အခန်း (၁၉၄)
Vol. 13 Ch. 194
"တစ်ဝက်တစ်ပျက်လုပ်မနေနဲ့ သွားရအောင်။ ခြံနောက်ကို ငါနဲ့လိုက်ခဲ့.."
လုယီက ဟာသနှောကာ ပြောဆိုပြီးနောက် ဟန်ကျောက်၏လက်ကို ဆွဲကာ အနောက်ဘက်ခြံဝန်းသို့ ဝင်ရောက်သွားသည်။
"စီနီယာအစ်ကိုဟန်က အတွင်းအားကို ဖမ်းဆုပ်ပြီးတာလား.."
"ဒါကြီးက အရမ်းကို လွန်သွားပြီမလား.."
"စီနီယာအစ်ကိုလီယို.. မင်းပြောတော့ စီနီယာအကိုဟန်က စီနီယာအစ်မရှထက် ၂နှစ်ငယ်တယ်ဆို.. ဆိုလိုတာကသူက ဒီနှစ်မှာအသက် ၂၂နှစ်ထဲမှာ မလား.."
"အသက်၂၂နှစ်နဲ့ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက် ဖြစ်နေတာလား.."
"ငါသာအသက်၂၂နှစ်မှာ သွေးချီချိုးဖျက်မှု ပထမအဆင့်ကို ရောက်နိုင်ရင် တစ်ဘဝလုံး ရှင်သန်ရတာထိုက်တန်ပြီ.."
"လူလူချင်းဖြစ်ပေမယ့် နှိုင်းယှဉ်စရာ ဘာမှကို မရှိဘူး.." ခဏအကြာ၌ ဟန်ေကျာက်နှင့် လုယီတို့ဟာ ခြံဝန်း၏ အရှေ့ပိုင်းသို့ ပြန်လာကြသည်။
"ဂျူနီယာညီနဲ့ညီမတို့... ကျွန်တော်အရင်ဆုံး ပြန်ပါဦးမယ်.."
ဟန်ကျောက်က လက်သီးနှစ်ဖက်ကိုဆုပ်ကာ လူတိုင်းကိုပြောပြီးနောက် သိုင်းကျောင်းမှ ထွက်ခွာသွား၏။
ထိုပုံကိုတွေ့ရပြီးနောက် လုယီက ခြံဝန်း၏အလယ်ကိုသွားကာ လည်ချောင်းကိုရှင်းပြီး ပြောသည်။
"ခုနကသူပြောတာကို မင်းတို့လည်း ကြားတာပဲ။ ငါသိုင်းကျောင်းကို စီရင်စုမြို့တော်ကို လဝက်အတွင်းမှာ ပြောင်းေရွှ့ဖို့ အစီအစဉ်ထားတယ်။ လိုက်ချင်တဲ့သူတွေက စီရင်စုမြို့တော်ကို အတူတူလိုက်လို့ရတယ်.."
"မလိုက်ချင်ဘူးဆိုရင်လည်း ၃ရက်အတွင်းမှာဒီကိုလာခဲ့ကြ။ ငါမင်းတို့ရဲ့ကျန်တဲ့ သင်တန်းကြေးတွေကို ပြန်အမ်းပေးမယ်။ သေသေချာချာစဉ်းစားကြပေါ့.."
ထိုစကားနှင့်အတူ လုယီဟာ အနောက်ဘက်ခြံဝန်းသို့ပြန်လည်လျှောက်ဝင်သွား၏။ ထုတ်ပိုးစရာအများကြီး မရှိပေ။ လဝက်ဟူသည့်အချိန်ဟာ လုံလောက်တာထက်ပင် ပို၏။
သို့ပေမယ့် သူဟာ တပည့်များအတွက် စီစဉ်မှုများနှင့် သူ၏အိမ်ကို ရောင်းချရန်လည်း ရှိပါသည်။ လုယီဟာ ဒီနေရာတွင် သူ၏ ဘဝသက်တမ်းတစ်ဝက်လောက် နေခဲ့ကာ အိမ်ကိုရောင်းပြီး ထွက်ခွာရန်အနည်းငယ် တုံ့ဆိုင်းနေပေမယ့် သူ၏သမီးဖြစ်သူနှင့် ပြန်လည်သင့်မြတ်ရန်မှာ ပိုမိုအရေးကြီးပါသည်။
မထွက်ခွာခင်တွင် သူဟာ သူနှင့်ဆက်ဆံရေးကောင်းမွန်သည့် သိုင်းသခင်များဆီသို့ သွားရောက်လည်ပတ်၏။ သူ၏ ဆက်ဆံရေးများကို ဒီအတိုင်း ဖြတ်တောက်လိုက်မည် မဟုတ်ပါ။
"အကိုတို့အမတို့... စီနီယာအကိုဟန်က ဆရာကိုစီရင်စုမြို့တော်ကို ခေါ်သွားမလို့တဲ့။ ငါတို့တွေ လိုက်ကြမလား.."
