← Chapters

အခန်း (၁၉၇)

Vol. 14 Ch. 197

အခန်း (၁၉၇)

Vol. 14 Ch. 197

“ဟစ်..”

ဟန်ကျောက်ဟာ သူ၏ လက်ခုံမှ စူးရှသည့် နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

လက်ကိုမြှောက်ကာ ကြည့်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ခုံဟာ စုတ်ပြတ်နေပြီး သစ်သားစတစ်ခု အသားထဲသို့ စိုက်ဝင်နေကြောင်းကို တွေ့လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်ဟာ ဗလာကျင်းလင်း ဖြစ်သွားသည်ဟု သူခံစားလိုက်ရသည်။ မည်သည့် အတွင်းအား(သို့) အစစ်အမှန်ချီမှ ရှိမနေတော့ပါ။

သူဟာ သာမန်လူတစ်ယောက်ကဲ့သို့ ရှိနေ၏။ အေးစက်သည့် လက်ကြမ်းတစ်စုံက သူ၏ ညာဘက်လက်ကို ဆုပ်ကိုင်ထား၏။ ဝတ်စုံဖြူနှင့် အမျိုးသမီးက သူ့ကို စိုးရိမ်စွာ ကြည့်သည်။

“နင်ဘာလို့ ဒီလောက်တောင် ဂရုမစိုက်ရတာလဲ”

ဟန်ကျောက်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ကလေး.. နင်က ပြုံးနေသေးတာလား..”

“ဘုန်း”

သူမ၏ မေးခွန်းအတွက် အဖြေဟာတော့ ဟန်ကျောက်၏ ဘယ်ဘက်လက်သီး ဖြစ်သည်။ ဝတ်စုံဖြူနှင့် အမျိုးသမီးဟာ နာကျင်စွာ အသံပြုကာ မြေပြင်ပေါ်သို့ လဲကျသွား၏။ သူ့ကို အံ့ဩစွာ ကြည့်သည်။

နောက်တစ်စက္ကန့်တွင် ရှေ့ရှိ မြင်ကွင်းဟာ ဖျက်ခနဲ ပြောင်းလဲသွားပြန်၏။ ဟန်ကျောက်ဟာ အင်တာနက် ဂိမ်းဆိုင်တစ်ခုမှ လျှောက်ထွက်လာသည့်ပုံ ဖြစ်သွား၏။ တံခါးဝတွင် လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်ဟာ တုတ်ကိုကိုင်ကာ စောင့်နေပါသည်။

“နင့်ကိုငါ ဘာပြောထားလဲ.. ဒါတောင်မှ..”

“ခဏ”

ဟန်ကျောက်က ရုတ်တရက် လက်ကိုမြှောက်ကာ သူမကို စကားဆက်မပြောရန် လက်ဟန်ပြလိုက်သည်။

“ဒီပုံရိပ်ယောင် မြင်ကွင်းကို နင်ဘယ်လို ရခဲ့တာလဲ ဆိုတာကို ငါမသိဘူး။ ဒါပေမယ့် နည်းနည်းလောက်ပိုပြီး ကျွမ်းကျင်သင့်တယ်မလား”

“ငါ့အမေက စကားမပြောတတ်ဘူး.. ပြီးတော့ သူမက ဒီအသက်အရွယ်မှာ ရောဂါကြောင့် သေပြီးနေပြီ”

“ပုံရိပ်ယောင် မြင်ကွင်းထဲမှာ သူမကို ပြန်တွေ့ရတာ ငါပျော်ပေမယ့်.. စကားစပြောလိုက်တာနဲ့ အတုကြီးဆိုတာ သိသွားရော”

“ငါနင့်ကို အရမ်း စိတ်ပျက်မိတယ်.. ပြီးတော့ အခု ဒေါသလည်း အရမ်းဖြစ်လာပြီ”

ဟန်ကျောက်ဟာ စကားဆုံးသည်နှင့် ရှေ့ရှိ မြင်ကွင်းဟာ ပူဖောင်းတစ်ခုနှယ် ပေါက်ထွက်သွား၏။ နောက်တစ်စက္ကန့်တွင် သူဟာ အခန်းအတွင်း၌ သဲထိတ်ရင်ဖို ဇာတ်ကားတစ်ခုကို ကြည့်နေခြင်းသို့ ရောက်ရှိသွားသည်။ ထို့နောက် သရဲမဟာ တီဗွီအတွင်းမှ လေးဘက်ထောက် ထွက်လာခဲ့၏။

“မသာမ..”

ဟန်ကျောက်ဟာ ရှေ့သို့ ခုန်တက်ကာ သရဲမအား တီဗွီအတွင်းသို့ ပြန်ကန်ထည့်လိုက်သည်။

“ဒီလို ခေတ်မှီ သရဲကားတစ်ခုက အခုလို ရှေးဟောင်းလောကတစ်ခုမှာ ပေါ်လာသင့်တဲ့ အရာလား”

ဟန်ကျောက်က အသံနိမ့်စွာ ရေရွတ်သည်။

မြင်ကွင်းဟာ ပြောင်းလဲသွားပြန်၏။ သူဟာ ရေကန်၏အလယ်ရှိ ကနားဆီသို့ ပြန်လည်ရောက်ရှိပြီး ဖြစ်သည်။

အမျိုးသမီး၏ ခြေထောက်ဘေးရှိ ခွေးနက်လေးဟာ ရုတ်တရက် အစွယ်များကို ဖြဲကာ မျက်စိဖြင့် တွေ့မြင်နိုင်သည့် အမြန်နှုန်းနှင့် ကြီးထွားလာခဲ့သည်။ ချက်ချင်းပင် ၎င်းဟာ ၅မီတာကျော် ရှည်လျားပြီး ၂မီတာ မြင့်မားသည့် ခွေးကြီးတစ်ကောင် ဖြစ်လာခဲ့၏။ ကနားတစ်ခုလုံးကို တစ်ခါတည်း ပေါက်ကွဲထွက်သွားစေသည်။

“ဘုန်း”

ပူလောင်သည့် မူလအစွန်းရောက်ယန် အစစ်အမှန်ချီဟာ ထွက်ပေါ်လာခဲ့သည်။ ကြီးမားသည့် ခွေးကြီးက သူ့ကို ခုန်အုပ်လိုက်သည်နှင့် ဟန်ကျောက်ဟာ နောက်သို့ယိုင်ကာ ခါးကိုကွေးလိုက်သည်။

လက်နှစ်ဖက်ကို မြေကြီးသို့ ထောက်ကန်ပြီး ခြေထောက်နှစ်ချောင်းက မြောက်တက်သွားကာ ခွေးကြီး၏ ခါးကို ကန်ထည့်လိုက်သည်။ ၎င်းကို လွင့်စင်ထွက်သွားစေ၏။

ထို့နောက် ချက်ချင်းပင် သူဟာ ရတ်တရက် အရှိန်မြှင့်တင်ပြီး ခွေး၏ ကျောပေါ်သို့ ခုန်တက်ကာ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖက်သည်။ ကျန်တစ်ဖက်ဖြင့် ဦးခေါင်းကို ထိုး၏။

“ဘုန်း၊ ဘုန်း၊ ဘုန်း”

ကျယ်လောင်သော အသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ ဟန်ကျောက်ဟာ ခွေးကြီး၏ ဦးခေါင်းတစ်ခုလုံး လုံးဝ ပြားသွားမှသာလျှင်် ရပ်တန့်သွားသည်။

ထိုအချိန်၌ ခွေးကြီး၏ ခန္ဓာကိုယ်အတွင်းမှ အလွန်သန့်စင်သည့် ယင်စွမ်းအင်ဟာ ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။

“ဘုတ်”

သူ၏အောက်ရှိ ခွေးကြီးဟာ လေလျော့သွားသည့် ဘောလုံတးစ်လုံးနှယ် ဖြစ်လာ၏။ နောက်တစ်စက္ကန့်တွင် ဟန်ကျောက်၏ ရှေ့ရှိ မြင်ကွင်းဟာ တစ်လက်မချင်းစီ အက်ကွဲလာပြီး နောက်ဆုံးတွင် မှန်တစ်ချက်ကဲ့သို့ ကွဲကြေသွားခဲ့သည်။ သူဟာ စံအိမ်၏ အဝင်ဝတွင် ပေါ်လာခဲ့၏။

ဒီအချိန်၌ သူ၏ ခြေထောက်တစ်ဖက်ဟာ စံအိမ်တံခါး၏ ဘေးရှိ ခြံစည်းရိုးပေါ်၌ ရှိနေပါသည်။ သူ၏ လုပ်ဆောင်မှုဟာ ရှင်းလင်းစွာပင် လေဟုန်စီးခြေထောက်အား အသုံးပြုကာ အခြေအနေကို စစ်ဆေးကြည့်ရန် ခုန်လိုက်ခြင်း ဖြစ်၏။

“အစ်ကိုဟန်”

ယုနျန်က သူ၏ ပုခုံးပေါ်တွင် စိုးရိမ်စွာ ရပ်နေ၏။

“ဒီတစ်ကြိမ် ငါထောင်ချောက်မိသွားတာလား”

ဟန်ကျောက်က ခြေထောက်ကို ပြန်ရုတ်သည်။

“အမေ.. ကျွန်တော် အမေ့ကို အရမ်းလွမ်းနေတာ”

“မလာနဲ့.. သရဲ.. ငါ့နောက်ကို မလိုက်နဲ့”

