အခန်း (၂၀၀)
Vol. 14 Ch. 200
ဟန်ကျောက်က ရှေ့သို့တက်ကာ သွားနှိုးတော့မည့် အချိန်၌ စုနင်ချုံက အနားသို့ ရောက်ကာ စုထန်ချီ၏ ခါးကို ဆွဲလိမ်လိုက်ကြောင်းအား တွေ့လိုက်ရသည်။
ဝက်တစ်ကောင်ကဲ့သို့ အော်သံဟာ ထွက်ပေါ်လာ၏။ စုထန်ချီဟာ နာကျင်မှုကြောင့် နိုးထလာပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ သူက ခါးကိုကိုင်ကာ ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်နေပါသည်။
“ညီမ.. နင်နင့်ယောကျားကို သတ်ဖို့ ကြိုးစားနေတာလား” စုထန်ချီက စုနင်ချုံကို မျက်ရည်များဖြင့် ကြည့်သည်။ သူ၏ အိပ်မက်အတွင်းတွင် သူဟာ ကောင်းကင်အဆင့်၌ နံပါတ်တစ်ရရှိပြီး ချန်ကောင်းကင်နန်းတော်မှ အောင်မြင်စွာ ပြန်လာနိုင်ခဲ့၏။
သိုင်းနတ်ဘုရားအဆင့်ဟာ မျက်စိရှေ့သို့ ရောက်ရှိပြီး ဖြစ်သည်။ သို့ပေမယ့် ခါးတွင် ဓါးတစ်ချောင်း စိုက်လာသည်ဟု ခံစားရပြီး အိပ်မက်ဟာ ချက်ချင်း ပျက်စီးသွားခဲ့၏။
“ညီမက အစ်ကို့ အိပ်မက်ထဲမှာ ထိခိုက်မှာကို စိုးရိမ်လို့ပါ.. အဲ့ဒါကြောင့်..”
စုနင်ချုံက အနည်းငယ် ရှက်ရွံ့စွာ ပြောသည်။
“ငယ်ငယ်တည်းက နင့်ကိုယ်နင် သာမန်လူတွေက ပိုပြီး ခွန်အားကြီးတာကို နင်သိရဲ့လား။ ငါ့ကို တစ်ခုခု ဖြစ်သွားစေမှာ နင်မကြောက်ဘူးလား”
စုထန်ချီက ညည်းတွား၏။
“တောင်းပန်ပါတယ်…”
စုနင်ချုံက ခေါင်းငုံ့သွားသည်။ ထိုပုံကို တွေ့ရပြီးနောက် စုထန်ချီဟာ မည်သည်ကိုမှ မပြောနိုင်တော့ပေ။ သူက အထိအခိုက် မရှိပဲ ရှိနေသည့် ဟန်ကျောက်ကို ကြည့်၏။ စကားပြောင်းကာ ပြောသည်။
“ဒါနဲ့.. အစ်ကိုဟန်.. အိပ်မက်နတ်ဆိုးရော ဘယ်မှာလဲဗျ”
“သူ့ကို အစ်ကိုလန် သတ်ပြီးသွားပြီ”
ဟန်ကျောက်က အသံနိမ့်စွာ ပြောသည်။
“သူအနီးအနားမှာ အခြေအနေကို လိုက်စစ်နေတယ်”
“အစ်ကိုလန်လို့ မပြောရဘူး”
စုထန်ချီက လက်မထောင်၏။
