ခဲ့သည့် လူမှာ အားနည်းသူမဟုတ်ပေ။ ဝေနိုင်ငံရှိ ကြီးမြတ်သည့် မျိုးရိုးနာမည် ငါးခုထဲမှ အသန်မာဆုံး စိတ်ဝိညာဉ်သားရဲ အုပ်စိုးသူ မိသားစုတစ်ခုဖြစ်သည့် ချောင်မိသားစု၏ မျိုးဆက်တစ်ယောက် ဖြစ်သည်။

ထိုလူဟာ သိုင်းပညာကို အတွင်းအားနှင့် အစစ်အမှန်ချီပါ ကျင့်ကြံပြီး သွေးမျိုးဆက် စွမ်းအားကိုလည်း တူးဖော်ထားခဲ့သည်။ သူ့ကို မည်သည့်နေရာတွင်မှ အားနည်းချက်မရှိသည့် ချီငါးဆင့် စစ်ဘုရင်တစ်ယောက်ဟု ဆိုနိုင်ပါသည်။

သို့ရာတွင် သူ့ကို ချီသုံးဆင့် စစ်ဘုရင်အဆင့်သာ ရှိသည့် ချီယွင်ထန်က ဓါးတစ်ချက်နှင့် သတ်ဖြတ်ခဲ့လေသည်။

ထို့နောက် တိုတောင်းသည့် ဆယ်နှစ်တာ အချိန်အတွင်းတွင် ချီယွင်ထန်ဟာ ကောင်းကင်သို့ ထိုးတက်ကာ ဖင်းသုံးဆင့် သိုင်းသူတော်စင် အဆင့်သို့ ကျင့်ကြံခဲ့လေသည်။

မကြာသေးခင်က သူဟာ ချန်ကောင်းကင်ဇယားတွင် နံပါတ်၁၀မှ ၈သို့ပင် မြင့်တက်သွားခဲ့၏။ သူသာ ဆိုပါက ထိုကဲ့သို့သော သတ္တုမျိုး ရှိမည်မဟုတ်ပေ။

တစ်ဖက်လူဟာ ယခုကဲ့သို့ အလွန်စွမ်းအားကြီးမားသည့် သွေးမျိုးဆက်နှင့် မွေးဖွားလာခဲ့ပြီး နောင်တွင် သွေးမျိုးဆက်ဟာ ဘိုးဘေးအဆင့်အထိ တူးဖော်နိုင်မည့် အခွင့်အရေး ရှိပါသည်။

စိတ်ဝိညာဉ်သားရဲများနှင့် အဆင့်မြင့်အဆင့် လက်နက်သခင်များနှင့် နှိုင်းယှဉ်နိုင်သည့် ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပြီး သက်ရှိအားလုံး၏ ထိပ်ဆုံးတွင် ရပ်နိုင်မှာဖြစ်သည်။

သို့ရာတွင် ထိုသူဟာ အခက်ခဲဆုံးဖြစ်သည့် လမ်းကြောင်းကို ရွေးချယ်ကာ ပြိုင်ဘက်ကင်းသည့် သိုင်းနတ်ဘုရားတစ်ပါး ဖြစ်လာလိုခဲ့သည်။ ယခုအချိန်၌ ချိယွင်ထန်ကို လှောင်ပြောင်ခဲ့ဖူးသည့် လူများပင်လျှင် မနေနိုင်ပဲ နှလုံးသားထဲမှ လေးစားလာမိကြသည်။

“အဖိုးလေး.. ဆိုလိုတာက.. လန်ဖန််းယွင်က အရင်တုန်းက ချီယွင်ထန်နဲ့ နှိုင်းယှဉ်နိုင်တာလား”

လူငယ်က ရုတ်တရက် တုံ့ပြန်လာပြီး သူ၏မျက်လုံးများက ပြူးကျယ်သွားသည်။

“ချီယွင်ထန်က လျှို့ဝှက်ကောင်းကင် စိတ်ဝိညာဉ်သတ်ဖြတ်ခြင်း ဓါးသိုင်းကို စစ်ဘုရင်အဆင့်ကို ရောက်ပြီးမှ တတ်မြောက်ခဲ့တာ။ အဲ့မတိုင်ခင်ကလည်း သူ့မှာ အဆင့်ပိုမြင့်တဲ့ လူကို တိုက်ခိုက်နိုင်တဲ့စွမ်းရည် ရှိပေမယ့် အဆင့်တူတဲ့ အုပ်စိုးသူမိသားစု မျိုးဆက်တွေနဲ့ နှိုင်းယှဉ်ရင် သန်မာတယ်လို့ ယူဆလို့မရဘူး”

မုတ်ဆိတ်ရှည်နှင့် လူက စဉ်းစားသည်။

“အခု.. လန်ဖန်းယွင်က စစ်ဘုရင်အဆင့်ကိုတောင် မရောက်သေးပဲ မဖျက်ဆီးနိုင်တဲ့ ဗာဂျရာခန္ဓာကို ရတဲ့အထိ ကျင့်ကြံပြီးနေပြီ။ သူသာ စစ်ဘုရင်အဆင့်ကို တက်လှမ်းပြီးရင် ချီသုံးဆင့် စစ်ဘုရင်အဆင့်ကို မရောက်ပဲနဲ့ သူ့ကိုယှဉ်နိုင်မှာမဟုတ်မှာ ကြောက်ရတယ်”

“သူက အသက်တူတဲ့ ချီယွင်ထန်ထက်တောင် ပိုပြီး ထူးချွန်တာလား”

လူငယ်ဟာ မယုံကြည်နိုင်စွာ ခံစားလိုက်ရသည်။

သူ၏ အဖိုးလေးဟာ ချီငါးဆင့် ပြီးပြည့်စုံခြင်း အဆင့်ရှိ စစ်ဘုရင်တစ်ယောက် ဖြစ်ပြီး ယွမ်ကန်းကောင်တီ တစ်ခုလုံးရှိ ထိပ်တန်း ကျွမ်းကျင်သူများထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အဖိုးလေး၏ သုံးသပ်ချက်ကို သံသယဝင်ခြင်း မရှိပါ။

သို့ပေမယ့် ထိုလူငယ်ဟာ သူနှင့် အသက်တူရုံလောက်သာ ရှိပါသည်။ နှစ်အနည်းငယ် ငယ်ရွယ်တာတောင် ဖြစ်နိုင်ပြီ သူ့ထက် ပိုမိုသန်မာ၏။ ယခု အဖိုးလေး၏ ယခုကဲ့သို့ မြင့်မားသည့် သုံးသပ်ချက်ကိုလည်း ရခဲ့သေးသည်။

“ဝမ်ကွမ်း.. ဒီလောကကြီးက အရမ်းကြီးတာကို မင်းသိထားရမှာ။ ကြီးလွန်းလို့ ငါတို့ရဲ့ အသိအမြင်တွေထက်တောင် မှန်းဆလို့မရနိုင်ဘူး”

မုတ်ဆိတ်ဖြူနှင့် အကြီးအကဲက စိတ်အားထက်သန်စွာ ပြောသည်။ ယန်မိသားစု၏ အထူးချွန်ဆုံး ဂျူနီယာတစ်ယောက်ဖြစ်သည့် ယန်ဝမ်ကွမ်းကို သူဟာ ကြီးမားသည့် ထိုးနှက်ချက် မဖြစ်စေလိုပေ။

သို့ပေမယ့် ဒီလောက၏ ရက်စက်သည့် အမှန်တရားကို နားလည်ရန် ပြသဖို့လိုပါသည်။

“ဒီလောကကြီးမှာ.. မင်းနဲ့ အသက်အရွယ်တူကြီး ငါ့ထက် သန်မာတဲ့ လူငယ်တွေတောင် ရှိကြတယ်”

“လမ်းက မြင့်မားလေလေ လျှောက်ဖို့ ခက်ခဲလေလေပဲ။ သိုင်းပညာက တကယ်ပဲ မကောင်းဘူး။ ဒါပေမယ့် နောက်ဆုံးမှာ ကောင်းကင်ကို အုပ်စိုးတာလည်း လူသားတွေပဲလေ”

“အဖိုးလေး.. ကျွန်တော်နားလည်ပါပြီ”

ယန်ဝမ်ကွမ်းက ဦးညွှတ်ကာ သူ၏ မြင့်တက်လာသည့် ခံစားချက်တို့ကို ပြန်လည်တည်ငြိမ်စေလိုက်သည်။

အခြားလူများဟာ မည်မျှပင် သန်မာနေစေကာမူ သူဟာ သူ့ဘာသာ ကောင်းမွန်ကောင် နေဖို့ လိုပါသည်။ သူ့အနေနှင့် ထိုအနှိုင်းမဲ့သည့် ပါရမီရှင်များ၏ နောက်ကျောကိုသာ မြင်နိုင်လျှင်တောင် သူဟာ သူ၏မျိုးဆက်တွင် အထူးချွန်ဆုံးလူများထဲတွင် ရှိနေပါသေးသည်။

“ဒီနေ့ကစပြီး.. လန်ဖန်းယွင်ဆိုတဲ့ အမည်က လောကကြီးကို ပျံ့နှံ့သွားတော့မယ်”

All Chapters