အခန်း (၁၈၄)
Vol. 13 Ch. 184
ဟန်ကျောက်ဟာ မည်သည့်အမှတ်မှ ပေါင်းထည့်ခြင်းမရှိပဲ စိတ်ဝိညာဉ်လုယူခြင်း အတတ်ကို ယခုကဲ့သို့ အချိန်တိုအတွင်းတွင် ပထမအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ကျင့်ကြံနိုင်မည်ဟု ထင်မထားခဲ့ပေ။
သူ၏ သွေးစိတ်ဝိညာဉ် မူဝါဒဟာလည်း တတိယအဆင့်ကို ချိုးဖျက်သွား၏။ အဆင့်မြင့်အဆင့် ပါရမီနှင့် ပိုက်ဆံကြောင့် သူ၏ကျင့်ကြံခြင်း အမြနှုန်းဟာ အမှန်တကယ်ကို မြန်ဆန်လှသည်ဟုသာ ပြောနိုင်ပါသည်။
“သက်တမ်း- ၂၂/ ၈၈”
“ယန်ချီကို စုပ်ယူရမယ့် အချိန်ပဲ”
ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူဟာ ဒီအတောအတွင်းတွင် အစမ်းရှင်သန်မှု အခွင့်အရေး အများစုအား အသုံးပြုခြင်း မရှိခဲ့ပေ။
မထွက်ခွာခင်တွင် သူဟာ လူသားတစ်ယောက်၏ အသွင်သဏ္ဍာန် မရှိတော့သည့် ဝတ်စုံနက်နှင့် လူသန်ကြီး၏ အလောင်းပေါ်သို့ အလောင်းဖျောက်ဆေးရည်ကို လောင်းချလိုက်သည်။ အလောင်းဟာ အရည်အဖြစ် လုံးဝ ပြောင်းလဲသွား၏။
ထို့နောက် သူဟာ စီရင်စုမြို့တော်သို့ ပြန်ရင်းက လမ်းတစ်လျှောက်တွင် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခဲ့သည့် အတွင်းအားများကို သန့်စင်သည်။
ကျင့်ကြံမှု စုပ်ယူခြင်း အတတ်ဟာ စိတ်ဝိညာဉ်လုယူခြင်း အတတ်နှင့် သွေးစိတ်ဝိညာဉ် မူဝါဒတို့၏ ပေါင်းစပ်မှုမှ ဖြစ်တည်လာပြီး ပုံမှန်မဟုတ်စွာ စွမ်းအားကြီးမားလှသည်။
၎င်းဟာ စုပ်ယူလိုက်သည့် အပုံ၂၀ပုံ ၁ပုံအောက်သာ သန့်စင်နိုင်ပေမယ့် သန့်စင်လိုက်သည့် အတွင်းအား၊ အစစ်အမှန်ချီနှင် သွေးချီတို့ကို တစ်ခါတည်း ပိုင်ဆိုင်လာနိုင်ါသည်။
လူသန်ကြီး၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားဟာ ကြီးစိုးပြီး ကြမ်းကြုတ်သည့် ပုံစံရှိသည်။ တောင်ခွဲဆေဘာအတတ်နှင့် တောင်ဖြိုလက်သီးသိုင်းကို ကျင့်ကြံသည့် အတွင်းအားအမျိုးအစားနှင့် တူညီ၏။
ဟန်ကျောက်ဟာ ၎င်းမှ မသန့်စင်မှု အများစုတို့ကို ဖယ်ရှားပြီးနောက် အတွင်းအားဟာ ၂၀%အောက်သာ ကျန်ရစ်ခဲ့သည်။ ဤသည်မှာ သွေးချီချိုးဖျက်မှု တတိယအဆင့်တစ်ယောက် ကျင့်ကြံထားသည့် ပမာဏ သုံးပုံတစ်ပုံလောက်သာ ရှိပေမယ့် သူ့ကို တစ်ဖက်လူ၏ အတွင်းအားနှင့် သွေးချီလှည့်လည်ခြင်း လမ်းကြောင်းတို့အား တစ်ခါတည်း ထိန်းချုပ်လာနိုင်စေသည်။