“အစ်ကိုဟန်ကလည်း အခြားလူတွေထက် သတ္တိပိုကောင်းတယ်။ အိပ်မက်ထဲမှာ အစ်ကိုသာ ဦးဆောာင်တိုက်ခိုက်တာ မလုပ်ခဲ့ရင် ကျွန်တာ်တို့တွေ အလွယ်တကူ ပြန်နိုးနိုင်မှာ မဟုတ်ဘူး”
“အစ်ကိုစုက အရမ်းကြီး ချီးကျူးနေပြန်ပါပြီ”
ဟန်ကျောက်က ခေါင်းညှိတ်ကာ ရှလင်ကို ခေါင်းလှည့်ကြည့်သည်။
“ဒီတာဝန်ကို ဖျက်သိမ်းလိုက်တော့.. ရွေ့လျားနိုင်သေးတဲ့ လူတွေကို ခေါ်ပြီး ကျောက်နက်မြို့သို့ ပြန်ကြ.. အခုပဲ စထွက်တော့”
“မရွေ့လျားနိုင်တဲ့ လူတွေကိုတော့ စံအိမ်ထဲကို ရွှေ့ကြမယ်.. အစ်ကိုလန်နဲ့ငါ ဒီမှာနေခဲ့ပြီး သူတို့ကို စံအိမ်မှာ တစ်ရက်လောက် အနားယူခိုင်းပြီးမှ သူတို့ကို ပြန်ခေါ်လာခဲ့မယ်”
အစမ်းရှင်သန်ခြင်းတွင် စံအိမ်၏ အခြေအနေကို စစ်ဆေးရန် သက်ရှည်ကျမ်းမှ လူများ ရောက်လာသည်ဟု ပြသထား၏။ ထိုသို့ဆိုပါက ဒီနေရာတွင် သူဟာ အားလုံးတို့ကို ဖမ်းဆီးရပေမည်။
အိပ်မက်အတွင်းတွင် ဒဏ်ရာရထားသူများမှာတော့ သူတို့ဟာ လှည်းနှင့် မြင်းများ၏ ခုန်ပေါက်မှုကို ခံနိုင်မည်မဟုတ်ပေ။ မဟုတ်ပါက လမ်းတစ်ဝက်တွင် သေဆုံးသွားနိုင်၏။
“…”
ရှလင်က ဟန်ကျောက်၏ လေးနက်သည့် ပုံစံကို ကြည့်သည်။ ခဏတာ တိတ်ဆိတ်နေပြီးနောက် ခေါင်းညှိတ်၏။ “ကောင်းပါပြီ” ထိုစကားနှင့်အတူ သူမက စိတ်ဓါတ်ကျနေသည့် လူအုပ်ကို ပြောသည်။
“လမ်းလျှောက်နိုင်သေးတဲ့လူတွေ အခုပဲ ထကြ.. ကျောက်နက်မြို့ကို ပြန်ကြမယ်”
“ငါတို့တွေ ပြန်ကြမှာလား”
“ကောင်းလိုက်တာ။ ကောင်းတယ်”
“ဒီနေရာက ကြောက်ဖို့ကောင်းလွန်းတယ်”
ထိတ်လန့်နေဆဲ ရှိသည့် လူတိုင်းဟာ အကြိမ်ကြိမ် ခေါင်းညှိတ်ကြသည်။
ဒဏ်ရာများကြောင့် လှုပ်ရှားနိုင်ခြင်း မရှိသည့် သိုင်းသမားများဟာ စိုးရိမ်သွာားကြ၏။ သူတို့သာ ယခုကဲ့သို့ မကောင်းဆိုးရွား နေရာတွင် နောက်ထပ်တစ်ရက် ဆက်နေရပါက အသက်ဆယ်နှစ်လောက် ပိုတိုသွားနိုင်ပါသည်။
