အခန်း (၁၉၈)
Vol. 14 Ch. 198
“အသက်၂၂နှစ်တွင် သင်သည် ပိုင်ကျဲမြို့သို့ ကုန်လှည်းနှင့် လိုက်ကာ အသားမွှေးစံအိမ်သို့ ဖြတ်သန်းသွာားသည်။ အုပ်စုလိုက်ဟာ အိပ်မက်အတွင်းသို့ ကျဆင်းသွား၏”
“……………..”
“အသက်၂၇နှစ်တွင် သင်သည် ရှန့်ကွမ်းယွင်ဖေးအား သတ်ဖြတ်ကာ သင်၏ ခွန်အားသည် မိုးကြိုးရေနဂါးသွေးအား သန့်စင်ပြီးနောက် ကြီးစွာ တိုးတက်လာခဲ့သည်”
“အသက်၃၅နှစ်တွင် မိုးကြိုးရေနဂါး၏ အဖော် လေရေနဂါးဟာ သင့်ကို လာရှာ၏”
“သင်သည် အားကုန် ပြန်လည်တိုက်ခိုက်ခဲ့သည်။ သို့ပေမယ့် ဖင်းခုနစ်ဆင့် သိုင်းသူတော်စင်အဆင့် ရှိသည့် လေရေနဂါး၏ ပြိုင်ဘက်မဟုတ်ပေ။ သင်သည် သေဆုံးခဲ့သည်”
“လင်မယားတွေလား”
ဟန်ကျောက်ဟာ အစမ်းရှင်သန်ခြင်း အပြီးတွင် မနေနိုင်ပဲ ကြောင်တောင်သွားသည်။
“မြန်မြန်လေး ငါ့ကို ပါရမီတစ်ခု ပေးလိုက်တော့”
“အစမ်းရှင်သန်ခြင်း ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”
“၁။ ပါရမီအား ရရှိသည်(ရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်အား ရရှိသည်”
“၃။ ဘဝအတွေ့အကြုံအား ရရှိသည်”
“လက်ရှိကျန်ငွေ- ရွှေ၁၃၂၀လျန်”
“တကယ်လားဟ”
ဟန်ကျောက်ဟာ မှင်သက်သွား၏။
“တစ်”
“ခရမ်းရောင် ပါရမီ ပေါင်းစပ်နိုင်ခြင်းအား ရရှိသည်”
“ခရမ်းရောင် ပါရမီပေါင်းစပ်ခြင်း- တစ်ကြိမ်သုံး အဆင့်မြင့်အဆင့် ပစ္စည်းတစ်ခု ဖြစ်သည်။ ၎င်းဟာ ခရမ်းရောင်အဆင့်ထက် နိမ့်ပါးသည့် ကြီးထွားနိုင်စွမ်းရှိသည့် ပါရမီနှင့် ခရမ်းရောင်အဆင့် အကန့်အသတ်ရှိသည့် ပါရမီတစ်ခုတို့ကို ပေါင်းစပ်စေနိုင်သည်။ တစ်ချိန်တည်းတွင် ပါရမီနှစ်ခု၏ အားသာချက်များကို ဆက်ခံမည် ဖြစ်၏”
ထိုအချိန်၌ ခရမ်းရောင် ပါရမီပေါင်စပ်ခြင်း ပစ္စည်း ပေါ်လာသည်နှင့် လက်ဗလာ သိုင်းသူတော်စင်နှင့် ဓါးနှင့်ဆေဘာအမွှာတို့ဟာ စနစ်မျက်နှာပြင်၌ တစ်ပြိုင်နက် လင်းလက်လာခဲ့သည်။
“လက်ဗလာသိုင်းသူတော်စင်- အစိမ်းရောင်ပါရမီ- လက်သီး၊ လက်ဝါး၊ ခြေထောက်၊ လက်ချောင်းနှင့် လက်သည်း သိုင်းပညာများအတွက် ပါရမီဟာ ငါးဆ တိုးလာခဲ့သည။ လက်သီး၊ လက်ဝါး၊ ခြေထောက်၊ လက်ချောင်းနှင့် လက်သည်းသိုင်းပညာများကို အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိအောင် ကျင့်ကြံပြီးပါက သိုင်းပညာ၏ အကန့်အသတ်ကို ချိုးဖျက်ကာ ပေါင်းစပ်သိုင်းပညာတစ်ခုကို နားလည်သဘောပေါက်နိုင်သည့် အလွန်သေးငယ်သည့် အခွင့်အရေး ရှိ၏(၎င်းကို ကျင့်ကြံမှုမှတစ်ဆင့် အပြာရောင်ဆင့်သို့ မြှင့်တင်နိုင်သည်။ ထိုပါရမီ၏ အကန့်အသတ်ဟာ အရမ်းရောင်အဆင့် ဖြစ်သည်”
