အခန်း (၁၈၈)
Vol. 13 Ch. 188
ပြီးခဲ့တုန်းက အစမ်းရှင်သန်မှု အတွင်းတွင် သူဟာလည်း ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း စစ်ဘုရင်အဆင့်သို့ ကျင့်ကြံခဲ့၏။
သို့ပေမယ့် မှတ်ဉာဏ်များကို သူရရှိခဲ့သည့် အကြိမ်အနည်းငယ်ဟာ ကျင့်ကြံသည့် သိုင်းပညာများနှင့်သာ သက်ဆိုင်နေပါသည်။
သူ၏ စိတ်ခွန်အားဟာ မှတ်ဉာဏ်များ၏ တစ်စိတ်တစ်ပိုင်းကိုသာ လက်ခံနိုင်ရန် ထောက်ပံ့ပေးနိုင်၏။ အရာအားလုံးကို ရရှိရန် ဖြစ်နိုင်ခြင်းမရှိပါ။
ထို့အပြင် ထိုအကြိမ် နည်းငယ်တို့တွင် သူဟာ သက်ရှည်ဂိုဏ်းသို့ ရာထူးမြင့်မားစွာဖြင့် ဝင်ရောက်ခြင်း(သို့) ကျီမိသားစုသို့ ဝင်ရောက်ကာ ကျီပိုင်ဝေနှင့် နေထိုင်ခြင်းတို့ကိုသာ လုပ်ဆောင်ခဲ့သည်။ အရင်းအမြစ်အတွက် စိုးရိမ်စရာ မလိုပါ။
ယခုတော့ ခြားနားသွားပါပြီ။
“အဲ့အကြောင်းကို နင်မမေးရင်တောင် ငါက နင်ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုကို ရောက်ပြီးရင် ပြောပြမလို့..”
လုယင်ရွှမ်းက ဆို၏။
“ဒြပ်စင်ငါးခုချီအတွက် အရင်းအမြစ်တွေက အများကြီးရှိတယ်။ အဲ့ဒါတွေကို ကိုယ်တွင်းအင်္ဂါတွေနဲ့ ပေါင်းစပ်ဖို့လည်း နည်းလမ်းအများကြီး ရှိတယ်။ ဒါပေမယ့် အားလုံးက အတူတူပါပဲ”
“အဓိက နည်းလမ်းကို ပြောရရင် နှစ်ခုရှိတယ်။ တစ်ခုက ဒြပ်စင်ငါးမျိုး ပါဝင်တဲ့ ဆေးပင်တွေ(သို့) ဆေးလုံးအဖြစ် သန့်စင်ထားပြီးသားတွေကို စားဖို့ပဲ”
“ဒုတိယနည်းလမ်းက ဒြပ်စင်ငါးမျိုး ဒီဗိုင်းသဲထဲမှာ ပါဝင်တဲ့ ဒြပ်စင်ငါးမျိုးချီတွေကို စုပ်ယူဖို့ပဲ”
“ဒြပ်စင်ငါးမျိုး ဒီဗိုင်းသဲ”
ဤသည်မှာ ဟန်ကျောက်၏ ပထမဆုံးအကြိမ် ထိုအမည်ကို ကြားဖူးခြင်း ဖြစ်သည်။
“ဒြပ်စင်ငါးမျိုး ဒီဗိုင်းသဲက ဒြပ်စင်ငါးမျိုးရဲ့ စွမ်းအင်တွေ ပါဝင်တဲ့ အထူးလက်နက်သန့်စင်ခြင်း ကုန်ကြမ်းတစ်ခုပဲ။ စစ်ဘုရင်အဆင့်တွေ ကိုယ်တွင်းအင်္ဂါသန့်စင်ဖို့ သုံးလို့လည်း ရတယ်”
