အခန်း (၁၉၃)
Vol. 13 Ch. 193
ညအချိန်....
ရှအိမ်ေတာ်၏ ခြံအနောက်ဘက်ရှိ အခန်းတစ်ခုထဲတွင်...
ကိစ္စအပြီးတွင် ရှလင်၏မျက်နှာဟာ ဟန်ကျောက်၏ လက်ထဲတွင် လဲလျောင်းရင်းက နီရဲနေ၏။
နှစ်ယောက်သားဟာ တီးတိုးနေကြသည်။
"အစ်မပြောတာက...သခင်လေးစုက ဖော်ရွေတဲ့လူတစ်ယောက် မဟုတ်ဘူးလို့လား.."
ဟန်ကျောက်က ပဟေဠိဖြစ်သွား၏။
"မောင်လေးမလာခင်တုန်းက အဲ့ဒီ့သခင်လေးစုက ယဉ်ကျေးတဲ့ပုံပေါ်ပေမယ့် သူ့ရဲ့မာနကြီးမှုက အရိုးထဲမှာစွဲနေတာ.."
ရှလင်က သေသေချာချာ ပြန်လည်စဉ်းစားသည်။ ပြောရင်းက ရုတ်တရက် ဟန်ေကျာက်၏ဦးခေါင်းကိုဖက်၏။
"အစ်မကို မြန်မြန်လေး အမှန်ကိုပြော.. သူဘာလို့နင့်ကိုကြောက်နေရတာလဲ.."
ပြောမပြနိုင်သည် မြင်ကွင်းတစ်ခုဟာ ပေါ်လာခဲ့၏...
နောက်တနေ့တွင်..
ဟန်ကျောက်ဟာ စောစီးစွာနိုးလာခဲ့၏။ မနေ့က သူဟာ စုထန်ချီ၏ တိုက်တွန်းမှုဖြင့် နေ့လည်ခင်းအထိ သောက်ခဲ့လေသည်။
သူ၏ နက်ရှိုင်းသည့် အတွင်းအားကြောင့်သာ မဟုတ်ပါက လုံးဝ မူးသွားမှာဖြစ်၏။ ညအချိန်တွင် ရှလင်နှင့်တိုက်ပွဲ ဆင်နွဲရသည်။ သူမကို နာခံအောင်ပြုလုပ်ပြီးနောက် အလွန်နောက်ကျနေပြီး ဖြစ်၏။
ဟန်ကျောက်ဟာ လုယီကို အကြောင်းကြားကာ ကောင်တီမြို့သို့ ရွှေ့ပြောင်းရန် ပြင်ဆင်မှုတို့ လုပ်ခိုင်းရပေမည်။ စီရင်စုမြို့တော်သို့ လိုက်လိုသည့် တပည့်များရှိလျှင်လည်း သူဟာ ခေါ်သွားလို၏။
ဘာပဲဖြစ်ဖြစ် ဤသည်မှာ သိုင်းပညာကျောင်းတစ်ခု ဖြစ်ပါသည်။ သာမန်လူများထက် ပိုမို ယုံကြည်ဖို့ ကောင်း၏။ ဒီကိစ္စဟာ လဝက်လောက် အချိန်ကြာမည်ဖြစ်သည်။ ထို့ကြောင့် လုယီအနေနှင့် ကောင်းစွာပြင်ဆင်နိုင်ပါသည်။
၂နှစ်နီးပါးကြာအောင် ထွက်ခွာသွားခဲ့ပေမယ့် ဟန်ေကျာက်ဟာ မျက်လုံးမှိတ်ပြီး လမ်းလျှောက်လျှင်တောင် ရဲကျန်းဒေသရှိ လမ်းမများအား မှားယွင်းမည် မဟုတ်ပါ။
သူဟာ လမ်းကြားအတိုင်း လျှောက်လှမ်းသွားပြီး တစ်ဖက်တွင် စံအိမ်တစ်ခုကို တွေ့လိုက်ရ၏။ တံခါးဝတွင်း တစ်မီတာကျော် မြင့်မားသည့် ခြင်္သေ့ရုပ်တုနှစ်ခုဟာ ရှိနေပါသည်။
တံခါး၏အထက်ရှိ ဆိုင်းဘုတ်တွင် တောင်ဖြိုလက်သီးသိုင်းေကျာင်းဟူ၍ စကားလုံးကို ရေးထား၏။ တံခါးဝသို့ ရောက်ရှိပြီးနောက် သူဟာ နံရံဘက်မှလာသည့်အော်သံများကို ကြားနိုင်ပါသည်။
ဟန်ကျောက်က ပြုံးကာ လျှောက်သွားလိုက်ပြီး တံခါးခေါက်လိုက်၏။
"ရွှီး.."