“ဓါးနှင့်ဆေဘာအမွှာ- အပြာရောင်ပါရမီ- ဓါးနှင့် ဆေဘာ၏ ကျင့်ကြံခြင်း ပါရမီကို ခုနစ်ဆ တိုးလာစေသည်။ ဓါးဆန္ဒနှင့် ဆေဘာဆန္ဒတို့အား နားလည်သဘောပေါက်နိုင်မည့် ဖြစ်နိုင်ချေဟာ သုံးဆ တိုးလာခဲ့သည်။(ဒီပါရမီဟာ အကန့်အသတ်သို့ ရောက်ရှိပြီး ဖြစ်၏။ အဆင့်မြှင့်တင်နိုင်ခြင်း မရှိပေ)”
ပြီးခဲ့တုန်းက သူဟာ ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိုင်းကို ကျင့်ကြံခဲ့သဖြင့် ဓါးနှင့်ဆေဘာအမွှာ၏ မြင့်တက်မှုဟာ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည်။
ဟန်ကျောက်ဟာ ထိုကိစ္စအတွက် နောင်တရစွာ ခံစားခဲ့ရ၏။ သူဟာ အဆင့်မြှင့်တင်နိုင်မည့် အခွင့်အရေးကို ရလာမည်ဟု ထင်မထားခဲ့ပေ။
ထိုပုံကို တွေ့ရပြီးနောက် ချက်ချင်းပင် ရေရွတ်လိုက်၏။
“လက်ဗလာသိုင်းသူတော်စင်နဲ့ ဓါးနှင့်ဆေဘာအမွှာကို ပေါင်းစပ်မယ်”
ပါရမီနှစ်ခုတို့ဟာ လင်းလက်စွာ တောက်ပကာ အတူတူ စုစည်းလာခဲ့၏။
“ပါရမီအား ရရှိသည်- အစွန်းရောက် ခုနစ်ပါး သိုင်းသူတော်စင်”
“အစွန်းရောက်ခုနစ်ပါး သိုင်းသူတော်စင်- အစိမ်းရောင်ပါရမီ- ဆေဘာတာအို၊ ဓါးတာအို၊ လက်သီးသိုင်း၊ လက်ဝါးသိုင်း၊ ခြေထောက်သိုင်း၊ လက်ချောင်းသိုင်းနှင့် လက်သည်းသိုင်းတို့၏ ကျင့်ကြံခြင်းပါရမီဟာ ခုနစ်ဆ တိုးလာခဲ့သည်။ သက်ဆိုင်ရာ သိုင်းပညာများ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိပါက စိတ်ဆန္ဒကို နားလည်သဘောပေါက်နိုင်မည့် အခွင့်အရေးဟာ သုံးဆ တိုးပွားလာခဲ့သည်။ သိုင်းပညာ၏ အကန့်အသတ်အား ချိုးဖျက်ရန် သက်ဆိုင်ရာ အခွင့်အရေးတစ်ခု ရှိပြီး ပေါင်းစပ်ခြင်းစကေးတစ်ခုအား နားလည်သဘောပေါက်နိုင်မည့် အလွန်သေးငယ်သည့် အခွင့်အရေး ရှိသည်။(ကျင့်ကြံမှုမှတစ်ဆင့် အပြာရောင်သို့ မြှင့်တင်နိုင်သည်။ အမြင့်ဆုံး အကန့်အသတ်မှာ ခရမ်းရောင်ဖြစ်သည်”
“ထပ်လုပ်မယ်”
ဟန်ကျောက်၏ ပုံစံက ပြောင်းလဲသွားပြီး ရေရွတ်သည်။
“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မယ်”
“အသက်၂၂နှစ်တွင်….”
