← Chapters

အခန်း (၂၀၁)

Vol. 14 Ch. 201

အခန်း (၂၀၁)

Vol. 14 Ch. 201

ဒီအတောအတွင်းတွင် သူမဟာ သွေးစိတ်ဝိညာဉ်ခန်းမကို အားဖြည့်ရန်အတွက် ကျောက်နက်မြို့၊ ကျောက်စိမ်းလေမြို့နှင့် ကျားယွမ်မြို့တို့ရှိ ငယ်ရွယ်သည့် တစ်ဝက်တစ်ပြတ် သိုင်းသခင်များနှင့် သိုင်းသခင်များကို ခေါ်ယူရင်း အလုပ်ရှုပ်နေခဲ့သည်။

အစက ချူနိုင်ငံ၏ အုပ်စိုးသူ မိသားစုများမှ မျိုးဆက် ခုနစ်ယောက်၊ ရှစ်ယောက်လောက် သွေးစိတ်ဝိညာဉ်ခန်းမသို့ ဝင်ရောက်လာခဲ့သေးသည်။ သူမ လက်အောက််ခံများ၏ ခွန်အားကို ထိုးတက်သွားစေ၏။

ထို့ကြောင့် သူမဟာ ဂိုဏ်းကို အကျိုးပြုမှု ပြုကာ လျှို့ဝှက်ဆေးကို ရရှိပြီး စစ်ဘုရင်အဆင့်သို့ ချိုးဖျက်တော့မှာပါ။

သို့ပေမယ် မကြာခဏ မတော်တဆ ဖြစ်ရပ်များ ဖြစ်ပွားလာမည်ဟု ထင်မထားခဲ့ပေ။ တစ်နှစ်ပင် မကြာလိုက်ပဲ သူမလက်အောက်ရှိ ချူနိုင်ငံ၏ အုပ်စိုးသူမိသားစု မျိုးဆက်အားလုံးတို့ ရှင်းမပြနိုင်စွာ သေဆုံးခဲ့ရ၏။

ရလဒ်အနေနှင့် ခွန်အားကြီးမားသည့် သွေးစိတ်ဝိညာဉ် ခန်းမဟာ လျှင်မြန်စွာဖြင့် ပြန်လည်ဆုတ်ယုတ်သွားခဲ့သည်။

ဒီအတောအတွင်းတွင် ကျောက်နက်မြို့ရှိ ခွန်အားသန့်စင်ခြင်းအဆင့် လူသစ်တစ်ယောက်ကို ခေါ်ယူရန်အတွက် သူမဟာ ကိုယ်တိုင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့ပေမယ့် အသားမွှေးစံအိမ်၌ ကိစ္စတစ်ခု ဖြစ်ပွားပြန်မည်ဟု ထင်မထားခဲ့ပေ။ သူမကို ဂိုဏ်းစောင့် ဓမ္မဘုရင်က ဆင့်ခေါ်ခဲ့၏။

“ဘယ်သူလဲ”

ဟယ်ကျင်းထုံက အမိန့်ပေးတော့မည့် အချိန်၌ ရုတ်တရက် ခေါင်းကိုလှည့်ကာ တံခါးပိတ်နေဆဲ ရှိသည့် စံအိမ်ကို လှည့်ကြည့်သည်။

“ကျွီ..”

တံခါးဟာ ဖြည်းညှင်းစွာ ပွင့်လာပြီး ဝတ်စုံပြာနှင့် ချောမောသည့် လူငယ်တစ်ယောက်ဟာ တံခါးနောက်တွင် ရပ်နေပါသည်။

“မင်းတို့ သက်ရှည်ဂိုဏ်းကလူတွေ ဒီကိုရောက်ပြီးမှတော့.. ဝင်မလာသေးဘူးလား”

စုထန်ချီက လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အပြုံးတစ်ခုနှင့် ပြောသည်။

ထိုအချိန်၌ တံခါးဖွင့်ရန် တာဝန်ယူထားသည့် စုနင်ချုံက သူ၏နောက်တွင် သွားပြန်ရပ်၏။ သူမဟာ အဖိုးတန်သည့် ကျောက်မျက်များဖြင့် စီခြယ်ထားသည့် ဓါးတစ်ချောင်းကို ထုတ်သည်။

ဟန်ကျင်းထုံက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ချောင်းမြောင်းတိုက်ခိုက်ရန် ပုန်းအောင်းနေသူ မရှိကြောင်းကို နားလည်လုက်သည်။ သူက ပြုံး၏။

“နှစ်ယောက်တည်းလား.. မင်းတို့က တော်တော်ရဲတင်းတာပဲ.. ဟားဟားဟား..”

