← Chapters

အခန်း (၁၉၉)

Vol. 14 Ch. 199

အခန်း (၁၉၉)

Vol. 14 Ch. 199

“ဆွစ်…”

သူက ညာဘက်လက်ကို ဆန့်ကာ လက်ချောင်းများကို ကွေးညွှတ်ပြီး လက်သည်းတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ စွမ်းအားကြီးမားသည့် စုပ်အားတစ်ခုဟာ လေထဲမှ ပေါ်လာခဲ့၏။

မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် အိပ်မက်နတ်ဆိုးဟာ သူ၏ လက်ဝါးအတွင်းသို့ တည့်မတ်စွာ ပျံဝင်လာပြီး မီတာဝက်လောက် အကွာတွင် ရပ်တန့်သွားသည်။

“ငရဲ.. ငရဲကိုးခု စံအိမ်.. မဟုတ်ဘူး..”

အိပ်မက်နတ်ဆိုးဟာ လူသားများ၏ ဘာသာစကားဖြင့် ပြော၏။ သူ၏ နက်မှောင်သည့် မျက်လုံးများက ထူးဆန်းသည့် အလင်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

သို့ရာတွင် ထိုအလင်းဟာ ဟန်ကျောက်ကို နီးကပ်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ရှိ မူလအစွန်းရောက်ယန် အစစ်အမှန်ချီဟာ အသက်ဝင်လာခဲ့သည်။ ထိုတိုက်ခိုက်မှုကို ခုခံသည့် ရွှေရောင် အလင်းဖြော့တစ်ခုအဖြစ် ဖွဲ့စည်းလာခဲ့၏။

“ခရက်၊ ခရက်…”

အရိုးအက်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စွမ်းအားကြီးမားသည့် စုပ်အားအောက်တွင် အိပ်မက်နတ်ဆိုး၏ ခန္ဓာကိုယ်ဟာ အလုံးတစ်ခုအဖြစ် ကျုံ့ဝင်သွား၏။

အရိုးအားလုံး ကျိုးကြေကာ ပြင်းထန်သည့် နာကျင်မှုက စကားပြောနိုင်စွမ်းကိုပင် ဆုံးရှုံးသွားစေသည်။ သို့ရာတွင် နတ်ဆိုးတစ်ကောင်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် အသက်ဓါတ်တို့ဟာ လူသားများထက် များစွာ သာလွန်ပါသည်။ ဦးခေါင်းခွံဟာ အက်ကွဲသွားပေမယ့် လုံးဝ ကွဲကြေသွားခြင်းတော့ မရှိပေ။

“စိတ်မပူနဲ့.. အနှေးနဲ့အမြန်.. ငါမင်းပြောတဲ့ ခွေးသတောင်းစား စံအိမ်ရဲ့ အရှင်သခင်ကို မင်းနောက်ကို လိုက်ခိုင်းလိုက်မယ်”

ဟန်ကျောက်၏ ပုံစံက အေးစက်သွားပြီး သူ၏ လက်ဝါးအတွင်းသို့ ရုတ်တရက် အားထည့်လိုက်သည်။

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ အိပ်မက်နတ်ဆိုးကို အသားပုံတစ်ခုအဖြစ် ရိုက်ချလိုက်၏။ နောက်ဆုံးတွင် အမှုန့်များ ဖြစ်ကာ ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။

“အိပ်မက်နယ်မြေ(မစတင်သေး၊ အဆင့်မြှင့်တင်နိုင်ခြင်း မရှိ။ အိပ်မက်စွမ်းအား လုံလောက်ခြင်း မရှိပါ”

ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားသည်။ သူဟာ အိပ်မက်စွမ်းအားဟု‌ ခေါသည့် အရာကို ရရှိခဲ့၏။ ၎င်းကို တစ်ခါမှ ကြားဖူးခြင်း မရှိပေ။

“ငါ့ကလေး”

ဝတ်စုံဖြူနှင့် အမျိုးသမီးက အနောက်ဘက်ခြံဝန်းမှ ပြေးထွက်လာပြီး မျက်ရည်လွှမ်းနေသည့် မျက်လုံးများဖြင့် ဟန်ကျောက်ကို ကြည့်သည်။

သူမဟာ ပြေးလွှားရင်းက ပြီးခဲ့သည့်ဘဝက ဟန်ကျောက်မိခင်၏ အသွင်သို့ ပြောင်းလဲဿွားသည်။ ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ မျက်မှောင်ကြုတ်သွား၏။

အစွန်းရောက်ယန် အစစ်အမှန်ချီဟာ ပူလောင်သည့် မီးတောက်များသဖွယ် သူ၏လက်ဝါးတွင် စုစည်းလာကြသည်။