“အသက်၂၇နှစ်တွင် သင်သည် ရှန့်ကွမ်းယွင်ဖေးကို သတ်ဖြတ်ပြီးနောက် ကျီမိသားစုသို့ ဝင်ရောက်ခဲ့သည်”
“အသက်၃၅နှစ်တွင် မိုးကြိုးရေနဂါး၏ အဖော် လေရေနဂါးဟာ သင့်ကို လာရှာခဲ့သည်။ ကျီမိသားစုဟာ အတုအယောင် ဒီဗိုင်းလက်နက် သခင်များစွာကို စေလွှတ်ကာ လူပေါင်းများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် လေရေနဂါးဟာ သေဆုံးခဲ့သည်။ သင်သည် လေရေနဂါး၏ သွေးမျိုးဆက်ကို အောင်မြင်စွာ သန့်စင်ကာ လေနှင့် မိုးကြိုး၏ စွမ်းအားကို ဖမ်းဆုပ်နိုင်ခဲ့သည်”
“အသက်၄၀နှစ်တွင် ကျီပိုင်ဝေဟာ ပြီးပြည့်စုံသည့် မကောင်းမှုခုနစ်ပါး မျက်နှာဖုံးကို စုစည်းနိုင်ခဲ့သည်။ ကျီမိသားစု၏ တရားဝင် လက်နက်သခင်က လှုပ်ရှားမှု ပြုကာ သင်နှင့် ကျီပိုင်ဝေတို့အား မကောင်းမှုခုနစ်ပါး မျက်နှာဖုံးထံတွင် စတေးမှုပြုကာ ဘုရင်ဆယ်ပါး မျက်နှာဖုံးကို ပြန်လည်ဖန်တီးရန် ပြင်ဆင်သည်”
“သင်သည် ကျီပိုင်ဝေနှင့် ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်ခဲ့သည်။ ပြင်းထန်သည့် တိုက်ပွဲတစ်ခု အပြီးတွင် ကျီမိသားစု၏ အဆင့်မြင့်အဆင့် လက်နက်သခင်ဟာ တိုက်ခိုက်မှုပြုပြီး သင်တို့ သေဆုံးခဲ့သည်”
“ချီး… ဝံပုလွေကို ဝါးမြိုဖို့ ကျားကိုကပ်ကာမှ ကျားစားတာ ခံရတယ်လို့”
“အစမ်းရှင်သန်ခြင်း ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”
“၁။ ပါရမီကို ရရှိသည်(မရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်ကို ရရှိသည်”
“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”
“လက်ရှိကျန်ငွေ- ရွှေ၁၀၂၀လျန်”
“နံပါတ်၂”
မည်သည့် ပါရမီမှ မရှိရာ ဟန်ကျောက်ဟာ တုံ့ဆိုင်းနေစရာ မရှိပါ။
“စွမ်းရည်မှတ် +၄၅”
“ငါအရင်ဆုံး ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုကိုရောက်အောင် မြှင့်တင်ရမယ်”
“ကောင်းကင်မြစ်မိုး၏တန်ပြန်ဓါးသိုင်းအတတ်(စတုတ္ထအဆင့် ပြီးပြည့်စုံခြင်း ၇၆%၊ အထူးသက်ရောက်မှု- ထက်မြခြင်း အဆင့်၁၃၊ ဓါးငိုကြွေးခြင်း အဆင့်၁၀၊ မိုးပြန်အား အဆင့်၇”