ဟန်ကျောက်ဟာ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်သည့် အတွင်းအားကို လှည့်လည်ကာ ရုတ်တရက် လက်သီးချက်ကို ထိုးလိုက်သည်။ လေထဲတွင် ပေါက်ကွဲမှုတစ်ခု ပေါ်လာ၏။
“ဒါကလည်း လက်သီးသိုင်းပဲလား”
သူဟာ လက်သီးသိုင်းတစ်ခုကို အလိုလို တတ်မြောက်သွားလေသည်။
ထိုအတွင်းအားနှင့် သွေးချီလှည့်လည်မှု လမ်းကြောင်းအတိုင်းသာ ဆက်လက်ကျင့်ကြံပါက ဒီလက်သီးသိုင်းကို အမှီပြုကာ အတွင်းအားကို ဖမ်းဆုပ်နိုင်လောက်ပါသည်။
သို့ပေမယ့် သူဟာ ထိုအဆင့်ရှိသည့် သိုင်းပညာများကို စိတ်ဝင်စားခြင်း မရှိပါ။
ခဏအကြာ၌ သူဟာ ၂၀% မရှိသည့် အတွင်းအားကို ထပ်မံသန့်စင်ပြီးနောက် တစ်ဝက်နီးပါးကို ဖယ်ရှားလိုက်သည်။ ထို့နောက် တောင်ဖြိုလက်သီး စွမ်းအင်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ကာ တစ်ခါတည်း ဖြစ်လာခဲ့သည်။
သူဟာ ခန္ဓာကိုယ်အတွင်းရှိ တိုးတက်လာသည့် အတွင်းအားနှင့် သွေးချီပမာဏကို ကြည့်ကာ အကြမ်းဖျင်း ခန့်မှန်းကြည့်သည်။ ဒီတစ်ခုတည်းနှင့် သူ၏ ခါးသက်သည့် ကျင့်ကြံမှု လဝက်နီးပါးကို ခြွေတာနိုင်၏။
ယခုအချိန်၌ သူဟာ ခွန်အားသန့်စင်ခြင်း အဆင့်၏ အကြီးစားကျွမ်းကျင်မှုနှင့် ဝေးကွာခြင်း မရှိတော့ပါ။ နောက်ထပ် ခြေထောက်နှင့် လက်ဝါးသိုင်းပညာများကို ကျင့်ကြံထားသည့် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင် အနည်းငယ်ကိုသာ စုပ်ယူနိုင်ပါက သုံးပါးသော အနှစ်သာရအား၏ တိုးတက်မှုဟာ ကြီးစွာ မြင့်မားလာမှုပါ။
ကျင့်ကြံမှု စုပ်ယူခြင်းအတတ်၏ တစ်ခုတည်းသော အားနည်းချက်မှာ သန့်စင်ပြီးနောက် ကျန်ရစ်သည့် သွေးချီ၊ အတွင်းအားနှင့် အစစ်အမှန်ချီတို့ဟာ အလွန် နည်းပါးခြင်း ဖြစ်သည်။
အခြားနေရာများတွင်တော့ အားလုံးဟာ ကောင်းကျိုးများသာ ရှိ၏။ ဒီအတိုင်းသာ အလကား အဆက်မပြတ် စုပ်ယူနိုင်ပါက သူ၏ ကျင့်ကြံမှုဟာ အတိုင်းအဆမဲ့စွာ တိုးတက်လာမှာ ဖြစ်သည်။
သို့ပေမယ့် သူ၏ လုပ်ဆောင်ချက်ကို မည်သူမှ မတွေ့မြင်ရန် လိုအပ်၏။
‘ငါ့ရဲ့ ဗာဂျရာအကာအကွယ်က အတွင်းအားနဲ့ အစစ်အမှန်ချီကို တစ်ပြိုင်နက် ကုန်ခမ်းစေပေမယ့် အဓိကမှီခိုအားထားမှုက အစစ်အမှန်ချီပဲ။ ငါသာ အစစ်အမှန်ချီနဲ့ နောက်ထပ်သိုင်းသမား အနည်းငယ်လောက်ကို ထပ်ပြီး စုပ်ယူလိုက်ရင် ဗာဂျရာအတတ်ရဲ့ ကြာရှည်မှုကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်မလားပဲ’
ယခုအချိန်၌ သိုင်းပညာလမ်းစဉ်ဟာ အားနည်းနေ
ပါသည်။ အဓိကကျဆုံး အချက်မှာ အတွင်းအားနှင့် လိုက်ဖက်ညီသည့် အစစ်အမှန်ချီ ကျင့်စဉ် ၉၀%ကျော်တို့ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
အချို့ ထိပ်တန်းအဆင့် အစစ်အမှန်ချီ ကျင့်စဉ်များကို အုပ်စိုးသူ မိသားစုများက မှတ်တမ်းတင်ထားပြီး သိုင်းလောက၌ လှည့်လည်ခြင်း မရှိပေ။
ကျန်ရှိသည့် အစစ်အမှန်ချီ ကျင့်စဉ်များဟာ ကျင့်ကြံရန် ခက်ခဲခြင်း (သို့) စွမ်းအား နိမ့်ပါးခြင်းတို့ အားနည်းချက် ရှိကြသည်။ ဘာပဲဖြစ်ဖြစ် အချိန်အတော်ကြာအောင် ယူရပါသည်။
ထို့ကြောင့် အစစ်အမှန််ချီ ကျင့်စဉ်အား အတူတူ တွဲဖက်ကျင့်ကြံသည့် သိုင်းသမားများဟာ မြင့်မားသည့် ပါရမီရှိကာ ငွေကြေးမလိုအပ်ခြင်း(သို့) ချမ်းသာကြွယ်ဝသည့် မိသားစုမှ လာခြင်းတို့သာ ရှိကြသည်။
ထိုကဲ့သို့သော သိုင်းသမား များစွာတို့ဟာ လိုအပ်ချက် ၂ခု(သို့) ၃ခုတို့ကို ပြည့်မှီနိုင်ကြ၏။ ထိုလူများဟာ အလွန်စွမ်းအားကြီးသည့် နောက်ခံရှိခြင်း(သို့) သူတို့၏ ခွန်အားဟာ အဆင့်တူသည့် သိုင်းသမားများထက် များစွာ သာလွန်ကြမှာပါ။
“တစ်ကြိမ်တိုက်ခိုက်တာနဲ့.. ဘယ်သူ့ကိုမှ အသက်ရှင်ရက် မပြန်နိုင်အောင်လုပ်ဖို့ သေချာနေမှရမယ်”
ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ရုတ်တရက် သူ၏မျက်လုံးများက လင်းလက်သွား၏။ ဒီသွေးစိတ်ဝိညာဉ် မူဝါဒဟာ သူ၏ အထူးသီးသန့် ကျင့်စဉ်မဟုတ်ပေ။
‘သက်ရှည်ဂိုဏ်း(မသေခြင်းဂိုဏ်း)ရဲ့ သိုင်းသမားတွေရဲ့ စွမ်းအားကို စုပ်ယူမှုက ငါ့လို လမ်းမှန် သိုင်းသမားတစ်ယောက်နဲ့ ဘာဆိုင်လို့လဲ’
ဘာပဲဖြစ်ဖြစ် သူဟာ အပြစ်မဲ့သည့် လူများကို သတ်ဖြတ်မည်မဟုတ်ပေ။ အလိုရှိ ရာဇဝတ်သား အချို့ကိုသာ စုပ်ယူခြင်း ဖြစ်၏။
နောင်တွင် သေခြင်းရှင်ခြင်း ရန်သူများ ပေါ်လာလျှင်လည်း ဘာပဲဖြစ်ဖြစ် သူဟာ သတ်ဖြတ်ရမှာ ဖြစ်သည်။
