အခန်း (၁၈၃)
Vol. 13 Ch. 183
ပြောရလျှင် ကံကောင်းစွာပင် ဒေါသရေနဂါးဂိုဏ်းဟာ သူ့ကို မြစ်ပြင်ပေါ်တွင် တိုက်ခိုက်ရန် ချိန်းဆိုခဲ့၏။ မဟုတ်ပဲ မြေပြင်ပေါ်မှာသာ ဆိုပါက ဘုတ်ပြားလုပ်ရန် လွယ်ကူမည်မဟုတ်ပါ။ အလွန်ဆုံး မြင်းတစ်ကောင်လောက်အား စီးမည်ဖြစ်၏။
“ငါနားလည်ပြီ”
လုယင်ရွှမ်းက ဆက်လက်မေးမြန်းခြင်း မပြုပါ။
“ကျွန်တော် အစ်မကို ပြောစရာရှိတယ်။ တကယ်တော့ လွန်ခဲ့တဲ့ သုံးရက်က ကျွန်တော် မီးတောက် ရိုးတွင်းခြင်ဆီသန့်စင်ခြင်း ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး ဗာဂျရာအတတ်ရဲ့ တတိယအဆင့်ကို ချိုးဖျက်ခဲ့တယ်။ ကျွန်တော့ရဲ့ ပါရမီကလည်း အဆင့်မြင့်အဆင့်ကို မြင့်တက်သွားခဲ့တယ်”
“ဒါ့ကြောင့်.. စီနီယာအစ်မလု.. ကျွန်တော် ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို ပြောရလို့ရပြီလား”
ဟန်ကျောက်က ဆက်လက်ပြော၏။
သိုင်းပညာ လမ်းတစ်လျှောက်တွင် သူဟာ အမြဲတမ်း ခွန်အားကို ဖုံးကွယ်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်အဆီအနှစ်လုံး ပေါ်သွားမည်အား ကြောက်ရွံ့၍ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထိုပစ္စည်းဟာ အစစ်အမှန် လက်နက်သခင်ပါ ပါဝင်သည့် ရတနာတစ်ခု ဖြစ်၏။ သို့ရာတွင် လုယင်ရွှမ်းကဲ့သို့ သူ့ထက် ပိုမိုသန်မာကာ ယုံကြည်နိုင်သည့် လူတစ်ယောက်ကိုတော့ ဖုံးကွယ်ထားစရာ မလိုသည့်ပုံပါ။
သူမဟာ ယနေ့တွင် ကိစ္စများကို ရှင်းလင်းအောင် ပြောခဲ့ကတည်းက သူဟာ ပိုမိုရိုးသားရန် ရွေးချယ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူဟာ တစ်ဖက်လူ၏ စူပါအဆင့် ပါရမီအား ကြံစည်နေတာ ဖြစ်သည်။ အနာဂတ်တွင် အတူတူ ရှိနိုင်မည်၊ မရှိနိုင်မည်ဟာ နောက်ထပ်ကိစ္စတစ်ခု ဖြစ်သည်။ ဒီစူပါအဆင့် ပါရမီ တစ်ခုတည်းနှင့်ပင်လျှင် သူဟာ ကြီးစွာ အရှုံးပေါ်မှာ ဖြစ်၏။
“နင်.. ဗာဂျရာအတတ်ကို တတိယအဆင့်အထိ ကျင့်ကြံပြီးတာလား”
