← Chapters

အခန်း (၁၈၉)

Vol. 13 Ch. 189

အခန်း (၁၈၉)

Vol. 13 Ch. 189

အစမ်းရှင်သန်မှုတွင် ရှလင်နှင့် လုယီတို့ဟာ လာမည့် လဝက်အတွင်းလောက်တွင် ဒဏ်ရာရမည် ဖြစ်၏။ ထို့ကြောင့် သူဟာ ကြိုတင်ပြီး သူတို့ကို ပြောင်းရွှေ့လိုပါသည်။

သူဟာ စီရင်စုမြို့တော်သို့ရောက်ရှိတာ ၂နှစ်ပင်မပြည့်သေးပေ။ သို့ပေမယ့် ရှလင်ဟာ အတွင်းအားကိုဖမ်းဆုပ်နိုင်ခဲ့ပြီးဖြစ်၏။ သူမကိုစီရင်စုမြို့တော်သို့ခေါ်လာပါက ပိုမိုကောင်းမွန်သည့်ဖွံ့ဖြိုးမှုကိုရရှိနိုင်ပြီး သူကလည်းအနီးအနားတွင်စောင့်ရှောက်နိုင်မည်ဖြစ်သည်။

လုယီနှင့် ကျောက်ယွမ်ထုဟာလည်း တူညီစွာဖြစ်၏။

ပြောရလျှင်သူဟာ သူ၏လွမ်ဖီးနစ်ပေါင်းစပ်ခြင်းအတတ်ကို မကျင့်ကြံရတာ ကြာပါပြီ။ သံချေးတက်နေပြီးလားဟုပင် ထင်မိ၏။

"ငါ့မှာလုပ်စရာရှိသေးလို့ ဒီအချိန်အတွင်း ထွက်လို့မရဘူး။ ဒီကိစ္စကိုနင့်ကိုပဲအလုပ်ပေးရတော့မယ်.."

လုယွမ်ရွှမ်းက စဉ်းစားသည်။ အရင်တုန်းကသူမဟာ အိမ်သို့မပြန်ခဲ့သလို ဖခင်ဖြစ်သူကိုလည်း စီရင်စုမြို့တော်သို့ ခေါ်ခြင်း မရှိခဲ့ပါ။

အဘယ်ကြောင့်ဆိုသော် သူမဟာယုံကြည်ချက်မရှိဘဲ ပြီးလျှင် လုယီကို ပါဝင်ပတ်သက်စေမိမှာ ‌ေကြာက်သောကြောင့် ဖြစ်၏။

ယခုအချိန်၌ သူမဟာ ယင်နှင့်ယန်၏အန္တရာယ်မှ ယာယီလွတ်မြောက်သွားပြီဖြစ်ကာ အနည်းဆုံး နောက်ထပ်၃နှစ်လောက် တည်ငြိမ်စွာ ကျင့်ကြံနိုင်ပါသည်။

သူမ၏ ကျင့်ကြံမှုအမြန်နှုန်းနှင့် ၂နှစ်အတွင်းတွင် ချီသံုးဆင့် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မှာ ဖြစ်သည်။ ထိုအချိန်၌ ပြည့်ပြည့်စုံစုံသာ ပြင်ဆင်ထားပါက ယန်ရှယ်မကောင်းဆိုးဝါးကြီးကို ရင်ဆိုင်ရာ၌ ယုံကြည်ချက်မရှိတာ မဟုတ်တော့ပေ။

ထို့နောက် သူမဟာ ဟန်ကျောက်၏ စိတ်ဝိဉာဉ်လုယူခြင်းအတတ်ကို အသုံးပြုကာ ယင်နှင့်ယန်ချီကို ဆက်လက်တည်ငြိမ်အောင် ပြုလုပ်လို့ ရပါသည်။

တစ်နည်းအားဖြင့် သူမတွင်အနည်းဆုံး ၆နှစ်လောက် အချိန်ကျန်၏။ နောင်တွင် ယန်ရှယ်၏ လက်ထဲတွင်ဖြစ်လျှင်တောင် ဟန်ကျောက်ဟာ လုယီကိုစောင့်ရှောက်နိုင်၏။ ထို့ကြောင့် ယခုအချိန်၌လုယီကို ဒီကိုခေါ်လို့ရပါပြီ။

"ကျွန်တော်တာဝန်ထားလိုက်.."

ဟန်ကျောက်က ပြော၏။

"ကျွန်တော် တစ်ခုတည်းသော မျှော်လင့်တာက စီနီယာအစ်မ တိုက်ခိုက်တော့မယ်ဆိုရင် ကျွန်တော်ကို ကြိုတင်ပြီးအသိပေးပါ့မယ်လို့ ကျွန်တော့်ကို ကတိပေးဖို့ပဲ.."

