← Chapters

အခန်း (၁၉၂)

Vol. 13 Ch. 192

အခန်း (၁၉၂)

Vol. 13 Ch. 192

“မိန်းကလေးစုက အရမ်းကို အားနာလွန်းနေပါပြီ”

စုထန်ချီက အသာပြုံးသည်။ သူဟာ အသားလုံးကို စွပ်ပြုတ်အတွင်းသို့ ထည့်ကာ နူးညံ့အောင်လုပ်သည်။ ထို့နောက် လက်ဆတ်သည့် ငါးအသားကို ညှပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။

“သခင်လေးစု.. ရှလင်နဲ့ ကျွန်မတို့ ရှင့်ကို တစ်ခွက်သောက်ပြီး ဂုဏ်ပြုပါတယ်”

စုယွင်က မတ်တပ်ရပ်ကာ သူမ၏ မျက်လုံးများနှင့် ရှလင်ကို မျက်စပစ်သည်။

ရှလင်လည်းပဲ မတ်တပ်ထရပ်၏။ စီရင်စုမြို့တော်မှ သခင်လေးစုဟာ သက်ရှည်ဂိုဏ်းကို ရင်ဆိုင်ရန်အတွက် တစ်ပြားတစ်ချက်မှ ယူခြင်းမရှိပေ။ ထို့ကြောင့် အမှန်တကယ်ကို ဂုဏ်ပြုပေးရန် လိုအပ်၏။

သူဟာ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နှင့် ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုသို့ ရောက်ရှိပြီး ဖြစ်သည်။ မည်သည့်နေရာတွင်မဆို ပါရမီရှင် ကျွမ်းကျင်သူတစ်ယောက် အဖြစ် နေနိုင်၏။

သူမ၏ ဂျူနီယာမောင်လေးဟန်ပင် ဒီအချိန်အတွင်း သူ့ကို နှိုင်းယှဉ်နိုင်ဦးမည် မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် နောက်ခံ ခြားနားချက်ဟာ ကြီးမားလွန်းလှ၏။

“ကောင်းပါပြီ”

စုထန်ချီက စားသောက်ဖွယ်များကို စားရင်းက ဝိုင်ခွက်ကို ယူသည်။

“ငါလည်းပါမယ်”

စုနင်ချုံကလည်း ခွက်ကိုမြှောက်သည်။

“ကြည့်ရတာ ကျွန်တော် ချိန်ကိုက်ရောက်လာတာပဲ”

ဟန်ကျောက်က ဧည့်ခန်းအပြင်ဘက်တွင် ရပ်ကာ လက်သီးနှစ်ဖက်ကို မိုးရင်းက အသာပြောသည်။

“ဂျူနီယာမောင်လေးဟန်”

ရှလင်က အသံလာရာကို ကြည့်လိုက်ပြီးနောက် အံ့ဩစွာဖြင့် ဝမ်းသာသွားသည်။ ပတ်ဝန်းကျင်တွင် လူများ ရှိနေ၍သာ မဟုတ်ပါက သူမဟာ ထခုန်နေလောက်ပါသည်။

“ဖွီးး”

ဝိုင်ကို သောက်လိုက်ရုံ ရှိသေးသည့် စုထန်ချီဟာ ရုတ်တရက် ဟန်ကျောက်၏ ဘေးရှိ လန်ဖန်းယွင်ကို တွေ့လိုက်ရပြီး ဝိုင်အားလုံးကို စုနင်ချုံ၏ အပေါ်သို့ ထွေးထုတ်မိသွားသည်။

“အဟွတ်၊ အဟွတ်၊ အဟွတ်..”

သူဟာ ပြင်းထန်စွာ ချောင်းဆိုးပြီး သေလုမတတ် ဖြစ်သွား၏။ လည်ပင်းရှိ လေပြွန်၌ပင်လျှင် အလွန် ပူလောင်လှသည့် ခံစားချက်ကို ခံစားရသည်။

နူးညံ့သည့် ခေါက်ဆွဲဖက်ကာ သူ၏ နှာခေါင်းပေါက်၏ စုပ်ယူခြင်းကို ခံလိုက်ရသည် ထင်၏။ သေးငယ်သည့် အပိုင်းတစ်ခုဟာ နှာခေါင်းဝတွင် ပေါ်လာခဲ့သည်။ သူဟာ မျက်ရည်များ စီးကျလာသည့်တိုင် ချောင်းဆိုးလေ၏။ မည်မျှ ဆိုးရွားလိုက်သနည်း။

“အစ်ကို.. နင်ဘာလုပ်တာလဲ”

စုနင်ချုံက စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောသည်။ သူမ၏ ရင်ဘတ်ဟာ ဝိုင်များဖြင့် စိုသွားပြီး သာမန်ကျသည့် အရွယ်အစားနှင့် အတွင်းဝတ်က ပေါ်လာ၏။

“မင်း.. အဟွတ်၊ အဟွတ်၊ အဟွတ်.. မင်း..မင်း..”

