အခန်း (၁၉၆)
Vol. 14 Ch. 196
ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည့် သူ၏လက်ကိုတွေ့ရပြီးနောက် အလန့်တကြားအော်၏။ နောက်ဆုံးတွင် သူ၏လက်ဟာ နာကျင်မှုလုံးဝမရှိကြောင်းကို နားလည်လိုက်သည်။
"ဒါက ပုံရိပ်ေယာင်တစ်ခုလား.."
ဟန်ေကျာက်လည်း လူငယ်၏အခြေအနေကို သတိထားမိပြီး ဤသည်မှာ အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
ခန္ဓာကိုယ်ရှိ သုံးပါးသော အနှစ်သာရအားဟာ မြင့်တက်လာခဲ့၏။ သူဟာ တိုက်ခိုက်ရန်ပင် မလိုပေ။ သူ၏ အတွင်းအားအကာအကွယ်အလွှာဖြင့် ထိခိုက်မိရုံဖြင့် ထိုထူးခြားခွေးများဟာ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
"ဟမ် တကယ်ပဲမနာဘူးဟ.."
"ငါရောပဲလုံးဝမနာဘူး.."
"လူတိုင်းပဲမကြောက်ကြနဲ့.. ဒါက ပုံရိပ်ေယာင်တစ်ခုပဲ.. အဆင်ပြေတယ်.."
ထူးခြားသော ခွေးများ၏တစ်လှိုင်းပြီးတစ်လှိုင်း ဝင်ရောက်လာမှုကြောင့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများနှင့် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားများမှ လွဲ၍ အခြားလူများဟာ အထိခိုက်မရှိဘဲ နေနိုင်ဖို့ရာ ခက်ခဲလှပါသည်။
ဘာပဲဖြစ်ဖြစ် ထိုထူးခြားခွေးများ၏ အမြန်နှုန်းဟာ အရိုးသန့်စင်ခြင်း၂ဆင့်နှင့် အရေပြားသန့်စင်ခြင်းအဆင့် သိုင်းသမားများအတွက် အလွန်လျှင်မြန်နေဆဲ ဖြစ်၏။
သို့ရာတွင် ခွေးများ၏ ကိုက်ချက်များဟာ နာကျင်မှုမရှိေပ။ ထို့ကြောင့်လူများစွာတို့ဟာ ကြောက်ရွံ့မှုမဖြစ်ကြတော့ပါ။
"အစ်ကိုစု... ခုနက ခင်ဗျားပြောတဲ့ အိပ်မက်နတ်ဆိုးဆိုတာ ဘာလဲဗျ.."
ဟန်ကျောက်က တိုက်ခိုက်ရင်းက စုထန်ချီကို လှမ်းခေါ်လာ၏။ ဒီထူးခြားခွေးများဟာ သူ့အတွက် ကလေးငယ်များသဖွယ် အားနည်းလှသည်။
သို့ပေမယ့် အရေအတွက်ဟာ လျော့ပါးသွားမည်ပုံ လုံးဝပြသခြင်းမရှိပေ။ သူ၏ကိုယ်ပွားဟာ ဓားတစ်ချက် ခုတ်လိုက်တိုင်းတွင် ၁၀ကောင်ကျော်လောက်ကို ပျက်စီးသွားစေ၏။
သို့ပေမယ့် ဘယ်လိုလုပ်ပြီး ပိုမိုပိုမိုကာ များပြားလာသည်ဟု ခံစားရသနည်း။
"ငါလည်း အိမ်ကကျမ်းစာတစ်ခုထဲမှာ ဖတ်ဖူးတာ.. အဲ့ဒါက ပတ်ဝန်းကျင်က သတ္တဝါတွေကို အိပ်မက်တစ်ခုထဲကိုဆွဲထည့်နိုင်တဲ့ နတ်ဆိုးမျိုးပဲ.."
"ဒါပေမယ့် မကြာခဏ ပေါ်လာလေ့မရှိတော့ တိတိကျကျဘယ်လိုပုံစံလဲဆိုတာကို ငါလည်းမသိဘူး။ စာအုပ်ကလည်း အသေးစိတ်ကို မှတ်တမ်းတင်မထားဘူး.."
စုထန်ချီကအော်၏။
"ထူးခြားမှုဆိုရင်တောင် ငါတို့အားလုံးကို အတွင်းထဲကို မဝင်သေးဘဲနဲ့ ချက်ချင်းကြီးအကုန်လုံး ဆွဲထည့်ဖို့ မဖြစ်နိုင်ဘူး.."
