အခန်း (၁၈၆)
Vol. 13 Ch. 186
“ရှပ်၊ ရှပ်…”
မြန်ဆန်သည့် ခြေလှမ်းသံများ ပေါ်လာ၏။
“ခရက်”
တံခါးဟာ တွန်းဖွင့်ခြင်းကို ခံလိုက်ရသည်။ လုယင်ရွှမ်းဟာ မျက်လုံးများကိုပင် ဖွင့်ခြင်းမရှိပဲ မည်သူဖြစ်သည်ကို သိလိုက်၏။
“စီနီယာအစ်မ”
“ဂျူနီယာမောင်လေး.. စိတ်ဝိညာဉ် လုယူခြင်းအတတ်ကို ကျင့်တာ ပြဿနာတစ်ခုခု ကြုံလို့လား”
လုယင်ရွှမ်းက ပြုံးသည်။
ဟန်ကျောက်ဟာ အစပိုင်းတွင် သူမကို ညွှန်ကြားမှုအချို့ မေးမြန်းသည်မှ လွဲ၍ ကျန်ရှိသည့် အချိန်များတွင် တစ်ယောက်တည်းသာ ကျင့်ကြံပါသည်။ လုယင်ရွှမ်း၏ အမြင်တွင် သူဟာ ကျင့်ကြံစဉ်အတွင်းတွင် အခက်အခဲတစ်ခုခု ကြုံတွေ့၍ လာမေးတာ ဖြစ်ပေလိမ့်မည်။
သူမဟာ စိတ်ဝိညာဉ်လုယူခြင်း အတတ်ကို မသိပေမယ့် ကောင်းကင်ဖင်း နတ်ဆိုးအတတ်ဟာ သူမ၏ အဓိကကျင့်စဉ် ဖြစ်သဖြင့် အတွင်းထဲရှိ လျှို့ဝှက်အတတ်အချို့၏ ကျင့်ကြံခြင်း သဘောတရားများကို အလွန်ရှင်းလင်းပါသည်။
“စီနီယာအစ်မ.. ကျွန်တော်.. စိတ်ဝိညာဉ်လုယူခြင်း အတတ်ကို ပထမအဆင့်ရဲ့ ပြီးပြည့်စုံခင်းအထိ ကျင့်ကြံပြီးပါပြီ။ အဆင့်ချိုးဖျက်တော့မယ်လို့လည်း ခံစားရတယ်။ ဒါ့ကြောင့် ဒုတိယအဆင့်ကို တစ်ခါတည်း ချိုးဖျက်ချင်လို့ပါ”
ဟန်ကျောက်က လေးနက်စွာ ပြောသည်။
“နင်က ဒုတိယအဆင့်ကို သင်ချင်လို့လား”
လုယင်ရွှမ်းဟာ နားကြားမှားသည်လားဟု သံသယဖြစ်သွာားသည်။ အိပ်ယာပေါ်မှ လျှောက်ဆင်းလာပြီး ဟန်ကျောက်ကို နှစ်ပတ်လောက် လှည့်ပတ်ကြည့်၏။
သူမ၏ နှုတ်ခမ်းဟာ ပွင့်ဟနေပါသည်။ သို့ပေမယ့် မည်သည်ကို ပြောရမည်မသိ ဖြစ်နေ၏။
“ဘာဖြစ်လို့လဲ”
ဟန်ကျောက်က သူမကို ကြည့်သည်။
“ဂျူနီယာမောင်လေး.. နင်ဝန်ခံလိုက်.. တကယ်တော့ နင်က ဒီဗိုင်းစွမ်းအား သိုင်းနတ်ဘုရားတစ်ယောက် ပြန်လည်မွေးဖွားလာတာမလား.. ဒါက ဒုတိယအကြိမ် ပြန်ပြီး ကျင့်ကြံမှုတွေ လုပ်တာမလား”
လုယင်ရွှမ်းက ရုတ်တရက် လေးနက်စွာ ပြောသည်။
“ဟုတ်ပါတယ်။ တကယ်တော့ ကျွန်တော်က ပြန်လည်မွေးဖွားလာတဲ့ အင်မော်တယ်တစ်ယောက်ပါ”
ဟန်ကျောက်က မျက်စိမှိတ်သည်။
ထိုစကားကို ကြားရပြီးနောက် လုယင်ရွှမ်းဟာ စနောက်မှုကို ရပ်တန့်ပြီး အိပ်ယာကို ညွှန်ပြသည်။
“အိပ်ယာဆီကိုလာခဲ့.. ငါနင့်ကို ဒုတိယအဆင့် သင်ပေးမယ်”
