← Chapters

အခန်း (၂၁၀)

Vol. 14 Ch. 210

အခန်း (၂၁၀)

Vol. 14 Ch. 210

“ဂျူနီယာမောင်လေးဟန်.. ဘာဖြစ်ခဲ့သေးလဲ”

ရှလင်က မြင်းကိုမောင်းကာ ရှေ့တက်လာခဲ့သည်။

“ဘာမှမဖြစ်ပါဘူး။ ပြဿနာ နည်းနည်းပါပဲ။ ဖြေရှင်းပြီးသွားပြီ”

ဟန်ကျောက်က ပြုံးကာ ဖြေ၏။

ထိုစကားကို ကြားရပြီးနောက် အခြားလူများလည်း စိတ်သက်သာရာ ရသွားကြသည်။

လူအုပ်စုဟာ နောက်ထပ်နှစ်ရက်တာ ခရီးနှင်ပြီးနောက် နဂါးတောမြစ်ဆီသို့ ရောရှိလာခဲ့၏။

မြေပြင်က သွားလျှင် နောက်ထပ် လေးရက်ကြာပြီးပါက ယွမ်ကန်းကောင်တီ၏ စီရင်စု မြို့တော်ဆီသို့ ရောက်ရှိမည် ဖြစ်သည်။ သို့ပေမယ့် ရေလမ်းမှ သွားလျှင်တော့ တစ်ရက်သာ ကြာမည်ဖြစ်၏။

လူတစ်ရာကျော်သည့် အဖွဲ့နှင့် လှည်းများကို စွန့်ပစ်ခဲ့နိုင်သော်လည်း မြင်းများကိုမူ တစ်ခါတည်း ပစ်ထားခဲ့လို့ မရပေ။ ထို့ကြောင့် ဟန်ကျောက်ဟာ မီတာ၄၀လောက် ကြီးမားသည့် ကုန်တင်သင်္ဘောတစ်စီးကို ငှားလိုက်သည်။

‘သင်္ဘောပေါ်ကို တက်ဖို့ ပြင်ကြ.. အားလုံးကို သယ်ခဲ့ကြ.. ဘာမှ မကျန်စေနဲ့”

သင်္ဘောပိုင်ရှင်က ကုန်းပတ်ပေါ်မှ သင်္ဘောသားများကို ညွှန်ကြားကာ ကုန်စည်များကို ကူညီသယ်ဆောင်စေ၏။

“ဝူ..”

ထိုအချိန်၌ ခရာသံနှင့် တူသည့် အသံတစ်ခု မြစ်ပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ထို့နောက် ချက်ချင်းပင် မီတာ၁၀၀လောက် ရှည်လျားသည့် ကြီးမားသည့် စစ်သင်္ဘောတစ်စီးဟာ လူတိုင်း၏ မြင်ကွင်းအတွင်းတွင် ပေါ်လာခဲ့သည်။

သင်္ဘောကိုယ်ထည်ကို သံမဏိကဲ့သို့ မာကျောသည့် သစ်သားနက်တစ်မျိုးဖြင့် ပြုလုပ်ထား၏။ ရွက်တိုင်ပေါ်တွင် အနက်ရောင် ရေနဂါးပုံနှင့် အလံတစ်ခုကို လွှင့်တင်ထားသည်။

“ဒါက ဒေါသရေနဂါးဂိုဏ်းရဲ့ စစ်သင်္ဘောပဲ”

“သူငါတို့ဆီကို လာနေတာပဲ”

ကုန်စည်များကို သယ်ဆောင်နေသည့် သင်္ဘောသားများဟာ ထိတ်လန့်သွားကြသည်။

ဒေါသရေနဂါးဂိုဏ်းဟာ မြစ်ကြောတစ်လျှောက်တွင် လုံခြုံရေးကို တစ်နှစ်ပတ်လုံး ကာကွယ်ထားပေမယ့် ယခုကဲ့သို့ ကြီးမားသည့် အဖွဲ့အစည်းတစ်ခုကို မည်သူက မကြောက်ရွံ့ပဲ နေမည်လဲ။

