← Chapters

အခန်း (၁၈၅)

Vol. 13 Ch. 185

အခန်း (၁၈၅)

Vol. 13 Ch. 185

“လဝက်ကြာပြီးနောက် သင်သည် ရှလင်၊ လုယီနှင့် အခြားလူများကို စီရင်စုမြို့တော်သို့ ခေါ်လာခဲ့သည်။ လုယင်ရွှမ်းဟာ သတင်းရပြီးနောက် သင့်ကို လာကြို၏”

“သင်တို့တွေ နေရာချပြီးနောက် ဒေါသရေနဂါးဂိုဏ်းက သိုင်းပညာအကယ်ဒမီတွင် သင့်ကို အကြီးအကျယ် လာရောက်ကြိုဆိုမှု ပြုသည်”

“ထို့နောက် သင်သည် ဒေါသရေနဂါးဂိုဏ်း၏ မှင်နက်ရောင် ရေနဂါးအဖြစ် တရားဝင် ဝင်ရောက်ကာ မြစ်ဝရှိ ဒေါသရေနဂါးကျွန်းသို့ ထွက်ခွာခဲ့သည်”

“ရှန့်ကွမ်းယွင်ဖေးဟာ ကျွန်းဆီသို့ အဆင့်မြင့်အဆင့် ခေါင်းဆောင်တစ်စုအား ခေါ်လာကာ သင့်ကို လူသိရှင်ကြား တပည့်အဖြစ် လက်ခံခဲ့သည်”

“အသက်၂၃နှစ်တွင် များပြားလှသည့် ဒေါသရေနဂါးဂိုဏ်း၏ များပြားလှသည့် ဆေးပင်မျာနှင့် အရင်းအမြစ်များကို သုံးစွဲပြီးနောက် သင်သည် ရှန့်ကွမ်းယွင်ဖေးကို အဆင့်နိမ့်အဆင့် ဆေးပညာရှင် ဖြစ်ခဲ့ပြီး ဖြစ်သည်ဟု ပြောပြကာ အလယ်အလတ်အဆင့် ဆေးပညာရှင် ဖြစ်ရန် မဝေးတော့ဟု ဆို၏”

“ရှန့်ကွမ်းယွင်ဖေးဟာ ပျော်သွားပြီး သင့်ကို ဂိုဏ်း၏ ဂိုဏ်းသခင်ငယ်အဖြစ် လူအများ၏ ရှေ့တွင် ကြေငြာခဲ့သည်။ ရှန့်ကွမ်းမိသားစု၏ မိသားစု အမွေအနှစ် ကျင့်စဉ်ဖြစ်သည့် ဒေါသရေနဂါး အစစ်အမှန်အတတ်ကိုလည်း သင်ပေးမည်ဟု ပြော၏”

“သူက သင့်ကို တစ်လထွက်ခွာခွင့် ပေးကာ စီရင်စုမြို့တော်၌ မိသားစုနှင့် မိတ်ဆွေများနှင့် တွေ့ဆုံရန် ခွင့်ပြုခဲ့သည်”

“သင်သည် လုယင်ရွှမ်းကို ကူညီကာ ယင်နှင့် ယန်ချီတို့ကို ညီမျှအောင် လုပ်ပေးခဲ့ပြန်၏။ သူမဟာ ချီသုံးဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်တော့မှာပါ”

“တစ်လကြာပြီးနောက် ရှန့်ကွမ်းလီ၏ တည်ရှိမှုကို ကြောက်ရွံ့သဖြင့် သင်သည် ဒေါသရေနဂါးဂိုဏ်းသို့ ကိုယ့်ဘာသာ စတင်ကာ ပြန်သွားခဲ့သည်”

“ရှန့်ကွမ်းယွင်ဖေးဟာ များပြားလှသည့် အလယ်အလတ်အဆင့် ဆေးဖော်မြူလာများနှင့် ဆေးပင်များကို ရှာဖွေကာ သင့်ကို လေ့ကျင့်စေခဲ့သည်”

“အသက်၂၄နှစ်တွင် သင်သည် ရှန့်ကွမ်းယွင်ဖေးဟာ အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီဟု ပြောပြ၏”

“သူသည် သင့်ကို ဒေါသရေနဂါး အစစ်အမှန်အတတ်၏ ပထမအဆင့်အား နေရာမှာတင် သင်ပေးခဲ့သည်။ ထိုကျင့်စဉ်ဟာ စိတ်ဝိညာဉ်သားရဲ သိုင်းပညာတစ်ခု ဖြစ်ကြောင်းကို သင်နားလည်လိုက်၏”