"ဒ့ါကြောင့် ငါတို့တွေ အခုအိမ်မက်လိုမျိုး ပုံရိပ်ေယာင်တစ်ခုထဲမှာ ဖြစ်လိမ့်မယ်။ ငါတို့ရဲ့အဓိကခန္ဓာကိုယ်တွေက အပြင်ဘက်မှာ ရှိနေဦးမှာ.."
"အစ်ကို.. အဲဒါဆိုရင် ငါတို့တွေဘယ်လို ထွက်ကြမှာလဲ.." စုနင်ချုံက အဆုံးမသတ်နိုင်သည့် ထူးခြားေခွးများကိုတွေ့ရပြီးနောက် မနေနိုင်ဘဲ အော်၏။
"ငါလည်း မသေချာဘူး။ ဒါပေမယ့် ဒီပုံရိပ်ေယာင်တွေက အကန့်အသတ်တော့ ရှိမှာပဲ။ ထူးခြားမှုတွေရဲ့ ထွက်ပေါက်လိုမျိုးပေါ့။ ငါတို့တွေ စမ်းကြည့်မှပဲ သိလိမ့်မယ်.."
စုထန်ချီ၏ ပုံစံက ခါးသက်သွား၏။ သူလည်းသူ၏ သတိကြီးမှုဖြင့်ပင် ယခုကဲ့သို့ အခက်အခဲကြားသို့ ဝင်ရောက်မိမည်ဟု ထင်မထားခဲ့ပေ။
ဤသည်မှာ ထူးခြားမှုတစ်ခုဖြစ်ပါက သူ့အနေနှင့် အနားပင် ကပ်မည်မဟုတ်ပါ။ ယခုကဲ့သို့ ရှားပါးမည့် အိမ်မက်နတ်ဆိုးတစ်ကောင်ကို တွေ့ရမည်ဟု မည်သူက ထင်ထားမည်နည်း။
ဒီပစ္စည်းဟာ သက်ဆိုင်ရာ နေရာတစ်ခုကို ဝင်ရောက်ရန်ပင် လိုအပ်ခြင်းမရှိပေ။ သင်သည် အိမ်မက်နတ်ဆိုးအနီးသို့ ရောက်ရှိသည်နှင့် မသိမသာနှင့် အိမ်မက်ထဲသို့ ဝင်ရောက်သွားမှာ ဖြစ်၏။
ကံကောင်းစွာပင် အိမ်မက်နတ်ဆိုးတွင် မည်သည့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုစွမ်းရည်မှ မရှိပေ။ မဟုတ်ပါက အဓိကခန္ဓာကိုယ်သာ တိုက်ခိုက်ခံရပါက အိမ်မက်ထဲသို့ ရောက်နေသည့်အချိန်အတွင်းတွင် သေဆုံးသွားတာကြာမည်ဖြစ်လိမ့်မည်။
"အား.."
ရုတ်တရက် သူတို့ထဲမှ အော်သံတစ်ခု ထွက်ပေါ်လာ၏။ "ဘာဖြစ်တာလဲ...ငါ့ခန္ဓာကိုယ်..."
အော်သံများဟာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
ခုနက ထူးခြားခွေး၏ ကိုက်ခံရသည့်လူများဟာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
အပြင်ဘက်တွင်..
"ဘုတ်"အတွင်းရှိ လူများ လဲကျသွားသည့်နှင့်အမျှ အပြင်ဘက်ရှိ အနက်ရောင်မြူများ အကြားမှတစ်ယောက်ယောက် လဲကျသွားသည့်အသံဟာ ထွက်ပေါ်လာခဲ့သည်။
အပြင်ဘက်ရှိ လူတိုင်းကိုလွှမ်းခြုံနေသည့် အနက်ရောင်မြူများဟာ အနည်းငယ်လျှော့ပါသွားသည့် ပုံပါ။
"အဲ့ဒါကငါပဲ.."