“စနစ်.. ကောင်းကင်မြစ်မိုးရဲ့ တန်ပြန်ဓါးသိုင်းကို အဆင့်ငါးကို မြှင့်တင်”
“စွမ်းရည်မှတ်- ၄၅.. ၃၀”
“ကောင်းကင်မြစ်မိုး၏တန်ပြန်ဓါးသိုင်း(အဆင့်ငါး စတင်ခြင်းအဆင့် ၅%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ထက်မြခြင်း အဆင့်၁၆၊ ဓါးငိုကြွေးခြင်း အဆင့်၁၂၊ မိုးပြန်အား အဆင့်၉)”
ဟန်ကျောက်ဟာ သူ၏ သွေးချီတို့ ကြီးစွာ မြင့်တက်လာသည်ဟု ခံစားရသည်။ ခန္ဓာကိုယ်အတွင်းရှိ မိုးပြန်အားဟာ အရင်ကနှင့် နှိုင်းယှဉ်ပါက နှစ်ဆဖြစ်သွား၏။ အတွင်းအားအလွှာဟာလည်း ခန္ဓာကိုယ်အား လျှင်မြန်စွာ ဖုံးလွှမ်းလာနိုင်သည်။
“ဒါက ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုလား”
ဤသည်မှာ သုံးပါးသော အနှစ်သာရအား၏ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်သည့် အတွင်းအား အကာအကွယ်လွှာနှင့် ခြားနားပါသည်။
မိုးပြန်အား၏ အတွင်းအား အကာအကွယ်အလွှာဟာ တစ်လွှာတည်းဖြစ်၏။ ၎င်းဟာ ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသည့်နှယ် ရှိကာ လက်တစ်ချောင်းကဲ့သို့ အသုံးပြုနိုင်ပါသည်။
သက်ရှည်အစစ်အမှန်ချီနှင့် ဗာဂျရာအစစ်အမှန်ချီတို့ကိုပင် ထိုကဲ့သို စိတ်ကြိုက်လုပ်ဆောင်လို့ မရပေ။
“ဆက်ပြီးတော့..”
“တောင်ဖြိုလက်သီး(စတုတ္ထအဆင့် အသေးစားကျွမ်းကျင်မှု ၈၉%၊ အဆင့်မြှင့်တင်နိုင်)”
“ယင်ဖင်းလက်ဝါး(စတုတ္ထအဆင့် အသေးစားကျွမ်းကျင်မှု ၈၂%၊ အဆင့်မြှင့်တင်နိုင်)”
“လေဟုန်စီးခြေထောက်(စတုတ္ထအဆင့် အသေးစားကျွမ်းကျင်မှု ၈၀%၊ အဆင့်မြှင့်တင်နိုင်)”
“တောင်ဖြိုလက်သီး၊ ယင်ဖင်းလက်ဝါးနဲ့ လေဟုန်စီးခြေထောက်ကို အကြီးစား ကျွမ်းကျင်မှုအဆင့်အထိ မြှင့်တင်လိုက်”
“စွမ်းရည်မှတ်- ၃၀… ၀”
“တောင်ဖြိုလက်သီး(စတုတ္ထအဆင့် အကြီးစားကျွမ်းကျင်မှု ၅%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခွန်အားပေါက်ကွဲခြင်း အဆင့်၁၀၊ တောင်ဖြိုအား အဆင့်၉၊ စိတ်ဆန္ဒအဆင့် ၂)”
“ယင်ဖင်းလက်ဝါး(စတုတ္ထအဆင့် အကြီးစားကျွမ်းကျင်မှု ၃%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- အဆိပ်ခံပြီးခြင်း အဆင့်၃၊ ယင်ဖင်းအား အဆင့်၉၊ အစွန်းရောက်ယင် အဆင့်၂)”