“အဲ့ပစ္စည်းက အများအားဖြင့် နက်ရှိုင်းတဲ့ ပင်လယ်တွေ၊ မြစ်တွေရဲ့ အောက်ခြေမှာ ရှိတတ်တယ်။ ရယူဖို့ မလွယ်ဘူး”
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက သိုင်းပညာတွေ ထွန်းကားတဲ့ခေတ်မှာ ချင်အင်ပါယာနဲ့ ကောင်းကင်သူတော်စင် ဂိုဏ်းတွေက များပြားလှတဲ့ သဲစုဆောင်းသူတွေကို ပျိုးထောင်ခဲ့ကြတယ်”
“အဲ့လူတွေက မြစ်တွေ၊ ကန်တွေနဲ့ ပင်လယ်တွေမှာ နေ့နေ့ညည ဒြပ်စင်ငါးမျိုး ဒီဗိုင်းသဲကို စုဆောင်းပြီး စစ်ဘုရင်ဆင့် ကျွမ်းကျင်သူတွေကို ကျင့်ကြံလို့ရစေတယ်”
“အဆင့်မြင့်အဆင့် ဒြပ်စင်ငါးမျိုး ဒီဗိုင်းသဲတွေကလည်း သိုင်းသူတော်စင်တွေ ဒြပ်စင်ငါးမျိုး ဖင်းချီကို စုစည်းရာမျာ အသုံးဝင်တယ်”
“အုပ်စိုးသူမိသားစုတွေက ဒီဗိုင်းလက်နက် သွေးစတေးမှုကို ပြုလုပ်ပြီး ပြည်သူပြည်သားတွေ အများအပြားကို သတ်ဖြတ်တာက သဲစုဆောင်းသူတွေရဲ့ အရေအတွက်ကို အောက်ခြေကနေစပြီး သိသိသာသာ လျော့ဆင်းသွားစေတယ်။ အဲ့ဒါကလည်း စစ်ပွဲဖြစ်ပေါ်ရခြင်းရဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပဲ”
လုယင်ရွှမ်းက ရှင်းပြသည်။
“ကျွန်တော်သိပြီ”
ဟန်ကျောက်ဟာ အတွေးနက်သွား၏။
“အခု ကိုယ်တွင်းအင်္ဂါသန့်စင်ဖို့အတွက် ငါအသုံးပြုတဲ့ ဒြပ်စင်ငါးမျိုး ဒီဗိုင်းသဲကို ဆရာ့ဆီက ရတာ”
လုယင်ရွှမ်းက ဆက်လက်ပြောသည်။
“ဂျူနီယာမောင်လေး.. ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ အစစ်အမှန် သိုင်းအဆင့် အကြောင်းကို နင်နဲ့ ဆရာပဲ သိကြတယ်”
“စိတ်မပူပါနဲ့ စီနီယာအစ်မ။ ကျွန်တော်က လုံးဝ နှုတ်လုံပါတယ်”
ဟန်ကျောက်က လေးနက်စွာ ပြောသည်။
“နောင်မှာ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အဆင့်ကို ချိုးဖျက်ပြီးရင် ကျင့်ကံဖို့ အရင်းအမြစ်တွေကို လိုချင်တဲ့အခါ ဆေးပညာနဲ့ လဲလှဲမှုပြုတာ(သို့) အဖွဲ့အစည်းကြီးတစ်ခုထဲကို ဝင်တာလဲ လုပ်နိုင်မယ်”
လုယင်ရွှမ်းက တွေးဆသည်။