ထိုစကားကို ကြားရပြီးနောက် လုယင်ရွှမ်းက ဟန်ကျောက်ကို လောင်ကျွမ်းနေသည့်မျက်လုံးများဖြင့်ကြည့်သည်။

"ကောင်းပြီ.."

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် သူမဟာ ခေါင်းငြိမ့်၏။

မည်သည်ကိုမှတော့ ဆက်လက် မပြောတော့ပေ။ စကားလုံးများနှင့် နှိုင်းယှဉ်ပါက သူမဟာ ကျေးဇူးတရားကို လက်တွေ့လုပ်ဆောင်ချက်များနှင့် ဖော်ပြမှုကိုသာ ပိုမိုလုပ်ဆောင်လေ့ရှိသည်။

"စီနီယာအစ်မက အခုမှအဆင့်တက်ထားတာ တည်နေအောင်လုပ်ဖို့လိုသေးတယ်။ ကျွန်တော် အခန်းကိုပြန်ပြီးပစ္စည်းတွေ သွားထုတ်လိုက်ဦးမယ်။ ဆက်ပြီးတော့မနှောင့်ယှက်တော့ဘူး.."

ဟန်ကျောက်က လက်သီးနှစ်ဖက်ကိုမိုးကာ ဦးညွတ်သည်။

သူက မည်သည့်ကိုမှ မပြောကတည်းက လုယင်ရွှမ်းက လည်းဆက်လက်မေးမြန်းခြင်း မပြုပါ။ လုယင်ရွှမ်းက မည်သည်ကိုမှ မပြောလျှင်လည်း သူက ဆက်လက်မေးမြန်းခြင်း မပြုပါ။ ဤနည်းအားဖြင့် သူတို့ဟာအမြဲတမ်း ထိုကဲ့သို့သော အတူတူရှိရခြင်းမျိုးကိုသဘောကျ၏။

"ဂရုစိုက်ပါ ဂျူနီယာမောင်လေး.."

လုယင်ရွှမ်းကပြုံးသည်။

ချီနှစ်ဆင့် စစ်ဘုရင်အဆင့်သို့ မြင့်တက်ပြီးနောက် သူမဟာ ကောင်းကင်ဖင်းနတ်ဆိုး ကျင့်စဥ်အတွင်းရှိ လျှို့ဝှက်ပညာတစ်ခုကို ကျင့်ကြံနိုင်ပါပြီ။

ထိုအချိန်၌ သူမ၏ တိုက်ခိုက်မှုခွန်အားဟာ ကြီးစွာမြင့်တက်လာမှာ ဖြစ်၏။

ဟန်ကျောက်ဟာ သူ၏အခန်းသို့ ပြန်ပြီး ခန္ဓာကိုယ်အတွင်းရှိ တိုးပွားလာသည့် သက်ရှည်အစစ်အမှန်ချီများကို အသားကျအောင်လုပ်သည်။

"ငါ့ရဲ့အဆင့်က မြင့်တက်မလာပေမယ့် အစစ်အမှန်ချီကတော့ နှစ်ဆနီးပါး ဖြစ်သွားခဲ့တယ်...အဲ့ဒီအပြင်..." ဟန်ကျောက်၏ အကြည့်ဟာ စနစ်မျက်နှာပြင်ပေါ်သို့ ကျရောက်သွားသည်။

"သက်ရှည်ကျမ်းကို စတုတ္ထအဆင့်အထိ ကောက်နုတ်ပြီးပြီ။ ဗာဂျရာအတတ်က တတိယအဆင့်ကို ချိုးဖျက်သွားပြီ.."

"ဗာဂျရာအတတ်သည် တတိယအဆင့်သို့ချိုးဖျက်သွားသည်။ သင်သည် ကောက်နှုတ်ခြင်း လမ်းစဉ်ကို ရရှိသည်- သန့်စင်သောယန် ဗာဂျရာအစစ်အမှန်ချီ+သန့်စင်သောယန် သက်ရှည်အစစ်အမှန်ချီ = မူလ အစွန်းရောက်ယန် အစစ်အမှန်ချီ.."

