အခန်း (၁၈၂)
Vol. 13 Ch. 182
ဓါးမိုးခြံဝန်းတွင်…
“ဂျူနီယာမောင်လေးဟန်.. ဒီတစ်ကြိမ် နင်.. တစ်သိန်း၊ နှစ်သိန်းလောက် နိုင်လာတယ်မလား..”
“နင်ဒီလောက် အများကြီးနိုင်တာ ငါတို့ကိုလည်း နည်းနည်းလောက်တော့ ပေးကျွေးသင့်ဝဘ်မလား”
“ဟုတ်တယ်။ ဟုတ်တယ်”
ခြံဝန်း၏ အရှေ့ဘက်တောင်ပံတွင် ဟန်ကျောက်ဟာ ပြန်လာရုံရှိသေး မိန်းကလေးတစ်စု၏ ဝန်းရံခြင်းကို ခံရ၏။ သူက လုယင်ရွှမ်းကို အကူအညီရမလားဟု ကြည့်သည်။
သို့ပေမယ့် သူမဟာ လက်ကိုပိုက်ကာ အေးစက်စွာသာ ကြည့်နေ၏။ ကူညီမည့် မည်သည့်အရိပ်အယောင်မှ မရှိပေ။
“စီနီယာအစ်မတို့.. ကျွန်တော် အခုပဲ အကြွေးပြန်ဆပ်ပါမယ်။ တစ်ယောက်ချင်းစီ စရအောင်”
“စီနီယာအစ်မ.. ဘယ်နေရာတွေကို ထိနေတာလဲ။ အောက်ပိုင်းမှာ မဟုတ်ဘူး”
ဟန်ကျောက်ဟာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လက်များ ဖုံးလွှမ်းနေသည်ဟု ခံစားရသည်။ နှာခေါင်းထိပ်တွင် မွှေးရနံ့မျိုးစုံတို့ ကူးလူးနေ၏။
“ဟန့်”
အတွင်းအားနှင့် ပြည့်နှက်နေသည့် အေးစက်သည့် နှာခေါင်းရှုံံ့သံတစ်ခု ပေါ်လာခဲ့သည်။ လူတိုင်းဟာ လုယင်ရွှမ်းကို ကြည့်ကာ ချက်ချင်းပင် တိတ်ဆိတ်သွားကြ၏။
လုယင်ရွှမ်းဟာ ဓါးမိုးခြံဝန်းတွင် အသက်အကြီးဆုံး မဟုတ်ပေမယ့် သိုင်းသမားများ၏ လောကတွင် သန်မာသူကို လေးစားကြရသည်။
သူမဟာ ယခုအချိန်၌ အကြီးဆုံး စီနီယာအစ်မကြီး ဖြစ်နေပြီး ဖြစ်၏။ ဓါးမိုးခြံဝန်းတွင် ဆယ်ကျော်သက် မိန်းကလေးများစွာ ရှိပါသည်။
အများစုကို လုးယင်ရွှမ်းက အစောပိုင်းအဆင့် သိုင်းပညာများအား ခြံဝန်းသခင်ကိုယ်စား သင်ကြားပေးခဲ့၏။ ထို့ကြောင့် သူမဟာ အကြီးဆုံး စီနီယာအစ်မ ဖြစ်ရုံမက ခြံဝန်းသခင် မရှိပါက သင်တန်းသားများ၏ ခေါင်းဆောင်လည်း ဖြစ်သည်။
“ဂျူနီယာမောင်လေးဟန်ရဲ့ ပိုက်ဆံတွေ အားလုံးက ငါ့ဆီမှာ။ မနက်ဖြန်ကျရင် ချေးထားတဲ့ စာချုပ်တွေ အကုန်ယူလာခဲ့။ တစ်ယောက်ချင်းစီ ငါ့ဆီမှာ ပြန်ဆံလာထုတ်ကြ။ ဘာအတိုးမှ မရဘူး”
လုယင်ရွှမ်းက များပြားလှသည့် ဘဏ်စာရွက်များကို ထုတ်ပြကာ ပြောသည်။
“ဘာဖြစ်တာလဲ”
“ဂျူနီယာမောင်လေးဟန်ရဲ့ ပိုက်ဆံတွေက ဘယ်လိုလုပ်ပြီး စီနီယာအစ်မကြီးဆီကို ရောက်နေတာလဲ”
“ဖြစ်နိုင်တာက.. သူတို့တွေ..”