ခုနက လက်ကို စုတ်ပြတ်သွားအောင် အကိုက်ခံရသည့် လူငယ်ဟာ အပြင်ဘက်ရှိ သူ၏ခန္ဓာကိုယ်မြေပြင်သို့ လဲကျသွားပုံကို တွေ့လိုက်ရသည်။
သူဟာ လက်ကိုကိုင်ကာ ဆက်တိုက် တွန့်လိမ်နေ၏။ ချက်ချင်းပင် သတိလစ်မတတ် ထိတ်လန့်သွားသည်။ လူတိုင်းဟာလည်း ကြက်သီးထားစွာ ခံစားလိုက်ရသည်။
"ပုံရိပ်ေယာင်ထဲမှာဒဏ်ရာရတာက အဓိကခန္ဓာကိုယ်ကို တစ်ခါတည်း ထိခိုက်တာလား.."
မကြာခင် တစ်ယောက်ယောက်က နားလည်လိုက်၏။
"ငါတို့တွေ သေကုန်ကြတော့မယ်.."
"ငါတို့တွေ ထွက်လို့မရဘူး.."
မြေပြင်ပေါ်ရှိ သိုင်းသမားများဟာ ကြောက်လန့်စွာဖြင့်အော်ကြသည်။
လူတိုင်း၏ မျက်လုံးထဲတွင် မကြောက်တရားဟာ ပလိပ်ရောဂါကဲ့သို့ ပျံ့နှံလာခဲ့၏။ သိုင်းသမားများအနေနှင့် ဤသည်မှာ သိုင်းသမားများ၏ တိုက်ပွဲဖြစ်ပါက သူတို့ဟာ ဆိုးရွားစွာ တိုက်ခိုက်ခံရလျှင်တောင် အရမ်းကြီးကြောက်ရွံ့မည် မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် သိုင်းသမားဟူသည်မှာ ဓားသွားပေါ်ရှိ သွေးကိုယပ်ကာ ရှင်သန်ရသည့်ဘဝ ဖြစ်၏။ သို့ရာတွင် ယခုအချိန်၌ သူတို့ကြုံတွေ့ရသည့် ရန်သူမှာ လူသားလုံးဝ မဟုတ်ပေ။ အိပ်မက်နတ်ဆိုးဟူသည့် သတ္တဝါဖြစ်၏။
အချို့ သွေးသန့်စင်ခြင်းအဆင့် တစ်ဝက်တစ်ပြတ် သိုင်းသခင် များဟာ နတ်ဆိုးများ၏ တည်ရှိမှုကို သိကြပါသည်။
သို့ပေမယ့် သူတို့သိသည့် နတ်ဆိုးဟူသည်မှာ ပိုမိုသန်မာသည့် သားရဲရိုင်းများသာ ဖြစ်ကြ၏။ ဒီပုံရိပ်ေယာင်အတွင်းသို့ ဆွဲခေါ်သွားတတ်သည့် အိပ်မက်နတ်ဆိုးနှင့် နှိုင်းယှဉ်ပါက လုံးဝသက်ဆိုင်ခြင်း မရှိသည့်ပုံပါ။
"ဘာထွက်ပေါက်မှမရှိဘူး.."
"သွားပြီ.."
"မင်းတို့ပါးစပ်တွေပိတ်ထားကြ.."
ဟန်ကျောက်က လူတိုင်း၏ အဖေအမေခေါ်ကာ ေအာ်သံများကို ကြားရပြီးနောက် အော်၏။
"လမ်းကြောင်းမရှိရင် ရှာကြမယ်။ ငါ့နောက်ကိုလိုက်ခဲ့.."
လူတိုင်းဟာ သူ၏အော်သံကြောင့် အံ့သြသွားကြ၏။ ထိုစကားနှင့်အတူ ဟန်ကျောက်ဟာ လက်ဝါးဖြင့်ရုတ်တရက် ရိုက်ထုတ်လိုက်ပြီး သူ၏အတွင်းအားဟာ လက်ဝါးသဏ္ဍာန် ထွက်ခွာသွားခဲ့သည်။
"ဘုန်း ဘုန်း.."
လေကိုခွင်းသည့် အသံများနှင့်အတူ သူ့ကိုဝန်းရံနေသည့်ထူးခြားခွေးများဟာ တစ်ကောင်ပြီးတစ်ကောင် လွင့်စင်သွားကြသည်။
သူဟာ တိုက်ခိုက်ရင်းက ထူးခြားခွေးများထူထဲစွာ ရှိနေသည့်နေရာသို့ ပြေးတက်သွား၏။ ကြည့်လိုက်ပါကသူဟာ စံအိမ်အတွင်းမှ ပြေးထွက်ခြင်းမဟုတ်ဘဲ အလယ်ဗဟိုသို့ ပြေးသွားသည့်ပုံပါ။
ရှလင်က တုံ့ဆိုင်းခြင်း လုံးဝမရှိပေ။ သူမဟာ လက်ကိုမြှောက်ကာ ဆေးဗားကို ခုတ်ပိုင်းလိုက်၏။ နှစ်ဖက်မှတိုက်ခိုက်လာသည့် ထူးခြားခွေးများကို သေသပ်စွာရှင်းလင်းပြီးနောက် သူ၏နောက်မှ နီးကပ်စွာလိုက်သည်။
ဟန်ကြောင့်၏ ကိုယ်ပွားဟာ အပေါ်စီးမှတိုက်ခိုက်လာသည့် ခွေးများကို ရှင်းလင်းလိုက်၏။
"ရွှတ် ရွှတ် ရွှတ်.."
မိုးပျံအားဟာ ဟန်ေကျာက်နှင့်ရှလင်တို့၏ ဦးခေါင်းထက်တွင် ဖုံးလွှမ်းသွားပြီး မိုးရွာသကဲ့သို့ရှိနေတော့သည်။
"ညီမ မြန်မြန်လေး မှီအောင်လိုက်.."
စုထန်ချီက ခါးရှိဓားရှည်ကို တင်းကျပ်စွာကိုင်ပြီး ေဝှ့ရမ်းသည်။ သူဟာ နေရာမှာတင် မှင်သက်နေသည့် စုနင်ချုံကို ဆွဲကာ နောက်မှချက်ချင်းလိုက်၏။
ယခုအချိန်၌ အိမ်မက်နတ်ဆိုး၏ ပုံရိပ်ေယာင်အတွင်းတွင် ရှိနေခြင်းကို သိပေမယ့် သူ့တွင် ၎င်းကိုဖြေရှင်းရန် နည်းလမ်းမရှိပါ။ ဒီနေရာတွင် သေမည်ကို စောင့်စားနေမည့်အစား အသန်မာဆုံးလူေနာက်မှ လိုက်တာက ပိုမိုကောင်းပါသည်။
လူမည်မျှ ကျန်ခဲ့စေကာမူ သူတို့အားလုံးဟာ အားနည်းသူများသာ ဖြစ်ကြသည်။ မည်သည်မှ အသုံးဝင်မည်မဟုတ်ပေ။
ထို့အပြင် ဒီလူများဟာ မသေသေးပေမယ့် ဝံပုလွေများနှင့် တစ္ဆေသရဲများကဲ့သို့ အော်ဟစ်မြည်တမ်းနေပြီး အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည်။
"ဒီဟန်ကျောက်က ဘယ်သူလဲ...သူက ကြမ်းတမ်းလှချည်လား.."
စုထန်ချီက စုနင်ချုံကိုဆွဲကာ နောက်မှ နီးကပ်စွာလိုက်ရင်းက တွေးမိ၏။
နောက်ဆုံးတွင် သူဟာ ရှေ့ရှိထူးခြားခွေးအရေအတွက်အများဆုံး နေရာတစ်ခုအား ဟန်ကျောက်က လက်ဗလာဖြင့် လက်ဝါးနှင့်ရိုက်ကာ ရှင်းလင်းလိုက်ကြောင်းကို နားလည်လိုက်သည်။
သူဟာ အစက လန်ဖန်းယွင်ကြောင့် ဟန်ေကျာက်အပေါ် မြင့်မားစွာေတွးထားပေမယ့် ဒီလို ခွန်အားသန့်စင်ခြင်းအဆင့်သာ ရှိသေးလျက်နှင့် အလွန်စွမ်းအားကြီးနေမည်ဟု ထင်မထားခဲ့ပေ။
"ဘုန်း ဘုန်း.."
များပြားလှသည့် ဟန်ကျောက်၏ပတ်ဝန်းကျင် တစ်မီတာအကွာရှိ ခွေးများဟာ လေးလံသည့် လက်ဝါးချက်ကြီးတစ်ခုကို ရင်ဆိုင်လိုက်ရသည့်အလား ပေါက်ကွဲထွက်ကုန်ကြသည်။
"ငါတို့ကို မချန်ထားခဲ့နဲ့.."
ဟန်ေကျာက်နှင့် အခြားအသန်မာဆံုးတိုက်ခိုက်ရေးသမားများ ထွက်ခွာသွားမှုကို တွေ့ရပြီးနောက် ခုနက တံု့ဆိုင်းနေကြသည့် သိုင်းသမားများဟာ ချက်ချင်းပင်များပြားလှသည့် ထူးခြားခွေးများ၏ ဝါးမျိုမှုကို ခံလိုက်ရသည်။ သိုင်းသမားတစ်ဝက်လောက်ဟာ လျှင်မြန်စွာဖြင့် သူတို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားကြ၏။
ဟန်ကျောက်တို့၏ နောက်ကိုလိုက်သည့် သိုင်းသမားများလည်း ထိတ်လန့်သွားကြသည်။ သူတို့ဟာ မနေနိုင်ဘဲ ခန္ဓာကိုယ်မှ ဝိဉာဉ်များလွင့်လုမတတ် ခံစားရပြီး အစွမ်းကုန် နောက်မှလိုက်၏။
"ဒီပုံရိပ်ေယာင်မှာ အဆုံးမသတ်ဘူးလို့ ငါမထင်ဘူး.."
ဟန်ကျောက်ဟာ လက်သီးများ၊ လက်ဝါးများ၊ တံတောင်များ၊ ကန်ချက်များ၊ ဒူးများကို ဆက်တိုက်အသုံးပြုနေ၏။ သုံးပါးသော အနှစ်သာရအား၏ အားဖြည့်မှုနှင့်အတူ သူ၏ခန္ဓာကိုယ်မှ အစိတ်အပိုင်းအားလုံးတို့ဟာ သတ်ဖြတ်ခြင်းလက်နက်တစ်ခု ဖြစ်လာနိုင်ပါသည်။
ဒီထူးခြားေခွးများဟာ များပြားလှပေမယ့် သူ့ကိုရှေ့တက်ခြင်းမှ တားစီးနိုင်ခြင်း မရှိပါ။ မကြာခင် အရှေ့ဘက်ခြံဝန်းရှိ ကြီးမားသည့် ကန်ကြီးဆီသို့ ရောက်ရှိသွား၏။
ကန်၏အလယ်ဗဟိုရှိ ကနားထဲတွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးဟာ သူ့ကိုနောက်ကျောပေးထားဆဲ ရှိ၏။ သူမ၏ ခြေထောက်ေဘးတွင် သေးငယ်သည့် အနက်ရောင်ခွေးတစ်ကောင်ဟာ လဲလျောင်းနေပါသည်။
၎င်းဟာ လျှာလေးကိုထုတ်ကာ ပျော်ရွှင်စွာနှင့် အမြှီးကိုနန့်နေ၏။ ထိုအချိန်၌ သူ၏နောက်ရှိ လူအားလုံးတို့ ပျောက်ကွယ်သွားကြသည်။
"နင်ငါ့ရဲ့ကလေးကို တွေ့မိသေးလား.."
ဝတ်စုံဖြူနှင့် အမျိုးသမီးက နောက်သို့လှည့်လာ၏။ သူမ၏မျက်နှာဟာ မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေပြီး မည်သည့် အသွင်သဏ္ဍာန်လက္ခဏာရပ်မှ မရှိပါ။
ထိုအချိန်၌ ဟန်ကျောက်ဟာ ရုတ်တရက် ရှေ့သို့တက်ကာ ရှေ့ရှိ ဝတ်စုံဖြူနှင့်အမျိုးသမီးကို လက်သီးဖြင့်ထိုးလိုက်၏။
"ဘုန်း.."
သစ်သားစများဟာ အရပ်မျက်နှာ အားလုံးတို့ဆီသို့ လွင့်စင်သွား၏။
"ဘာတုန်းက.."
ဟန်ကျောက်၏ လက်သီးဟာ ဝတ်စုံဖြူနှင့်အမျိုးသမီး၏ မျက်နှာကို ဖြတ်ကျော်သွားပြီး ကနားရှိသစ်သားတိုင်ကို ထိမှန်သွား၏။
သူ၏ရှေ့ရှိ ဝတ်စုံဖြူနှင့် အမျိုးသမီးဟာ အံ့သြစရာကောင်းလောက်အောင် ပြီးခဲ့သည့်ဘဝရှိ သူ၏မိခင်အဖြစ်သို့ ပြောင်းလဲသွားသည်။
"နင်က ငါရဲ့ကလေးလား.."
အမျိုးသမီးက သူ့ကိုချစ်ခင်စွာဖြင့် ကြည့်၏။