“ဒေါသရေနဂါး သွေးကို သန့်စင်ပါက ရေနဂါးဒီဗိုင်းစွမ်းအားကို ဆက်ခံရန် အခွင့်အရေးတစ်ခု ရှိပြီး ရေနဂါးအသွင်ပင် ပြောင်းနိုင်စွမ်း ရှိလာနိုင်သည်”

“အသက်၂၅နှစ်တွင် သင်သည် နဂါးသွေးဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ သို့ရာတွင် ထိုအကြောင်းကို ထုတ်ဖော်ပြခြင်း မရှိပေ။ အဲ့ဒီအစား ဒေါသရေနဂါး အစစ်အမှန်အတတ်အား တိတ်တဆိတ် စတင်ကျင့်ကြံ၏”

“ထိုအချိန်၌ သင်၏ စွမ်းအင်များဟာ တစ်နေ့ထက်တစ်နေ့ လျော့ပါးလာကြောင်းကို နားလည်လိုက်ည်။ သင်၏ နားထင်များတွင် ဆံဖြူများ ပေါ်လာ၏”

“စိတ်ဝိညာဉ်လုယူခြင်း အတတ်အား ကျင့်ကြံခြင်းကြောင့် သက်တမ်းလျှော့သွားသည့် အန္တရာယ်ဟာ ပေါ်လာခဲ့သည်”

“အသက်၂၆နှစ်တွင် ရှန့်ကွမ်းယွင်ဖေးဟာ ဆက်လက်စောင့်စားနိုင်ခြင်း မရှိတော့ပဲ သင့်ကို အမှန်အတိုင်း ပြောလာခဲ့သည်”

“သူ၏ ဒဏ်ရာများဟာ ပြန်မကောင်းနိုင်အောင် ဖြစ်နေပြီး ဖြစ်၏။ နဂါးသွေးဆေးလုံးကို သောက်ကာ ရှန့်ကွမ်းလီ၏ နဂါးသွေးကို စုပ်ယူမှု မပြုပါက အချိန်အကြာကြီး ရှင်သန်နိုင်မည် မဟုတ်တော့ပေ။ ထိုအချိန်၌ သင်သည်လည်း အခြား ဒေါသရေနဂါး အဖွဲ့သားများ၏ သတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်၏”

“နှစ်ကုန်တွင် သင်သည် နဂါးသွေးဆေးလုံးကို မတော်တဆ သန့်စင်ခဲ့၏။ ရှန့်ကွမ်းယွင်ဖေးဟာ ပျော်သွားသည်။ တစ်ချိနတည်းတွင် သူဟာ ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းရှိ ရေနဂါးသွေးကို သင်နှင့်အတူ မျှပေးသည်”

“ဒေါသရေနဂါး အစစ်အမှန်အတတ်ဟာ ရေအမျိုးအစား ဒီဗိုင်းအတတ်တစ်ခု ဖြစ်သည်။ သို့ပေမယ့် ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းရှိ ရေနဂါးသွေးဟာ အလွန် ကြီးစိုးသည့် မိုးကြိုးနဂါး သွေးမျိုးဆက် ဖြစ်၏။ စွမ်းရည်နှစ်ခုဟာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ကြသည်”

“သင်သာ အလျှင်စလို နဂါးသွေးဆေးလုံးကို မသန့်စင်ပါက သွေးမျိုးဆက်နှင့် ကျင့်စဉ်တို့အကြား ပဋိပက္ခဖြစ်ကာ သေဆုံးမည်ဖြစ်သည်”

“ဤနည်းအားဖြင့် သင်သည် နဂါးသွေးဆေးလုံးများကို အားကုန် စတင်သန့်စင်၏။ သို့ပေမယ့် ဆေးလုံးအတွင်းတွင် နောက်ခံအစီအစဉ်တစ်ခုကို ထည့်ထားခဲ့သည်”

“အသက်၂၇နှစ်တွင် သင်၏ ဒေါသရေနဂါး အစစ်အမှန်အတတ်ဟာ ဒုတိယအဆင့်သို့ မြင့်တက်ခဲ့သည်။ သင်၏ သွေးချီဟာ ကြီးစွာ တိုးပွားလာပြီး စွမ်းအင်တို့ ပြန်လည်ပြည့်တင်းလာခဲ့သည်။ သင်သည် စစ်ဘုရင်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့၏”