တံခါးဟာ ပွင့်လာခဲ့ပြီး အရပ်ပုကာနက်ေမှာင်သည့်အသားအရည်နှင့် ပိန်ပါးသည့် လူငယ်တစ်ယောက်၏ အပေါ်ပိုင်းခန္ဓာကိုယ်ဟာ ထွက်လာခဲ့သည်။
"ဒီကို လက်သီးသိုင်း လာသင်တာလား.."
ဟန်ကျောက်ဟာ လူငယ်၏မရင်းနှီးသည့် အသွင်သဏ္ဍာန်ကို တွေ့ရပြီးနောက် ပြီးခဲ့သည်၂နှစ်အတွင်းတွင် ရောက်လာခဲ့သည့် လူသစ်တစ်ယောက် ဖြစ်မည်ကို ခန့်မှန်းမိလိုက်သည်။
တစ်ဖက်လူအား စနောက်ချင်သွားပြီး ပြော၏။
"ကျွန်ေတာ်ဒီကို ဆေဘာပညာ လာပြီးတော့ သင်တာပါ.."
"ဆေဘာအတတ်ကို သင်ချင်တာလား...ဒါဆိုရင်တော့မင်းနောက်ကျသွားပြီ။ ဒီအချိန်အတွင်းဆရာလုကဆေးဗားအတတ်ကို မသင်ပေးတော့ဘူး.."
လူငယ်ဟာ တံခါးမှ လျှောက်ထွက်လာခဲ့၏။
"ဘာလို့လဲ.."
ဟန်ကျောက်က မှင်သက်သွားသည်။
"ဘာလို့လဲဆိုတော့ ငါတို့သိုင်းကျောင်းရဲ့ စီနီယာအစ်မကြောင့်ပေါ့.."
လူငယ်က ခေါင်းကိုမော့ကာ ဂုဏ်ယူသည့်ပုံစံဖြင့် ရှိနေ၏။
"စီနီယာအစ်မရှက အသက်၂၄နှစ်မှာ အတွင်းအားကိုဖမ်းဆုပ်နိုင်ခဲ့တယ်။ အပြင်ဘက်က လူတိုင်းက ပြောကြတာက.. ငါတို့သိုင်းကျောင်းရဲ့ တောင်ခွဲေဆဘာအတတ်နဲ့ သွေးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ဖို့ ခက်ခဲမှုက မြင့်မားပေမယ့် အတွင်းအား ဖမ်းဆုပ်နိုင်ဖို့တော့ လွယ်တယ်တဲ့။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ လူတွေ အဆုံးမသတ်နိုင်အောင် ရောက်လာခဲ့ကြပြီး ဆေဘာအတတ်ကို သင်ယူလိုကြတယ်။ သူတို့တွေက ဒီတံခါးကိုတောင် ပျက်စီးစေလုနီးပါးပဲ.."
"ဆရာလုက ဒီအတောအတွင်းမှာ ခြံဝန်းသစ်တစ်ခုကိုပြင်ဆင်နေတာ.. မဟုတ်ရင် အတွင်းဘက် ခြံဝန်းမှာလုံးဝကို ကြပ်သိပ်နေမှာ။ ဆေဘာအတတ်ကို မင်းသင်ချင်တယ်ဆိုရင် အရင်ဆုံး စာရင်းပေးထားလို့ပဲ ရမယ်.."
"ကောင်းပါပြီ... ဒါဆိုရင် ကျွန်တော် လက်သီးသိုင်းကိုပဲအရင်သင်ပါမယ်.."