စုထန်ချီက ပြင်းထန်စွာ ချောင်းဆိုးသည်။

လန်ဖန်းယွင်၏ မဖျက်ဆီးနိုင်သည့် ဗာဂျရာဒီဗိုင်းအတတ်အား အသုံးပြုသည့် ကြောက်စရာကောင်းသည့် အသွင်ကို တွေးမိကာ သူ၏လျှာဟာ အနည်းငယ် လိပ်သွားခဲ့သည်။

ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က လှည့်ကြည့်ကာ ပဟေဋိဖြစ်စွာ မေးသည်။

“မင်းတို့တွေ သိကြလို့လား”

သူက ပြောရင်းနှင့် ကိုယ်ပွားကို ထိန်းချုပ်ကာ စုနင်ချုံကို မေးစေသည်။

“ငါတို့တွေ သိကြလို့လား”

“မသိပါဘူး.. သေချာပေါက် မသိဘူး”

စုထန်ချီက စိတ်သက်သာရာ ရသွားပြီး လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းသည်။

“ဒီအသံက နည်းနည်း ရင်းနှီးသလိုပဲ… ငါတို့တွေများ..” ကိုယ်ပွားက ထူးမခြားနားစွာ ပြောသည်။ ဟန်ကျောက်ဟာ ထိုအသံကို အရင်က တစ်နေရာရာတွင် ကြားဖူးသည်ဟု ခံစားရ၏။

“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ပါဘူး.. ရှူး..”

စုထန်ချီက ထပ်မံငြင်းဆန်ကာ နှာခေါင်းအတွင်းရှိ ခေါက်ဆွဲများကို ညှစ်ထုတ်သည်။

“ဟူး.. အစ်ကို.. သခင်လေးလန်ကို မြစ်ပြင်ပေါ်မှာ အနက်ရောင်ဇယားပေါ်က စစ်ဘုရင်နဲ့ တိုက်ခိုက်တုန်းက မြင်ဖူးခဲ့တယ်မလား.. ကျွန်မတို့တွေ အဝေးကနေ တိုက်ပွဲကို ကြည့်ခဲ့ကြတယ်လေ”

သူ၏ မည်မျှ ကြောက်ရွံ့သွားပုံကို တွေ့ရပြီးနောက် စုနင်ချုံက မနေနိုင်ပဲ လိုက်ရောညီစွာ ပြောပေး၏။

“ဟုတ်တယ်။ ဟုတ်တယ်”

စုထန်ချီက လက်နှစ်ဖက်ကို စုကာ ရုတ်တရက် နားလည်သွားသည်။ စုနင်ချုံကို ကြည့်ကာ အလွန် ခံစားလိုက်ရပြီး ငိုလုမတတ် ဖြစ်သွားခဲ့၏။ ဒီညီမဟာ အမှန်တကယ်ကို သူ့အတွက် ထွက်ပေါက်တစ်ခုအား ရှာပေးရန် သိ၏။

စုထန်ချီ၏ ဦးနှောက်ဟာ ပြေးလွှားနေခဲ့သည်။ စကားလုံးများကို ဂရုတစိုက် စဉ်းစားပြီးနောက် လက်သီးနှစ်ဖက်ကို မိုးကာ ပြော၏။

“ကျွန်တော်က စုထန်ချီပါ.. အဲ့နေ့က အဝေးကနေ တိုက်ပွဲကို ကြည့်ခဲ့တုန်းက အစ်ကိုလန်ရဲ့ စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ကို ဓါးနဲ့ သတ်ဖြတ်ခဲ့တာကို တွေ့ခဲ့ပါတယ်။ ပြီးတော့ ပြိုင်ဘက်ကင်းတဲ့ ဓါးသမားတစ်ယောက်လို လှိုင်းတွေပေါ်မှာ ပြန်ထွက်သွားခဲ့တယ်.. ကံဆိုးစွာပဲ ကျွန်တော်တို့တွေ အတူတူသောက်ပြီး စကားပြောဖို့ အခွင့်အရေး မရလိုက်ဘူး။ တကယ့်ကို ဆိုးတာပဲ။ ဒီနေ့မှာ အစ်ကိုလန်ကို ပြန်တွေ့ရတာ ကျွန်တော့အတွက် ဂုဏ်ယူစရာပါပဲ”