“စစ်ဘုရင်တွေကို ထောက်ပံ့ပေးနိုင်တဲ့ စွမ်းရည်ရှိတဲ့ အဖွဲ့အစည်းတွေ နိုင်ငံထဲမှာ အများကြီးမရှိဘူး”
သိုင်းအကယ်ဒမီ၏ ခေါင်းဆောင် ရှိသည့် ချင်မိသားစု၊ စံအိမ်သခင်ရှိသည့် ဟယ်မိသားစု၊ ဒေါသရေနဂါးဂိုဏ်း၏ ရှန့်ကွမ်းမိသားစုနှင့် နောက်ဆုံး.. တိမ်စီရင်စု၏ အုပ်စိုးသူမိသားစုများထဲမှ တစ်ခုဖြစ်သည့် ကျိန်မိသားစုတို့သာ ရှိသည်။
အားလုံးဟာ သိုင်းသူတော်စင်များ ရှိသည့် ထိပ်တန်းအဖွဲ့အစည်းများ ဖြစ်ကြ၏။ တစ်ခုချင်းစီတိုင်းဟာ စစ်ဘုရင်အဆင့် ကျွမ်းကျင်သူ များစွာတို့ကို ထောက်ပံ့ရန် စွမ်းရည်ရှိကြသည်။
သို့ရာတွင် ကျိန်မိသားစုဟာ သန့်စင်သည့် ဒီဗိုင်းလက်နက်မိသားစုတစ်ခု ဖြစ်၏။ သူတို့ဟာ အမြဲတမ်း နှိမ့်ချစွာ နေပြီး သိုင်းသမားအများစုတို့ဟာ ကျိန်မိသားစုကို ရွေးချယ်ခြင်း မပြုကြပေ။
အဓိကအဖွဲ့အစည်းကြီး သုံးခုအတွင်းတွင် နံပါတ်တစ် ရွေးချယ်မှာ ဟယ်မိသားစု ဖြစ်သည်။
ထို့နောက် ဒေါသရေနဂါးဂိုဏ်း လိုက်၏။ ဒေါသရေနဂါးဂိုဏ်းဟာ နဂါးတောမြစ်၏ တစ်ဖက်တစ်ချက်ရှိ မြို့များစွာတို့တွင် လွှမ်းခြုံနိုင်သည့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာခြင်းမှာ ရှန်းကွမ်းမိသားစုက မျိုးဆက်တိုင်းတွင် သိုင်းသူတော်စင်တစ်ယောက်ကို မွေးထုတ်နိုင်ခြင်းအပြင် ၎င်းတွင် နက်ရှိုင်းသည့် မြစ်အတွင်းသို့ ဝင်ရောက်ကာ ဒြပ်စင်ငါးမျိုး ဒီဗိုင်းသဲများကို စုစည်းနိုင်သည့် စွမ်းရည်လည်း ရှိသောကြောင့် ဖြစ်၏။
“ဒေါသရေနဂါးဂိုဏ်းက နှစ်စဉ်နှစ်တိုင်း ဒြပ်စင်ငါးပါး ဒီဗိုင်းသဲ တစ်ဝက်ကို ထုတ်ရောင်းပေးတယ်။ ဒါ့ကြောင့် အခြားအဖွဲ့အစည်းတွေက သူတို့နဲ့ ရန်သူမဖြစ်ချင်ကြဘူး”
“ကျွန်တော် နားလည်ပါပြီ”
ဟန်ကျောက်က ခေါင်းညှိတ်သည်။ ထိုသို့ဆိုပါက သူဟာ ဒေါသရေနဂါးဂိုဏ်းကို ထိန်းချုပ်နိုင်ပါသည်။
ထိုသို့ဆိုပါက နောင်တွင် ဖင်းစုဆောင်းခြင်း အဆင့်အတွက် အရင်းအမြစ်များကိုပါ ပိုင်ဆိုင်လာနိုင်မည် မဟုတ်ပါလား။