သို့ရာတွင် ဟန်ကျောက်နှင့် လန်ဖန်းယွင်တို့လည်း သူတို့ကို စောင့်ကြပ်ရန် နေခဲ့မှာဖြစ်ကြောင်းအား သိရပြီးနောက် လူတိုင်းဟာ မနေနိုင်ပဲ ခံစားသွားရသည်။ ယခုကဲ့သို့ အန္တရာယ်များသည့် အခြေအနေတွင် သူဟာ သူတို့ကို စွန့်ပစ်ခဲ့ခြင်း မရှိပါ။
“မြန်မြန်လေး သွားတော့.. ငါတို့တွေ ပြီးရင် လိုက်လာခဲ့မယ်”
ဟန်ကျောက်က ရှလင်ကို ထွက်ခွာရန် လက်ဟန်ပြသည်။ ရှလင်က တုံ့ဆိုင်းခြင်း မရှိတော့ပဲ လှုပ်ရှားနိုင်သည့် သိုင်းသမားများဟာ လဲလျောင်းနေသူများကို မကာ စံအိမ်အတွင်းသို့ ရွှေ့စေသည်။
ခဏတာ မရွှေ့လိုက်သည်နှင့် ထိုလူများဟာ မနေနိုင်ပဲ နာကျင်စွာ ညည်းညူအော်ဟစ်ကြ၏။ နာကျင်လွန်းသောကြောင့် ခန္ဓာကိုယ်များက တုန်ခါနေပါသည်။
“အစ်ကိုစု.. ခင်ဗျားလည်း သူတို့နဲ့ ပြန်ရင်ကောင်းမယ်” ဟန်ကျောက်က လေးနက်စွာ ပြောသည်။ ထိုစကားကို ကြားရပြီးနောက် စုထန်ချီ၏ မျက်လုံးများက အနည်းငယ် ရှုပ်ထွေးသွား၏။ ထို့နောက် ခေါင်းကိုယမ်းသည်။
“အစ်ကိုဟန်.. ကျွန်တော်လည်း ဒီမှာနေပြီး မင်းနဲ့ အစ်ကိုလန်တို့ကို ကူညီချင်တယ်”
“ဒါက.. ကောင်းပြီေလ”
ဟန်ကျောက်က လက်ခံလိုက်၏။ အစမ်းရှင်သန်မှု အတွင်းတွင် သူဟာ သက်ရှည်ဂိုဏ်းသား တစ်စုနှင့် တိုက်ခိုက်ရာတွင် အနိုင်ရခဲ့ပေမယ့် ဒဏ်ရာအနည်းငယ် ရခဲ့လေသည်။
သို့ရာတွင် ဤသည်မှာ အမှတ်များ ပေါင်းထည့်ရသေးခြင်း မရှိသေးပေ။ အမှတ်ထည့်ပေါင်းပြီးနောက် အဆင်ပြေလောက်ပါပြီ။
ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုအဆင့်ရှိ အကူအညီတစ်ယောက်နှင့် ဖိအားအချို့ ပိုမိုလျော့ကျသွားမှာပါ။ စုထန်ချီဟာ လူကောင်းတစ်ယောက် ဖြစ်ဟန်တူ၏။ အစမ်းရှင်သန်မှု အတွင်းတွင် သူ၏ လုပ်ဆောင်ချက်များဟာ သိပ်ထူးချွန်ခြင်း မရှိပေမယ့် သူဟာ ယုတ်မာကောက်ကျစ်သူ မဟုတ်ပေ။
“အစ်ကို..”