“ကောင်းပါပြီ”
ဟန်ကျောက်က ဖိနပ်များကို ချွတ်ကာ အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်သည်။
သူ၏ တည့်တိုးဆန်လှသည့် လုပ်ဆောင်ချက်ကို ကြည့်ကာ လုယင်ရွှမ်းဟာ ခဏတာ မှင်သက်သွား၏။
ထို့နောက် သူ၏ ဆန့်ကျင်ဘက်တွင် တင်ပျဉ်ခွေကာ ထိုင်ပြီး သူမ၏လက်ကို သူ၏ ဒန်နျန်ဆီသို့ ပို့လိုက်သည်။
“ကောင်းကင်နတ်ဆိုး အစစ်အမှန်ချီရဲ့ လှည့်ပတ်ပုံကို မှတ်သားထား.. ပြီးရင် ဒုတိယအဆင့်ရဲ့ စာသားတွေကို ငါရွတ်ပြမယ်”
“ဟုတ်ကဲ့”
ဟန်ကျောက်ဟာ မျက်လုံးများကို မှိတ်ကာ အတွင်းထဲသို့ ကြည့်လိုက်၏။ လုယင်ရွှမ်းဟာ ကောင်းကင်ဖင်းနတ်ဆိုး အတတ်ကို လှည့်လည်လိုက်ပြီး အနက်ရောင် အစစ်အမှန်ချီလုံး တစ်ခုဟာ သူမ၏လက်ဝါးဆီမှ ဟန်ကျောက်၏ ဒန်တျန်အတွင်းသို့ ဝင်ရောက်သွားသည်။
ထိုအချိန်၌ ဟန်ကျောက်၏ ဒန်တျန်အတွင်းရှိ ဗာဂျရာအစစ်အမှန်ချီဟာ မွေးရာပါ ရန်သူတစ်ယောက်ကို တွေ့ရသည့်အလား တုံ့ပြန်လာခဲ့သည်။
သို့ရာတွင် ဟန်ကျောက်၏ ထိန်းချုပ်မှုအောက်တွင် ဗာဂျရာအစစ်အမှန်ချီကာ လျှင်မြန်စွာဖြင့် သက်ရှည်အစစ်အမှန်ချီ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး ကောင်းကင်ဖင်း အစစ်အမှန်ချီနှင့် ထိပ်တိုက် တိုက်ခိုက်ခြင်း မပြုတော့ပေ။
လုယင်ရွှမ်းက သူ့ကို ပထမဆုံးအကြိမ် စိတ်ဝိညာဉ်လုယူခြင်း အတတ်အား သင်ကြားပေးစဉ်က ထိုကိစ္စကြောင့် သူခံလိုက်ရသေးသည်။
ခဏအကြာ၌ လယင်ရွှမ်းက လက်ကို ပြန်ရုတ်၏။
“ဒါက စာသားတွေပဲ.. မှတ်ထား…”
သုံးကြိမ်တိုင်အောင် ရွတ်ပြပြီးနောက် ဟန်ကျောက်ဟာ သူ၏ အစစ်အမှန်ချီကို အသုံးပြုကာ စိတ်ဝိညာဉ်လုယူခြင်းအတတ် ဒုတိယအဆင့်၏ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီ ဖြစ်သည်။
“စီနီယာအစ်မ.. ကျွန်တော်မှတ်မိပါပြီ။ ဒီမှာပဲ အဆင့်တက်လိုက်မယ်”
ဟန်ကျောက်က မျက်လုံးများကို မှိတ်ထားရင်းက တည်ငြိမ်စွာ ပြောသည်။
“ကောင်းပါပြီ။ ငါနင့်ကို ကာကွယ်ထားမယ်”
လုယင်ရွှမ်းက ပြန်ကြားကာ မတ်တပ်ထပြီး ခြံဝန်းအတွင်းသို့ လျှောက်ထွက်သွားသည်။
ထိုအချိန်၌ အစစ်အမှန်ချီအား အကြိမ်အနည်းငယ် လှည့်လည်ပြီနောက် ဟန်ကျောက်ဟာ စိတ်ထဲတွင် ရေရွတ်လိုက်သည်။