သူအလွန်ကြောက်နေတာ အံ့ဩစရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေ့က သူ၏ စိန်ခေါ်မှုအား မှတ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

လန်ဖန်းယွင်သာ ရန်ငြှိုးကြီးသည့် လူတစ်ယောက်ဖြစ်ပါက သူ့ကို ဓါးတစ်ချက်နှင့် တကယ် သတ်ပစ်လိုက်လျှင် စုမိသားစုက နောက်ပိုင်းတွင် လက်စားပြန်ချေပေးလျှင်တောင် ဘာအသုံးဝင်တော့မည်နည်း။

သူက ကြောက်ရွံ့ခြင်း မဟုတ်ပေ။ ဤသည်မှာ သတိကြီးခြင်း ဖြစ်၏။ ပညာရှိသည့် လူတစ်ယောက်ဟာ အခြေအနေကို လက်ခံတတ်ရပေမည်။

“လန်ဖန်းယွင်ပါ”

ကိုယ်ပွားက လက်သီးနှစ်ဖက်ကို မိုးကာ ပြန်လည်နှုတ်ဆက်သည်။

“ကျွန်တော်သိပြီ.. အဲ့နေ့တုန်းက ကျွန်တော် သခင်လေးစုရဲ့ သံကို ကြားခဲ့တာဖြစ်မယ်… ဒါကြောင့် ရင်းနှီးနေတာ” ဟန်ကျောက်က ပြော၏။

စုထန်ချီ၏ ပုံစံက တင်းကြပ်သွားသည်။ သူ၏ နဖူးတွင် ချွေးများ စတင်ထွက်လာပြီး မေး၏။

“ခင်ဗျားက”

“အစ်ကိုစုကို နှုတ်ဆက်ပါတယ်။ ကျွန်တော့နာမည်က ဟန်ကျောက်ပါ။ အစ်ကိုလန်ရဲ့ မိတ်ဆွေတစ်ယောက်ပါ” ဟန်ကျောက်က ပြုံးသည်။

“ငါက မင်းရဲ့မိတ်ဆွေ မဟုတ်ဘူး။ လောင်းပွဲတစ်ခုမှာ ရှုံးနိမ့်ပြီး မင်းကို ငါးနှစ်ကာကွယ်ဖို့ပဲ သဘောတူခဲ့တာ” ကိုယ်ပွားက ထူးမခြားနားစွာ ပြောသည်။

ကောင်းကင်သူတော်စင် ဂူကောင်းကင်၏ ဆက်ခံသူတစ်ယောက်ကို ငါးနှစ်တာ ကာကွယ်ရန် သဘောတူစေသည့် ဒီဟန်ကျောက်ဟာ မည်သူနည်း…

စုထန်ချီက အံ့ဩသွားသည်။ သူက ရှေ့သို့တက်ကာ အပြုံးတစ်ခုနှင့် ပြော၏။

“အစ်ကိုဟန်ကိုး.. တောင်းပန်ပါတယ်ဗျာ”

“ရပါတယ်..”

ဟန်ကျောက်ဟာ စုထန်ချီကို အလွန် စိတ်အားထက်သန်လှသည်ဟု ခံစားရ၏။ ထို့နောက် ရှလင်နှင့် စုယွင်တို့ကို ကြည့်သည်။

ရှလင်က မျက်တောင်ခတ်ကာ သူမ၏ပုံစံမှာ ချစ်ဖို့ကောင်းစွာ ရှိနေ၏။ စုယွင်၏ ပါးစပ်က ပွင့်ဟနေပြီး တုံ့ဆိုင်းစွာ ရှိနေလေသည်။ သူမဟာ မည်သည်ကို ပြောရမည်အား အမှန်တကယ်ကို မသိဖြစ်နေ၏။

လက်စသတ်တော့ ဒီသခင်လေးစု၏ ယဉ်ကျေးစွာဖြင့် အလွန် သူစိမ်းဆန်ခြင်းမှာ သူဟာ တည်ငြိမ်သည့် အကျင့်စရိုက်ရှိ၍ မဟုတ်ပေ။ သူ့ကို စိတ်အားထက်သန်စွာ ဆက်ဆံရစေသည့် မည်သူကိုမှ မတွေ့သေးသောကြောင့်သာ ဖြစ်၏။