“ရယ်တာလား.. မကြာခင် ခင်ဗျားကို ငိုရအောင် လုပ်ပေးမယ်”

စုထန်ချီက ဂုဏ်ယူစွာ ပြောသည်။

သူ၏ ညာဘက်လက်ဟာ ခါးရှိ ဆန်မာရုအိတ်ငယ်ကို ထိလိုက်ပြီး နှစ်တစ်ထောင် ပိုးခြည်တစ်စုံကို ထုတ်သည်။

ဟယ်ကျင်းထုံက ဒေါသထွက်ခြင်း မရှိပါ။ သူက မိန်ချောင်ယန်ကို တစ်ချက်ကြည့်၏။

ထိုပုံကို တွေ့ရပြီးနောက် မိန်ချောင်ယန်က ရှေ့သို့တက်သွားသည်။ သူမ၏ ခြေလှမ်းများက နှေးကွေး၏။ သို့ရာတွင် လှမ်းလိုက်သည့် ခြေလှမ်းတိုင်းကာ ပိုမို လေးလံလာသည့် ပုံပါ။

မြေပြင်ဟာ ဖိနှိပ်သံတစ်ခု ပေါ်လာပြီး ကျောက်ပြားချပ်များဟာ အက်ကွဲရာများ ပေါ်လာခဲ့သည်။ သူမ၏ အရေအပြားပေါ်တွင် သွေးနီရောင် မျဉ်းကြောင်းများ ပေါ်လာ၏။

မကြာခင် လှပသည့် မျက်နှာကို ထူထဲသည့် ပင့်ကူအိမ်နှင့် တူသည့် သွေးလွှာတစ်ခုက ဖုံးလွှမ်းသွားသည်။ ကြည့်ရတာ ပုံမှန်မဟုတ်စွာ ကြမ်းကြုတ်နေ၏။

“ကျွမ်းကျင်သူတစ်ယောက်ပဲ”

စုထန်ချီဟာ ထိုအမျိုးသမီး၏ အရှိန်အဝါကို ခံစားလိုက်ရသည်။ သူ၏မျက်နှာပေါ်က အပြုံးဟာ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

“သေလိုက်တော့”

မိန်ချောင်ယန်က သွေးဆာသည့် အသွင်ဖြင့် ရုတ်တရက် ညာဘက်လက်သီးကို ထိုးလိုက်သည်။

“ထိုးချက်ကောင်းတယ်”

စုထန်ချီဟာ အနည်းငယ် စိတ်လှုပ်ရှားသွား၏။

ဒီတစ်ခေါက်တွင် သူဟာ လန်ဖန်းယွင်ကြောင့် ထိတ်လန့်ကာ အိမ်သို့ ပြန်လုနီးပါး ဖြစ်သွားခဲ့သည်။ ဒီတစ်ခေါက်တွင် သူဟာ မြို့ငယ်တစ်ခုသို့ သွားရောက်ခဲ့ပြီး ခြေတစ်လှမ်းချင်းစီ မြဲမြံစွာ ရှေ့ဆက်မည်ဟု စိတ်ပိုင်းဖြတ်ထားစဉ်၌ ရှားပါးသည့် အိပ်မက်နတ်ဆိုးကို ကြုံတွေ့ကာ လုံးဝ အသုံးမဝင် ဖြစ်ခဲ့ရသည်။

ယခု နောက်ဆုံးတွင် သာမန် သိုင်းသမားတစ်ယောက်ကို တိုက်ခိုက်ကာ သူ၏ စကေးများကို ထုတ်ပြနိုင်တော့ပေမည်။ သူဟာ နောက်ဆုတ်မည့်အစား သူဟာ ရှေ့သို့ တက်လာခဲ့၏။

သူ၏ ဘယ်ခြေထောက်နှင့် မြေကြီးကို ပြင်းထန်စွာ နင်းကာ နက်ရှိုင်းစွာ နစ်ဝင်သွားပြီး ခြေထောက်အောက်ရှိ အုတ်များ ကြွလာခဲ့သည်။ ကျောက်စများဟာ အညစ်အကြေးများသဖွယ် အရပ်မျက်နှာ အားလုံးတို့ဆီသို့ ပြန်ကြဲသွားသည်။

ခန္ဓာကိုယ်တစ်ဝိုက်တွင် မြင့်တက်လာသည့် အစစ်အမှန်ချီက လေးစက်သည့် လေအေးစီးကြောင်းများ လှိုင်းထလာစေ၏။ လက်သီးများကို မြှောက်ကာ ထိုးချလိုက်သည်။ သူ၏ အရှိန်အဝါဟာ နဂါးတစ်ကောင်နှယ် ရှိနေ၏။

“အစ်ကို.. မိုက်တယ်”

စုနင်ချုံက စိတ်လှုပ်ရှားစွာဖြင့် အော်၏။ သန်မာသည့် ရန်သူတစ်ယောက်ကို ရင်ဆိုင်ရချိန်၌ စတင် တိုက်ခိုက်မှုပင် ပြုလေသည်။ ဤသည်မှာ သူအမြဲတမ်း လေးစားရသည့် အစ်ကိုဖြစ်၏။

“ဘုန်း”

စုထန်ချီ၏ ကြမ်းတမ်းစွာ မြင့်တက်လာသည့် အစစ်အမှန်ချီများကို တွေ့ရပြီးနောက် မိန်ချောင်ယန်၏ မျက်နှာပေါ်၌ ရူးသွပ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမ၏ လက်သီးဟာ စုထန်ချီနှင့် ထိတွေ့တော့မည့် အချိန်၌ သွေးများဖြင့် လျှင်မြန်စွာ ပြည့်နှက်လာ၏။

ကျောက်ဆိုင်များကဲ့သို့ ကြွက်သားများဟာ ထပ်မံကြီးထွားလာပြီး ခါးထက်ပင် ပိုမိုထူထဲသည့် ပုံပါ။ ဤသည်မှာ အလွန်ထူးဆန်းသည့် မြင်ကွင်းဖြစ်၏။

စုထန်ချီဟာ ထိုလက်သီးကို အနှိုင်းမဲ့လှသည်ဟု ခံစားလိုက်ရသည်။ တစ်ဖက်လူ၏ ကြောက်စရာကောင်းသည့် လက်သီးအမြန်နှုန်းနှင့် ခွန်အားဟာ ပတ်ဝန်းကျင်ရှိ လေကို တွန့်လိမ်သွားသည်အထိ ဆွဲညှစ်လိုက်သည့် ပုံပါ။ သန်မာသည့် လေက သူ၏မျက်နှာကို စူးရှစေ၏။

မျက်နှာအရည်အပြားကို လှိုင်းထသွားစေသည်။

“မကောင်းတော့ဘူး”

စုထန်ချီဟာ ထိတ်လန့်သွားသည်။ သူက ချက်ချင်းပင် နောက်ထပ်လက်သီးကို ထိုးလိုက်၏။ လက်သီးကြီး နှစ်ခုတို့ဟာ အတူတူစုစည်းပြီး တစ်ဖက်လူ၏ လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံသည်။

သူ၏ အတွင်းအားနှင့် အစစ်အမှန်ချီတို့၏ အားဖြည့်မှုအောက်တွင် လက်သီးများဟာ ကြီးထွားလာခဲ့ပေမယ့် ထိုလက်သီးနှစ်လုံး၏ အရွယ်အစားဟာ မိန်ချောင်ယန်၏ လက်သီးတစ်လုံးစာပင် မကြီးပေ။

မြင်ကွင်းဟာ ခဏတာအတွင်း အနည်းငယ် ထူးဆန်းသွား၏။

“ဘုန်း”

စုထန်ချီဟာ ထည်ဝါသည့် အားတစ်ခု သူ၏လက်သီးမှ လက်မောင်းရင်းနှင့် ခန္ဓာကိုယ်ဆီသို့ ပျံ့နှံ့လာသည်ဟု ခံစားလိုက်ရသည်။

“ခရက်..”

အရိုးများနှင့် အဆစ်များဟာ အက်ကွဲသံများ ‌ပေါ်လာ၏။ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်ရှိ အစစ်အမှန် အကာအကွယ်ချီဟာ မိန်ချောင်ယန်၏ အတွင်းအားထုတ်လွှတ်မှုကြောင့် ဆိုးရွားစွာ တင်းကြပ်လာခဲ့သည်။

“ဒုန်း၊ ဒုန်း”

ခန္ဓာကိုယ်အား ကာကွယ်ထားသည့် အစစ်အမှန်ချီကို အမှီပြုကာ သူ၏ခန္ဓာကိုယ်ဟာ လွင့်စင်ထွက်သွား၏။ ခြေထောက်ဟာ စံအိမ်အပြင်ဘက်ရှိ ကျောက်သားလမ်းပေါ်သို့ လေးလံစွာ ပြုတ်ကျပြီး အလွန်ထင်ရှားသည့် ခြေရာများ ကျန်ရစ်ခဲ့သည်။

“ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှု အဆင့် ခန္ဓာကိုယ်သန့်စင်သူလား”

စုထန်ချီ၏ ရင်ဘတ်ဟာ အနည်းငယ် မွန်းကြပ်နေပြီး ရှေ့ရှိ မိန်ချောင်ယန်ကို မှင်သက်စွာ ကြည့်သည်။

အတွင်းနှင့်အပြင် နှစ်မျိုးလုံးကို ကျင့်ကြံသည့် ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုရှိ သိုင်းသမားတစ်ယောက် အနေနှင့် သူဟာ ကောင်းကင်နက်နဲဂိုဏ်းရှိ အဆင့်တူသည့် အစစ်အမှန် တပည့်တစ်ယောက်နှင့် တိုက်ခိုက်လျှင်တောင် အရေးနိမ့်မည် မဟုတ်ပေ။