“စနစ်.. စိတ်ဝိညာဉ်လုယူခြင်းအတတ်ကို ဒုတိယအဆင့်ကို မြှင့်လိုက်”
“စွမ်းရည်မှတ်များ- ၂၄.. ၁၄”
“စိတ်ဝိညာဉ်လုယူခြင်းအတတ်(ဒုတိယအဆင့် စတင်ခြင်းအဆင့် ၂%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- စိတ်ဝိညာဉ်စုပ်ယူခြင်း အဆင့်၆၊ စိတ်ဝိညာဉ်လုယူခြင်း အဆင့်၁”
ထိုအချိန်၌ ခြံဝန်းထဲတွင် ရပ်နေသည့် လုယင်ရွှမ်းဟာ အံ့ဩသွားသည်။ အခန်းထဲမှ ရင်းနှီးသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာကြောင်းကို သူမခံစားရ၏။ သို့ပေမယ့် မည်သည့်အသံမှ ထွက်ရဲခြင်း မရှိပေ။
အဆင့်ချိုးဖျက်နေသည့် အရေးကြီးသည့် အချိန်အခါတွင် ဟန်ကျောက်အား အနှောင့်အယှက်ဖြစ်စေမှာ စိုးသောကြောင့် ဖြစ်၏။
ဤနည်းအားဖြင့် သူမဟာ နာရီဝက်လောက် စိုးရိမ်စွာ စောင့်စားပြီးမှ အခန်းဆီမှ ဟန်ကျောက်၏ အသံဟာ ထွက်ပေါ်လာခဲ့သည်။
“စီနီယာအစ်မ.. ဝင်လာခဲ့လေ”
လုယင်ရွှမ်းက တံခါးကိုတွန်းဖွင့်ကာ ဝင်သွားသည်။
“ဂျူနီယာမောင်လေး.. နင်အဆင်ပြေရဲ့လား”
ဟန်ကျောက်က ပြုံးကာ မည်သည်ကိုမှ မပြောပေ။ သူ၏ ညာဘက်လက်ကို ဆန့်ထုတ်ကာ လုယင်ရွှမ်းဆီသို့ ဖမ်းဆုပ်သည့် အသွင်အား လုပ်လိုက်၏။
“ဟန်”
လုယင်ရွှမ်းဟာ ဟန်ကျောက်၏ ခန္ဓာကိုယ်မှ စွမ်းအားကြီးမားသည့် စုပ်အားတစ်ခုကို ခံစားလိုက်ရဿည်။
“နင်အောင်မြင်သွားပြီလား”
သူမဟာ အစစ်အမှန်ချီကို အသုံးပြုကာ ခုခံမှု မပြုပေ။ သူမ၏ ခန္ဓာကိုယ်ဟာ ဟန်ကျောက်ဆီသို့ အလိုလို လျှောက်သွားပြီး နောက်ဆုံးတွင် သူ၏ရှေ့ အနည်းငယ်အကွာတွင် ရပ်တန့်သွားသည်။
ဤသည်မှာ ဟန်ကျောက်၏ ပထမဆုံးအကြိမ် လုယင်ရွှမ်းကို အလွန်နီးကပ်စွာ ကြည်ခဲ့ခြင်း ဖြစ်သည်။ သူမဟာ ဒီနေ့တွင် အစိမ်းရောင် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထား၏။ ခြေချောင်းများ၏ ကောက်ကြောင်းများဟာ လုံးဝန်းဟာ သွယ်လျသည်။ မည်သည့် ကွာဟချက်မှ မရှိပဲ အနည်းငယ် နီးကပ်နေ၏။
အထက်တွင် သူမ၏ လုံးဝင်းကာ တင့်တယ်သည့် တင်ပါးအစုံ ရှိ၏။ အနည်းငယ်လောက် လှည့်လိုက်သည်နှင့် သွယ်လျသည့် ခါးဟာ ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်း၏ အထက်တွင်တော့.. လက်လှမ်းမှီနိုင်ခြင်း မရှိသည့်…
“ဂျူနီယာမောင်လေး..”