သူမဟာ အလုံးစုံကို နားမလည်ပေမယ့် ရှေ့ရှိ ဒီလန်ဖန်းယွင်ဟာ အလွန်ဆန်းကြယ်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မည့်ပုံအား သိလိုက်သည်။

ဟန်ကျောက်မှာတော့.. လန်ဖန်းယွင်ကို သူ၏ အစောင့်တစ်ယောက် ဖြစ်အောင် လုပ်နိုင်ခဲ့တာ ရိုးရှင်းမည့်ပုံ မရှိပါ။

“ခင်ဗျားတို့နှစ်ယောက် မစားရသေးဘူးမလား.. အတူတူ စားကြမလား”

စုထန်ချီက မေးသည်။

“ကောင်းတာပေါ့.. ကျွန်တော်လည်း ဗိုက်ဆာနေတာ” ဟန်ကျောက်က ခေါင်းညှိတ်သည်။

“မလိုတော့ဘူး”

ကိုယ်ပွားက အနည်းငယ် ခေါင်းကိုယမ်းကာ ခြံဝန်အတွင်းသို့ ထွက်ခွာသွား၏။

“အစ်ကိုစု.. စိတ်ထဲမထားပါနဲ့.. အစ်ကိုလန်က စကားအပြောအဆို သိပ်မတတ်ဘူး။ ဒါပေမယ့် သူက လူကောင်းတစ်ယောက်ပါ”

ဟန်ကျောက်က ရှင်းပြသည်။

“ငါနားလည်ပါတယ်.. ကျွမ်းကျင်သူတွေမှာ မာနရှိတာ ပုံမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် အစ်ကိုဟန်လို လူမျိုးက ရှားပါးတယ်လေ”

စုထန်ချီ၏ အပြုံးက ပြောင်းလဲသွားခြင်း မရှိပါ။

“လာ အစ်ကိုဟန်.. ထိုင်ပါဦး”

နောက်ထပ် ယန်ပိုင်ချွမ်လိုပဲ ဘာမှန်းမသိပဲ အရမ်းကို ရင်းနှီးတတ်တဲ့လူ..

ဟန်ကျောက်ဟာ နှလုံးသားထဲတွင် ပြောဆိုမိသည်။

“ကောင်းပါပြီ”

သူက ဟန်လုပ်မနေပဲ စားပွဲ၏ထိပ်တွင် ဝင်ထိုင်သည်။

“အစ်ကိုဟန်… အခုအချိန်ကစပြီး ကျွန်တော်တို့တွေ မိတ်ဆွေတွေ ဖြစ်သွားပြီ။ သောက်လိုက်ကြရအောင်ဗျာ” စုထန်ချီက အားတက်သရော ပြော၏။

ဒီအချိန်၌ သူဟာ အပ်ဖျားထိပ်တွင် ရောက်နေသကဲ့သို့ ခံစားရသည်။ လန်ဖန်းယွင်ဟာ ယခုအချိန်၌ ဟန်ကျောက်၏ သက်တောင်စောင့် ဖြစ်ကတည်းက သေချာပေါက် ဟန်ကျောက်၏စကားကို နားထောင်လောက်မှာပါ။ ပြီးလျှင် မှတ်မိသွားပါက သေချာပေါက် ဝင်ရောက် ဖြန်ဖြေပေးနိုင်မှာ ဖြစ်၏။

သူစုထန်ချီဟာ နောင်တွင် ကျော်ကြားလာမည့်လူ ဖြစ်ရန် ယခုအချိန်၌ ကြောက်ရွံ့သင့်ရင် ကြောက်ရွံ့ရပေမည်။

“အစ်ကိုစုက အရမ်းကြီး ယဉ်ကျေးနေပြန်ပါပြီ”

ဟန်ကျောက်က စုလင်ဖြည့်ပေးသည့် ဝိုင်ခွက်ကို ယူကာ တစ်ချိုက်တည်း မော့လိုက်သည်။

“လာ.. အစ်ကိုဟန်… ကျွန်တော် ဂုဏ်ပြုပေးမယ်”

“ကောင်းပြီ”

စုယွင်ဟာ စုထန်ချီ၏ ဟန်ကျောက်ကို အားတက်သရော ခွက်မြှောက်သောက်ပေးနေပုံအား ကြည့်ကာ လုံးဝ မှင်သက်နေ၏။

စားပွဲပြီးချိန်အထိ စုထန်ချီဟာ အခြားလူများကို ကြားဖြတ်မည့် မည်သည့်အခွင့်အရေးမှ မပေးခဲ့ပေ။

Thawda:

All Chapters