“ရှန့်ကွမ်းယွင်ဖေး၏ ဒဏ်ရာများဟာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ၏ စစ်မှန်သည့် ရည်ရွယ်ချက်တို့ ပေါ်လာ၏။ သူသည် သွေးစိတ်ဝိညာဉ်မူ ဒီဗိုင်းအတတ်အား သိရှိထားပြီး သင်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးအဆီအနှစ် အားလုံးကို ဝါးမြိုရန် ပြင်ဆင်ထားသည်”

“သင်ကလည်း ပြင်ဆင်ပြီး ဖြစ်၏။ ချီငါးဆင့် စစ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သည့် လုယင်ရွှမ်းဟာ လာရောက်ကူညီခဲ့သည်”

“ကြီးမားသည့် တိုက်ပွဲအပြီးတွင် သင်သည် ကျင့်ကြံမှု စုပ်ယူခြင်းအတတ်ကို အသုံးပြုကာ ရှန့်ကွမ်းယွင်ဖေးအား ခြောက်သွေ့သည့်တိုင်အောင် စုပ်ယူလိုက်သည်။ သင်၏ ကျင့်ကြံမှုဟာ ထိုးတက်သွားပြီး ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ တက်လှမ်းသွား၏”

“သိုရာတွင် ဒေါသရေနဂါးသွေးကို သန့်စင်ရာ၌ စိတ်ဝိညာဉ်သားရဲ၏ မသေခင်က မကျေနပ်မှုတို့ သက်ရောက်ခြင်းကို ခံရသည်။ ကျင့်ကြံများ၏ ဆန့်ကျင်မှုနှင့် ပေါင်းကာ နေရာတွင် ချီဖောက်လွဲဖောက်ပြန် ဖြစ်ပြီး‌ ပေါက်ကွဲသေဆုံးခဲ့သည်”

“ရှန့်ကွမ်းယွင်ဖေးက ငါ့ကို ဒေါသရေနဂါးသွေးကို ပေးမှာလား”

ဟန်ကျောက်ဟာ မျက်မှောင်ကြုတ်သွာားသည်။

စိတ်ဝိညာဉ်လုယူခြင်း အတတ်ကြောင့် သူဟာ သူ၏ သွေးချီ အထွတ်အထိပ် အခြေအနေတွင် အဖိုးတန်ဆုံးသော လူ့သက်တမ်းကို ဆုံးရှုံးခဲ့ရသည်။

အစမ်းရှင်သန်ခြင်း အတွင်း၌ အသက်၂၅နှစ်တွင် ဆံဖြူကာ သွေးချီများ ဆုတ်ယုတ်လာခဲ့ရသည်။ သို့ရာတွင် တကယ့်ပြင်ပတွင်တော့ ထိုပြဿနာကို ဖြေရှင်းရန် လွယ်ကူပါသည်။ သူဟာ သက်ရှည်ကျမ်းကို စတုတ္ထအဆင့်သို့ ကောက်နုတ်လိုက်ရုံသာ ရှိ၏။

“၁။ ပါရမီကို ရရှိသည်(မရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိသည်”

“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”

“လက်ရှိကျန်ငွေ- ရွှေ၁၆၂၀လျန်”

“၂” “စွမ်းရည်မှတ်- ၃၂”

“ခွန်အားသန့်စင်ခြင်းအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုကို ရောက်ရင်(သို့) သက်ရှည်ကျမ်း အဆင့်ချိုးဖျက်ရင်.. ကုန်ကျမှုက တိုးလာမှာ.. အဲ့ဒီအခါ စွမ်းရည်မှတ်လည်း ဘယ်လောက်အထိ တိုးလာမလဲ မသိဘူး”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

သူ၏ အာရုံက သိုင်းပညာဇယားသို့ ကျရောက်သွား၏။

“စိတ်ဝိညာဉ်လုယူခြင်းအတတ်(ပထမအဆင့် ပြီးပြည့်စုံခြင်း ၅၅%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- စိတ်ဝိညာဉ်စုပ်ယူခြင်း အဆင့်၃)”

“စနစ်.. စိတ်ဝိညာဉ်လုယူခြင်း အတတ်ကို ၁၀၀%အထိ တင်မယ်”

ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။

“စွမ်းရည်မှတ်- ၃၂.. ၂၄”

“စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအတတ်(ပထမအဆင့် ပြီးပြည့်စုံမှု ၁၀၀%၊ ကောက်နုတ်နိုင်။ အထူးသက်ရောက်မှု- စိတ်ဝိညာဉ်စုပ်ယူခြင်း အဆင့်၄)”