လက်ဝါးထဲရှိ ရွှေရောင် အစစ်အမှန်ချီကို တွေ့ရပြီးနောက် ဝတ်စုံဖြူနှင့် အမျိုးသမီးဟာ ကြောက်ရွံ့သည့် အမူအရာကို ပြသလာခဲ့သည်။ ခဏတာ တုံ့ဆိုင်းသွားပေမယ့် လက်များကို ဖွင့်ကာ ဟန်ကျောက်ကို ဖက်လိုက်ဆဲ ရှိ၏။

“မျက်နှာမဲ့အမျိုးသမီး- ကလေးအား ပျောက်ဆုံးသွားခဲ့သည့် မိခင်တစ်ယောက်၏ အတွေးများမှ ဖြစ်တည်လာသည့် အဆင့်နိမ့်အဆင့် ထူးခြားမှု သတ္တဝါတစ်ကောင် ဖြစ်သည်။ ကလေးငယ်ဟာ နောက်ဆုံးတွင် အသားမွှေးစံအိမ်အတွင်း၌ ပျောက်ဆုံးသွားခြင်း ဖြစ်ရာ သူမဟာ ဒီနေရာတွင် အမြဲနေပြီး ဖြတ်သွားဖြတ်လာများကို ဝင်ရောက်ခြင်းမပြုရန် သတိပေးလေ့ရှိသည်။ သူမတွင် သက်ဆိုင်ရာ တိကျသည့် မျက်နှာအသွင်အပြင် မရှိပေ။ သူမ၏ ကလေးကို ပြန်တွေ့ရန်တွက် ပုံရိပ်ယောင်အတွင်းတွင် မည်သည့်ကလေး၏ မိခင်အဖြစ်မဆို ပြောင်းလဲနိုင်သည်။ သူမတွင် သင့်အပေါ် မည်သည့် မကောင်းသည့် ရည်ရွယ်ချက်မှ မရှိပါ”

စနစ်၏ အချက်ပေးမှု မရှိလျှင်လျှင် ဟန်ကျောက်၏ လက်ဝါးဟာ သူမအပေါ်သို့ သက်ဆင်းမည် မဟုတ်ပါ။

သူဟာ မျက်နှာမဲ့ အမျိုးသမီးဆီ၌ မည်သည့် အငြှိုးစွမ်းအားတို့ကို ရှာမတွေ့ရုံမက နွေးထွေးသည့် အငွေ့အသက် တစ်ခုကိုပင် ခံစားရသည်။

“နမော… အမိတဆ..”

သူ့ကို ဖက်ထားသည့်် မျက်နှာမဲ့ အမျိုးသမီးကို ကြည့်ကာ သူ၏ မျက်နှာပေါ်၌ သနားသည့် အသွင်တစ်ခု ပေါ်လာခဲ့ည်။ လက်ဝါးနှစ်ဖက်ကို အတူတူစုကာ ဘဝကူးမန္တန်ကို ရေရွတ်လိုက်၏။

ဝတ်စုံဖြူနှင့် အမျိုးသမီးဟာ နောက်ဆုံးတွင် သူ၏ လည်ပင်းကို ဖက်လာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းနှင့် ပုံရိပ်ယောင် ဆန်လာ၏။ သို့ပေမယ့် ပျောက်ကွယ်သွားခြင်း မရှိပေ။

ရွှေရောင်အလင်းလုံး အကြားတွင် ဝတ်စုံဖြူနှင့် အမျိုးသမီး၏ မျက်နှာဟာ ပြောင်းလဲလာ၏။ သူမဟာ သာန် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ပူပန်ကြောင့်ကျသည့် ပုံစံဖြင့် ရှိနေ၏။ မြေပြင်ပေါ်တွင် ဒူးထောက်သည်။

“ကျွန်မ.. ကျွန်မကလေးကို ရှာမတွေ့သေးပါဘူး.. ကျေးဇူးပြုပြီး..”

“ကျွန်တော် ကူရှာပေးပါမယ်”

ဟန်ကျောက်ဟာ စံအိမ်အတွင်းရှိ ယင်စွမ်းအင်နှင့် မကျေနပ်မှုတို့ စုစည်းနေသည့် ရောကို ခံစားရ၏။ မျက်နှာမဲ့ အမျိုးသမီးအား လက်ကို ဝှေ့ယမ်းလိုက်သည်။

မကြာခင် သူဟာ အနောက်ဘက်ခြံဝန်းရှိ ခန်းမတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။ အတွင်းနေရာဟာ ယင်စွမ်းအင်နှင့် မကျေနပ်မှုတို့ ပြည့်နှက်နေသည့် နေရာဖြစ်သည်။

သူဟာ တံခါးကို အားကုန် တွန်းဖွင့်လိုက်၏။ သူ့ကို မြင်တွေ့ရစေကား လက်သီးများကို ဆုပ်မိသွားစေသည်။

ခန်းမအတွင်းတွင် မီးဖိုများစွာ ရှိနေ၏။ မီးပြင်းဖိုတစ်ခုစီ၏ နောက်တွင် ပြီးပြည့်စုံသည့် အလောင်းများ ရှိပါသည်။ ခွေးများ၏ အလောင်းများအပြင် လူအလောင်းများလည်း ရှိနေ၏။ များစွာတို့ဟာ ကလေးများ ဖြစ်ကြသည်။

“ရား.. ရား..”