အဆင့်တူသည့် ခန္ဓာကိုယ်သန့်စင်သူ တစ်ယောက်သာလျှင် ယခုကဲ့သို့ ကြောက်စရာကောင်းလှသည့် ခွန်အားကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။

အတွင်းအား ကျင့်စဉ်များကို ကျင့်ကြံသည့် သိုင်းသမားများဟာလည်း သွေးချီနှင့် အတွင်းအား မြင့်တက်မှုမှတစ်ဆင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ကြီးစွာ မြှင့်တင်နိုင်ကြသည်။

အစစ်အမှန်ချီဟာတော့ ၎င်းဟာ အဓိကအားဖြင့် ခွန်အားပေါက်ကွဲထွက်မှုကို တိုးပွားစေသည့် အတွင်းပိုင်း ကျင့်စဉ်ဖြစ်၏။

ခန္ဓာကိုယ်သန့်စင်သူ သိုင်းသမားများသာလျှင် သူတို့ဟာလည်း အတွင်းနှင့်အပြင် နှစ်မျိုးလုံးကို ကျင့်ကြံပေမယ့် သူတို့ကျင့်ကြံသည့် အစစ်အမှန်ချီ အားလုံးတို့ကို ခန္ဓာကိုယ်ကို အားဖြည့်ရန် အသုံးပြုပစ်ကြသည်။

ရှေ့ရှိ အမျိုးသမီး၏ အတွင်းအားနှင့် အစစ်အမှန်ချီ ကျင့်စဉ်များဟာ ရှင်းလင်းစွာပင် ခန္ဓာကိုယ်၏ တိုက်ခိုက်မှုနှင့် ခုခံမှုတို့ကို ဦးတည်ကာ အားဖြည့်ထားသည်။

မဟုတ်ပါက သာမန် ချီတစ်ဆင့် စစ်ဘုရင်အဆင့် သိုင်းသမားတစ်ယောက်ကို ရင်ဆိုင်ရလျှင်တောင် အသက်မရှူနိုင်လောက်သည်အထိ ရိုက်နှက်ခံရမည် မဟုတ်ပေ။

ယခုကဲ့သို့ သေးငယ်သည့် နေရာတစ်ခုရှိ သက်ရှည်ဂိုဏ်းတွင် ဘယ်လိုလုပ်ပြီး ယခုကဲ့သို့ စွမ်းအားကြီးသည့် တပည့်တစ်ဦး ပေါ်လာရသနည်း။ ဤသည်မှာ သောက်ကျိုးကြောင်းဆီလျော်မှု ရှိပါသေးသလား။

“နင်က တကယ့်ကို မရိုးရှင်းဘူး”

မိန်ချောင်ယန်က သူမ၏ ညာဘက်လက်သီးရှိ အဆစ်ပေါ်မှ ဒဏ်ရာကို ကြည့်ကာ အံ့ဩသွားသည။

သူမဟာ အမျိုးသမီးတစ်ယောက် ဖြစ်ပေမယ့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံပါသည်။ မဖျက်ဆီးနိုင်သည့် သံလက်သီးတစ်စုံဖြင့် သွေးစိတ်ဝိညာဉ် ခန်းမ၏ ခန်းမသခင် ဖြစ်လာခဲ့၏။

ယခုလက်သီးချက်တွင် အတွင်းအား၊ အစစ်အမှန်ချီနှင့် သွေးစိတ်ဝိညာဉ်မူဝါဒ လျှို့ဝှက်အတတ်တို့ အားလုံးတို့ကို ထည့်သွင်းကာ တစ်ချက်တည်းနှင့် အနိုင်ယူရန် ဆုံးဖြတ်ထားခဲ့သည်။ ရှေ့ရှိ အသက်၂၀ကျော်ရုံလောက်သာ ရှိသည့် လူငယ်ဟာ အထိအခိုက် မရှိပဲ သူမ၏ အားကုန်စွမ်းအားကို ခံယူနိုင်ခဲ့၏။

“ခန်းမသခင်က ကြမ်းတမ်းလွန်းတယ်”

မိန်ချောင်ယန်၏ နောက်ရှိ လက်ထောက် ခန်းမသခင် အန်းငယ်က အော်ကြသည်။

ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားများ ဖြစ်သည့်အလျှောက် သူတို့ဟာ စုထန်ချီ၏ ခွန်အားကြီးပုံကို ပြောနိုင်ပါသည်။ ဒီကောင်လေးဟာ အုပ်စိုးသူ မိသားစုတစ်ခုမှ ဖြစ်သည့်ပုံပါ။

All Chapters