လုယင်ရွှမ်းဟာ ခဏတာအတွင်း တည့်မတ်စွာ မတွေးတောနိုင်အောင် ဖြစ်သွားခဲ့သည်။
သူမတွင် စူပါအဆင့် ပါရမီနှစ်ခုဖြစ်သည့် နဂါးဟိန်းခန္ဓာနှင့် ဖီးနစ်ငိုကြွေးခြင်း ခန္ဓာတို့ ရှိ၏။ ယင်နှင့် ယန်ချီတို့ ပြဿနာကြောင့် သူမ၏ ကျင့်ကြံနှုန်းကို ထိခိုက်ပေမယ့် သူမဟာ ဖီးနစ်ငိုကြွေးခြင်း ခန္ဓာနှင့် အလွန်လိုက်ဖက်သည့် ကောင်းကင်ဖင်း နတ်ဆိုးအတတ်ကိုလည်း ကျင့်ကြံထားပါသည်။
ယခု သူမဟာ ချီတစ်ဆင့် စစ်ဘုရင်အဆင့်၌သာ ရှိသေး၏။ ခွန်အားအားလုံးတို့ကို အသုံးပြုလျှင်တောင် ချီသုံးဆင့် စစ်ဘုရင်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ဒီဂျူနီယာမောင်လေးဟန်ကတော့ သူမထက် သုံးနှစ်ငယ်ပါသည်။ သူဟာ မိခင်၏ ဝမ်းဗိုက်ထဲတွင် ကတည်းက စတင်ကျင့်ကြံလျှင်တောင် အရာအားလုံးကို သိမနေသင့်ပေ။
ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းဟာ ကောင်းကင်ဖင်းနတ်ဆိုးအတတ်ထက် အနည်းငယ်သာ နိမ့်သည့် ထိပ်တန်းအဆင့် ဓါးသိုင်းတစ်ခု ဖြစ်သည်။ ဗာဂျရာအတတ်ဟာ ၎င်း၏ ကျင့်ကြံရန် ခက်ခဲမှုနှင့် ကျော်ကြား၏။
‘သူဘယ်လိုလုပ်လိုက်တာလဲ”
ဤသည်မှာ လုံးဝ ကျိုးကြောင်းဆီလျော်ခြင်း မရှိပေ။
“ကျွန်တော် အစ်မကို မလိမ်ဘူးနော်”
ဟန်ကျောက်က စိတ်ရင်းနှင့် ပြော၏။
“ကောင်းပါပြီ… ဒါဆိုရင် ငါနင့်ကို အမှန်အတိုင်း ပြောမယ်”
လုယင်ရွမ်းဟာ သူ့ကို ယုံကြည်ရန် ရွေးချယ်လိုက်၏။ ဘာပဲဖြစ်ဖြစ် လာမည့်အပိုင်းသာလျှင် အမှန်တကယ် ခက်ခဲသည့် အပိုင်း ဖြစ်၏။ အဆင့်မြင့်အဆင့် ပါရမီဟာ ပထမခြေလှမ်းသာ ရှိပါသေးသည်။
“တကယ်တော့.. ငါက စူပါအဆင့် ခန္ဓာနှစ်ခုဖြစ်တဲ့ နဂါးဟိန်းခန္ဓာနဲ့ ကောင်းကင်ငိုကြွေးခြင်း ခန္ဓာနဲ့ မွေးဖွားလာခဲ့တယ်။ ဒါပေမယ့် နဂါးဟိန်းခန္ဓာက ယောကျားသားတွေအတွက် အသင့်တော်ဆုံး ခန္ဓာပဲ။ အဲ့ဒါရဲ့ တည်ရှိမှုက ငါ့ခန္ဓာကိုယ်အတွင်းက ယင်ယန်ချီကို..”
လုယင်ရွှမ်းက သူ့ကို ပုံပြင်တစ်ပုဒ်လုံးအား ပြောပြ၏။
ဟန်ကျောက်ဟာ အစမ်းရှင်သန်မှုကြောင့် အခြေအနေကို နားလည်ပေမယ့် အားကျစွာ ခံစားရဆဲ ရှိသည်။ သူ့တွင် အလိုအပ်ဆုံးဖြစ်နေသည့် အရာဟာ အခြားလူတွင် ရှိရုံမက အလွန်ပင် များပြားနေကြောင်းကို တွေ့လိုက်ရသည်။
“.. ဒါ့ကြောင့်.. နင့်မှာ အဆင့်မြင့်အဆင့် ပါရမီရှိပြီး စိတ်ဝိညာဉ်လုယူခြင်း အတတ်ရဲ့ ပထမအဆင့်ကို ကျင့်ကြံနိုင်ရင်တောင် အဲ့ဒါကို တတ်မြောက်ပြီးရင် နင့်ရဲ့ သက်တမ်း သုံးပုံနှစ်ပုံကို ဆုံးရှုံးရမှာ။ အဲ့ဒါ နင့်ရဲ့ အနာဂတ်သိုင်းပညာ လမ်းစဉ်အတွက် ဘာအဓိပ္ပာယ်လဲ ဆိုတာကို သိတယ်မလား”
လုယင်ရွှမ်း၏ အသံက နိမ့်ပါးသွားသည်။ သူမဟာ သူ့ကို ယုံကြည်ရန် ရွေးချယ်ခဲ့၏။
သို့ပေမယ့် တစ်ဖက်လူဟာ သူမကို ငြင်းလိုက်လျှင်တောင် နားလည်လို့ရပါသည်။ သို့ပေမယ့် စိတ်ပျက်စွာ ခံစားသွားရမည်မှာတော့ မလွှဲမသွေပင်။
စိတ်ဝိညာဉ်လုယူခြင်း အတတ်ဟာ ယင်နှင့် ယန်ချီတို့ကို စုပ်ယူခြင်းနှင့် လွဲပြောင်းခြင်းအား လုပ်ဆောင်နိုင်၏။ အခြားလူများ၏ ပါရမီကိုပင် လုယူနိုင်ပါသည်။ သို့ရာတွင် ထိုသို့လုပ်ရန် တတိယအဆင့်အထိ ကျင့်ကြံရန် လိုအပ်၏။
ပထမအဆင့်ကို တတ်မြောက်ခြင်းအတွက် ဟန်ကျောက်တွင် အကျိုးအမြတ်များ ရှိပါသည်။ သူဟာ သူမ၏ ခန္ဓာကိုယ်မှ လျှံထွက်လာသည့် ယန်ချီများကို စုပ်ယူနိုင်ကာ သူ၏ ကျင့်ကြံမှုအမြန်နှုန်းကို မြှင့်တင်နိုင်ပါသည်။
သို့ပေမယ့် ဤသည်မှာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ယင်နှင့်ယန်ချီ၏ မညီမျှမှုကိုသာ လျှော့ချပေးနိုင်မည် ဖြစ်၏။
ထို့နောက် သူဟာ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့ကို လေ့ကျင့်ရပေဦးမည်။ သိုင်းသမားတစ်ယောက်ဟာ သွေးသန့်စင်ခြင်း အဆင့်၊ ခွန်အားသန့်စင်ခြင်းအဆင့်နှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့်တို့ကို ချိုးဖျက်ပါက သူတို့၏ သက်တမ်းဟာ နှစ်၂၀စီသာ တိုးမြင့်လာမှာ ဖြစ်သည်။
ဟန်ကျောက်၏ မူလသက်တမ်းကို ၉၀နှင့် တွက်လျှင် သူ၏ လက်ရှိ ခွန်အားသန့်စင်ခြင်းအဆင့် သက်တမ်းဟာ ၁၃၀နှစ် ဖြစ်သည်။
ဒီစိတ်ဝိညာဉ်လုယူခြင်း အတတ်ဟာ ကျင့်ကြံရန် အလွန်ခက်ခဲ၏။ ထို့အပြင် ပထမအဆင့်ကို တတ်မြောက်ပြီးပါက ဟန်ကျောက်ဟာ သူ့သက်တမ်း၏ သုံးပုံနှစ်ပုံကို ဆုံးရှုံးရမှာ ဖြစ်သည်။
ပြီးလျှင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်လျှင်တောင် အသက်၆၀ကျော်အောင် နေနိုင်မည်မဟုတ်ပေ။ သွေးချီ၏ အထွတ်အထပ် ကာလတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်၏။
ကျန်ရှိသည့် အချိန်များတွင် သူဟာ စိတ်ဝိညာဉ်လုယူခြင်း အတတ်၏ ဒုတိယအဆင့်နှင့် တတိယအဆင့်ကိုလည်း ကျင့်ကြံရဦးမည် ဖြစ်သည်။
သို့ပေမယ့် သူ၏သက်တမ်းကို တိုးမြှင့်ရန်တွက် သိုင်းသူတော်စင် အဆင့်သို့လည်း ချိုးဖျက်ရန် လိုအပ်သေး၏။
“စီနီယာအစ်မ.. အစ်မလုပ်ရမှာက ကျွန်တော့ကို ယုံကြည်ဖို့ပဲ”
ဟန်ကျောက်က လုယင်ရွှမ်း၏ မျက်လုံးများကို တည့်မတ်စွာ ကြည့်သည်။
“ကျွန်တော် အဆင့်နိမ့် ပါရမီကနေ အဆင့်မြင့် ပါရမီရလာအောင် အဆင့်မြှင့်ရာမှာ အများကြီး နာကျင်ခဲ့ရတယ်။ ဒါ့ကြောင့် ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး ကျွန်တော့ရဲ့ ပါရမီကို မြှင့်တင်ချင်တယ်။ ကျွန်တော် အစ်မကို ကူညီနေတယ်လို့ မတွေးနဲ့။ ဒါက ကျွန်တော်တို့ အတူတူ ကောင်းမွန်တဲ့ လမ်းကြောင်းတွေကို လျှောက်လှမ်းနေတာလို့ တွေးသင့်တယ်”
သူ၏ စိတ်ရင်းနှင့် စကားများကို ကြားရပြီးနောက် လုယင်ရွှမ်းဟာ ခံစားသွားရသည်။ ပုံရိပ်ယောင်ဆန်သည့် စူပါအဆင့် ပါရမီကြောင့် သူ၏အသက်ကို စွန့်စားရန် အမှန်တကယ် ထိုက်တန်သည်လား။
ယနေ့ညတွင် သူ့ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသည်ဟု ပြောခဲ့သည့် စကားများအား ပြန်လည်အမှတ်ရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။
သူမဟာ ဂျူနီယာမောင်လေးဟန်၏ သူမကို ကူညီမည့် ဆုံးဖြတ်ချက် ပြတ်သားပုံအား အထင်သေးမိခဲ့လေသည်။ သူဟာ စိတ်ဝိညာဉ်လုယူခြင်း အတတ်အား ကျင့်ကြံရန် မည်မျှ ခက်ခဲသည်ကိုပင် မသိရပဲ သဘောတူခဲ့၏။
လုယင်ရွှမ်းဟာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခိုင်မာစွာ ပြောသည်။
“အခု အစ်မနင့်ကို စိတ်ဝိညာဉ်လုယူခြင်းအတတ် သင်ပေးမယ်။ ငါလက်စားချေလို့ ပြီးရင် ငါ့ရဲ့ ကျန်တဲ့ဘဝတစ်သက်တာကို အသုံးပြုပြီး နင့်ကို သိုင်းသူတော်စင်အဆင့်ကို ရောက်အောင် သေချာပေါက် ကူညီပေးမယ်”
“ဒါက ငါတို့အကြားက သဘောတူညီချက်ပဲ.. ငါနင့်ကို အကောင်းဆုံးကူညီပြီး အရာအားလုံးကို သင်ကြားပေးမယ်”
ရှစ်လကြာပြီးနောက်..
ယွမ်ကန်းကောင်တီ၏ ဆင်ခြေဖုံးတစ်ခုရှိ နက်ရှိုင်းသည့်
တောင်တစ်ခုအတွင်းတွင်..
“ချမ်းသာပေးပါ.. အား..”