“အဖွဲ့အစည်းကြီး လေးခုရဲ့အောက်မှာ.. ချီလေးဆင့်နဲ့ ချီငါးဆင့် စစ်ဘုရင်တွေနဲ့ ပထမတန်းစား မိသားစုတွေ ရှိတယ်။ သူတို့မှာလည်း ဒြပ်စင်ငါးပါး ဒီဗိုင်းသဲနဲ့ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း ဆေးပင်တွေ ရနိုင်မယ့် လမ်းကြောင်းတွေ ရှိကြတယ်”
“ဆရာမရှိတဲ့ ကျန်းမိသားစု၊ အစစ်အမှန်အား ခြံဝန်းရဲ့ ခြံဝန်းသခင် ရှိတဲ့ လျှိုမိသားစု၊ ယန်ပိုင်ချွမ်ရှိတဲ့ ယန်မိသားစုနဲ့ ဝူမိသားစုတွေပဲ”
“ပြီးတော့ ငါနဲ့ သွေးကြွေးရှိတဲ့ ယန်(ယန်ပိုင်ချွမ်၏ မိသားစုမဟုတ်) မိသားစုရောပဲ”
အဆုံးသတ်တွင် လုယင်ရွမ်း၏ မျက်နှာဟာ ရေခဲကဲ့သို့ အေးစက်သွား၏။ သူမဟာ ကိုယ့်ကိုယ်ကိုယ် အချိန်ယူကာ တည်ငြိမ်စေပြီးမှ ဆက်လက်ပြောသည်။
“နင့်ရဲ့ ပါရမီနဲ့ ဆေးပညာနဲ့ဆို.. နောင်မှာ ချင်မိသားစုပဲဖြစ်၊ ဟယ်မိသားစုပဲဖြစ်ဖြစ် ဝင်ရောက်တဲ့အခါ ခံစားခွင့်က ဆိုးမှာမဟုတ်ဘူး”
“တကယ်တော့ ဒေါသရေနဂါးဂိုဏ်းကလည်း အရမ်းကိုကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲ။ ဒါပေမယ့် နင့်ရဲ့ ကိုယ်ပွားက ဒေါသရေနဂါးဂိုဏ်းရဲ့ လက်ထောက်ခေါင်းဆောင်ကို သတ်ခဲ့တယ်။ အဲ့ကိစ္စ ပေါ်သွားမှာကို ရှောင်ရှားဖို့ သူတို့ကို မရွေးတာတော့ ပိုကောင်းတယ်”
“အဲ့ဒီအပြင် နင့်ရဲ့ ဗာဂျရာအတတ်က ကျီမိသားစုကနေ လာတာ။ ဆိုလိုတာက နင့်ကို ကျင့်စဉ်ပေးလိုက်တဲ့လူက အနည်းဆုံးတော့ မိသားစုမှာ အလယ်အလတ်ရဲ့ အထက်ပိုင်းအဆင့်လောက် ရှိလိမ့်မယ်။ ကျီမသားစုကို ဝင်ရောက်တာကလည်း မဆိုးဘူး”
“ကျွန်တော့ရဲ့ သံသယတွေကို ရှင်းလင်းပေးတဲ့အတွက် ကျေးးဇူးတင်ပါတယ် စီနီယာအစ်မ။ ကျွန်တော်က ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုကိုတောင် မရောက်သေးတော့.. ဒီအချိန်အတွင်းတော့ အလျှင်မလိုသေးပါဘူး”
ဟန်ကျောက်က ပြုံးသည်။
အစမ်းရှင်သန်မှု အတွင်းတွင် ကျီမိသားစုဟာ ကောင်းမွန်သည့် ရွေးချယ်မှုဖြစ်၏။
သို့ပေမယ့် တကယ့်ပြင်ပတွင်တော့..