"အဲဒါက စီရင်စုမြို့တော်ပဲ.."
"ဒီမှာရှိတဲ့ အသန်မာဆုံးသူက ခွန်အားသန့်စင်ခြင်းအဆင့်မှာပဲ ရှိကြတယ်။ ကောင်တီမြို့တော်မှာတော့ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအဆင့် စစ်ဘုရင်နဲ့ ဒဏ္ဍာရီဆန်တဲ့ သိုင်းသူတော်စင်တွေတောင်မှ ရှိကြတယ်။ ငါအပြင်ဘက်လောကကို မြင်တွေ့ချင်တယ်ကွာ.."
"ဒါက ငါ့ရဲ့ဘဝမှာ တစ်ခုတည်းသော အခွင့်အရေးဖြစ်လိမ့်မယ်။ ငါဒါကိုကောင်းကောင်း ဖမ်းဆုပ်ဖို့လိုအပ်တယ်.."
လုယီ ထွက်ခွာသွားပြီးနောက် ရှိနေကြသည့် တပည့်များဟာ စိတ်အားထက်သန်စွာ ရှိနေကြ၏။
လူများစွာတို့ဟာ စိတ်ဝင်စားနေကြသည်။ ကျောက်နက်မြို့ဟာ သေးငယ်သည့် ငါးနှင့်ပုစွန်များကိုသာ ထုတ်လုပ်နိုင်သည့် ကန်ငယ်တခုကဲ့သို့ရှိ၏။
ယွမ်ကန်းကောင်တီမြို့ဟာတော့ ရေနဂါးများကို မွေးထုတ်နိုင်သည့် ကျယ်ပြောသည့် ပင်လယ်တစ်ခုဖြစ်ပါသည်။ နှစ်ခုဟာ နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။
သို့ပေမယ့် မြင့်မားသည့် အခွင့်အရေးရှိသည်ဟူသည့် ဆိုလိုခြင်းမှာ ယှဉ်ပြိုင်မှုလည်း ပိုမိုပြင်းထန်ကာ အန္တရာယ်လည်း ပိုမိုမြင့်မားသည်ဟု ဆိုလို၏။
လုယီ ထွက်ခွာသွားပြီးနောက် အတွင်းဘက်ခြံဝန်းတွင် ဆေးဗားအတတ်ကို ကျင့်ကြံကြသည့် တပည့်များလည်း သိုင်းကျောင်းမှ ထွက်ခွာသွားကြသည်။
သူတို့ဟာ မိသားစုကို ဒီသတင်းအား သွားရောက် ပြောကြားချင်၏။ ကျောက်နက်မြို့တွင် မိသားစုနောက်ခံနှင့် အခြေချထားသည့် စီးပွားရေးများရှိသည့် တပည့်အချို့ဟာ စီရင်စုမြို့တော်၏ ရက်စက်မှုအား တစ်ခြားသူများထက်ပင် ပိုမိုသိကြပါသည်။
သို့ရာတွင် အစကတည်းက မည်သည်မှမရှိသည့် တပည့်များဟာတော့ ဒီထွက်ခွာမှုအတွက် လောင်းေကြးထပ်လိုကြ၏။ ရှုံးနိမ့်ပါက အခြေအနေဟာ မည်မျှပင်ဆိုးရွားစေကာမူ ယခုထက်အရမ်းကြီး ဆိုးရွားသွားမှာမဟုတ်ပေ။
အောင်မြင်လျှင်တော့ သူတို့၏ကံကြမ္မာကို ပြောင်းလဲနိုင်မည်ဖြစ်၏။
"ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချရမယ်.."