"မူလအစွန်းရောက်ယန် အစစ်အမှန်ချီ - အစွန်းရောက်ယန်ဟာအလွန် ခိုင်မာ၏။ ဖျက်စီးနိုင်ခြင်း မရှိဘဲ မကောင်းမှုအားလုံးတို့ကို ခံနိုင်ရည်ရှိ၏။ အစွန်းရောက်ယင် အစစ်အမှန်ချီ မဟုတ်ပါက ၎င်းဟာမည်သည့်ကိုမှမရှုံးနိမ့်ပေ။ မကောင်းမှုစွမ်းအား အားလုံးတို့ကို ဖိနှိပ့်နိုင်၏.."

ကျောက်နက်မြို့သို့ မ‌သွားခင်တွင် ဟန်ကျောက်ဟာ ဗာဂျရာအစစ်အမှန်ချီနှင့် သက်ရှည်အစစ်အမှန်ချီတို့အား မူလအစွန်းရောက်ယန် အစစ်အမှန်ချီအဖြစ် ပြောင်းလဲရန်ပြင်ဆင်ထား၏။

သူဟာနောင်တွင် ဗာဂျရာအကာအကွယ်ကို အသုံးပြုပါက သူ၏ တိုက်ခိုက်မှုနှင့် ခုခံမှု စွမ်းရည်တို့ဟာသေချာပေါက် တိုးတက်လာမှာ ဖြစ်သည်။

"အစမ်းရှင်သန်မှုအတွင်းမှာ...ငါချီနှစ်ဆင့် စစ်ဘုရင်တစ်ယောက်နဲ့ ကြုံတွေ့ခဲ့ပြီး သေအောင်တိုက်ခိုက်ခဲ့ရတယ်။ အဲ့ဒီ့အချိန်မှာ သုံးပါးသောအနှစ်သာရအား၊ ကောင်းကင်မြစ်မိုး၏တန်ပြန်ဓားသိုင်းနဲ့ ဗာဂျရာအကာအကွယ်ကိုသေချာပေါက် အသုံးပြုခဲ့မှာဘဲ.."

"မဟုတ်ရင် စီနီယာအစ်မလုပဲ ငါ့ရဲ့ကိုယ်ပွားအကြောင်းကိုသိတာ။ ရှန့်ကွမ်းယွင်ဖေးက သိနေစရာအကြောင်းမရှိဘူး.."

"အဲ့လိုဆိုရင် အစမ်းရှင်သန်မှုအတွင်းမှာ ချီရွှမ်းမင်က ငါ့ကို လျှို့ဝှက်အစောင့်‌ေတွထဲကို ထပ်ပြီးတော့ ဝင်ရောက်ဖို့ဖိတ်ခေါ်တာ နားလည်လို့ရပြီ.."

"ကြည့်ရတာ ရှန့်ကွမ်းယွင်ဖေးက အမှောင်ထဲမှာပုန်းအောင်းနေပြီငါ့ကို ကျောက်နက်မြို့အထိ အနောက်က လိုက်လာတာ ဖြစ်မယ်.."

ဟန်ကျောက်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။

ဖြစ်နိုင်တာက ရှန့်ကွမ်းယွင်ဖေးတွင် ရုပ်ဖျက်မှုကိုေတွ့မြင်နိုင်သည့် အထူးလျှို့ဝှက်အတတ်တစ်ခု ရှိနေသည်လား။ သို့မဟုတ် သူဟာ ရုပ်ဖျက်ခြင်းတွင်ကျွမ်းကျင်သည့် ပုဂ္ဂိုလ်တစ်ယောက်လေလား။

ဒေါသ‌ေရနဂါးဂိုဏ်းဟာ ဒြပ်စင်၅ခု ဒီဗိုင်းသဲကိုစုဆောင်းနိုင်သည့် စွမ်းရည်ရှိပါသည်။ ဤသည်မှာ ဝင်ရောက်ရန် ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်၏။

သို့ရာတွင် အစမ်းရှင်သန်မှုအတွင်းတွင် သူဟာဒေါသ‌ေရနဂါးဂိုဏ်းသို့ အတင်းဖိအားပေးကာ ဝင်ရောက်ခဲ့ရသည်။ သူ၏နောက်ခံကိုပင်လျှင် ရှန့်ကွမ်းယွင်ဖေးဟာ တွေ့မြင်ခဲ့၏။

တကယ့်ပြင်ပတွင်လည်း မဖြစ်နိုင်တာမဟုတ်ပေ။ သူဟာ သူတစ်ပါးကို နာခံရမည့်အစား ကိုယ်ကိုတိုင် စတင်ခြင်းသို့ ပြောင်းလဲရန် လိုအပ်ပါသည်။

"အမည် - လန်ဖန်းယွင် (သွေးစိတ်ဝိဉာဥ်ကိုယ်ပွား).."

"ကျင့်စဉ် - ကောင်းကင်မြင့်မိုး၏တန်ပြန်ဓားသိုင်း (စတုတ္ထအဆင့်ပြီးပြည့်စုံခြင်း၇၆ရာခိုင်နှုန်း၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု - ထက်မြခြင်းအဆင့်၁၃၊ ဓားငိုကြွေးခြင်း အဆင့်၁၀၊ မိုးပြန်အားအဆင့်၇).."

"ဆန်းကြယ် ရေခဲလက်သည်း(ဒုတိယအဆင့်ပြီးပြည့်စုံခြင်း ၈၄ရာခိုင်နှုန်း၊ အဆင့်မြင့်တင်နိုင်။ အထူးသက်ရောက်မှု - ခုတ်ပိုင်းခြင်းအဆင့်၃).."

"ဒီဗိုင်းကောင်းကင် ချိတ်တံဆိပ် (ဒုတိယအဆင့်ပြီးပြည့်စုံခြင်း ၉၀ရာခိုင်နှုန်း၊ အဆင့်မြင့်တင်နိုင်။ အထူးသက်ရောက်မှု - အာရုံစူးစိုက်ခြင်းအဆင့်၃).."

"ဒီတစ်ကြိမ်ပြန်ပြီးရင် သက်ရှည်ဂိုဏ်းက လူအချို့ဆီက အကြွေးအချို့ကို ပြန်ပြီးတော့ စုဆောင်းရမယ်.."

အသက်ရှည်ဂိုဏ်းရှိ သွေးသန့်စင်ခြင်းအဆင့် တပည့်အများစုတို့ဟာ သွေးစိတ်ဝိဉာဉ်မူဝါဒကို ကျင့်ကြံထားကြသည်။ သူတို့၏ သွေးချီဟာ ဟန်‌ေက‌ျာက်၏ သွေးစိတ်ဝိဉာဉ်မူဝါဒအတွက် အာဟာရဖြစ်၏။

နှစ်ဖက်အကြားတွင် ရန်ငြိုးတစ်ခု ဖွဲ့စည်းပြီးဖြစ်ရာ နည်းလမ်းများကို ဂရုစိုက်စရာ မလိုတော့ပေ။

"ငါအဲ့ဒီ ချီနှစ်ဆင့်စစ်ဘုရင်အဆင့်ရှိတဲ့ သက်ရှည်ဂိုဏ်းရဲ့ ဂိုဏ်း‌ေစာင့်ကို သတ်လို့ရတယ်။ အဲ့ဒါဆိုရင် ခွန်အားသန့်စင်ခြင်းအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို တစ်ခါတည်းချိုးဖျက်နိုင်လောက်တယ်.."

ဟန်ကျောက်ဟာ သူ၏အတွေးများကို ပြန်လည်ရုပ်သိမ်းကာ ဒန်တျန်အတွင်းရှိ အစစ်အမှန်ချီများကို စတင်ပေါင်းစပ်သည်။

၎င်းတို့ဟာနှစ်ခုစလုံး သန့်စင်သောယန် အစစ်အမှန်ချီများဖြစ်ပေမယ့် တစ်ခုဟာမာကျောပြီး တစ်ခုဟာညင်သာ၏။ ပေါင်းစပ်ရန်လွယ်ကူခြင်းမရှိပါ။

၂ရက်ကြာပြီးနောက် မနက်စောစောတွင် မူလအစွန်းရောက်ယန် အစစ်အမှန်ချီအား ပေါင်းစပ်ပြီးဖြစ်သည့် ဟန်ကျောက်ဟာ သိုင်းအကယ်ဒမီမှ ထွက်ခွာသွား၏။

သူဟာ ကွမ်းလင်ဒေသရှိ လူပျက်သည့်လမ်းကြားတစ်ခုတွင် လျှောက်လှမ်းနေပါသည်။ လူတစ်ယောက်ပြောင်းလဲခြင်း၁၀၀၀ ပါရမီ၏ သက်ရောက်မှုမှတစ်ဆင့်သူဟာ ဘဲငန်းရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မြို့ပြင်သို့ ပ‌ျံထွက်သွား၏။

မြို့ထဲမှ ထွက်ခွာပြီးနောက်သူဟာ ရေခဲ‌ေတးသီငှက်အဖြစ်သို့ ပြောင်းလဲပြီဖြစ်သည့် ယုနျန်နှင့် တွေ့ဆုံသည်။ ငှက်နှစ်ကောင်ဟာ အတူတူ ပျံသန်းသွားပြီး ကျောက်နက်မြို့ဆီသို့ ဦးတည်ခဲ့၏။

All Chapters