ဟန်ကျောက်က ပြုံး၏။
အရင်တုန်းက သိုင်းကျောင်းသို့ စတင်ဝင်ရောက်ခဲ့စဉ်က ရှလင်၊ စုယွင်၊ ကျန်းထန်ဝမ်၊ လီဖေးတို့သာလျှင် တောင်ခွဲေဆဘာအတတ်ကို သင်ယူကြ၏။ အားလုံးပေါင်း သူတို့၅ယောက်သာ ရှိပါသည်။
နောက်ပိုင်းတွင် သူနှင့်ရှလင်တို့ဟာ သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ခဲ့ကြ၏။ စုယွင်နှင့် လီဖေးတို့ဟာ အဆင့်ချိုးဖျက်ရန် ကျရှုံးခဲ့ပြီး ကျန်းထန်ဝမ်ဟာ သေဆုံးခဲ့လေသည်။
ဆေဘာအတတ်ကို သင်ကြားရန် လာရောက်သည့် လူသစ်နှစ်ယောက်သာ ရှိပါသည်။ ယခုကဲ့သို့ ဖြစ်လာမည်ဟု ထင်မထားခဲ့ပေ။
ဟန်ကျောက်ဟာ လုယီ၏ နီရဲနေမည့် မျက်နှာအား မြင်ယောင်နိုင်ပါသည်။
"မင်း.. လုံလောက်တဲ့ပိုက်ဆံရော ယူလာလား.."
လူငယ်က မေး၏။
"ယူလာပါတယ်.."
"ဒါဆိုရင် ကျေးဇူးပြုပြီးဝင်ပါ.."
လူငယ်ဟာ တံခါးမှ ဝင်နိုင်ကြောင်း လက်ဟန်ပြ၏။
ဟန်ကျောက်၏ တောက်ပသည့်အဝတ်အစားများနှင့် ချောမောသည့် အသွင်အပြင်ကြောင့် တစ်ဖက်လူဟာသာမန်လူတစ်ယောက် မဟုတ်ကြောင်းကို သူသိပါသည်။
သို့ရာတွင် အတွင်းဘက်ခြံဝင်းတွင် သိုင်းပညာသင်ကြားရန် လာရောက်ကြသည့် သခင်လေးနှင့်သခင်မလေးများစွာတို့ ရှိပါသည်။ ထို့ကြောင့် အရမ်းကြီး ထူးဆန်းသည်ဟု ခံစားရခြင်း မရှိပါ။
"ကောင်းပါပြီ.."
ဟန်ကျောက်ဟာ တံခါးမှ လျှောက်ဝင်သွား၏။ သူ၏ရှေ့တွင် အပြင်ဘက်ခြံဝန်းဟာ ပေါ်လာခဲ့သည်။ ဘယ်နှင့်ညာဘက်တွင် ပုံမှန်အတိုင်း မြေကွက်လပ်နှစ်ခုသာ ရှိနေသေး၏။
သို့ရာတွင် လွန်ခဲ့သည့် ၆နှစ်က ပထမဆုံးရောက်ရှိစဉ်က အပြင်ဘက်ခြံဝန်းတွင် လူများစွာ ရှိကာ အတွင်းဘက်ခြံဝန်းတွင် အနည်းငယ်သာ ရှိပါသည်။ ဒီနေရာမှ သူထွက်ခွာသွားစဉ်ကလည်း တူညီစွာပင် ဖြစ်၏။
ယခုအချိန်ရှိ အခြေအနေဟာတော့ ခြားနားနေပါသည်။ အပြင်ဘက်ခြံဝန်းတွင် လက်သီးသိုင်းပညာကို ကျင့်ကြံနေသည့် လူ၂၀ကျော်သာ ရှိပါသည်။
အတွင်းဖက်ခြံဝန်းတွင်တော့ ဓားရိုက်သည့် အသံများဆက်တိုက်ထွက်ပေါ်နေ၏။ အယောက်၂၀ကျော်ရှိသည့်လူများဟာ ခုတ်ပိုင်းခြင်း၊ ကာကွယ်ခြင်းနှင့် လှုပ်ရှားမှုများကို ပြုလုပ်နေပါသည်။
အပြင်ဘက်ခြံဝန်းနှင့် အတွင်းဘက်ခြံဝန်းဟာ အရွယ်အစားညီတူလောက်သာ ရှိ၏။ သို့ပေမယ့် လူတစ်ယောက်ဟာ ဆေဘာအတတ်ကို လေ့ကျင့်ရန်အတွက်လုံလောက်သည့် အကျယ်အဝန်းကို လိုအပ်ပါသည်။
မဟုတ်ပါက လူကြပ်ကာ မတော်တဆ အခြားသူများကို ထိခိုက်စေနိုင်၏။ လုယီဟာ နောက်ထပ်ခြံဝန်းတစ်ခုကို ဝယ်ယူချင်နေတာ အံ့သြစရာမဟုတ်ပေ။
အတွင်းဘက်ခြံဝန်းနှင့် အပြင်ဘက်ခြံဝန်းတို့ အကြားရှိ လျှောက်လမ်းတွင် ကုလားထိုင်တစ်ခု ရှိ၏။ လုယီဟာ ၎င်းပေါ်တွင် လဲလျောင်းနေဆဲရှိပြီး အစေ့များကို ဝါးနေပါသည်။
မဲမှောင်ကာ ပိန်ပါးသည့်လူငယ်ဟာ လုယီ၏ေဘးသို့ အမြန်သွားပြီး လေးစားစွာပြော၏။
"ဆရာလု...ဒီမှာ လက်သီးသိုင်းသင်ချင်တဲ့ လူတစ်ယောက် လာပါတယ်.."