ဟန်ကျောက်ဟာ မြို့သို့ပြန်ရောက်ပြီးနောက် သူ၏ အသက်၂၂နှစ်ထဲနဲ့ ခွန်အားသန့်စင်ခြင်းအဆင့်သို့ချိုးဖျက်ခြင်းသတင်းဟာ ကျောက်နက်မြို့တစ်ခုလုံးကို မုန်တိုင်းတစ်ခုသဖွယ် ပျံ့နှံ့သွားသည်။
သေးငယ်သည့် ကျောက်နက်မြို့ကို မဆိုထားနှင့် အသက်၂၂နှစ်အရွယ်နှင့် အတွင်းအားကို ဖမ်းဆုတ်နိုင်သည့် လူဟာ စီရင်စုမြို့တော်၌ပင်လျှင် ပါရမီရှင်တစ်ယောက်ဖြစ်သည်။
အဓိကအဖွဲ့အစည်းကြီးများ အားလုံးဟာ ရှအိမ်တော်သို့ ဖိတ်ကြားလွှာများ ပို့လာကြ၏။ သို့ပေမယ့် ဟန်ကျောက်ဟာ ထိုညတွင် ကောင်တီအုပ်ချုပ်သူ ဝူဒီနှင့်သာတွေ့ဆုံပါသည်။
နောက်တစ်နေ့တွင် သူဟာ ကုန်လှည်းအဖွဲ့နှင့် လိုက်လံကာ ပိုင်ကျဲမြို့သို့ ထွက်ခွာခဲ့၏။ ပိုင်ကျဲမြို့ဟာ ကျောက်နက်မြို့၏ အနောက်မြောက်ဘက်တွင် တည်ရှိပါသည်။
ဤသည်မှာ အနီးအနားတွင်ရှိသည့် အနည်းငယ်ကြီးမားသည့် မြို့တစ်ခုဟု ဆိုနိုင်၏။ ကျောက်နက်မြို့၊ ကျောက်စိမ်းလေမြို့၊ ကျားယွမ်မြို့များကဲ့သို့ တည်ထောင်ခဲ့တာနှစ်ပေါင်း ၂၀၀ပင် မရှိသေးသည့် မြို့ငယ်များနှင့် နှိုင်းယှဉ်ပါက ပိုင်ကျဲမြို့ဟာ လွန်ခဲ့သည့်နှစ်ပေါင်း ရာပေါင်းများစွာကတည်းက တည်ရှိခဲ့သည်။
ထိုမြို့၏အုပ်ချုပ်သူ ဟယ်မိသားစု၏ဘိုးေဘးဟာ စစ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သူဟာ သူ၏ဘဝတွင် တိုက်ပွဲပေါင်းရာနဲ့ချီကို ကြုံတွေ့ခဲ့ပြီး တိုက်ပွဲတိုင်းတွင် အနိုင်ရခဲ့သည်။
နောက်ပိုင်းတွင် မြို့အုပ်ချုပ်သူဖြစ်လာပြီး ထိုမြို့၏အမည်ကို ပိုင်ကျဲမြို့ဟု အမည်ပေးခဲ့၏။ လက်ရှိအချိန်၌ ပိုင်ကျဲမြို့၏ ကောင်တီအုပ်ချုပ်သူဟာ ဟယ်မိသားစု၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။
ဟယ်မိသားစုဟာ မျိုးဆက်တိုင်းတွင် စစ်ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ပေါ်လာလေ့ရှိ၏။ သူတို့ဟာအနီးအနားရှိ ဧရိယာတစ်ဝိုက်တွင် ဒေသခံနဂါးများသဖွယ် ရှိနေကြသည်။
သို့ရာတွင် ဟယ်မိသားစုဟာ ဘယ်တုန်းကမှ ချဲ့ထွင်ခြင်း မရှိခဲ့ပါ။ သူတို့ဟာ ပိုင်ကျဲမြို့၏ မြေနေရာတစ်ခုကိုသာ စောင့်ကြပ်ကြ၏။
ဤသည်မှာ လူတိုင်းအတွက် ခန့်မှန်းချက်ထုတ်ရန် ခက်ခဲလှသည်။
ဟယ်မိသားစု၏ခေါင်းဆောင် ဟယ်ကျင်းထုံဟာ သက်ရှည်ဂိုဏ်း၏ ဂိုဏ်းစောင့်တစ်ယောက် ဖြစ်သည်။
ဟယ်မိသားစု၏ မျိုးဆက်တိုင်းတွင် မိသားစုခေါင်းဆောင်သာလျှင် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအဆင့် စစ်ဘုရင်ဖြစ်လာကြ၏။
ထိုအကြောင်းကြောင့်ပင် မိသားစုခေါင်းဆောင်များသာလျှင် ထိုလျှို့ဝှက်ချက်ကို သိရှိရန် အဆင့်မှီပါသည်။
လက်ရှိအချိန်၌ ဟယ်ကျင်းထုံဟာ အသက်၇၀ကျော်ပြီဖြစ်၏။ သူဟာ ချီနှစ်ဆင့်စစ်ဘုရင်တစ်ယောက်ဖြစ်ကာ စွမ်းအားကြီးမားသည်။ သို့ပေမယ့် သွေးချီ အထွတ်အထိပ်ကာလကို ကျော်လွန်ခဲ့ပြီ ဖြစ်၏။ သူ့အတွက် ဆက်လက် အဆင့်မြင့်တက်ရန် အခွင့်အရေးဟာ မြင့်မားခြင်းမရှိပေ။
ထို့အပြင် သူဟာ ငယ်ရွယ်စဉ်က ဒဏ်ရာရရှိခဲ့ဖူးသောကြောင့် သက်တမ်းအများကြီးလည်း ကျန်ရစ်ခြင်းမရှိပါ။
၅ရက်ကြာပြီးနောက် ကုန်လှည်းဟာ ပိုင်ကျဲမြို့မှမိုင်၃၀၀အကွာရှိ တောအုပ်တစ်ခုသို့ ရောက်ရှိလာခဲ့၏။
ကောင်းကင်၏ တဖြည်းဖြည်းနှင့် မဲမေှာင်လာမှုကို တွေ့ရပြီးနောက် လူတိုင်းဟာ တောင်ကိုတက်သည့် လမ်းတစ်ဝက်တွင် စခန်းချရန်အတွက် အနည်းငယ်ညီညာသည့် မြေပြင်တစ်ခုအား ရှာ၏။
လူတစ်ယောက်ဟာ ထိုတောင်တက်လမ်းတွင် စံအိမ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
"ဒါကဘာအနံ့လဲ။ ကောင်းလှချည်လား.."
"ဟုတ်တယ်။ ရှူကြည့်လိုက်တာနဲ့ ထမင်း၃ပန်းကန်လောက် အားပါးတရ စားချင်စိတ်ပေါ်လာစေတယ်.."
"ဒါကအရမျးကိုမှေးတဲ့ အသားနံ့ပဲ.."
"ဘယ်လောက်မွှေးလိုက်တဲ့အသားလဲ.."
"ဒါကခွေးသားပဲ... ပြောစကားတစ်ခုရှိတယ်။ ချက်ပြုတ်ထားတဲ့ ခွေးသားအနံ့က အင်မော်တယ်ေတွကိုတောင် ခိုင်ခိုင်မာမာမတ်တပ်ရပ်လို့မရအောင် ဖြစ်စေတယ်တဲ့.."