စုနင်ချုံက စုထန််ချီကို ဘေးသို့ဆွဲကာ တီးတိုးစွာ ပြောသည်။
“အစ်ကို.. ဒီလိုကိစ္စမျိုးကို ကြုံတွေ့ရင် နင်ပုန်းနေလေ့ရှိတာ မဟုတ်ဘူးလား။ ဘာလို့ နေခဲ့မှာလဲ”
“အန္တရာယ်တွေ့တာနဲ့ ဆုတ်ခွာသွားလို့ ဘယ်ဖြစ်မလဲ။ အဲ့ဒါက ကြိုးစားအားထုတ်ပြီး တိုးတက်လိုစိတ် မရှိတာလို့ ဆိုလိုတာပေါ”
စုထန်ချီက အသံနိမ့်စွာ ပြောသည်။
“ဒါက.. အရင်တုန်းက ပြောတာ ဒီလိုမျိုး မဟုတ်ဘူးလေ” စုနင်ချုံက မှင်သက်သွားသည်။
စုထန်ချီ၏ ပုံစံက အနည်းငယ် လေးနက်သွား၏။ “ရှေးဟောင်းစာအုပ်တွေ အရဆို အိပ်မက်နတ်ဆိုးတစ်ကောင် ပေါ်လာတိုင်းမှာ သေချာပေါက် အလောင်းတွေ တောင်လိုပုံပြီး မကျေနပ်မှုတွေ ကောင်းကင်အထိ ထိုးတတ်သွားရတယ်တဲ့”
“အဲ့ဒါက သက်ရှည်ဂိုဏ်း ပေါ်လာတတ်တဲ့ နေရာလည်း ဖြစ်တယ်။ ကြည့်ရတာ ဒီကိစ္စက သက်ရှည်ဂိုဏ်းနဲ့ သက်ဆိုင်နေလိမ့်မယ်”
“အစ်ကိုဟန်နဲ့ အစ်ကိုလန်တို့က နေခဲ့ကတည်းက.. သူတို့မှာ ယုံကြည်ချက်ရှိတယ်လို့ ဆိုလိုတာပဲ။ အဓိပ္ပာယ်က ထိခိုက်မှုတွေကို ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာမှာ ရှိတယ်။ ဒါ့ကြောင့် ငါနေခဲ့ဖို့ ရွေးချယ်ပြီး ကူညီဖို့လုပ်တာ”
“ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ် ငါတို့တွေ ဒီကိုလာခဲ့တာကလည်း သက်ရှည်ကျမ်းကို ရင်ဆိုင်ဖို့ပဲလေ။ နည်းနည်းလောက် စွန့်စားဖို့လိုတာနဲ့ ဆုတ်ခွာလို့မရဘူး”
“သတိကြီးတာနဲ့ ကြောက်တာအကြားမှာ ကွာခြားချက်တစ်ခု ရှိတယ်”
“ကောင်းပါပြီ…”
စုနင်ချုံက ခေါင်းညှိတ်သည်.
“အစ်ကိုစု.. ကျွန်တော် သွားပြီး အစ်ကိုလန်ပြန်လာပြီလားလို့ ကြည့်ဦးမယ်”
ဟန်ကျောက် ကရှေ့သို့လျှောက်ကာ အကြောင်းပြချက်တစ်ခု ပေးပြီး ထွက်ခွာသွားသည်။ သူ၏ ကိုယ်ပွားကို ထုတ်လွှတ်ရန် ဖြစ်၏။
“ကောင်းပြီ.. ဒဏ်ရာရသူတွေကို ငါတို့ ဂရုစိုက်ထားလိုက်မယ်”
စုထန်ချီက ပြန်ကြား၏။
“ကျေးဇူးအများကြီး တင်ပါတယ်”
နောက်တစ်နေ့ နေ့လည်ခင်းတွင် အသားမွှေးစံအိမ်၌..
ဆံဖြူနှင့် မုတ်ဆိတ်များ ရှိသည့် အရပ်ရှည်ရှည် အဖိုးအိုတစ်ဦးဟာ စံအိမ်၏ အပြင်ဘက်ရှိ ကျောက်သားပြင်ပေါ်သို့ တက်လာခဲ့သည်။
သူဟာ အနက်ရောင် ဝတ်ရုံတိုကို ဝတ်ဆင်ထားပြီး ကြွက်သားများကို လှစ်ပြထား၏။ ခါးတွင် ဓါးပျော့တစ်ချောင်း ရှိပါသည်။ ထိုအဖိုးကြီးက စံအိမ်ကို မျက်မှောင်ကြုတ်ကာ ကြည့်သည်။
ခဏအကြာ၌ သွေးရောင် အဝတ်အစားများနှင့် သိုင်းသမား ၁၂ယောက်တို့ သူ၏နောက်တွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့သည်။
ရှေ့ဆုံးရှိ အမျိုးသမီးမှာ လှပသည့် မျက်နှာနှင့် သွယ်လျသည့် ခန္ဓာကိုယ်ရှိသည့် မိန်းမငယ်တစ်ဦး ဖြစ်၏။ သူမတွင်လည်း ထွားကြိုင်းသည့် ကြွက်သားများ ရှိသည်။ သူမ၏ လက်မောင်းမျးဟာ သွေးရောင် အင်္ကျီလက်တိုကြောင့် အပြင်ဘက်တွင် ပေါ်နေပြီး သန်မာလှပါသည်။ ရှေ့ရှိ အဖိုးအိုထက်ပင် ပိုမိုထင်ပေါ်၏။
“အရှင် ဓမ္မဘုရင်ကို တွေ့ဆုံပါတယ်”
အမျိုးသမီးငယ်က ဦးဆောင်ကာ လူအုပ်စုက ဒူးတစ်ဖက်ထောက်ကြသည်။
“ခန်းမသခင်မိန်.. ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ ထကြ”
အဖိုးအိုက နောက်သို့လှည့်ကာ အသာပြုံးသည်။ သူကတော့ ပိုင်ကျဲမြို့၏ ကောင်တီအုပ်ချုပ်သူ ဟယ်ကျင်းထုံဖြစ်သည်။
သူဟာလည်း သက်ရှည်ဂိုဏ်း၏ ဓမ္မဘုရင် ဖြစ်ကာ ချီနှစ်ဆင့် ပြီးပြည့်စုံခြင်း စစ်ဘုရင်တစ်ယောက်လည်း ဖြစ်သည်။
သို့ရာတွင် မည်သူမှ မသိသည်ကား သူဟာ ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်၌လည်း စစ်ဘုရင်အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
သက်ရှည်ဂိုဏ်းနှင့် ငရဲကိုးခုဂိုဏ်းတို့ နှစ်ခုလုံးဟာ နတ်ဆိုးများ၏ လက်အောက်ခံအင်အားစုများ ဖြစ်ကြပြီး ကြာရှည်သည့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ရှိသည်။
အိပ်မက်နတ်ဆိုး၏ အကူအညီတောင်းခံမှုကို ရရှိပြီးနော် ဟယ်ကျင်းထံဒဟာ အနီးအနားရှိ သက်ရှည်ဂိုဏ်းမှ တပည့်များကို စုစည်းခဲ့၏။ သူဟာ တမင် တစ်ညလုံး စောင့်စားပြီးမှ နောက်တစ်နေ့တွင် လာခဲ့လေသည်။
ပူးပေါင်းမှုက ပူးပေါင်းမှုဖြစ်သည်။ သို့ပေမယ့် ဒီနေရာရှိ အိပ်မက်နတ်ဆိုး မရှိတော့ပါက သူတို့တစ်ဖွဲ့တည်း အုပ်စိုးနိုင်ပါပြီ။
သူတို့၏ ပူးပေါင်းမှု ဆက်ဆံရေးကြောင့် ငရဲကိုးခု စံအိမ်မှ လူများကို တိုက်ခိုက်နိုင်ခြင်း မရှိပေ။ သို့ရာတွင် အပြင်လူများက သူတို့အတွက် ရှင်းလင်းပေးလျှင်တော့ ဤသည်မှာ သူတို့နှင့် မည်သည်မှ သက်ဆိုင်ခြင်းမရှိပေ။
သို့ရာတွင် သူဟာ ဒီနေရာသို့ သက်ရှည်ဂိုဏ်းမှ အဆင့်မြင့် တိုက်ခိုက်ရေးသမားများကို စုစည်းလာခဲ့ဆဲ ရှိသည်။
ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုရှိ သွေးစိတ်ဝိညာဉ်ခန်းမ၏ ခန်းမသခင်တစ်ယောက်နှင့် ခွန်အားသန့်စင်ခြင်း အဆင့်ရှိ လက်ထောက်ခန်းမသခင် လေးယောက်၊ သူတို့၏ အစောင့်အကြပ်များ ပါဝင်၏။
“ကျေးဇူးတင်ပါတယ် အရှင် ဓမ္မဘုရင်”
မိန်ချောင်ယန်က မတ်တပ်ရပ်သည်။