"အင်း.."
လုယီဟာ မျက်လုံးများကို ဖွင့်လှစ်ခြင်းမရှိဘဲ နေရောင်အောက်တွင် ပျင်းရိစွာ နေဆာလှုံနေ၏။ သူက ထူးမခြားနားစွာ ပြောသည်။
"သူ့ကို အရင် စာရင်းသွင်းေပးလိုက်။ စည်းမျဉ်းတွေကိုလည်း ရှင်းလင်းအောင်ပြောလိုက်.."
"စီနီယာအကိုဟန်.."
"စီနီယာအကိုဟန်.."
"ဘယ်ကစီနီယာအကိုဟန်လဲ.."
"ဖြစ်နိုင်တာက ဟိုစီနီယာအကို ဟန်များလား.."
"ဟုတ်တယ်.. အဲ့ဒါက ကောင်တီမြို့ကို သွားပြီးတော့ ပညာသင်ကြားတဲ့ စီနီယာအကိုပေါ့.."
အပြင်ဘက်ခြံဝန်းတွင် ဟန်ကျောက်ကိုမှတ်မိသည့် လူဟောင်းအချို့ ရှိကြပါသည်။
"ဆရာ.. မတွေ့တာကြာပြီ။ နေကောင်းလားမသိဘူး.." ဟန်ကျောက်က ရှေ့ကိုတက်သွားပြီး အနည်းငယ်ဦးညွတ်၏။
"ဖွီ.."
ရင်းနှီးသည့်အသံကို ကြားရပြီးနောက် လုယီ၏မျက်လုံးများက ပွင့်လာပြီး ပါးစပ်ထဲရှိ အစေ့ခွံတစ်ခုကို ထွေးထုတ်လိုက်သည်။
"ကောင်လေး.. မင်းဘာလို့ ရုတ်တရက် ပြန်လာတာလဲ.." လုယီ၏ မုတ်ဆိတ်များဟာ အနည်းငယ် တုန်ခါနေ၏။ သူဟာ မာကျောစွာကြည့်၏။ သို့ပေမယ့် သူ၏မျက်လုံးထဲရှိ ပျော်ရွှင်မှုကို ဖုံးကွယ်နိုင်ခြင်း မရှိပေ။
"ကျွန်တော် ဆရာ့ကို စီရင်စုမြို့တော်ကို ခေါ်ပြီး စီနီယာအစ်မနဲ့ ပြန်ဆုံစေဖို့ ဒီကိုလာခဲ့တာ.."
ဟန်ကျောက်က အပြုံးတစ်ခုနှင့် ပြောသည်။
"ငါ့ကို စီရင်စုမြို့ေတာ်ကို ခေါ်သွားမလို့လား.."
ထိုစကားကို ကြားရပြီးနောက် လုယီဟာ မှင်သက်သွား၏။
"ဟုတ်ပါတယ်.."
ဟန်ကျောက်က ခေါင်းငြိမ့်သည်။
"စီနီယာအစ်ကိုဟန်က ဆရာ့ကို စီရင်စုမြို့တော်ကို ခေါ်သွားချင်တာလား.."