စိတ်ဝိညာဉ်လုယူခြင်း အတတ်၏ နုတ်ယူနိုင်သည်ဟူသည့် အချက်ပေးချက်ကို ကြည့်ကာ ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားသည်။

ကောက်နုတ်ယူရန်မှာ စွမ်းရည်မှတ် များစွာတို့ကို လိုအပ်မှာပါ။ ထိုအတွက် လိုအပ်ခြင်း မရှိပေ။ အကောင်းဆုံးမှာ ကျင့်စဉ်၏ ဒုတိယအဆင့်အား လုယင်ရွှမ်းဆီမှ တောင်းတာ ကောင်း၏။

ရှစ်လအတွင်းတွင် သူဟာ စိတ်ဝိညာဉ်လုယူခြင်း အတတ်၏ ပထမအဆင့်ကို ပြီးပြည့်စုံလုနီးပါးအထိ ကျင့်ကြံခဲ့၏။

ထို့နောက် စွမ်းရည်မှတ်များ၏ အကူအညီနှင့် ဒုတိယအဆင့်သို့ ချိုးဖျက်တော့လေမည်။ ဤသည်မှာ လုယင်ရွှမ်းအနေနှင့် သူ့ကို ပါရမီရှင်တစ်ယောက်ကဲ့သို့ မဆက်ဆံရန် ခက်ခဲမှာပါ။

“ကြည့်ရတာ.. ငါ့ရဲ့ ပါရမီရှင်ဆိုတဲ့ ဂုဏ်သတင်းက အတည်ပြုပြီး ဖြစ်တော့မယ်”

ဟန်ကျောက်က ပြုံးကာ အရှေ့ဘက်တောင်ပံသို့ ထွက်ခဲ့ပြီး လုယင်ရွှမ်းကို သွားရှာ၏။

တစ်ချိန်တည်းတွင် အရှေ့ဘက်တောင်ပံရှိ သီးသန့်ခြံဝန်း တစ်ခုတွင်..

လုယင်ရွှမ်းဟာ အိပ်ယာပေါ်၌ တင်ပျဉ်ခွေထိုင်နေ၏။ သူမ၏ မျက်လုံးများကို မှိတ်ထားပြီး အတွင်းထဲရှိ ယင်နှင့်ယန်ချီ၏ ညီမျှမှုကို ကြည့်သည်။

“အလွန်ဆုံး နှစ်ဝက်ပဲ.. ငါဆက်ပြီး စောင့်နေလို့ မရတော့ဘူး..”

သူမဟာ ညင်သာစွာ ရေရွတ်၏။

ဒီအတောအတွင်းတွင် ယင်ယန်ပြောင်းလဲမှု ကြိမ်နှုန်းဟာ တိုးပွားလာခဲ့သည်။ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့သာ မချိုးဖျက်ပါက သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ယန်ချီကို ဖိနှိပ်နိုင်မည် မဟုတ်ပေ။

သို့ရာတွင် ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်သည်နှင့် သူမအတွက် ခန္ဓာကိုယ်ရှိ ယင်နှင့် ယန်ချီတို့ကို ထိန်းချုပ်ရန်မှာ ပိုမိုကာပင် ခက်ခဲလာမှာပါ။

သာမန်လူများအတွက်မူ စစ်ဘုရင်အဆင့်သို့ ချိုးဖျက်ခြင်းဟာ အလွန်ခက်ခဲနေပြီး ဖြစ်၏။ နိမ့်ပါးသည့် ပါရမီနှင့် စစ်ဘုရင်အဆင့်သို့ ရောက်ရှိနိုင်သည့် သိုင်းသမားများကြီး မရှိပေ။

ထိုသို့ဆိုလျှင်တောင် စစ်ဘုရင် အများစုတို့ဟာ ချီတစ်ဆင့် စစ်ဘုရင်အဆင့်၌ ရပ်တန့်သွားတတ်ကြသည်။ သူတို့ဟာ ချီတစ်ဆင့်မှ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ ကျင့်ကြံရန် လိုအပ်သည်။

လုယင်ရွှမ်းမှာတော့ အလွန်လျှင်မြန်စွာ အဆင့်ချိုးဖျက်မည်အား စိုးရိမ်နေရ၏။ ဤသည်မှာ အရင်တုန်းက ခွန်အားကို ဖုံးကွယ်ထားရသည့် ဟန်ကျောက်ကဲ့သို့ ဖြစ်သည်။

All Chapters