← Chapters

အခန်း (၁၉၅)

Vol. 13 Ch. 195

အခန်း (၁၉၅)

Vol. 13 Ch. 195

“ဒီအသားမွှေးစံအိမ်က ဦးလေးသိတဲ့ဟာဟုတ်တာ သေချာရဲ့လား”

ဟန်ကျောက်က ခုနက ပြောလိုက်သည့် လူလတ်ပိုင်းလူကြီးကို ကြည့်သည်။

“ဟုတ်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက လာဖူးပါတယ်”

လူလတ်ပိုင်းလူကြီးက ခေါင်းညှိတ်သည်။

ဟန်ကျောက်ဟာ ရှေ့ရှိ စံအိမ်ကို ကြည့်၏။ စနစ်၏ အချက်ပေးချက်ဟာ ပေါ်မလာခဲ့ပေ။ မည်သည့် ယင်စွမ်းအင်ကိုမှလည်း ခံစားရခြင်း မရှိပေ။

ထိုပုံကို တွေ့ရပြီးနောက် လေဟုန်စီးခြေထောက်ကို လှည့်လည်ကာ စံအိမ်၏ နံရံကို ခြေထောက်ဖြင့် တောက်ကာ ခုန်လိုက်သည်။ ငါးမီတာလောက် လေထဲသို့ မြောက်တက်သွား၏။

သူ၏ ကိုယ်ပွားကလည်း ခုန်ကြည့်သည်။ စံအိမ်တစ်ခုလုံးကို ကြည့်ရှုပြီးနောက် အတွင်းဘက်ရှိ အပြင်အဆင်ဟာ အလွန် တင့်တယ်ကြောင်းကို တွေ့လိုက်ရဿည်။

အရှေ့ဘက်ခြံဝန်းတွင် ကျောက်တောင်လေးများ ထူထဲစွာ ရှိနေပြီး နောက်ဘက်တွင် စံအိမ်များ ရှိသည်။ စံအိမ်၏ အရှေ့ဘက်တွင် ရေကန်ကြီးတစ်ခု ရှိ၏။

ဒီအချိန်၌ ကန်၏အလယ်၌ ဝတ်စုံဖြူနှင့် အမျိုးသမီးတစ်ယောက်ဟာ သူ့ဘက်သို့ ကျောပေးကာ ကန်ထဲတွင် ငါးစာကျွေးနေသည်။

အသား၏ မွှေးရနံ့ဟာ သူ၏ နှာခေါင်းဆီသို့ ပျံ့လွှင့်လာကာ ရစ်ဝဲနေ၏။ စံအိမ်၏ အနောက်ပိုင်း နေရာများဟာ ကျောက်တုံး၏ အရိပ်ကဲ့သို့ ဝေဝါးလှသည်။

“ဒီလောက်ကြီးမားတဲ့ စံအိမ်ထဲမှာ လူတစ်ယောက်ပဲ ရှိတာလား”

သူ၏ အမြင်အာရုံဟာ စူးရှပေမယ့် ဟန်ကျောက်ဟာ အရှေ့ဘက်ခြံဝန်းရှိ အမျိုးသမီးတစ်ယောက်ကိုသာ တွေ့ရပါသည်။ အနည်းငယ် ထူးဆန်းစွာ ခံစားရ၏။

ထိုအချိန်၌ ဝတ်စုံဖြူနှင့် အမျိုးသမီးဟာ အတွင်းဘက်သို့ လက်ဝှေ့ယမ်းသည်။ သူမဟာ တစ်ယောက်ယောက်ကို လက်ပြသဖွယ် ရှိနေ၏။ ဟန်ကျောက်က သူ၏ အစစ်အမှန်ချီကို မျက်လုံးသို့ စုကာ အမြင်အာရုံကို မြှင့်တင်ပြီး ကြည့်လိုက်သည်။

“အစ်ကိုဟန်.. အစ်ကိုလန်.. တစ်ခုခု တွေ့လို့လား”

ဟန်ကျောက်၏ နံရံပေါ်တွင် ရပ်ကာ ငိုင်တိုင်နေပုံကို တွေ့ရပြီးနောက် စုထန်ချီက သူ၏ဘေးသို့ ခုန်တက်လာ၏။

“ထူးဆန်းတာ ဘာမှမတွေ့ဘူး.. ဒါပေမယ့် အဲ့လို မတွေ့တာကိုက ထူးဆန်းနေတာ.. ငါတော့ ဒီမှာ ညမနေသင့်ဘူးလို့ ထင်တယ်”

ဟန်ကျောက်က အသံနိမ့်စွာ ပြောသည်။

ရိုးရိုးသားသား ပြောရလျှင် သူလည်းပဲ ထူးခြားမှုများကို ကြောက်ပါသည်။ ယခုကဲ့သို့ အမည်မသိ နေရာတစ်ခုနှင့် အကွာအဝေးတစ်ခု ခြားနားထားတာ ပိုကောင်း၏။ စနစ်၏ အချက်ပေးမှုက မည်သည့်ပြဿနာကိုမှ မပြသလာလျှင်တောင် ဖြစ်၏။

“ကျွန်တော့အထင်တော့ အစ်ကိုပြောတာ မှန်တယ်”

စုထန်ချီလည်း လက်ကို ဝှေ့ယမ်းနေသည့် အမျိုးသမီးကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ သူက ရုတ်တရက် နားမလည်သည့် အသွင်ဖြင့် အသံပြုမိ၏။

“ဘာဖြစ်လို့လဲ”

ဟန်ကျောက်က သူ့ကိုကြည့်သည်။ စုထန်ချီက လက်ညှိုးထိုး၏။

“ညီမ.. နင်ဘယ်တုန်းက ဝင်လိုက်တာလဲ”

ဟန်ကျောက်ဟာ မှင်သက်သွားသည်။ ခြံထဲကို ကြည့်လိုက်ပြီးနောက် ရှလင်နှင့် အခြားလူများလည်း ထိုနေရာတွင် ရပ်နေ၏။ သူ၏ပုံစံက ပြောင်းလဲသွားသည်။

ထိုအချိန်၌ ကိုယ်ပွားက ခြံဝန်းအပြင်ဘက်ရှိ အဝသို့ ကြည့်သည်။ ရှလင်တို့ဟာ ထိုနေရာတွင်လည်း ရှိနေကြ၏။

လူအုပ်စု၏ အလယ်တွင် ဝတ်စုံဖြူနှင့် အမျိုးသမီးဟာ ပါ်လာ၏။ သူမ၏ နောက်ကျောမြင်ကွင်းဟာ စံအိမ်အလယ်ရှိ ရေကန်မှ ပုံစံနှင့် လုံးဝ တူညီနေပါသည်။ သူမဟာလည်း သူ့ကို နောကျောပေးကာ လက်ဝှေ့နေ၏။

ဟန်ကျောက်၏ အကြည့်ကို သတိထားမိသည့်အလား အမျိုးသမီးက ခေါင်းလှည့်လာခဲ့သည်။ သူမ၏ မျက်နှာဟာ မှန်တစ်ချပ်ကဲ့သို့ ချောမွတ်ကာ မည်သည့် အသွင်သဏ္ဍာန်မှ ရှိမနေပေ။

ဟန်ကျောက်၏ ခန္ဓာကိုယ်အတွင်းရှိ မူလ အစွန်းရောက်ယန် အစစ်အမှန်ချီဟာ မီးတောက်ကဲ့သို့ တာဆူလာခဲ့သည်။ လူတစ်ကိုယ်လုံးကို ပူလောင်လာစေ၏။

နောက်တစ်စက္ကန့်တွင် သူ၏ မြင်ကွင်းဟာ ဝေဝါးသွားသည်။ သတိပြန်လည်လာချိန်၌ စံအိမ်အတွင်းသို့ ရောက်ရှိနေပြီး ဖြစ်၏။

ကိုယ်ပွားနှင့် စုထန်ချီတို့လည်း သူ၏ဘေးတွင် ရှိနေကြသည်။ သူတို့၏ ရှေ့တွင် မှင်သက်နေသည့် ရှလင်နှင့် အခြားလူများ ရှိ၏။

ဟန်ကျောက်က လက်ကြားထဲသို့ စမ်းကြည့်ပြီးနောက် ပါလာသည့် ယုနျန်ဟာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်းကို နားလည်လိုက်သည်။

“ဘာဖြစ်တာလဲ”

“ငါတို့တွေ ဘယ်လိုလုပ်ပြီး အထဲကို ရောက်လာတာလဲ” ဟန်ကျောက်၏ရှေ့ရှိ သိုင်းသမားများဟာ တဖြည်းဖြည်း သတိပြန်လည်လာပြီး မနေနိုင်ပဲ တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြသည်။

“တက်.. တက်”

သိုင်းသမားတစ်ယောက်က ခြံတံခါးကို တင်း သွားဖွင့်၏။

“ဘာဖြစ်တာလဲ”

“ငါ့ကိုယ်ငါကို မြင်နေရတယ်”

သိုင်းသမားများဟာ တံခါးအပြင်ဘက်တွင် ရပ်နေသည့် နောက်ထပ် သူတို့လူစုကို တွေ့လိုက်ရပြီးနောက် ထိတ်လန့်သွားကြသည်။

“သူက ဘယ်သူလဲ”

သိုင်းသမားတစ်ယော်က အော်လိုက်ကာ လူအုပ်ထဲတွင် ဝတ်စုံဖြူနှင့် အမျိုးသမီးတစ်ယောက် ပိုနေကြောင်းကို တွေ့လိုက်ရသည်။

“ငါတို့တွေ သရဲတွေ့တာလား”

“ပြေးကြ”

အဖွဲ့ထဲရှိ အချို့ ကြောက်ရွံ့သည့် လူငယ်များက ထွက်ပြေးကြသည်။ သို့ရာတွင် သူတို့ဟာ တံခါးဝသို့ ရောက်ရှိရုံ ရှိသေး ခန္ဓာူကိုယ်များဟာ နောက်တစ်စက္ကန့်တွင် အထိန်းအချုပ် ကင်းမဲ့စွာ နောက်သို့ ပြန်ဆုတ်လာကြသည်။

“ဘာဖြစ်တာလဲ။ ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်လို့ မရတော့ဘူး”

ထိုအချိန်၌ အနက်ရောင် အငွေ့များဟာ စုစည်းလာပြီး တံခါးအပြင်ဘက်ရှိ လူတိုင်း၏ ပုံရိပ်များကို ဖုံးလွှမ်းသွားသည်။ သူတို့ကို ဝေဝါးသွားအောင် ဖြစ်စေ၏။

“မကောင်းတော့ဘူး.. ဒါက အိပ်မက််နတ်ဆိုးများလား”

စုထန်ချီ၏ ပုံစံက ပြောင်းလဲသွားသည်။

“အစ်ကို.. အိပ်မက်နတ်ဆိုးက ဘာလဲ”

ဘေးရှိ စုနင်ချံုဟာ ယခုကဲ့သို့ ထူးဆန်းသည့် မြင်ကွင်းကို ကြုံတွေ့ဖူးခြင်း မရှိိပေ။ ချက်ချင်းပင် စုထန်ချီ၏ ဘေးသို့ ကပ်လာ၏။

သူမ၏ ဒီအစ်ကိုဟာ အချိန််အများစုတို့တွေ အလွန် ကြောက်တတ်ပေမယ့် ကိုယ့်အသက်ကို ကယ်တင်ရာမှာတော့ အလွန်တော်ပါသေးသည်။

“အဲ့ဒါက…”

စုထန်ချီ၏ ပုံစံက လေးနက်သွာား၏။

“ဝူး.. ဝူး.. ဝူး..”

သူက စကားစရုံ ရှိသေးသည့် ရာနှင့်ချီသည့် ကြမ်းကြုတ်သည့် ခွေးများ လှောင်အိမ်များမှ တစ်ပြိုင်နက် လွတ်လာသည့်နှယ် အသံများ ပေါ်လာခဲ့သည်။ အူသံများဟာ အရပ်မျက်နှာ အားလုံးတို့ဆီမှ ပျံ့နှံ့လာ၏။

“ဒါက ဘာကြီးလဲ”

“ယီး”

နွားပေါက်အရွယ် ရှိသည့် ထူးဆန်းသည့် ခွေးများဟာ ပတ်ဝန်းကျင်ရှိ အနက်ရောင် မြူများအကြားမှ ပြေးထွက်လာကြသည်။ လူတိုင်းဟာ ကြမ်းကြုတ်သည့် အကြည့်များနှင့် ရာနှင့်ချီသည့် ထူးခြားခွေးများ၏ ဝန်းရံခြင်းကို ခံလိုက်ရ၏။

ထိုခွေးများဟာ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားရုံမက မာကြောထက်မြသည့် အစွယ်များလည်း ရှိကြသည်။ ခန္ဓကိုယ်ရှိ အမွှေးများဟာ နက်မှောင်ရှည်လျားကာ ထူထဲသည့် အနက်ရောင် ဆူးချောင်းများသဖွယ် ရှိနေ၏။

“သေလိုက်တော့”

ထူးဆန်းသည့် ခွေးများ၏ ခုန်အုပ်လာခြင်းကို ခံရချိန်၌ သိုင်းသမားများဟာ ထိတ်လန့်နေဆဲ ရှိပေမယ့် သေခြင်းကို ဒီအတိုင်း စောင့်နေမည်မဟုတ်ပါ။ တစ်ယောက်ချင်းစီတိုင်းဟာ ဆေဘာများကို ထုတ်ကာ ခုတ်ပိုင်းကြ၏။

ကိုယ်ပွားဟာလည်း ဓါးဖြင့် ခုတ်ပိုင်းသည်။ ထက်မြသည့် အတွင်းအားဟာ မိုးရေသဖွယ် ထွက်ပေါ်လာ၏။ ရှေ့ရှိ ထူးခြားခွေးဟာ စက်သေနတ်နှင့် အပြစ်ခံရသည့်အလား ရုတ်တရက် အပေါက်များစွာ ပေါက်ထွက်သွားသည်။

သူ၏ အတွင်းအားဟာ ရှေ့ရှိ ခွေးကို ဖောက်ထွင်းကာ နောက်ရှိ ခွေးကို ထပ်မံထိမှန်၏။ မိုးပြန်ဓါးဟာ ပေါ်လာသည်နှင့် ဟန်ကျောက်၏ ရှေ့တွင် လခြမ်းသဏ္ဍာန် နေရာလွတ်တစ်ခု ဖြစ်ပေါ်သွားသည်။

“ဒီလောက် ထူထဲတဲ့ အငြှိုးစွမ်းအားတွေလား”

ဟန်ကျောက်ဟာ မျက်မှောင်ကြုတ်သွား၏။ ထောယွမ်ရာနှင့် ဒီဗိုင်းဓါးစံအိမ်တို့ရှိ ထူးခြားမှုကို ကြုံတွေ့ပြီးကာ နံပါတ်ကိုးဆိမှ သက်ဆိုင်ရာ အချက်အလက်များစွာတို့ကို ရရှိပြီးနောက် သူဟာ သတ္တဝါများက ထုတ်လွှတ်လာသည့် မကျေနပ်မှု ရန်ငြှိုးများကို အလွန်လွယ်ကူစွာ ခံစားနိုင်ပါသည်။

ဒီထူးခြားခွေးများမှ ရန်ငြှိုးစွမ်းအားများဟာ ထုထည်အဖြစ် ပြောင်းလဲလုမတတ် ရှိနေ၏။

သို့ရာတွင် ပြောရလျှင် ယင်စွမ်းအင်နှင့် မကျေနပ်မှုတို့ဟာ အတူတူသာ ပေါ်လာတတ်ကြသည်။ ယခုအချိန်တွင်တော့ မကျေနပ်မှုများသာ ရှိပြီး မည်သည့် ယင်စွမ်းအင်မှ ပါဝင်ခြင်း မရှိပေ။

တစ်ချိန်တည်းတွင် သူ၏နောက်ရှိ ကြီးမားသည့် ဆေဘာကြီးကို ကိုင်ဆောင်ထားသည့် သိုင်းသမားတစ်ယောက်ဟာ ထူးခြားခွေး၏ ခေါင်းကို ခုတ်ပိုင်းကာ ထက်ပိုင်းခွဲလိုက်သည်။

ဒီထူးခြားခွေးများဟာ ကြောက်ဖို့ကောင်းပေမယ့် မည်သည့် တိုက်ခိုက်မှုခွန်အားမှ မရှိကြောင်းကို နားလည်လိုက်သည်။ ကျယ်လောင်စွာ အော်ပြော၏။

“လူတိုင်းပဲ.. မကြောက်ကြနဲ့.. ဒီသားရဲတွေက ဘာမှ စွမ်းအားမကြီးဘူး”

“သတ်ကြ”

သိုင်းသမားများဟာ ထိုအခြေအနေကို သိလိုက်ရပြီးနောက် အချင်းချင်း အဝိုင်းဖွဲ့ကာ ခုခံကြသည်။ သူတို့၏ နှလုံးသားထဲရှိ ကြောက်ရွံ့မှုများဟာ များစွာ လျော့ပါးသွား၏။

ထူးခြားခွေးများဟာ အရေအတွက် များပြားစွာ ရှိနေပါသည်။ သို့ပေမယ့် သူတို့၏ ခန္ဓာကိုယ်များဟာ တို့ဟူးများသဖွယ် ရှိ၏။ တစ်ချက်ထိသည်နှင့် ပျက်စီးသွားကြသည်။ အနည်းငယ် မြန်ဆန်သည်မှ လွဲ၍ မည်သည့် သေစေနိုင်သည့် အန္တရာယ်မှ မရှိပါ။

ထိုအချိန်၌ လူအုပ်၏ အစွန်ပိုင်းရှိ လူငယ်တစ်ယောက်၏ လက်ကို ထူးခြားခွေးက ကိုက်မိသွား၏။ “အား.. ဟန်.. မနာဘူးလား”

သူဟာ ကြမ်းကြုတ်သည့် ခွေး၏ လည်ပင်းကို ဓါးဖြင့်စိုက်ကာ သတ်လိုက်သည်။

All Chapters