“ငါမင်းကို အသေသတ်မယ်”

“ဟားဟားဟာား.. ငါစုထန်ချီက လောကကြီးတစ်ခုလုံးမှာ နံပါတ်တစ်ပုဂ္ဂိုလ်ပဲ။ လူတိုင်းပဲ.. ငါ့ကို ဦးညွှတ်ကြ”

ဟန်ကျောက်ဟာ အိပ်နရင်းမှ စကားပြောနေကြသည့် လူအုပ်ကို ကြည့်သည်။ သူ၏နောက်တွင် စုထန်ချီ၏ မျက်နှာဟာ ရူးသွပ်စွာ ရှိနေပြီး အဆက်မပြတ် ရယ်မောနေပါသည်။

သူဟာ ချိုမြိန်သည့် အိပ်မက်တစ်ခုကို မက်နေသည့်နှယ် ရှိ၏။ သူ၏နောက်ရှိ သိုင်းသမားများမှာတော့ ငိုသူကငို၊ ရယ်သူကရယ်နှင့် ရှိနေ၏။ အချို့ လက်များကို ကုပ်ကာ ခြေထောက်များ တုန်ယင်နေသည့် လူများလည်း ရှိပါသည်။

ကြောက်စရာကောင်းသည့် အရာတစ်ခု၏ လိုက်လံခြင်းကို ခံနေရသည့် ပုံပါ။ အချို့လူများဟာ မြေပြင်ပေါ်တွင် လဲကျကာ ပါးစပ်များကို အတင်း ဖွင့်လိုက်ပိတ်လိုက် လုပ်နေ၏။ တိတ်ဆိတ်သည့် ငိုကြွေးမှုများနှင့် နတ်ဆိုးများ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ပုံပါ။

“မောင်လေးဟန်… နင်အရမ်း ရက်စက်တယ်။ နင်…”

ဟန်ကျောက်ဟာ ရှလင်၏ ဘေးသို့ လျှောက်သွားသည်။ သူမ၏ ငိုကြွေးနေပုံကို တွေ့ရပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွား၏။ သူဟာ ရှလင်၏ အိပ်မက်ထဲရှိ မြင်ကွင်းအား အကြမ်းဖျင်း ခန့်မှန်းမိပြီး ဖြစ်သည်။

“အိပ်မက်နတ်ဆိုးနယ်မြေ- အိပ်မက်စွမ်းအား၏ အထောက်အပံ့ဖြင့် သက်ဆိုင်ရာ အကွာအဝေးတစ်ခု အတွင်းရှိ သက်ရှိများကို အိပ်မက်တစ်ခုအတွင်းသို့ ဝင်ရောက်စေနိုင်သည်။

အိပ်မက်ထဲတွင် သင်သည် အမြင်ချင်ဆုံး မြင်ကွင်းများကို မြင်တွေ့ရခြင်း(သို့) ကြောက်စရာအကောင်းဆုံး မြင်ကွင်းများကို မြင်တွေ့ရခြင်းတို့ ဖြစ်တတ်သည်။ အကြောက်တရား ကင်းမဲ့သည့် စိတ်တည်ငြိမ်သော လူများသာလျှင် အလွယ်တကူ လွတ်မြောက်နိုင်ကြသည်”

“အိပ်မက်နတ်ဆိုးအား သတ်ဖြတ်ခြင်းဟာ အိပ်မက်မက်သူ အားလုံးတို့ကို အိပ်မက်အတွင်းမှ လွတ်မြောက်စေနိုင်၏”

ဟန်ကျောက်ဟာ သူ၏ ခန္ဓာကိုယ်အတွင်းတွင် များပြားလှသည့် ယင်စွမ်းအင်များ စုစည်းလာသည်ဟု ခံစားရသည်။ စနစ်၏ တိတ်ဆိတ်နေသည့် အချက်ပေးစာသားတစ်ခုဟာ ပေါ်လာခဲ့၏။

“ဒီလောကကြီးက မယုံနိုင်စရာပဲ.. သာမန်လူတွေအတွက် အသက်ရှင်ချင်ရင် အရမ်းကို ကံကောင်းမှ ရမယ်”

ပိတ်နေသည့် စံအိမ်တံခါးကို ကြည့်ကာ ဟန်ကျောက်ဟာ နှလုံးသားထဲတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။

သူက လက်ကိုဝှေ့ယမ်းပြီးနောက် သူ၏ ကိုယ်ပွားဟာ အနီရောင် အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွာားသည်။ ခွန်အားတို့ အဆများစွာ တိုးပွားလာခြင်း၏ ခံစားချက်တစ်ခု‌ ပေါ်လာ၏။

“ယုနျန်.. သူတို့ကို နင်စောင့်ကြည့်ထား.. ငါမကြာခင် ပြန်လာခဲ့မယ်”

ဟန်ကျောက်က ပုခုံးပေါ်ရှိ ယုနျန်ကို ပြောသည်။

“ဟုတ်”

ယုနျန်က တောင်ပံများကို ခတ်ကာ ဖြေကြား၏။

“စံအိမ်၏အလယ်ဟာ ယင်စွမ်းအင်နှင့် ရန်ငြှိုးစွမ်းအားများ စုစည်းနေသည့် နေရာဖြစ်သည်”

ဟန်ကျောက်ဟာ နံရံပေါ်သို့ ခုန်တက်ပြီးနောက် စံအိမ်အတွင်းသို့ ခုန်ဆင်းသွားသည်။

“ရန်ငြှိုးစွမ်းအင်..”

“ယင်စွမ်းအင်…”

“ဒီလို ယင်စွမ်းအင်နဲ့ အန္တရာယ်များတဲ့ နေရာက ငါ့ရဲ့အိမ်ပဲထင်တယ်”

ဟန်ကျောက်ဟာ နှလုံးသားထဲတွင် သက်ပြင်းချသည်။ သာမန်လူများသာ ဆိုပါက ယခုကဲ့သို့သော နေရာမျိုးကို ရှောင်ရှားနေမှာ ဖြစ်သည်။

သို့ပေမယ့် သူ့အတွက်မူ ဤသည်မှာ အမှန်တကယ်ကို အန္တရာယ်များလျှင်တောင် အကျိုးကျေးဇူးက မြင့်မားလှ၏။ သို့ရာတွင် ဒီတစ်ကြိမ်ဟာ သူ့ဘာသာ ဝင်ရောက်ခဲ့ခြင်း မဟုတ်ပါ။

မှန်ကန်သည့် လားရာကို ရှာဖွေပြီးနောက် ဟန်ကျောက်ဟာ စံအိမ်၏ အလယ်သို့ ပြေးသွား၏။

“အချက်ပေးအပိုင်းအစ ၁၉၀ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်လိုပါလား”

မကြာခင် သူ၏ ဝိညာဉ်အဆီအနှစ်လုံးကို တမင်ထုတ်ကာ စုပ်ယူခြင်း မပြုမှုကြောင့် ခန္ဓာကိုယ်အတွင်းတွင် ယင်စွမ်းအင်အားလုံးတို့ စုပြံုကာ အချက်ပေးစာသားများ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

“တစ်ကြိမ် ပေါင်းစပ်ရန်အတွက် အချက်ပေးအပိုင်းအစ ၉၀နှင့် ရွှေ၃၀၀လျန်တို့ ကုန်ကျမည်”

“သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို ရရှိမည်”

“အဖြူရောင် ပါရမီအား ရနိုင်ချေဟာ ၁၈% တိုးလာခဲ့သည်။ အစိမ်းရောင် ပါရမီကို ရနိုင်ချေဟာ ၁၅%တိုးလာခဲ့သည်။ အပြာရောင် ပါရမီအား ရနိုင်ချေဟာ ၁၁%တိုးလာခဲ့သည်။ ခရမ်းရောင် ပါရမီအား ရနိုင်ချေဟာ ၉%တိုးလာခဲသည်။ လိမ္မော်ရောင် ပါရမီအား ရနိုင်ချေဟာ ၇% တိုးလာခဲ့သည်။ အနီရောင် ပါရမီအား ရနိုင်ချေဟာ ၆%တိုးလာခဲ့သည်။ ရွှေရောင်ပါရမီအား ရနိုင်‌ချေဟာ ၀.၂%တိုးလာခဲ့သည်။ သက်ဆိုင်ရာ အရည်အသွေးနှင့် တစ်ကြိမ်သုံး ပါရမီပေါင်းစပ်ခြင်းအား ရရှိနိုင်မည့် နိမ့်ပါးသည့် အခွင့်ရေး ရှိသည်”

“လက်ရှိကျန်ငွေ- ရွှေ၁၆၂၀လျန်”

“တစ်ကြိမ်သုံး ပါရမီပေါင်းစပ်ခြင်းလား”

ဟန်ကျောက်ဟာ စနစ်မျက်နှာပြင်ပေါ်ရှိ အချက်ပေးချက်ကို ကြည့်ကာ ရုတ်တရက် မှင်သက်သွားသည်။

တန်ကြေး တိုးမြင့်မှုဟာ သူမျှော်လင့်ထားသည့် အတိုင်းအတာ အတွင်း၌သာ ရှိ၏။ သို့ပေမယ့် အပို ရရှိနိုင်မှုတစ်ခု တိုးလာခဲ့လေသည်။ ဤသည်က သူ့အား အံ့ဩသွားစေ၏။

“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”

All Chapters