ရုတ်တရက် ကလေးငယ်တစ်ယောက်၏ အသံနှင့် တူညီသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ အနက်ရောင် အရိပ်တစ်ခုဟာ ဟန်ကျောက်၏ ညာဘက်ရှိ မီးဖိုနောက်မှ ထွက်လာခဲ့၏။

၎င်းက သူ့ကို ထိပ်တိုက် တိုက်ခိုက်မှုပြုသည်။ သူ၏ နားထဲတွင် ယင်စွမ်းအင်က ဖွဲ့စည်းလာသည့် သန်မာသည့် လေတိုးသံတစ်ခု ထွက်ပေါ်လာ၏။

“မလုပ်နဲ့”

ဟန်ကျောက်၏ လက်ဝါးတွင် အစစ်အမှန်ချီတို့ စုစည်းလာပုံကို တွေ့ရဿပြီးနောက် လူလတ်ပိုင်း အမျိုးသမီးဟာ ရုတ်တရက် ပြေးးဝင်လာ၏။

နောက်ဆုံးတွင် သူဟာ အနက်ရောင်အရိပ်၏ ဝင်တိုက်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

အနက်ရောင်အရိပ်ဟာ ကလေးငယ်တစ်ယောက် ဖြစ်သည်။ သို့ရာတွင် သူ့ကို လူသားတစ်ယောက်ဟု မခေါ်နိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်ဟာ လုံးဝ မဲနက်နေပြီး မျက်လုံးများဟာ ကြောက်စရာကောင်းစွာ မဲမှောင်နေ၏။ ဒီအချိန်၌ သူဟာ လူလတ်ပိုင်း အမျိုးသမီးကို အရူးအမူး ကိုက်ဖြတ်နေပါသည်။

“ကလေး..”

“နမော အမိတဆ..”

ဟန်ကျောက်က မျက်လုံးများကို မှိတ်ကာ ဘဝကူးမန္တန်ကို ရွတ်လိုက်ပြန်၏။ ကိုးကြိမ်တိုင်အောင် ရွတ်ဆိုအပြီးတွင် သူ၏ နားထဲရှိ သားရဲကဲ့သို့ အော်သံများဟာ ရပ်တန့်သွားသည်။

လူလတ်ပိုင်း အမျိုးသမီးဟာ ကလေးကို ချီကာ မြေပြင်ပေါ်တွင် ဒူးထောက်၏။ သူမ၏ ပါးစပ်က ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေပြီး တစ်ခုခုကို ပြောနေသည့် ပုံပါ။

သို့ရာတွင် သူမ၏ ခန္ဓာကိုယ်ဟာ ကလေးနှင့်အတူ လျှင်မြန်စွာ‌ ပျောက်ကွယ်သွား၏။ သူမတို့နှစ်ဦး ပျောက်ကွယ်သွားသည့် နေရာတွင် သေးငယ်သည့် နှစ်ပေအကျယ်ရှိ ပိတ်စတစ်ခု ကျန်ရစ်ခဲ့သည်။ ကလေးငယ်၏ ပတ်တီးခြုံထည် ဖြစ်ပုံပါ။

ဟန်ကျောက်က ရှေ့သို့ လျှောက်သွားပြီး ကောက်ယူလိုက်သည်။ သန့်စင်ကာ ကြွယ်ဝသည့် ယင်စွမ်းအင်တို့ဟာ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာ၏။

သူက ဝိညာဉ်အဆီအနှစ်လုံးကို အသုံးပြုကာ ယင်စွမ်းအင်ကို သိုလှောာင်လိုက်သည်။

“နတ်ဆိုးကောင်တွေ…”

ယင်စွမ်းအင်တို့ ပျောက်ဆုံးသွားသည့် လက်ထဲရှိ ပိတ်စကို ကြည့်ကာ ဟန်ကျောက်ဟာ လက်သီးများကို ဆုပ်ပြီး ၎င်းကို ဆန်မာရု အိတ်ငယ်အတွင်းသို့ ထည့်လိုက်သည်။