ဒေါသရေနဂါးဂိုဏ်းဟာ ကောင်းမွန်သည့် ဂုဏ်သတင်းရှိ၏။ သို့ပေမယ့် ဤသည်မှာ ထိုလူများကို စိတ်ကောင်းရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

“ဒါက ဒေါသရေနဂါးဂိုဏ်းလား”

သင်္ဘောပိုင်ရှင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ဒေါသရေနဂါး ဂိုဏ်းတစ်ခုလုံးတွင်ပင် မီတာ၁၀၀ကျော် ရှည်လျားသည့် စစ်သင်္ဘော အများကြီးမရှိပေ။

ပံုမှန်အားဖြင့် မြစ်ဓါးပြများနှင့် ပင်လယ်ဓါးပြ အင်အားစုများနှင့် ကြီးမားသည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲမှသာလျှင် အသုံးပြုလေ့ ရှိသည်။ ထို့အပြင် သုံးလျှင်လည်း ဆိုလိုသည်ကား ဒေသသံတမန်အဆင့်နှင့် လက်ထောက်ဂိုဏ်းခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်များ ပါလာတတ်သည်။

“တကယ်လာတာလားဟ”

“သင်္ဘောပေါ်က ခုန်ချလာသူတွေ ရှိတယ်”

“ရေပေါ်မှာ လမ်းလျှောက်တာပဲ.. ဒါက ကျွမ်းကျင်သူတွေ”

ဒေါသရေနဂါးသင်္ဘောပေါ်မှ သိုင်းသမားသုံးယောက်တို့ ခုန်ချလာပြီး မြစ်ကမ်းသို့ ပြေးလာကြသည်။ လူတိုင်းဟာ အံ့ဩကုန်ကြ၏။

“အနည်းဆုံး ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှု အဆင့်ပဲ”

လုယီ၏ မျက်လုံးများက ပြူးကျယ်သွား၏။ သူဟာ စီရင်စုမြို့တော်တွင် သူ၏ ငယ်ရွယ်မှုကို ကုန်ဆုံးခဲ့ဖူးသည်။ ထို့ကြောင့် ဒေါသရေနဂါးဂိုဏ်း၏ အင်အားကို သိ၏။

“ဆရာ.. ကျွန်တော်တို့ ဘာလုပ်ကြမလဲ”

ကျောက်ယွမ်ထု၏ ပုံစံက ပြောင်းလဲသွားသည်။

“မလန့်နဲ့”

လုယီက အသံနိမ့်စွာ ပြောပြီးနောက် တင်းကြပ်သည့် အသွင်နှင့် ရှေ့သို့ လျှောက်သွားသည်။

သို့ရာတွင် သူက မည်သည်ကိုမှ ပြောနိုင်ခြင်း မရှိသေးခင် ဦးဆောင်လာသည့် အဖိုးအိုက ကျယ်လောင်စွာ ပြော၏။

“ကျွန်တော်က ရွှေကျင်ဖုန်း။ ဒေါသရေနဂါးဂိုဏ်းရဲ့ ဒေသသံတမန်တစ်ယောက်ပါ.. ဘယ်သူက ဟန်ကျောက်နဲ့ လန်ဖန်းယွင်လဲ မသိဘူး”

“ရွှေကျင်ဖုန်း.. ဒေသသံတမန်..”

လုယီ၏ ပုံစံက ပြောင်းလဲသွား၏။ ဒေါသရေနဂါးဂိုဏ်း၏ ဒေသသံတမန် အားလုံးတို့ဟာ စစ်ဘုရင်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့ဟာ ဟန်ကျောက်ကို အထူးလာရှာသည်လား။

ဖြစ်နိုင်တာက ဟန်ကျောက်ဟာ စီရင်စုမြို့တော်တွင် ပြဿနာတစ်ခုခု လုပ်ကာ ဒေါသရေနဂါးဂိုဏ်းကို ထိပါးခဲ့သည်လား။

သို့ရာတွင် မည်သည်က စစ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ကိုယ်တိုင် လှုပ်ရှားရန် ထိုက်တန်စေသနည်း။

“ဒေါသရေနဂါးဂိုဏ်းလား”

ဟန်ကျောက်ဟာ သင်္ဘောမှ အခန်းတစ်ခုတွင် မျက်လုံးမှိတ်ကာ အနားယူနေ၏။ အသံများကို ကြားရသောအခါ ကုန်းပတ်ပေါ်သို့ တက်လာခဲ့သည်။ ကြီးမားသည့် စစ်သင်္ဘောကြီးတစ်ခု ကမ်းကပ်လာကြောင်းကို နားလည်လိုက်၏။

အသံလာရာကို ကြည့်လိုက်ပြီးနောက် အဝတ်များတွင် ရေနဂါးပုံရှိသည့် အဖိုးအိုသုံးဦးတို့ ကမ်းစပ်သို့ ရောက်နေကြောင်းကို တွေ့ရသည်။ ပထမဆုံး လူဟာ အပြုံးတစ်ခုနှင့် ဖော်ရွေပုံ ရှိ၏။

ဟန်ကျောက်ဟာ သူ၏ ကိုယ်ပွားနှင့်အတူ ခုနစ်မီတာ၊ ရှစ်မီတာလောက် မြင့်မားသည့် သင်္ဘောပေါ်မှ ခုန်ချလာခဲ့သည်။

“ထင်ထားတဲ့အတိုင်းပဲ.. သူရဲကောင်းဆိုတာ လူငယ်တွေဆီက လာတာ.. ကျွန်တော်က ဒေါသရေနဂါးဂိုဏ်းရဲ့ ဒေသသံတမန် ရွှေကျင်ဖုန်းပါ။ တွေ့ရတာ ဝမ်းသာပါတယ်”

ရွှေကျင်ဖုန်းဟာ လုံးဝ မောက်မာခြင်းမရှိပေ။ အပြုံးနှင့် ပြည့်နှက်နေ၏။

သူဟာ ပြီးခဲ့တုန်းက ဂိုဏ်းချုပ်၏ တပည့်ဖြစ်ကာ လက်ရှိ ဂိုဏ်းချုပ်၏ ညာလက်ရုံးလည်း ဖြစ်၏။ ထို့ကြောင့် အခြား ဒေသသံတမန်များနှင့် လက်ထောက်ခေါင်းဆောင်များ မသိသည့် လျှို့ဝှက်ချက်များကို သိပါသည်။

ဟန်ကျောက်ကဲ့သို့ ဆေးပညာ ပါရမီရှင်တစ်ယောက်ကို ဂိုဏ်းသို့ ဖိတ်ခေါ်ခြင်းဟာ အလွန်အရေးကြီး၏။ ထို့ကြောင့် ကိုယ်တိုင်လာမှသာလျှင် စိတ်ချနိုင်မည် ဖြစ်သည်။

“မင်္ဂလာပါ သံတမန်ရွှေ.. ဒီကို ဒီလောက်လူတွေအများကြီး စုလာခဲ့တာ ဘာကိစ္စရှိလို့လဲ မသိဘူး”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်၏။

သူဟာ ဒေါသရေနဂါးဂိုဏ်း၏ အကြောင်းကို မေးစမ်းခဲ့၏။ ဂိုဏ်းခေါင်းဆောင်နှင့် ဒုဂိုဏ်းခေါင်းဆောင်တို့၏ အောက်တွင် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေ ဒေသသံတမန် ငါးဦးရှိပါသည်။

ကိုယ်ပွားကလည်း ပြန်လည်နှုတ်ဆက်၏။ သို့ပေမယ့် သူက မည်သည်ကိုမှ မပြောပေ။ ထိုပုံကို တွေ့ရပြီးနောက် ရွှေကျင်ဖုန်းက နားလည်သွားပြီး ပြောသည်။

“မနေ့က ဂိုဏ်းချုပ်က ညီလေးဟန်ကို ဂိုဏ်းကိုဝင်ဖို့ ကိုယ်တိုင် ဖတ်ခေါ်ခဲ့တယ်။ အဲ့ဒါကို ညီလေးဟန်က ခဏလောက် စဉ်းစားချင်တယ်လို့ ပြောတယ်တဲ့။ အဲ့ဒါကြောင့် ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ ကျွန်တော်တို့ ရောက်လာတာပါ။ ကျွန်တော်တို့ဘက်က လှိုက်လှိုက်လဲလဲ ကြိုဆိုမှုကို ဖော်ပြဖို့အတွက် လူတိုင်းကို စီရင်စုမြို့တော်ကို အထူးလိုက်ပို့ပေးချင်ပါတယ်။ ကျေးဇူးပြုပြီး မငြင်းပါနဲ့”

“ကျွန်တော်သိပြီ။ ဒါဆိုရင် ငြင်းနေရင် မယဉ်ကျေးရာ ကျတော့မယ်”

ဟန်ကျောက်က အသံနိမ့်စွာ ပြောသည်။ ရှန့်ကွမ်းယွင်ဖေးဟာ ရှင်းလင်းစွာပင် သူတို့၏ တည်နေရာကို အိမ်မှာနေရင်းပင် သိရှိနေသည်ဟု ပြောလိုက်ခြင်း ဖြစ်၏။

သို့ရာတွင် သူဟာ ပုန်းအောင်းနေရန် ဆန္ဒမရှိပါ။

ရှန့်ကွမ်းယွင်ဖေးသာ သူ့ကို အမှန်တကယ် ခြိမ်းခြောက်ချင်ပါက လုယီနှင့် အခြားလူများကို တိုက်ခိုက်နိုင်ပါသည်။ သို့ပေမယ့် ထိုအခါ သူတို့ဟာ လုံးဝ ရန်သူများ ဖြစ်သွားမှာဖြစ်သည်။

တစ်ဖက်လူဟာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ခေါင်းဆောင်ဟောင်းဆီမှ ဒေါသရေနဂါးသွေးကို ထုတ်ယူလိုပါက ရွေးချယ်စရာလူဟာ အလွန် နည်းပါးမှာပါ။ ထို့ကြောင့် နောက်ဆုံးအခြေအနေ မဟုတ်လျှင် သေချာပေါက် မျက်နှာပျက်အောင် လုပ်မည်မဟုတ်ပါ။

နောက်ဆုံးအကြိမ်တုန်းက တိုက်ခိုက်မှုမှာတော့ သူကိုယ်ပွား၏ ခွန်အားနှင့် သူ့အပေါ် ကာကွယ်လိုမှု အတိုင်းအတာကို စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။ မည်မျှ ကောင်းမွန်သည့် ပရိယာယ် ဖြစ်သနည်း။

သို့ရာတွင် ဟန်ကျောက်တွင် ငြင်းဆန်ရန် အကြောင်းပြချက် မရှိပါ။

ရှန့်ကွမ်းယွင်ဖေးဟာ အစမ်းရှင်သန်မှု အတွင်းတွင် သူ့ကို အကြိမ်ကြိမ် သတ်ဖြတ်ခဲ့၏။ ထို့ကြောင့် သူဟာ အတိုးရောအရင်းရောကို ပြန်တောင်းရန် လိုအပ်ပါသည်။ သူဟာ အမြင်ကျဉ်းသူ မဟုတ်ပေ။ အကြွေးရှိပါက သေချာပေါက် ပြန်ဆပ်မည်ဖြစ်၏။

ဟန်ကျောက်ဟာ ရှန့်ကွမ်းယွင်ဖေး၏ ဝှက်ဖဲများကို အလွန်ကောင်းမွန်စွာ သိပါသည်။ သို့ရာတွင် ရှန့်ကွမ်းယွင်ဖေးဟာတော့ အစမ်းရှင်သန်တုန်းကကဲ့သို့ ဟန်ကျောက်အပေါ် နားလည်မည်မဟုတ်ပေ။

နောင်တွင် သူတို့တွေ ပြန်သတ်သည့်အခါ ဟန်ကျောက်ဟာ သူ့ကို ဗာဂျရာအကာအကွယ်နှင့် သုံးပါးသော အနှစ်သာရအား၏ စစ်ဘုရင်အဆင့်ကို သေချာပေါက် သိသွားအောင် လုပ်ပေးလိုက်မှာပါ။

“ကျေးဇူးပြုပြီး”

ဟန်ကျောက်၏ သဘောတူမှုကို တွေ့ရပြီးနောက် ရွှေကျင်ဖုန်း၏ အပြုံးက ပိုမိုတောက်ပလာ၏။

“ကျေးဇူးပြုပြီး”

ဟန်ကျောက်က ခေါင်းညှိတ်ကာ သူ၏နောက်ရှိ လူများကို လိုက်ပါခိုင်းသည်။

“ဒါက.. ဂျူနီယာမောင်လေးဟန်က ဘယ်တုန်းက ဒေါသရေနဂါးဂိုဏ်းနဲ့ ပက်သက်သွားတာလဲ”

ရှလင်က ပဟေဋိဖြစ်စွာနှင့် လျှင်မြန်စွာ နောက်မှလိုက်၏။

အခြားလူများလည်း မေးခွန်းများနှင့် ပြည့်နှက်နေပါသည်။ သို့ပေမယ့် ဤသည်မှာ စီရင်စုမြို့တော်သို့ လောင်းကြေးထပ်သည့် သဘောဖြင့် လာခဲ့သည့် သူတို့အတွက် ကိစ္စကောင်းဖြစ်တာကို သိပါသည်။

ယခုအချိန်၌ ဟန်ကျောက်၏ ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်သဖွယ် ဆက်ဆံခံရမှုက သူတို့၏ နှလုံးသားထဲတွင် ဝမ်းသာသွားစေ၏။ ဒေါသရေနဂါးဂိုဏ်းဟာ နဂါးတောမြစ်၏ နှစ်ဖက်ခြမ်းတွင် ကောင်းကင်ဖြစ်သည်ဟု မဆိုနိုင်လျှင်တောင် အများကြီး ခြားနားမှုမရှိပါ။

“စီနီယာအစ်ကိုဟန်က စီရင်စုမြို့တော်မှာ အရမ်းကို ထူးချွန်နေတာလား”

“သူက တကယ့်ကို နှိမ့်ချတာပဲ.. ဒါကိုများ ဒီလိုပါပဲလို့ ဖြေခဲ့သေးတယ်”

“ဒါသာ ပုံမှန်ပဲဆို ငါတို့‌တွေဆိုရင် ဝက်တွေ ခွေးတွေထက် ဆိုးနေမှာပေါ့”

လူတိုင်းဟာ ဟန်ကျောက်ကို အလွန်နှိမ့်ချသည်ဟု ခံစားရ၏။ သူတို့သာ ဒေါသရေနဂါးဂိုဏ်းနှင့် ပက်သက်မှုတစ်ခုခု ရှိပါက ကျောက်နက်မြို့ရှိ လူတိုင်းကို သိအောင် ကြေငြာမောင်းခတ်မိမှာပါ။

ဤသည်မှာ ဒေါသရေနဂါးဂိုဏ်း ဖြစ်သည်။ သိုင်းသူတော်စင်တစ်ယောက်နှင့် ထိပ်တန်း အဖွဲ့အစည်းတစ်ခု ဖြစ်၏။

လူတိုင်းဟာ သင်္ဘောပေါ်သို့ တက်ပြီးနောက် တစ်ရက်တောင် မကြာပဲ ယွမ်ကန်းကောင်တီ၏ စီရင်စုမြို့တော်နှင့် ကီလိုမီတာ တစ်ဆယ်ကျော် အဝေးရှိ ဆိပ်ကမ်းတစ်ခုဆီသို့ ရောက်ရှိလာကြသည်။

All Chapters