“လေဟုန်စီးခြေထောက်(စတုတ္ထအဆင့် အကြီးစားကျွမ်းကျင်မှု ၁%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- လျှင်မြန်ခြင်း အဆင့်၁၀၊ လေဟုန်စီးအား အဆင့်၈၊ စိတ်ဝိညာဉ်လှုပ်ရှားမှု အဆင့်၂)”
ဟန်ကျောက်ဟာ သုံးပါးသော အနှစ်သာရအားကို လက်ဝါးတွင် စုစည်းလိုက်သည်။ ထိုအတွင်းအားဟာ အဆုံးမသတ်နိုင်သည့် ရေကဲ့သို့ လှည့်ပတ်၏။
၎င်း၏ ပေါင်းစပ်ခြင်းဟာ မိုးပြန်အား၏ နှစ်ဆလောက်အထိ များပြားခြင်း မရှိပေမယ့် အရည်အသွေးဟာ မြင့်တက်လာခဲ့ပြန်ပြီး သဟဇာတဖြစ်သည့် ခံစားချက်ဟာ သူ၏ နှလုံးသားထဲမှ မြင့်တက်လာခဲ့သည်။
ထိုအချိန်၌ ရေကန်အလယ်ရှိ ကနားထဲတွင် လက်ဖဝါးအရွယ် အနက်ရောင် ခွေးတစ်ကောင်ဟာ လဲလျောင်းနေ၏။ ၎င်း၏ ပါးစပ်မှ သွေးများ ဆက်တိုက်ထွက်နေပြီး အသက်ရှူမှုဟာ မငြိမ်သက်စသွာ ရှိနေပါသည်။ သိသာစွာပင် ရှည်ကြာစွာ ရှင်တော့မည်မဟုတ်ပေ။
“အိပ်မက်နတ်ဆိုး- အိပ်မက်များအတွင်းသို့ ဝင်ရောက်သည့် စွမ်းရည်နှင့် ပေါင်းစပ်သွားသည့် နတ််ဆိုးတစ်ကောင် ဖြစ်သည်။ သက်ရှိများအား အိပ်မက်ထဲသို့ ဆွဲခေါ်ရန် ပုံစံမျိုးစုံတို့ကို အသုံးပြုနိုင်၏။ အဓိကခန္ဓာကိုယ်ဟာ အိပ်မက်အတွင်းမှာနှင့် နှိုင်းယှဉ်ပါက အလွန်အားနည်းသည်။ သင်သည် အိပ်မက်ကို အကြိမ်ကြိမ် ပျက်စီးစေခဲ့သဖြင့် ၎င်း၏ အရင်းအမြစ်ဟာ ဒဏ်ရာရသွားခဲ့သည်”
“ငါသာ ကျင့်ကြံမှု စုပ်ယူခြင်းကို သုံးပြီး အိပ်မက်နတ်ဆိုးရဲ့ သွေးချီကို ခြောက်အောင် စုပ်ယူလိုက်ရင် အဲ့စွမ်းရည်ကို ရလာမလားပဲ”
ဟန်ကျောက်ဟာ ရုတ်တရက် အတွေးတစ်ခု ပေါ်လာ၏။
“သင်သည် အိပ်မက်နတ်ဆိုး၏ သွေးချီကို စုပ်ယူပါက ၎င်း၏ အိပ်မက်စွမ်းရည်ကို ရရှိနိုင်မည့် ဖြစ်နိုင်ချေ ၈၅% ရှိသည်။ ကျရှုံးနိုင်ချေ ၁၃%ရှိသည်။ ချီဖောက်လွှဲဖောက်ပြန် ဖြစ်နိုင်ချေ ၂%ရှိသည်”
“ဆိုလိုတာက.. ချီဖောက်လွှဲဖောက်ပြန် မဖြစ်ဖို့က ၉၈% သေချာတယ်ပေါ့။ စမ်းကြည့်လို့ရတယ်”
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွား၏။