ဆိုးရွားသည့် အော်သံတစ်ခုဟာ ကတောက်ကဆနိုင်စွာ ရပ်တန့်သွား၏။ ဝတ်စုံဖြူနှင့် လူဟာ သူ၏လက်ချောင်းကို လက်သည်းသဖွယ် ကွေးကာ လက်ဝါးကို လူသန်ကြီး၏ ဦးခေါင်းပေါ်သို့ တင်လိုက်သည်။
လူသန်ကြီး၏ ခန္ဓာကိုယ်ဟာ မျက်စိဖြင့် တွေ့မြင်နိုင်သည့် အမြန်နှုန်းနှင့် ကျုံ့ဝင်သွား၏။ တုတ်ခိုင်သည့် ခန္ဓာကိုယ်တည်ဆောက်မှုနှင့် အလေးချိန် ၂၀၀ကတ်တီကျော် ရှိသည့် လူတစ်ယောက်ဟာ နောက်ဆုံးတွင် လူသားဦးခေါင်းတစ်ခု အရွယ်တောင် မရှိသည့် အညစ်အကြေးတုံးတစ်ခုသဖွယ် ပြောင်းလဲသွားသည်။
“ဆီး… အာ..”
ဟန်ကျောက်ဟာ အသက်ကို နက်ရှိုင်းစွာ ရှူ၏။ ထိုခံစားချက်ဟာ အလွန် စွဲမက်ဖို့ ကောင်းပါသည်။ စိတ်ဝိညာဉ် လုယူခြင်းအတတ်၏ ပထမအဆင့်နှင့် သွေးစိတ်ဝိညာဉ် မူဝါဒတို့၏ တတိယအဆင့်ကို တစ်ပြိုင်နက် အသုံးပြုလိုက်ပါက သူဟာ လူတစ်ယောက်ကို ခြောက်သွေ့သွားအောင် စုပ်ယူနိုင်ပါသည်။
သွေးချီပဲဖြစ်ဖြစ်၊ အတွင်းအားပဲဖြစ်ဖြစ်(သို့မဟုတ်) အစစ်အမှန်ချီပဲဖြစ်ဖြစ် အားလုံးကို စုပ်ယူနိုင်သည်။
၎င်းတို့ကို သန့်စင်ပြီးနောက် သူ၏ခန္ဓာကိုယ်ဟာ အပုံနှစ်ဆယ်ပုံ တစ်ပုံလောက်ပင် မရှိသည့် ပမာဏကိုသာ အမှန်တကယ် စုပ်ယူနိုင်ပေမယ့် သူဟာ ထိုနည်းလမ်းကို လေ့ကျင့်နေသည်မှာ တစ်လတောင် မပြည့်သေးပေ။
ဒီနှုန်းအတိုင်းသာ ဆိုပါက အလိုရှိ ရာဇဝတ်သားများ အကြားမှ နောက်ထပ် ခွန်အားသန့်စင်ခြင်းအဆင့် အနည်းငယ်ကို ထပ်မံစုပ်ယူလိုက်ပါက နှစ်ဝက်ပင် မကြာပဲ ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုသို့ ရောက်ရှိနိုင်မှာ ဖြစ်သည်။
အသက်၂၃နှစ် မတိုင်ခင်တွင် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်မှာ ဖြစ်သည်။
“စိတ်ဝိညာဉ်လုယူခြင်း အတတ်(ပထမအဆင့် ၅၅%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- စိတ်ဝိညာဉ်စုပ်ယူခြင်း အဆင့်၃)”
“သွေးစိတ်ဝိညာဉ်မူဝါဒ(တတိယအဆင့် စတင်ခြင်းအဆင့် ၁၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- သွေးပြောင်းလဲခြင်း အဆင့်၇၊ စိတ်ထိန်းချုပ်ခြင်း အဆင့်၆၊ သွေးပေါက်ကွဲခြင်း အဆင့်၅၊ သွေးပေါင်းစပ်ခြင်း အဆင့်၄၊ သွေးစိတ်ဝိညာဉ်ကိုယ်ပွား)”
“ကျင့်စဉ်နှစ်ခုကို ပေါင်းစပ်လိုက်တဲ့ အချိန်ကျရင် ဒါကို ကျင့်ကြံမှု စုပ်ယူခြင်းအတတ်လို့ ခေါ်သင့်တယ်”