သူတို့၏ သွေးချီ၊ အတွင်းအားနှင့် အစစ်အမှန်ချီတို့ကို သူနှင့် ပေါင်းစပ်ရပေမည်။ ဤသည်မျာ ကျိုးကြောင်းဆီလျော်မှု ရှိ၏။
ဓါးမိုးခြံဝန်းဆီသို့ ပြန်ပြီးနောက် ဟန်ကျောက်ဟာ လုယင်ရွှမ်းကို အရင်ဆုံး သွားရောက်ရှာဖွေခြင်း မပြုပါ။ အဲ့ဒီအစား အနောက်ဘက်တောင်ပံရှိ သူ၏အခန်းဆီသို့ ပြန်၏။
စိတ်ဝိညာဉ်လုယူခြင်း အတတ်ဟာ အလွန် စွမ်းအားကြီးမားကတည်းက သူဟာ အမှတ်များကို ထည့်ပေါင်းရန် လိုအပ်ပါသည်။
“စနစ်”
“အချက်ပေးအပိုင်းအစ ၈၅ခုတို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်မည်လား”
“တစ်ကြိမ် ပေါင်းစပ်မှုအတွက် အချက်ပေးအပိုင်းအစ ၇၀နှင့် ငွေ၁၈၀လျန်တို့ကို ကုန်ကျမည်”
“လက်ရှိကျန်ငွေ- ရွှေ၁၈၀၀လျန်”
ကံကောင်းစွာပင် သူဟ ငွေချိတ်ကောက် အလောင်းကစားရုံ၌ ငွေ၂၀၀၀၀၀လျန်ကျော်ကို အနိုင်ရထားခဲ့သည်။ “ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”
“အသက်၂၂နှစ်တွင် သင်သည် စိတ်ဝိညာဉ်လုယူခြင်း အတတ်၏ ပထမအဆင့်ကို ပြီးပြည့်စုံခြင်း အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။ သင်သည် ၎င်းကို သွေးစိတ်ဝိညာဉ်မူဝါဒ၏ တတိယအဆင့်နှင့် ပေါင်းစပ်ကာ သင်၏ ကိုယ်ပိုင် ကျင့်ကြံမှု စုပ်ယူခြင်းအတတ်ကို ဖန်တီးခဲ့သည်”
“သင်သည် လုယင်ရွှမ်းကို ရှာကာ စိတ်ဝိညာဉ်လုယူခြင်း အတတ်အား အသုံးပြုပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ယန်ချီ ၂၀%ကို စုပ်ယူကာ ယင်နှင့်ယန်ချီတို့ကို တည််ငြိမ်အောင် ကူညီပေးသည်”
“လဝက်ကြာပြီးနောက် လုယင်ရွှမ်းဟာ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ခဲ့ပြီး သူမ၏ ခွန်အားဟာ ကြီးစွာ တိုးပွားလာခဲ့သည်။ သင်သည် သင်၏ ခန္ဓာကိုယ်အတွင်းရှိ ယန်ချီတစ်ဝက်ကို သန့်စင်ခဲ့ကာ ကျင့်ကြံမှုဟာ တိုးမြင့်လာခဲ့သည်”
“ခွန်အားသန့်စင်ခြင်း အဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ တစ်ခါတည်း ကျင့်ကြံတော့မည့် အချိန်၌ ကျောက်နက်မြို့ရှိ ရှလင်ဆီမှ စာလွှာတစ်စောင်ကို လက်ခံရရှိသည်”
“မကြာသေးခင်က ကျောက်နက်မြို့တွင် ထူးဆန်းသည့် ကိစ္စများ ဖြစ်ပေါ်ခဲ့၏။ ကုန်လှည်းမှာလည်း ပိုင်ကျဲမြို့ဆီသို့ သွားသည့် လမ်းတွင် လုံးဝ သုတ်သင်ခံခဲ့ရသည်”