စီနီယာနှင့် ဂျူနီယာ ညီမများက ချက်ချင်းပင် တီးတိုးကြသည်။ သိုင်းသမားများ သိုင်းပညာလေ့ကျင့်သည့်အခါ သူတို့၏ သွေးချီဟာ အစကတည်းက သန်စွမ်းကာ သာမန်လူများထက် များစွာ ကျော်လွန်ပါသည်။ ခါးသက်သည့် ကျင့်ကြံခြင်းမှတစ်ဆင့် စွမ်းအင် ကုန်ခမ်းစေသည်က လွဲ၍ အပိုစွမ်းအင်များ အလွယ်တကူ ရှိနေတတ်သည်။
မိန်းကလေးများဟာ ချစ်တတ်ကြိုက်တတ်သည့် အရွယ်တွင် ရှိနေ၏။ ခြံဝန်းအတွင်းတွင် ဂျူနီယာမောင်လေးဟန်ကဲ့သို့ ချောမောသည့် ဂျူနီယာမောင်လေးတစ်ယောက် ရလာရန်မှာ လွယ်ကူခြင်းမရှိပေ။
သို့ပေမယ့် သူတို့ဟာ စီနီယာအစ်မ လုပ်နေတာပင် မကြာသေးပေ။ လုယင်ရွမ်းဟာ လုယူသွားခဲ့လေပြီ။ အချို့လူများဟာ မခံမရပ်နိုင်စွာ ခံစားရ၏။
“ဂျူနီယာမောင်လေးဟန်ရဲ့ ဆေးပညာက အဆင့်နိမ့် ဆေးပညာရှင်အဆင့်နဲ့ နီးကပ်နေပြီးပြီ။ နောင်မှာ အချို့ အဆင့်နိမ့်ဆေးလုံးတွေ လိုအပ်ရင် သူ့ကို သန့်စင်ခိုင်းလို့ရတယ်။ ငါနင်တို့ကို ၃၀% လျှော့ဈေးပေးမယ်”
လုယင်ရွှမ်းက ထပ်ပေါင်းပြောသည်။ သူမဟာ ဟန်ကျောက်၏ ဆေးပညာ တိုးတက်မှုကို တိတိကျကျ မသိပေမယ့် တစ်နှစ်လောက်နှင့် အဆင့်နိမ့်အဆင့် ဆေးပညာရှင် ဖြစ်လာခြင်းဟာ အမှန်တကယ်ကို မဆိုးလှပေ။ အလွန်အကျူး ခံစားရသည့် အဆင့်လည်း မဟုတ်ပေ။
ထိုတိုးတက်မှုဟာ သိုင်းညာအကယ်ဒမီမှ အထက်ပုဂ္ဂိုလ်များ၏ အတိုင်းအတာတစ်ခုအထိ ထောက်ခံပေးခြင်းကို ခံရကာ အခြား အဖွဲ့ကြီးများကလည်း မျက်နှာပေးမှာ ဖြစ်၏။
“အာ..”