ယင်စွမ်းအင်နှင့် မကျေနပ်မှုတို့ ပျောက်ကွယ်သွားကြောင်းကို အတည်ပြုပြီးနောက် သူဟာ ခန်းမအတွင်းမှ ထွက်ခွာပြီး စံအိမ်ဆီသို့ ပြန်၏။

“ဟားဟားဟားး”

စုထန်ချီဟာ ရယ်မောနေဆဲ ရှိသည်။ အခြားလူများဟာ တစ်ယောက်ပြီးတစ်ယောက် အိပ်မက်များအတွင်းမှ နိုးထလာပြီး ဖြစ်၏။ သူတို့၏ မျက်နှာများက ဖြူရော်နေပြီး ပြင်းထန်သည့် နေမကောင်းမှုမှ ပြန်ကောင်းလာသည့် ပုံပါ။

အထူးသဖြင့် အိပ်မက်အတွင်းတွင် ထူးခြားခွေးများ၏ ကိုက်ခြင်းကို ခံထားရသူများ ဖြစ်ကြသည်။ သူတို့ဟာ မြေပင်ပေါ်တွင် လဲလျောင်းကာ အော်ဟစ်နေပြီး ထနိုင်ခြင်း မရှိကြပေ။

“ဂျူနီယာမောင်လေးဟန်”

ဟန်ကျောက်၏ စံအိမ်အတွင်းမှ ထွက်လာမှုကို တွေ့ရပြီးနောက် ရှလင်ဟာ သူ၏ လူအားလုံးတို့ကို ကယ်တင်ခဲ့ပုံအား နားမလည်ပဲ မနေပေ။

“သူတို့တွေ ဘယ်လိုရှိလဲ”

ဟန်ကျောက်က ရှေ့သို့တက်ကာ ကြည့်သည်။

“အစ်မလည်း မသိဘူး။ သူတို့တွေ ဒဏ်ရာရတာလည်း မတွေ့ပဲ အားလုံးက နာတယ်လို့ အော်နေကြတာ။ အသားတွေ ကိုက််ဖြဲခံထားရ သလိုပဲ”

ရှလင်က ရှင်းပြသည်။ သူမဟာ အနည်းငယ် ကြောက်ရွံ့နေသည့် ပုံပါ။

အိပ်မက်အတွင်းတွင် သူမဟာ ဟန်ကျောက်နှင့်အတူ အသက်ကြီးပြီး သားသမီး မြေးမြစ်များ ရလာရန် အမျှော်လင့်ဆုံး အခြေအနေ၌ ရှိနေသည်။ သို့ပေမယ့် သူမဟာ မင်္ဂလာဆောင်ညတွင် မောင်လေးဟန်၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ငရဲဟူသည်ပင် ထိုထက်ပိုမိုကာ လွန်ကဲမည် မဟုတ်ပေ။

ဟန်ကျောက်ဟာ သူတို့၏ ခန္ဓာကိုယ်များကို စစ်ဆေးကြည့်ပြီးနောက် ရှလင်၏ နီရဲနေသည့် မျက်လုံးများကို တွေ့လိုက်ရသည်။ တုံ့ပြန်လာပြီးနောက် လက်ကိုဆန့်ကာ မျက်နှာကို ကိုင်လိုက်၏။

“ဒါတွေအားလုံးက ပုံရိပ်ယောင်တွေပဲ.. တကယ့်ပြင်ပမှာ မဖြစ်နိုင်ဘူး။ မကြောက်နဲ့”

“အင်းပါ”

ရှလင်က လေးလံစွာ ခေါင်းညှိတ်သည်။

ဟန်ကျောက်က မတ်တပ်ရပ်ကာ နှလုံးသားထဲတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဒီအိပ်မက်နတ်ဆိုး၏ စွမ်းရည်ဟာ သူထင်မထားတာထက် သာလွန်ပါသည်။

အိပ်မက်အတွင်းတွင် ထူးခြားခွေး၏ အကိုက်ခံလိုက်ရသည့် ထိုလူများဟာ တကယ့်ပြင်အထိတိုင်အောင် နာကျင်နေ၏။ မဟုတ်ပါက ဒီလူများ၏ မည်သည့်ဒဏ်ရာမှ မရှိပဲ အလွန် ဆိုးရွားစွာ နာကျင်နေမှုကို ရှင်းပြရန် မဖြစ်နိုင်ပေ။

“ဟားဟားဟား”

ထိုအချိန်၌ ဟန်ကျောက်ဟာ ခေါင်းကိုလှည့်ကာ ကြည့်လိုက်သည်။ စုထန်ချီဟာ ရယ်မောနေဆဲ ရှိ၏။ ရှင်းလင်းစွာပင် သူဟာ အိပ်မက်အတွင်းမှ နိုးထခြင်း မရှိသေးပေ။

All Chapters