“သင်သည် နေ့ညမပြတ် ကျောက်နက်မြို့ဆီသို့ အမြန်ပြန်ခဲ့သည်”
“ငါးရက်ကြာပြီးနောက် ပြန်လည် ရောက်ရှိပြီးနောက် ရှလင်နှင့် လုယီတို့ ဒဏ်ရာရနေကြောင်းကို တွေ့လိုက်ရ၏။ သက်ရှည်ဂိုဏ်းမှ ယုံကြည်သက်ဝင်သူများ ဖြစ်သည်ဟု သံသယဝင်မိသည်”
“သူတို့နှစ်ဦးကို ကုသပြီးနောက် သင်သည် ကုန်လှည်းနှင့်အတူ ပိုင်ကျဲမြို့ဆီသို့ လိုက်ခဲ့သည်”
“လမ်းတစ်လျှောက်တွင် သက်ရှည်ဂိုဏ်း၏ ဂိုဏ်းစောင့်ပုဂ္ဂိုလ်- ချီနှစ်ဆင့် စစ်ဘုရင်တစ်ယောက်နှင့် ကြုံတွေ့ခဲ့၏”
“ပြင်းထန်သည့် တိုက်ပွဲအပြီးတွင် ရန်သူဟာ ခွန်အားပေါက်ကွဲထွက်သည့် လျှို့ဝှက်အတတ်ကို အသုံးပြုကာ သူ၏ခွန်အားဟာ ကြီးစွာ တိုးမြင့်လာခဲ့သည်။ သင်သည် တဖြည်းဖြည်း အရေးနိမ့်လာခဲ့၏”
“ထိုအချိန်၌ ချီရွှမ်းမင်က ရုတ်တရက် ပေါ်လာပြီး တစ်ဖက်လူကို တွန်းလှန်ခဲ့သည်”
“ထိုနောက် သူသည် သင့်ကို စိတ်ဝိညာဉ်စောင့်ရှောက်သူများသို့ ဝင်ရောက်ရန် ဖိတ်သည်။ စဉ်းစားမှုပြုပြီးနောက် သင်ဟာ လျှို့ဝှက်အစောင့် အဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့သည်”
“အခြေအနေ မမှန်မှုကို တွေးဆကာ သင်သည် လာရာလမ်းအတိုင်း ပြန်ရန် ဆုံးဖြတ်လိုက်သည်”
“အပြန်လမ်းတွင် ဒေါသရေနဂါးဂိုဏ်း၏ ခေါင်းဆောင် ရှန့်ကွမ်းယွင်ဖေး ပေါ်လာခဲ့သည်။ သူဟာ လန်ဖန်းယွင်ကို သင်၏ကိုယ်ပွား ဖြစ်ကြောင်းအား သိရှိပြီး ဖြစ်ကာ ၎င်းကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် အသုံးပြုပြီး သင့်ကို ဒေါသရေနဂါးဂိုဏ်းသို့ ဝင်ရောက်ပြီး သူ၏ သီးသန့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာရန် ဖိတ်သည်”
“သင်ဟာ ရွေးချယ်စရာ မရှိ ဖြစ်နေ၏။ နောက်ဆုံးတွင် ကျီမိသားစုနှင့် စိတ်ဝိညာဉ်စောင့်ရှောက်သူများ၏ အမည်ကို ထုတ်သုံးခဲ့ရသည်”
“ရှန့်ကွမ်းယွင်ဖေးက သင့်ကို ဆေးလုံးများသာ ဖော်စပ်ခိုင်းမည် ဖြစ်ပြီး အခြား မည်သည်ကိုမှ အတင်းလုပ်ခိုင်းမည် မဟုတ်ဟု ကတိပေးခဲ့သည်”
“နှစ်ဖက်၏ ခွန်အားခြားနားချက်ကို စဉ်းစားကာ သင်ည် ဒေါသရေနဂါးဂိုဏ်းသို့ ဝင်ရောက်ခဲ့ရသည်။ တစ်ချိန်တည်းတွင် ရှန်းကွမ်းယွင်ဖေးအား လုယီ၊ ရှလင်နှင့် အခြားလူများကို ယွမ်ကန်းကောင်တီမြို့သို့ ခေါ်ရာတွင် လိုက်လံပို့ဆောင်ခိုင်းသည်”