လုယင်ရွှမ်း၏ အေးစက်စက် အသံက ထွက်ပေါ်လာ၏။
“ဘာဖြစ်လို့လဲ”
“နင်ဘာကို ကြည့်နေတာလဲ”
“ကျွန်တော်က ယန်ချီကို စုပ်ယူဖို့အတွက် အသင့်တော်ဆုံး နေရာကို ကြည့်နေတာပါ”
ဟန်ကျောက်က ခေါင်းကိုမော့ကာ လုယင်ရွှမ်း၏ အကြည့်ကို တည်ငြိမ်စွာ ပြန်ကြည့်၏။
“စိတဝိညာဉ်လုယူခြင်းအတတ်ကို ဒုတိယအဆင့်အထိ ကျင့်ကြံပြီးချိန်မှာ ယင်နဲ့ယန်ချီကို အဝေးကနေ လှမ်းပြီး စုပ်ယူလို့ရပြီ။ ငါ့ခန္ဓာကိုယ်ကို ထိဖို့ မလိုတော့ဘူး”
လုယင်ရွှမ်းက အသာပြုံးသည်။
ဟန်ကျောက်ဟာ သူမ၏ သန့်စင်မြင့်မြတ်ကာ လှပသည့် မျက်နှာကို ကြည့်ကာ မှင်သက်သွား၏။
“ဟန်”
“ကောင်းပါပြီ။ စကြရအောင်..”
နောက်ဆုံးအကြိမ် တစ်ချက်ကြည့်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေလိုက်၏။ ပိုမိုသန်မာလာရန် ကျင့်ကြံခြင်းသာလျှင် အဓိကလမ်းကြောင်း ဖြစ်သည်။ ကျန်သည်များဟာ လမ်းခွဲများသာ ဖြစ်၏။
သူဟာ လုံးဝ စိတ်ပျက်စွာ ခံစားရခြင်းမရှိပေ။
“ကောင်းပြီ”
လုယင်ရွှမ်းလည်း သူမကိုယ်သူမ တည်ငြိမ်စေပြီးနောက် စိတ်ထဲတွင် ဆက်တိုက် ရေရွတ်နေလေသည်။
“ဒါက ပါရမီရှင်ပဲ.. နင့်ကိုယ်နင် သူနဲ့ နှိုင်းယှဉ်စရာ မလိုဘူး”
ဟန်ကျောက်ဟာ စိတ်ဝိညာဉ်လုယူခြင်း အတတ်ကို လှည့်လတ်ကာ ပါးစပ်ကိုဖွင့်ပြီး စုပ်ယူ၏။ လုယင်ရွှမ်းဟာ လုံးဝ ပူးပေါင်းထားပြီး ခုခံခြင်း မရှိပေ။
မကြာခင် ဟန်ကျောက်ဟာ လုယင်ရွမ်း၏ ခန္ဓာကိုယ်မှ ရွှေရောင်ရေးတေးတေးနှင့် သန့်စင်သည့် ယန်ချီတစ်ခု မြင့်တက်လာကြောင်းကို ခံစားလိုက်ရသည်။ ပါးစပ်အတွင်းသို့ စုပ်ယူလိုက်၏။
“သန့်စင်သောယန်ချီကို ရရှိသည်။ ၎င်းကို အသုံးပြုကာ ဗာဂျရာအစစ်အမှန်ချီအား မြှင့်တင်ခြင်း(သို့) သက်ရှည်ကျမ်းအား ကောက်နုတ်ခြင်းတို့ ပြုလုပ်နိုင်သည်”
စနစ်၏ အချက်ပေးချက်ကို တွေ့ရပြီးနောက် ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ ချက်ချင်းပင် သက်ရှည်ကျမ်းကို လှည့်လည်ကာ ရရှိလာသည့် ယန်ချီများကို သန့်စင်သည်။