"ပြန်မလာတော့ဘူးလို့တော့ မပြောနဲ့နော်.."
"ဟုတ်တယ်.. အဲဒါဆို ငါတို့တွေ ဘာလုပ်ကြတော့မလဲ.."
ကွင်းပြင်ထဲရှိ တပည့်များဟာ ထိုစကားကိုကြားရပြီးနောက် သူတို့၏ လုပ်ဆောင်ချက်များကို ချက်ချင်းပင်ရပ်တန့်လိုက်ကြသည်။
အပြင်ဘက်ရှိ ဆူညံမှုကို တွေ့ရပြီးနောက် အတွင်းဘက်ခြံဝန်းအတွင်းတွင် ဆေဘာအတတ်ကို ကျင့်ကြံနေသည့် တပည့်များလည်း လျှောက်ထွက်လာကြ၏။
"ရော့..ဒါကိုယူလိုကျ.."
လူတိုင်းက လုယီ၏တုံ့ပြန်မှုကို စောင့်စားနေကြစဉ် လုယီဟာ အသံနိမ့်စွာအော်ပြီး ရုတ်တရက် လက်သီးတစ်ချက်ကို ထိုးလိုက်၏။
"ဘုန်း.."
လေထုဟာ ပေါက်ကွဲထွက်သွားသည်။ လုယီ၏ မူလက ကြမ်းတမ်းကာ ကျယ်ေပြာသည့် လက်သီးဟာရုတ်တရက် ကြီးထွားလာပြီး လက်သီးမျက်နှာပြင်ဟာ အနက်ရောင် ပြောင်းသွားခဲ့သည်။
"ဘုန်း.."
တူညီသည့် အနက်ရောင်လက်သီးတစ်ခုဟာ လုယီ၏လက်သီးဖြင့် ထိပ်တိုက်တွေ့ဆုံ၏။
"ရှက် ရှက် ရှက်.."
လုယီဟာ ခြေသုံးလှမ်း နောက်ဆုတ်သွားရသည်။
ဟန်ကျောက်ဟာလည်း ခြေတစ်လှမ်း နောက်ဆုတ်သွား၏။
"ကောင်းတယ် ကောင်းတယ် ဟားဟားဟား.."
လုယီဟာ တန်ပြန်ခြင်းကို ခံလိုက်ရပေမယ့် ဒေါသထွက်ခြင်း လုံးဝမရှိဘဲ အဲ့ဒီ့အစား သူက ပျော်ရွှင်စွာဖြင့်အသံပြု၏။
"ဆရာ...ဘာလို့အမြဲတမ်းဒီလိုပဲ လုပ်နေတာလဲ.."
ဟန်ကျောက်က အကူအညီမဲ့စွာ ပြုံးသည်။ သူဟာ လက်ရှိ အတွင်းအားကို ပြန်လည်ရုပ်သိမ်းကာ သူ၏ လက်များဟာ ချောမွေ့သည့် ကျောက်စိမ်းများသဖွယ် ပြန်လည်ပြောင်းလဲသွား၏။
"ကောင်လေး...မင်းအတွင်းအားကို ဖမ်းဆုပ်နိုင်ပြီးပြီပဲ။ မဆိုးဘူး မဆိုဘူး.."
လုယီက မုတ်ဆိတ်များကို သပ်ကာ အကြိမ်ကြိမ် ေခါင်းငြိမ့်သည်။
ဟန်ကျောက်ဟာ စီရင်စုမြို့တော်သို့ သွားပြီးနောက်တွင် ၃နှစ်အတွင်း၌ အတွင်းအားကို ဖမ်းဆုပ်နိုင်မည် ဖြစ်ကြောင်းအား သူခန့်မှန်းထား၏။
သို့ရာတွင် ၂နှစ်တောင်မကြာဘဲ အောင်မြင်မှုရလာမည်ဟု ထင်မထားခဲ့ပေ။
"တကယ်တော့ ကျွန်တော့်မှာ နောက်ထပ်သတင်းကောင်းတစ်ခု ရှိသေးတယ်"
ဟန်ကျောက်က ပြုံးသည်။ ထို့နောက် ကွင်းပြင်အတွင်းရှိ တပည့်များကို ကြည့်၏။
Thawda: