အခန်း (၁၉၁)
Vol. 13 Ch. 191
‘မိန်းမတွေက တကယ်ပဲ ပြဿနာများတယ်..’
စုထန်ချီဟာ နှလုံးသားထဲတွင် သက်ပြင်းချ၏။
“ဒီက သခင်လေးနဲ့ သခင်မလေးတို့က ဘယ်သူတွေလဲ မသိဘူး”
သူတို့နှစ်ယောက်၏ တောက်ပသည့် ဝတ်စားထားပုံနှင့် ထူးကဲသည့် အသွင်သဏ္ဍာန်များကို တံခါးစောင့်ဟာ တွေ့လိုက်ရသည်။
တံခါးဝတွင် ရပ်ကာ ခဏတာ ကြည့်ရှုပြီးနောက် ရှေ့သို့တက်ကာ အခြေအနေကို မေးမြန်းတော့မှာပါ။ စုထန်ချီက ပြုံးကာ မည်သည်ကိုမှ မပြောပေ။ သူဟာ ကျွမ်းကျင်သူ တစ်ယောက်နှင့် တူ၏။
ခုနက သူ့အပေါ် နားလည်မှုလွဲခဲ့သည်ကို စဉ်းစားကာ စုနင်ချုံက စတင်ကာ ဖြေကြားပေးသည်။
“နင်တို့ရဲ့ သခင်ကို ပြောလိုက်.. ငါတို့က စီရင်စုမြို့တော်ရဲ့ စုမိသားစုက လာတာပဲ”
“ဂုဏ်သရေရှိ ဧည့်သည်တို့.. ကျေးဇူးပြုပြီး ခဏစောင့်ပါ။ ကျွန်တော်အခုပဲ သတင်းသွားပို့ပါမယ်”
စီရင်စုမြို့တော်ရှိ စုမိသားစုဟူသည့် စကားကို ကြားလိုက်ရသည်နှင့် တံခါးစောင့်၏ ပုံစံက ချက်ချင်းပင် လေးနက်သွားပြီး အတွင်းထဲသို့ ပြေးဝင်သွား၏။
“ရှပ်၊ ရှပ်၊ ရှပ်…”
ခဏအကြာ၌ လျှင်မြန်သည့် ခြေသံများ ထွက်ပေါ်လာခဲ့သည်။ ခရမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် လှပသည့် မိန်းကလေးတစ်ဦး လျှောက်ထွက်လာ၏။ သူမဟာတော့ စုယွင်ဖြစ်သည်။
“ကျွန်မက စုယွင်ပါ.. ကျောက်နက်မြို့ စုမိသားစုခေါင်းဆောင် စုရှင်ကျစ်ရဲ့ သမီးပါ။ ရှင်တို့နှစ်ယောက်က စီရင်စုမြို့တော်ကလား မသိဘူး”
စုယွင်က လေးစားသည့် အသွင်နှင့် ရှိနေ၏။
“ဟုတ်ပါတယ်”
စုထန်ချီက ယပ်တော်ကို ဝှေ့ယမ်းကာ အသာပြုံးသည်။
“ကျွန်မနာမည်က စုနင်ချုံ။ ဒါကတော့ အစ်ကိုစုထန်ချီ” စုနင်ချုံက ဂုဏ်ယူစွာဖြင့် ပြော၏။
“ကျွန်မရဲ့ ဗဟုသုတ နည်းပါးမှုအတွက် ခွင့်လွှတ်ပေးပါ။ ရှင်တိုနှစ်ယောက်ကို စီရင်စုမြို့တော်ရဲ့ စုမိသားစုက လွှတ်လိုက်တာလား မသိဘူး။ ဒါမှမဟုတ်.. ကြုံလို့ဝင်လာတာလား.. ကျွန်မ စီရင်စုမြို့တော်ရဲ့ စုမိသားစုကို စာပို့ပြီး အကူအညီတောင်းထားလို့… အဲ့ဒါ..”
စုယွင်က စကားကို ထိန်းချုပ်စွာဖြင့် သေသေချာချာ မေးသည်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်ဟာ သူမ၏ အသက်လောက်သာ ရှိပါသည်။ ကျွမ်းကျင်သူများနှင့် အမှန်တကယ်ကို မတူညီပေ။
စုနင်ချုံက ထိုစကားကို ကြားရပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ခေါင်းမော့ကာ ပြောသည်။
“နင်ဘာတွေ မေးနေတာလဲ.. နင်သာ အကူအညီလိုတယ်လို့ စာမရေးလိုက်ရင် ငါတို့က ဒီလို တောရွာဇနပုဒ်ကို လာမလား။ သေသေချာချာကြည့်.. ငါက ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ပဲ။ အစ်ကိုက ငါ့ထက် တစ်နှစ်ကြီးတယ်။ သူက ခွန်အားသန့်စင်ခြင်းအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုကို ရောက်နေပြီ။ သူက ကူညီပေးဖို့ အဆင့်မမှီဘူးလား”
“ကျွန်မ ကန်းတာပါ.. ကျေးဇူးပြုပြီး ပြောမှားဆိုမှားရှိရင် တောင်းပန်ပါတယ်..”
စုယွင်က အမြန် ဦးညွှတ်ကာ တောင်းပန်၏။
အစက သူမဟာ စီရင်စုမြို့တော်၏ စုမိသားစုက စွမ်းအားကြီးမားသည့် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက်ကို စေလွှတ်ပေးဖို့ မျှော်လင့်ထားပါသည်။
နောက်ဆုံးတွင် နှစ်ယောက်တောင် ရောက်လာမည်ဟု ထင်မထားခဲ့ပေ။ ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်ကျင်မှုရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးပင် ပါလာခဲ့၏။ အရေးအကြီးဆုံးမှာ နှစ်ယောက်လုံးဟာ အလွန် ငယ်ရွယ်ကြခြင်း ဖြစ်သည်။ ဤသည်မှာ သူဘယ်တုန်းကမှ ထင်မှတ်မထားသည့် အရဖြစ်၏။
“ညီမ.. အရမ်းကြီး စိတ်ထဲမထားပါနဲ့”
စုထန်ချီက ယပ်တောင်ကိုပိတ်ကာ စုနင်ချုံကို ဆုံးမသည်။
“အိုး”
စုထန်ချီ၏ ပြောလာမှုကို တွေ့ရပြီးနောက် စုနင်ချုံက နာခံစွာဖြင့် သူ၏နောက်သို့ ဆုတ်သွား၏။
စုထန်ချီက ထိုပုံကို တွေ့ရပြီးနောက် သူမကို တင့်တယ်စွာ ကြည့်သည်။ ပြီးနောက် စုယွင်ဘက်သို့ လက်ကို ဝှေ့ယမ်း၏။
“မိန်းကလေးစု.. ဒီလိုပြောဖို့ မလိုပါဘူး.. ပြောစကားတစ်ခုရှိတယ်မလား.. မသိတဲ့လူက အပြစ်မရှိဘူးတဲ့.. ကျေးဇူးပြုပြီး ကိစ္စအဝဝကို ကျွန်တော့ကို ရှင်းပြပါ။ ဒီလူပြတ်တွေကို ကျွန်တော်ကူညီပြီး ရှင်းပေးလို့ရအောင်”
သူ၏အမြင်တွင် ကျွမ်းကျင်သူ ပုဂ္ဂိုလ်တစ်ဦး ဟူသည်မှာ တည်ငြိမ်ကာ ယုံကြည်ချက်မရှိသည့် မည်သည့်အရာကိုမှ မလုပ်မည့်ဟန် ရှိရပေမည်။ ဒုတိယအနေနှင့် သူဟာ ဟိတ်ဟန်အပြည့်နှင့် ခန့်ညားနေရပေမည်။ အထက်ဖားေအာက်ဖိ ပုံစံမျိုး အနိုင်ကျင့်တတ်သည့် လူများဟာ အဆိုးရွားဆုံး ဖြစ်၏။
“ကျေးဇူးတင်ပါတယ် သခင်လေးစု.. ကျေးဇူးပြုပြီး အရင်ဆုံး အိမ်ထဲကို ဝင်ပါဦး”
စုယွင်က အပြုံးတစ်ခုနှင့် ပြော၏။
ဒီသခင်လေးစုဟာ ငယ်ရွယ်ချောမောကာ ညင်သာမှုလည်း ရှိပါသည်။ ဟန်ကျောက်ကိုပင် သတိရသွားစေ၏။
သို့ပေမယ့် ဟန်ပန်အမူအရာနှင့် ရုပ်ရည်တို့မှ လွဲ၍ ဟန်ကျောက်ဟာ မိသားစုနောက်ခံနှင့် ခွန်အားအရာတွင် စုထန်ချီထက် များစွာ ပိုမိုနိမ့်ကျပါသည်။
ဟန်ကျောက်၏ ကျင့်ကြံမှု နှုန်းထားအရ သူဟာ ခွန်အားသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိရုံသာ ရှိဦးမှာပါ။ သူမဟာ လွန်ခဲ့သည့် လဝက်ကမှ သွေးချီချိုးဖျက်မှု ပထမအဆင့်သို့ ရောက်ရှိရုံ ရှိ၏။
သူမထက် ပိုမိုငယ်ရွယ်သည့် စုနင်ချုံနှင့် စုထန်ချီတို့တွင်.. တစ်ယောက်ဟာ ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်ဖြစ်ကာ၊ အခြားတစ်ယောက်ဟာ ခွန်အားသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပုံကို ကြည့်ကာ လောကကြီး၏ ခြားနားပုံအား မနေနိုင်ပဲ သက်ပြင်းချမိသည်။
ရံဖန်ရံခါတွင် လူသားများအကြား ခြားနားချက်ဟာ လူနှင့် ခွေးများထက်ပင် ပိုမိုကြီးမား၏။ နောက်ခံဟာ အနာဂတ် ကြုံတွေ့မှု ကံကြမ္မာအများအပါးကို ဆုံးဖြတ်ပြီး ဖြစ်၏။
သူမသိသည့် လူများထဲတွင် ခြွင်းချက်အနေနှင့် ပါဝင်သည်လည်း ရှိပါသည်။ ဤသည်မှာ ဟန်ကျောက်ဖြစ်၏။ ရှလင်ကို တစ်ဝက်ဟု ယူဆနိုင်သည်။
ဘာပဲဖြစ်ဖြစ် တစ်ဖက်၏နောက်ခံ ရှမိသားစုဟာလည်း သိပ်မဆိုးပေ။
တစ်ဖက်လူ၏ ပါရမီဟာ သူမနှင့် တူညီ၏။ သူမနှင့် ရှလင်တို့အကြားတွင် တစ်ခုတည်းသော ခြားနားချက်မှာ သူမတွင် ဟန်ကျောက် မရှိခြင်း ဖြစ်သည်။
စုယွင်ဟာ စုထန်ချီနှင့် စုနင်ချုံတိုကို အိမ်ဝန်းထဲသို့ ခေါ်ဆောင်ကာ ဧည့်ခန်းမဆီသို့ ရောက်ရှိလာခဲ့၏။ “ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ”
နှစ်ယောက်သားက ဧည့်ခန်းဆီသို့ ဝင်လိုက်သည်နှင့် သူမက ချက်ချင်းပင် အစေခံများကို လက်ဟန်ပြကာ ခစားစေသည်။
ထို့နောက် အစေခံ အစေခံသုံးယောက်တို့ကို ထပ်မံခေါ်လိုက်၏။
“ဝမ်းဝူ.. တိမ်မြင့်စံအိမ်ကို သွားပြီး စားစရာနဲ့ ဝိုင်အချို့ သွားဝယ်။ ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးကိုယူ”
“ဦးလေးနက်.. စားဖိုမှူးဝမ်းကို ဟင်းပွဲ ကောင်းကောင်းလေးအချို့ သွားပြင်ခိုင်းလိုက်။ ပြီးရင် ဧည့်ခံရမယ့် အရေးကြီး ဧည့်သည်တွေ ရှတယ်”
စုယွင်က ငွေ၁၀၀လျန်ကို ထုတ်ကာ ဝမ်းဝူကိုပေးသည်။
“ပိုက်ဆံ မလုံလောက်ရင် နင့်ဆီမှာ အရင်မှတ်ထားလိုက်”
“ဟုတ်ကဲ့ပါ သခင်မလေး”
ဝမ်းဝူနှင့် ဦးလေးနက်တို့ဟာ လူခွဲခွာ ထွက်ခွာသွားသည်။
“သင်လေး.. ရှအိမ်တော်ကို သွားပြီး ရှလင်ကို ကောင်တီမြို့က စုမိသားစုက လူလွှတ်လိုက်တယ်လို့ သတင်းပို့လိုက်။ ပြီးရင် လာခဲ့ပါဦးလို့.. ထားပါတော့.. မနက်ဖြန် နေ့လည်မှာ သူမကို အိမ်တော်မှာ စားပွဲတစ်ခုပဲ ပြင်ဆင်ခိုင်းထားလိုက်”
“ဟုတ်ကဲ့”
နောက်တစ်နေ့ နေ့လည်ခင်းတွင် ရှအိမ်တော်၌..
“အမြန်ပြေးလာခဲ့တာ.. နောက်ဆုံးတော့ ရောက်ပြီ.. အချိန်မှီလောက်မှာပါ”
ဟန်ကျောက်ဟာ တံခါးဝတွင် ရပ်ကာ အနည်းငယ် မောဟိုက်နေ၏။ သူ၏ ကိုယ်ပွားဖြစ်သည့် လန်ဖန်းယွင်က နောက်မှ လိုက်သည်။
သူဟာ နေ့နေ့ညည မိုင်၃၀၀၀ကျော် ခရီးကို ဖြတ်ကျော်ခဲ့သည်။ ကံကောင်းစွာပင် သူ့တွင် လူတစ်ယောက် ပြောင်းလဲခြင်းတစ်ထောင် စွမ်းရည် ရှိပါသည်။
ဘဲငန်း၊ ငါးမန်းနှင့် ကျားသစ်တို့အဖြစ် ပြောင်းကာ အချိန်အတော်ကြာအောင် ပြေးလွှားပြီးနောက် လေးရက်အတွင်းတွင် ပြန်ရောက်ခဲ့လေသည်။
ထိုစွမ်းရည်၏ ကြာချိန်ဟာ ၂နာရီသာ ရှိပေမယ့် ထိုတိရစ္ဆာသုံးကောင်တို့ဟာ ကောင်းကင်၊ ရေပြင်နှင့် မြေပြင်တို့တွင် လျှင်မြန်စွာ ရွေ့လျားနိုင်ကြသည်။ ကြောက်စရာကောင်းသည့် သူ၏ သက်လုံခံနိုင်ရည်နှင့် ပေါင်းလိုက်ပါက ခြောက်နာရီအတွင်းတွင် ခရီး၏ သုံးပုံတစ်ပုံကို ပြီးမြောက်နိုင်ပါသည်။
တံခါးစောင့်ဟာ အဝတွင် ကောင်းမွန်စွာ ဝတ်စားထားသည့် လူငယ်ကို တွေ့ရပြီးနောက် သွားရောက်ကြည့်ရှုမှု ပြုသည်။ ချောမောသည့် မျက်နှာ၏ ဘေးဘက်မှ မြင်ကွင်းကို တွေ့ရပြီးနောက် ဟန်ကျောက်ကို ချက်ချင်း မှတ်မိသွားပြီး စိတ်လှုပ်ရှားစွာ ပြော၏။
“သခင်လေး… ပြန်လာပြီလား”
ဟန်ကျောက်ဟာ ရှလင်ကို လက်မထပ်ရသေးပေ။ သို့ပေမယ့် အိမ်တော်ရှိ အစေခံများအတွက် သူဟာ အိမ်တော်၏ အိမ်တော်ဦးစီးတစ်ယောက် ဖြစ်နေပြီး ဖြစ်သည်။
“မင်းတို့ရဲ့ သခင်မလေး အမ်မှာလား”
ဟန်ကျောက်က အပြုံးတစ်ခုနှင့် မေးသည်။
“သူမ ဧည့်ခန်းထဲမှာ ဧည့်သည်တွေကို ဧည့်ခံနေပါတယ်။ ပြောတာတော့ စီရင်စုမြို့ရဲ့ စုမိသားစုက အထူးဧည့်သည်တွေတဲ့”
တံခါးစောင့်က လေးစားစွာ ပြောသည််။
“ကျွန်တော်အခုပဲ သူမကို သတင်းသွားပို့လိုက်ပါ့မယ်”
“ရတယ်.. ငါသူမကို သွားပြီး အံ့ဩအောင် လုပ်မလို့” ဟန်ကျောက််က လက်ကိုဝှေ့ယမ်းကာ အိမ်တော်အတွင်းသို့ လျှောက်ဝင်သွားသည်။
အစမ်းရှင်သန်ခြင်း၌ ရှလင်က သူ့ကို တိုက်ခိုက်ခံရသည့် အကြောင်းအား နောက်ကျမှ ပြောတာ အံ့ဩစရာ မရှိပေ။ စီရင်စုမြို့တော်ရှိ စုမိသားစုမှ စစ်ကူလွှတ်လိုက်၍ အရာအားလုံးကို အဆင်ပြေပြီဟု တွက်ထားခြင်း ဖြစ်ပေလိမ့်မည်။
သို့ပေမယ့် သက်ရှည်ဂိုဏ်းဟာ ကျွမ်းကျင်သူများစွာတို့အား စုစည်းထားမည်ဟု ထင်မထားခဲ့ပေ။
ဒီအချိန်၌ ရှအိမ်တော်၏ ဧည့်ခန်းအတွင်းတွင်..
စုယွင်ဟာ ဧည့်ခန်း၏အလယ်တွင် ကြီးမားသည့် စားပွဲကြီးတစ်ခုအား အထူး ပြောင်းလဲထား၏။
သိုးသားကင်၊ ဘဲစပ်၊ အသားလုံးကင်၊ ပုဇွန်ထုပ်…
မနေ့က စုထန်ချီ၏ စားသောက်မှုဟာ သာမန်သာ ဖြစ်သဖြင့် သူမဟာ ယနေ့တွင် ဝိုင်နှင့် ဟင်းကောင်းများကို စားပွဲအပြည့် အထူးပြင်ဆင်ထားခြင်း ဖြစ်သည်။
“သခင်လေးစု.. မနေ့ကတုန်းက ပြင်ဆင်ရတာ အချိန်သိပ်မရလိုက်လို့… ဒီနေ့ ဟင်းပွဲတွေကရော ဘယ်လိုရှိလဲရှင့်.. ကျွန်မတို့တွေ စားဖိုမှူးကြီး တစ်ယောက်ကို ငှားပြီး ဒီပုဇွန်ထုပ်ကင် ခေါက်ဆွဲကို လုပ်ထားတာ.. ယွမ်ကန်းမှာ အနှိုင်းမဲ့တယ်လို့ ပြောလို့ရတယ်။ မြည်းကြည့်ပါဦး.. ပြီးတော့ဒါက..”
စုယွင်က စုထန်ချီအတွက် ဝိုင်ခွက်ကို ငှဲ့ပေးရင်းက အထူးဟင်းလျာများအား မိတ်ဆက်ပေးသည်။