အမည်မသိ အချိန်တစ်ခု အပြီးတွင် လုယင်ရွှမ်းက ရုတ်တရက် အော်၏။
“ဂျူနီယာမောင်လေး.. ရပ်တော့.. စုပ်တာ ရပ်လိုက်တော့.. ငါမခံနိုင်တော့ဘူး”
ဟန်ကျောက်ဟာ သတိပြန်လည်လာခဲ့၏။ လုယင်ရွှမ်း၏ မျက်နှာဟာ အနည်းငယ် ဖြူရော်နေပါသည်။
“နင်.. ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ယန်စွမ်းအင် ဆယ်ပုံတစ်ပုံကို စုပ်ယူပြီးပြီ။ ခဏရပ်လိုက်မှ ရမယ်။ မဟုတ်ရင် ငါ့ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်တွေ ထကြွလာလိမ့်မယ်” လုယင်ရွမ်းက ရှင်းပြသည်။
“တောင်းပန်ပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ထိန်းမရ ဖြစ်သွားလို့”
ဟန်ကျောက်က နေရခက်စွာ ပြုံးသည်။ ထိုဖြစ်စဉ်ဟာ အလွန်ကျေနပ်ဖွယ် ကောင်းလှ၏။
“အခု.. အဆင့်ချိုးဖျက်ဖို့ အခွင့်အခါကို ရောက်လာပြီလို့ ငါခံစားရတယ်။ ဂျူနီယာမောင်လေး.. ကျေးဇူးပြုပြီး ငါ့ကို ကာကွယ်ပေးပါဦး”
လုယင်ရွှမ်းက လေးနက်စွာ ပြောပြီးနောက် တင်ပျဉ်ခွေထိုင်၏။
“ကောင်းပြီ”
ဟန်ကျောက်က ခေါင်းညှိတ်သည်။ တံခါးကို တင်းကြပ်စွာ ပိတ်ပြီးနောက် ခြံဝန်းဆီသို့ လျှောက်ဆင်းသွား၏။
“သက်ရှည်ကျမ်း(တတိယအဆင့် ပြီးပြည့်စုံခြင်း ၁၀၀%၊ ကောက်နုတ်နိုင် ၈၅%၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်၈၊ သန့်စင်သောယန် အဆင့်၃၊ ချီမျိုးစေ့ အဆင့်၁၊ သက်တမ်း ၂၀၀နှစ်)”
သက်ရှည်ကျမ်း၏ အချက်အလက်များကို ကြည့်ကာ ဟန်ကျောက်ဟာ စိတ်ထဲတွင် ရေရွတ်သည်။
“စနစ်.. သက်ရှည်ကျမ်းကို မြှင့်တင်မယ်”
“စွမ်းရည်မှတ်- ၁၄.. ၀”
သက်ရှည်ကျမ်း(စတုတ္ထအဆင့် စတင်ခြင်း ၄၅%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၁၀၊ သန့်စင်သောယန် အဆင့်၅၊ ချီမျိုးစေ့ အဆင့်၃၊ သက်တမ်း ၃၀၀နှစ်)