သိုင်းသမားများဟာ စံအိမ်၏အဝတွင် စုစည်းလာကြပြီး အနံ့ကိုရှုကာ တံေတွးများကို မျိုချနေကြသည်။ လမ်းတစ်လျှောက်တွင် တည်းခိုဆောင်များကို ကြုံတွေ့သည်မှာလွဲ၍ အချိန်အများစုတို့တွင် သူတို့ဟာ လမ်းပေါ်၌သာ စားကြသောက်ကြ အိပ်စက်ကြပါသည်။
စားသောက်ရန် အသားရှိလျှင်တောင် မာကျောသည့်အသားခြောက်များသာ ဖြစ်၏။ ရုတ်တရက်ခွေးသားအနံ့ကိုရလိုက်ခြင်းက လူတိုင်း၏ နှာခေါင်းများကိုချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။
"အသားေမွှးစံအိမ်...ငါမှတ်မိပြီ။ ဒါကပိုင်ကျဲမြို့က တော်ဝင်မျိုးနွယ်တွေအတွက် ခွေးသားစားဖို့ အထူးနေရာတစ်ခုပဲ။ သူတို့ရဲ့အသားနံ့က တကယ့်ကို ကောင်းတယ်.."
လူလတ်သိုင်းသမားကြီးတစ်ယောက်က အော်ဟစ်ကာ တံတွေးများကို မြိုချသည်။
ထိုစကားကိုကြားရပြီးနောက် အခြားသိုင်းသမားများလည်း ရှလင်ကို ကြည့်လိုက်ကြ၏။ လက်ရှိအချိန်၌ ရှလင်ဟာ ကုန်သွယ်ရေးအဖွဲ့၏ သခင်မလေးပင် မဟုတ်တော့ပေ။ သူမဟာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက်လည်း ဖြစ်၏။
ကုန်သွယ်ရေးအဖွဲ့တစ်ခုလုံးတွင် မည်သူမှ သူမ၏ စကားကိုငြင်းဆန်ရဲခြင်း မရှိပါ။
ထိုပုံကို တွေ့ရပြီးနောက် ရှလင်က ဟန်ကျောက်ကိုကြည့်၏။ ထောယွမ်မြို့ရှိ မေ့ပျောက်နိုင်ခြင်းမရှိသည့်အတွေ့အကြုံကို ကြုံတွေ့ပြီးနောက် ရှလင်ဟာ ကုန်စည်များကို ပို့ဆောင်ရန်အတွက် ထွက်ခွာတိုင်းတွင် များပြားလှသည့် လူဦးရေနှင့် မြို့ကြီးတစ်ခုမဟုတ်ပါက သူမဟာအမြဲတမ်း ရှောင်ကွင်းသွားတတ်သည်။
ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားပြီး ရှေ့သို့လျှောက်သွား၏။ သူဟာခွေးများကို သဘောကျသောကြောင့် ခွေးသားကိုစားခြင်းမရှိပါ။
သို့ရာတွင် ရိုးရိုးသားသားပြောရလျှင် ဒီခွေးသားအနံ့ဟာအလွန်ကောင်းလှ၏။ သူ၏ ဒီလောကသို့စတင်ကူးပြောင်းသည့် အချိန်တုန်းကသာ ဆိုပါက သူဟာခွေးသားကို မဆိုထားနှင့် ကြွက်သားဖြစ်လျှင်တောင် တုံ့ဆိုင်းခြင်းမရှိဘဲ စားပစ်မှာ ဖြစ်သည်။
ဒီလောကတွင် သာမန်လူများအတွက် ဗိုက်ပြည့်အောင်စားနိုင်ခြင်းကပင် အလွန်ကောင်းနေပြီး ဖြစ်၏။ ဘယ်လိုလုပ်ပြီး ဂျီးများနိုင်မည်နည်း။
နေ့တစ်နေ့၏ အဆုံးတွင် အမှန်တကယ် ဗိုက်ဆာလာပါက သူတို့ဟာ သစ်ပင်များနှင့် မြက်များကိုပင် စားကြရသည်။ အိမ်မွေးသားရဲများကို ဘယ်လိုလုပ်ပြီး ဂရုစိုက်နိုင်တော့မည်နည်း။
သူဟာ သူ့ဘာသာ စားခြင်းကို ရှောင်ရှားလျှင်တောင် အခြားသူများ၏ စားသုံးခြင်းကိုတော့ တားဆီးမည်မဟုတ်ပါ။
သို့ပေမယ့် ဒီစံအိမ်တွင် မည်သည့်အမှားအယွင်းမှ မရှိရန်တော့ လိုအပ်၏။