လုထုကို ဆွဲခေါ်သွားသည့် လုယင်ရွှမ်းကြောင့် ပြုံးနေသည့် ဟန်ကျောက်ဟာ အေးခဲသွားသည်။
“ကောင်းတယ်ဟေ့”
“စီနီယာအစ်မကြီးက အရမ်းကောင်းတယ်”
“ဂျူနီယာမောင်လေးဟန်က ငါတို့အားလုံး အတွက်ပဲ”
“စီနီယာအစ်မကြီးလို့ မပြောရဘူး”
အစက အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည့် မိန်းကလေးများဟာ ချက်ချင်းပင် အထွန့်တက်ခြင်း မရှိကြတော့ပေ။
ဘာပဲဖြစ်ဖြစ် ဂျူနီယာမောင်လေးဟန်ဟာ တစ်ယောက်တည်း ရှိပါသည်။ ယုတ္တိမရှိသည့် စိတ်ကူးယဉ်မှုများနှင့် နှိုင်းယှဉ်ပါက နိမ့်ပါးသည့် ဈေးနှုန်းနှင့် ဆေးလုံးများကို ဝယ်ယူနိုင်ခြင်းဟာ ပိုမိုလက်တွေ့ကျ၏။
သူမတို့၏ စီနီယာအစ်မကြီးဟာ အမြဲတမ်း စကားတည်ကာ ဘယ်တုန်းကမှ အပိုပြောခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဟန်ကျောက်၏ ဆေးပညာအား သံသယဝင်ခြင်း မရှိပါ။
အသက်အရွယ် ကြီးရင့်ကာ လက်ထပ်တော့ရန် ပြင်ဆင်ထားသည့် အမျိုးသမီးတပည့်အချို့မှ လွဲ၍ ရှိနေကြသည့် တပည့်အများစုတို့ဟာ အသက်၁၇၊ ၁၈လောက်သာ ရှိသေး၏။
သူတို့အတွက် သိုင်းပညာကျင့်ကြံရန် ရွှေရောင်နှစ်များအဖြစ် ခုနစ်နှစ်၊ ရှစ်နှစ်လောက် ကျန်ပါသေးသည်။ ဆေးတစ်လုံးချင်းစီတိုင်းသာ ၃၀% ဈေးပေါပါက ဆယ်နှင့် ရာနှင့် ချီလာပါက ကြီးမားသည့် ပမာဏတစ်ခု ဖြစ်လာမှာပါ။
“အဲ့ကိစ္စကို ကျွန်တော့တာဝန်ထားလိုက်. ဒါပေမယ့် ကျွန်တော့မှာလည်း ကျင့်ကြံမှုကို အာရုံစိုက်ဖို့ ရှိသေးတယ်”
“တကယ်လို့ ဆေးသန့်စင်ချင်တယ် ဆိုရင် အရင်ဆုံး စီနီယာအစ်မလုဆီမှာ စာရင်းပေးထားလို့ ရတယ်”
“အောင်မြင်နိုင်ချေကို ၂၀% ရှိဖို့ ကျွန်တော်အာမခံတယ်။ ကျန်တာတော့ အာမမခံနိုင်ဘူး”
ဟန်ကျောက်က ပြုံးသည်။ လုယင်ရွှမ်း၏ ဆိုလိုရင်းကို သူနားလည်ပါသည်။ သို့ပေမယ့် သတ်မှတ်ချက်တော့ ထားရမည် ဖြစ်၏။ ဤသည်မှာ ဖုံးကွယ်ခြင်းတစ်မျိုး ဖြစ်ပေမယ့် သူ့အနေနှင့် ဆေးသန့်စင်ရန် အချိန်များစွာတို့ကို ကုန်မှာဖြစ်၏။
ပံုမှန် အဆင့်နိမ့် ဆေးပညာရှင်များ၏ အဆင့်နိမ့် ဆေးလုံးများကို သန့်စင်ရာ၌ အောင်မြင်နိုင်ချေဟာ ၃၀% ဖစ်သည်။ သူပြောခဲ့သည့် ၂၀% အောင်မြင်နိုင်ချေဟာ မဆိုးလှပေ။ သို့ပေမယ့် အရမ်းကြီးလည်း ကောင်းမွန်မနေပါ။
တကယ်တော့ သူ၏ လက်ရှိ ဆေးပညာစကေးနှင့် အာဟာရဆေးလုံး၊ သွေးရပ်ဆေးလုံး၊ သွေးအားဖြည့်ဆေးလုံးနှင့် မီကူးဆေးလုံးတို့ကဲ့သို့ အဆင့်နိမ့်အဆင့် ဆေးလုံးများကို ဖော်စပ်ပါက အောင်မြင်နိုင်ချေဟာ ၅၀%သို့ နီးကပ်နေပါသည်။
ဆေးသူတော်စင်၏ ဆေးသန့်စင်ရာတွင် အောင်မြင်နိုင်ချေ တိုးလာမှုနှင့် ပေါင်းလိုက်ပါက ၉၀% သို့ ရောက်သွားပါသည်။ ထိုကဲ့သို့သော ဆေးလုံးများကို သန့်စင်ရာတွင် ကျရှုံးချင်ပါက ကံကို လိုအပ်၏။
၃၀% လျှော့ဈေးကို မဆိုထားနှင့် ၇၀% လျှော့ဈေးပေးလျှင်တောင် ကြီးမားသည့် အမြတ်ကို ရလာနိုင်ဆဲ ဖြစ်သည်။
“အင်းပါ”
“ဒါပေါ့.. ဂျူနီယာမောင်လေးဟန်ရဲ့ ကိုယ်ပိုင် ကျင့်ကြံမှုက ပိုပြီး အရေးကြီးတယ်”
မိန်းကလေးများက သူမတို့၏ နားလည်မှုကို ဖော်ပြကြသည်။
ခဏအကြာ၌ သူမတို့ဟာ လုယင်ရွှမ်း၏ ခြံဝန်းမှ အသီးသီး ထွက်ခွာသွားကြသည်။ လုယင်ရွှမ်း၏ အခန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် ဟန်ကျောက်ဟာ တံခါးနှင့် ပြတင်းပေါက်တို့ကို တင်းကြပ်စွာ ပိတ်လိုက်သည်။ ပတ်ဝန်းကျင်တွင် မည်သူမှ မရှိကြောင်းကို အတည်ပြုပြီးနောက် အမှန်ကို ပြောပြ၏။
“ဘာ… နင်ဆိုလိုတာက.. လန်…”
လုယင်ရွှမ်းဟာ သူမ၏အသံ အလွန်ကျယ်လောင်သွားကြောင်းကို နားလည်လိုက်သည်။ လျှင်မြန်စွာ အသံနှိမ့်လိုက်၏။
“အဲ့ဒီ လန်ဖန်းယွင်က.. နင့်ရဲ့ကိုယ်ပွားလား”
ထိုကိစ္စဟာ သူမ၏ အောင်မြင်စွာ လက်စားချေနိုင်မှုနှင့် သက်ဆိုင်နေရာ အမှန်တကယ်ကို တည်ငြိမ်နိုင်ခြင်း မရှိပေ။
“ဟုတ်ပါတယ်”
ဟန်ကျောက်က ညာဘက်လက်ကို ညင်သာစွာ ယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ နောက်တစ်စက္ကန့်တွင် သန်မာသည့် လူငယ်တစ်ယောက်ဟာ လုယင်ရွှမ်း၏ ရှေ့တွင် ဝတ်စုံဖြူနှင့် ပေါ်လာခဲ့သည်။
“တကယ့်ကို လန်ဖန်းယွင်ပဲ”
လုယင်ရွှမ်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူမဟာ ဂျူနီယာမောင်လေးကို တော်တော်လေး မြင့်မားစွာ တွေးထားပြီးပြီဟု ထင်ခဲ့တာပါ။ သို့ပေမယ့် အထင်သေးမိဆဲ ရှိမည်ဟု ထင်မထားခဲ့ပေ။
သို့ရာတွင် ဤသည်ကလည်း ယနေ့ညရှိ သူမ၏ လုပ်ဆောင်ချက်ဟာ မှန်ကန်သည်ဟု သက်သေပြနေ၏။ ဒီဂျူနီယာမောင်လေးဟန်ဟာ အမှန်တကယ်ကို မောက်မာလှပါသည်။ သူ့ကို သူမနှင့် ရိုးသားမှုရှိရန် ဖိအားပေးရပေမည်။
“ဒီကိစ္စက အကြောင်းအရာတွေ အများကြီး ပါဝင်နေလို့.. အရမ်း ဂရုထားဖို့ လိုလို့ပါ”
ဟန်ကျောက်က မည်သည်ကနေ စတင်ပြောရမည်နည်းဟု စဉ်းစားသည်။
“ရပါတယ်။ ဒါက ကျင့်စဉ်ရဲ့ လျှို့ဝှက်ချက်နဲ့ သက်ဆိုင်နေတာပဲ။ ငါတို့က အတူတူအိပ်ကြတဲ့ ဇနီးနဲ့ယောကျား ဖြစ်ရင်တောင် အတိအကျကြီး ရှင်းပြနေစရာ မရှိဘူး” လုယင်ရွှမ်းက သူ့ကို ဆက်လက်မပြောရန် လက်ဟန်ပြသည်။
“ဒါပေမယ့် နင့်ရဲ့ စိတ်ရင်းကို ငါးနားလည်ပါတယ် ဂျူနီယာမောင်လေးဟန်”
သူမက ပြောရင်းနှင့် လန်ဖန်းယွင်ကို အထက်အောက်ကြည့်သည်။
အထူး ကျင့်ကြံခြင်း နည်းလမ်းများကို ကျင့်ကြံသည့် အချို့ အဆင့်မြင့်အဆင့် သိုင်းပညာရှင်များဟာ ကိုယ်ပွားအတတ်အကြောင်းကို သိကြပေလိမ့်မည်။ သို့ပေမယ့် အဓိကခန္ဓာကိုယ်ထက် သန်မာသည့် ကိုယ်ပွားကိုတော့ တစ်ခါမှ ကြားဖူးခြင်းမရှိပေ။
“ဂျူနီယာမောင်လေးဟန်… ငါမှတ်မိတာမှန်ရင် သာမန် ကိုယ်ပွား လျှို့ဝှက်အတတ်တွေကို သုံးတဲ့အခါ အဓိကခန္ဓာကိုယ်က ကိုယ်ပွားနဲ့ အဝေးကြီးမှာ နေလို့မရဘူး။ ဟုတ်တယ်မလား”
လုယင်ရွှမ်းက သိလိုစွာ မေးသည်။
နောက်ဆုံးအကြိမ် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအရ ဟန်ကျောက်ဟာ အတွင်းအားကို ဖမ်းဆုပ်နိုင်ပြီးခါစ ရှိကြောင်းအား သူမနားလည်ပါသည်။
“တကယ်တော့.. ဒီနေ့ တိုက်ပွဲမှာ ကျွန်တော်လည်း အဝေးကြီးမှာ ရှိမနေခဲ့ဘူး” ဟန်ကျောက်က ခေါင်းညှိတ်သည်။
[နံပါတ်၁- လျှပ်စစ်ရေလွှာလျှောစီး သစ်သားပြား”
“နံပါတ်၂- စက်လှေ”
စနစ်မျက်နှာပြင်ပေါ်ရှိ ရွေးချယ်စရာ နှစ်ခုကို ကြည့်ကာ သူဟာ အသေးစိတ်အား ရှင်းပြမနေတော့ပါ။
ဘာပဲဖြစ်ဖြစ် သူဟာ ချီလင်အဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။ မည်မျှပင် ကြိုးစားစဉ်းစားကာမူ သူ၏ ထွက်ပေါ်မှုအတွက် မည်သည့် အဆင့်မြင့်အဆင့် နည်းလမ်းကို သုံးရမည်အား မတွေးနိုင်အောင် ဖြစ်နေခဲ့သည်။
သူဟာ ကိုယ်တိုင်တော့ လှေမောင်းလို့မဖြစ်ပေ။ ဤသည်မှာ အလွန် အဆင့်နိမ့်လှ၏။
လှေသမားတစ်ယောက်ယောက်ကို ငှားရန်မှာလည်း နှေးကွေးကာ ပြဿနာများပါသည်။ တိုက်ဆိုင်စွာပင် လူတစ်ယောက် ပြောင်းလဲခြင်းတစ်ထောင်က သူ၏ပြဿနာကို ကူညီဖြေရှင်းခဲ့၏။