မိန်းမများအကြား ပြဿနာဟာ ကြောက်ဖို့ကောင်းလှသည်။ ပြောရလျှင် တကယ့်ပြင်ပတွင် သူနှစ်သက်သည့် တစ်ဦးတည်းသော မိန်းကလေးမှာ ရှလင်သာဖြစ်သည်။
လုယင်ရွှမ်းအပေါ် သူ၏ အကောင်းမြင်မှုဟာလည်း အလွန်မြင့်မား၏။ အကြောင်းမှာ အစမ်းရှင်သန်မှု အတွင်းရှိ အဖြစ်အပျက်များကြောင့်လည်း ပါ၏။ သူမဟာ သူ့အပေါ် အရမ်းကောင်းပြီး နဂါးဟိန်းသံ ခန္ဓာအား ပိုင်ဆိုင်ထားကြောင့်လည်း ပါ၏။
ခန္ဓာကိုယ်အချိုးအစားနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့လိုမှုတို့ပါ ထည့်သွင်းတွက်ချက်ပါက တော်တော်များမှာပါ။
သို့ပေမယ့် ဒီအဆင့်တွင် သူ၏ အကြီးမားဆုံးသော စိတ်ဆန္ဒမှာ ပိုမိုသန်မာလာပြီး အသက်ရှင်ကျန်ရေး ဖြစ်သည်။ ကျန်သည်များမှ နောက်မှသာ လိုက်သည့် စိတ်ဆန္ဒများ ဖြစ်ကြ၏။
အချိန်အများစုတို့တွင် လူတစ်ယောက်၏ စိတ်ဆန္ဒကို အရမ်းကြီး ထိန်းချုပ်နေစရာ မလိုပါ။ ပိုမိုကြီးမားသည့် ပန်းတိုင်တစ်ခုသာ ရှိထားရန် လို၏။
“အဲ့ဒါတော့ ဟုတ်တယ်”
လုယင်ရွှမ်းက တုံ့ပြန်လာ၏။ ဟန်ကျောက်ဟာ သူမကို အကြိမ်ကြိမ် အံ့ဩမှုများ ပေးခဲ့၏။ သူမဟာ သူ့ကို အဆင့်တူသည့် ကျွမ်းကျင်သူတစ်ယောက်အဖြစ် အလိုလို သတ်မှတ်ပြီး ဖြစ်သည်။ ဂျူနီယာတစ်ယောက်အဖြစ်သာ မဟုတ်တော့ပေ။
သူ၏ ခွန်အားသန့်စင်ခြင်း အဆင့်၌သာ ရှိသေးပြီး ခွန်အားသန့်စင်ခြင်း အဆင့်၏ အကြီးစား ကျွမ်းကျင်မှုသို့ မရောက်ရှိသေးမှုကိုပင် တိတ်တဆိတ် လစ်လျှူရှုမိသွားသည်။
ပြောရလျှင် ဒီဂျူနီယာမောင်လေးဟာ အမှန်တကယ်ကို ပုံမှန်မဆန်လှပေ။ သူဟာ ကိုယ်ပွားကို အသုံးပြုပြီးပင် ချီတစ်ဆင့် စစ်ဘုရင်အား သတဖြတ်နိုင်ပြီး ကောင်းကင်သူတော်စင် ဂိုဏ်း၏ မဖျက်ဆီးနိုင်သည့် ဗာဂျရာဒီဗိုင်းအတတ်ကိုပင် တတ်မြောက်ထားသေးသည်။
လုယင်ရွှမ်းဟာ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ ဒီကောင်ဟာ သူမထက်ပင် လျှို့ဝှက်ချက် များသေး၏။
သူမ၏ အမြင်တွင် ချန်လော့ဟိုင်ကို သတ်ဖြတ်ရန် သူမအနေနှင့် လှုပ်ရှားမှုအနည်းငယ်သာ ပြုရန် လိုအပ်ပေမယ့် ဟန်ကျောက်ဟာ ခွန်အားသန့်စင်ခြင်း အဆင့်၌သာ ရှိပါသည်။
နှစ်ယောက်စလုံးဟာ ထိပ်တန်းအဆင့် ကျင့်စဉ်များကို ကျင့်ကြံကြပေမယ့် ကောင်းကင်ဖင်းနတ်ဆိုး အတတ်ဟာ ကောင်းကင်သူတော်စင်ဂိုဏ်း၏ ဒီဗိုင်းအတတ်ထက် နိမ့်ကျနေပါသေးသည်။
“စီနီယာအစ်မ.. ကျွန်တော် နော်နှစ်ရက်အတွင်းမှာ ကျောက်နက်မြို့ကို သွားဖို့ စီစဉ်ထားတယ်။ ဆရာနဲ့ အခြားလူတွေကိုလည်း ဒီကို ရွှေ့ပြောင်းဖို့ ခေါ်လာချင်တယ်”
ဟန်ကျောက်က စကားပြောင်းကာ ပြော၏။
Thawda: