← Chapters

အခန်း (၂၀၂)

Vol. 14 Ch. 202

အခန်း (၂၀၂)

Vol. 14 Ch. 202

“သေလိုက်တော့”

မိန်ချောင်ယန်ဟာ သွေးစိတ်ဝိညာဉ် မူဝါဒ၏ လျှို့ဝှက်အတတ်ကို အမြင့်ဆုံးအထိ အသုံးပြုလိုက်၏။ သူမ၏ လွန်ကြူးလှည့် ကြွက်သားများဟာ ထပ်မံဖောင်းကားလာခဲ့ပြန်သည်။

သူမ၏ သွေးရောင်ဝတ်စုံဟာ ကွဲထွက်သွားပြီး အပေါ်ပိုင်း ခန္ဓာကိုယ် တစ်ခုလုံးဟာ ကြီးမားစွာ ကျယ်ပြန့်လာခဲ့သည်။ အဖျက်စွမ်းအားတို့ဖြင့် ပြည့်နှက်နေသည့် ကြောက်စရာကောင်းစွာ တြိဂံဇောက်ထိုးပုံ ဖြစ်လာခဲ့သည်။

“ခန်းမသခင်.. အားကုန်သုံးတော့မယ်”

မိန်ချောင်ယန်၏ နောက်ရှိ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားများဟာ အလိုလို နောက်ဆုတ်မိကြသည်။ မိန်ချောင်ယန်၏ ကြောက်စရာကောင်းသည့် စွမ်းအားကို မြင်ဖူးထားသည့် မည်သူမဆို အရမ်းကြီး နီးကပ်ရဲမည် မဟုတ်ပေ။

“ဆွစ်၊ ဆွစ်၊ ဆွစ်..”

“ဒီအကွက်ကို ခံကြည့်”

စုထန်ချီဟာ ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်ထားသည့် ပုံပါ။

သူ၏ အစစ်အမှန်ချီများဟာ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ဆိုင်ကလုန်းသဖွယ် ရစ်ဝဲလာခဲ့သည်။ လေကို ပိုင်းဖြတ်သည့် အသံတစ်ခုနှင့်အတူ သန်မာအားကောင်းသည့် လေလှိုင်းများကို ဖြစ်ပေါ်စေ၏။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီနှင့် အတွင်းအားဟာ အလွန် သိပ်သည်းလာပြီး ခန္ဓာကိုယ်နှင့်‌ ပေါင်းစပ်သွားသည်။ အမြန်နှုန်း၊ ခွန်အားနှင့် တုံ့ပြန်မှုတို့ဟာ လုံးဝ မြင့်တက်လာခဲ့၏။ သူဟာ လေပွေတစ်ခုနှယ် ပြေးထွက်သွားသည်။

“ကောင်းတယ်”

စုထန်ချီ၏ သူမနှင့် ထိပ်တိုက် တိုက်ခိုက်လိုမှုကို တွေ့ရပြီးနောက် မိန်ချောင်ယန်၏ မျက်လုံးများထဲရှိ သွေးဆာမှုဟာ ပိုမိုသန်မာလာခဲ့သည်။ သူမဆီသို့ တိုက်ခတလာသည့် အစစ်အမှန်ချီ လေများကို ခံစားကာ စိတ်လှုပ်ရှားစွာ အော်၏။

“ဘုန်း”

သူမတို့ဟာ လက်ရည်ညီတွင် ရှိနေပြီး ကျားနှင့် နဂါးအကြား တိုက်ပွဲကဲ့သို့ ဖြစ်ပေါ်ခြင်း လုံးဝမရှိပါ။

စုထန်ချီ၏ ခန္ဓာကိုယ်ဟာ မိန်ချောာင်ယန်၏ လက်သီးအားနှင့် ထိတွေ့မိသည်နှင့် သူဟာ မြားတစ်ခုသဖွယ် နှစ်ဆရှိသည့် အမြန်နှုန်းနှင့် ပြန်ကန်ထွက်သွားသည်။

“ဟန်”

မိန်ချောင်ယန်၏ မျက်လုံးများထဲ၌ သံသယတို့ ဖြတ်သန်းသွားည်။ သူမ၏ လက်သီးဟာ ခုနက ကြောက်စရာကောင်းသည့် ခွန်အားကို ခံစားနိုင်ခြင်း မရှိပေ။ ဖြစ်နိုင်တာက တစ်ဖက်လူတွင် ထိုမျှလောက်သည့် ခွန်အားသာ ရှိသည်လား။

“အစ်ကို”

စုနင်ချုံက အော်လိုက်ပြီးနောက် လေထဲတွင် လွင့်ပျံနေသည့် စုထန်ချီဆီသို့ အပြေးတက်ဖမ်းသည်။

သို့ရာတွင် မူလက ဒဏ်ရာအပြင်းအထန် ရသွားပုံ ပေါ်သည့် စုထန်ချီ၏ ပတ်ဝန်းကျင်ရှိ အစိမ်းရောင် အစစ်အမှန်ချီများဟာ မြင့်တက်လာ၏။ သူက စုနင်ချုံ၏ လက်ကိုဆွဲကာ စံအိမ်အတွင်းသို့ သူမနှင့်အတူ မြင်းရိုင်းတစ်ကောင်သဖွယ် ပြေးဝင်သွားသည်။

“ညီမ.. သွားရအောင်”

စုထန်ချီဟာ သေလုမတတ် ဝင်ပြေးတော့၏။

သူဟာ ဒီလူမဆန်သည့် မိန်းမကို ထိပ်တိုက် တစ်ယောက်တစ်ယောက် တိုက်ခိုက်ရလျှင် အလွယ်တကူ အနိုင်ရမည်ဟု ပြောရဲခြင်း မရှိပါ။

ထို့အပြင် သူမ၏ ဘေးတွင် ဓါးသမား ဆယ်ယောက်ကျော်တို့ ရှိနေ၏။ အထူးသဖြင့် ဦးဆောင်နေသည့် အဖိုးအိုဖြစ်သည်။ ကြည့်ရတာ သူဟာ စစ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပုံပါ။ အရူးသာလျှင် ဆက်လက်ကာ ထိပ်တိုက်တိုက်ခိုက်ပေလိမ့်မည်။

“အစ်ကိုလန်.. အစ်ကိုဟန်.. ရန်သူမှာ အင်အားကြီးသူ ပါတယ်။ ကျွန်တော် ဆက်ပြီး မထိန်းနိုင်တော့ဘူး”

စုထန်ချီက ပြေးလွှားးရင်းက အော်၏။

“..”

စံအိမ်အဝရှိ သိုင်းသမား ဆယ်ယောက်ကျော်တို့ဟာ ခဏတာအတွင်း တုံ့ပြန်နိုင်ခြင်း မရှိစွာ မှင်သက်ကုန်ကြသည်။

“ချီး.. စောက်ကောင်လေး ပြေးပြီ”

“သူ့နောက်ကိုလိုက်ကြ” လူတိုင်းဟာ စံအိမ်အတွင်းသို့ လိုက်လံကြ၏။

“ဒါက လေခွဲအစစ်အမှန်ချီလား.. ကောင်းကင်နက်နဲဂိုဏ်းရဲ့ အစစ်အမှန် တပည့်တစ်ယောက်လား”

ဟယ်ကျင်းထုံ၏ ပုံစံက အနည်းငယ် ပြောင်းလဲသွားသည်။

“အရှင် ဓမ္မဘုရင်”

ထိုပုံကို တွေ့ရပြီးနောက် မိန်ချောင်ယန်က ချက်ချင်း ဆက်လက်လိုက်လံခြင်း မပြုပဲ ချက်ချင်းပင် ဟယ်ကျင်းထုံကို ကြည့်သည်။

ဟယ်ကျင်းထုံက ခေါင်းညှိတ်၏။ ထိုအခါမှသာ သူမဟာ သူ့နောက်မှ လိုက်လေည်။ သည်မှ အိပ်မက်နတ်ဆိုး၏ ပိုင်နက်ဖြစ်၏။

သူမတို့ဟာ ပိုမို ရင်းနှီးပါသည်။ ဒီလောက် အချိန်တိုလေး အတွင်းတွင် တစ်ဖက်လူဟာ ထောင်ချောက်ဆင်ရန် အခွင့်အရေး ရှိမည်မဟုတ်ပါ။

ဟယ်ကျင်းထုံဟာ အတွင်းထဲရှိ ဆူညံသံများကို ကြားရပြီး စံအိမ်အတွင်းသို့ ဝင်ရောက်တော့မည့် အချိန် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏နောက်ရှိ ကျောက်သားကွင်းပြင်ဆီသို့ ခေါင်းလှည့်ကြည့်သည်။

ဝတ်စုံဖြူနှင့် လူငယ်တစ်ယောက် ရောက်ရှိနေ၏။ သူ့တွင် ထည်ဝါသည့် ခန္ဓာကိုယ်ရှိကာ ရုတ်ရည်က ကြမ်းတမ်းသည်။ တစ်ဖက်လူဟာ ခါးတွင် အဖြူရောင် ဓါးအိမ်နှင့် ဓါးရှည်တစ်ခုကို ချိတ်ဆွဲထားသည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ မှိတ်မိလွယ်မည့် လက္ခဏာရပ် တစ်ခုကို ပြောပါဆိုလျှင် သာမန်လူများထက် အနည်းဆုံး နှစ်လက်မလောက် ပိုမိုရှည်ကာ အလွန်သွယ်လျသည့် လက်တစ်စုံကို ပြရပေမည်။

“မင်းက ငါ့ကို တားချင်လို့လား”

ဟယ်ကျင်းထုံ၏ မျက်ခုံးများက မြင့်တက်သွားသည်။

“သူမဟုတ်ဘူး”

အနောက်ဘက်မှ တည်ငြိမ်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ဟယ်ကျင်းထုံ၏ ပုံစံက ပြောင်းလဲသွားပြီး နောက်သို့ လှည့်ကြည့်သည်။

ဝတ်စုံနက်နှင့် ချောမောသည့် လူငယ်တစ်ယောက်ဟာ ခြံနံရံပေါ်တွင် ထိုင်ကာ သူ့ကို တည်ငြိမ်စွာ ကြည့်နေ၏။ လူငယ်ဟာ ခုန်ချလာရင်းက လက်ဝါးကို တွန်းထုတ်လိုက်သည်။ ကြီးစိုးသည့် အတွင်းအားတစ်ခုကို ယူဆောင်လာ၏။

သူ၏ လက်ဝါးအတွင်းရှိ အတွင်းအားဟာ ဝဲဂယက်တစ်ခုသဖွယ် လျှင်မြန်စွာ လည်ပတ်နေ၏။

“ဘဇ်၊ ဘဇ်၊ ဘဇ်..”

တစ်ချိန်တည်းတွင် ဟယ်ကျင်းထုံ၏ နောက်မှ စူးရှသည့် အသံတစ်ခု ပေါ်လာ၏။

ဓါးငိုကြွေးသံ လှိုင်းများက သူ၏ နားစည်များကို ဖျက်ဆီးနိုင်လောက်သည် ထင်ရသည်။ သူက ချက်ချင်းပင် တိုက်ခိုက်မှုနှစ်ဖက်တွင် မည်သူက ပိုမိုသန်မာကာ မည်သူက ပိုမိုအားနည်းသည်ကို ဆုံးဖြတ်လိုက်သည်။

ရုတ်တရက် ခါးရှိ ဓါးပျော့ဟာ ဓါးအိမ်မှ ထွက်လာခဲ့၏။ ရွှေမြွေ၏ ပုဝါစတွင် လှည့်လတ်နေသည့် ပုံနှင့် အတွင်းအားဟာ သက်ခြွေဓါးကို ရစ်ပတ်လာခဲ့သည်။

“ထင်၊ ထင်၊ ထင်…”

မိုးရေကဲ့သို့ များပြားလှသည့် မိုးပြန်အားဟာ ဓါးကိုယ်ထည်မှ တစ်ဆင့် ဟယ်ကျင်းထုံ၏ အတွင်းအားကို ဆက်တိုက် တိုက်ခိုက်သည်။

အကြီးစားကျွမ်းကျင်မှု အဆင့်ရှိ မိုးပြန်အားဟာ နွားမွှေးကဲ့သို့ ပါးလျသည့် အပ်ချောင်းများအဖြစ် ပြောင်းလဲသွားသည်။

၎င်းဟာ မြင့်မားသည့် အမြန်နှုန်းနှင့် လှည့်ပတ်ကာ ဓါးပျော့ကို လွှမ်းခြုံထားသည့် ဟယ်ကျင်းထုံ၏ အတွင်းအားကို ဖောက်ထွင်းသွားသည်။

သို့ရာတွင် မိုးပြန်အားတို့ ချဉ်းကပ်လာချိန်၌ ဟယ်ကျင်းထုံ၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ အဝါညစ်ရောင်အဖြစ် ပြောင်းလဲသွား၏။ ခန္ဓာကိုယ် မျက်နှာပြင်ဟာ ခြောက်သွေ့သည့် မြစ်အောက်ကြမ်းပြင်ကဲ့သို့ အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားပြီး မိုးပြန်အားကို အလွယ်တကူ ကာနိုင်လိုက်သည်။

“မင်းရဲ့ အတွင်းအားက အရမ်းကို ဖောက်ထွင်းအားကောင်းတယ်။ ဒါပေမယ့် လုံလောက်တဲ့ သန်မာမှု မရှိဘူး”

ဟန်ကျင်းထုံက အသာပြုံးကာ သူ၏နောက်သို့ တိုက်ခိုက်လာသည့် ဟန်ကျောက်ကို ခေါင်းလှည့်ကြည့်သည်။

“မင်းရဲ့ အတွင်းအားက လုံလောက်အောင် သန်မာတယ်။ ဒါပေမယ့် ဖောက်ထွင်းမှု စွမ်းအားက မလုံလောက်ဘူး”

“သုံးပါးသောအနှစ်သာရ လှည့်လည်ခြင်း”

ဟန်ကျောက်ဟာ ရုတ်တရက် သူ၏ ညာဘက်လက်ဝါးကို အသုံးပြုလိုက်သည်။ သုံးပါးသော အနှစ်သာရအားဟာ အလုံးတစ်ခုအဖြစ် စုစည်းကာ ဆုံးမသတ်နိုင်အောင် ကြီးထွားလာခဲ့၏။

နတ်ဆိုးဖင်းအား၏ အေးစက်သည့် ယင်နှင့် ဖောက်ထွင်းနိုင်သည့် လက္ခဏာရပ်တို့ကို အဆုံးစွန်အထိ ထုတ်လွှတ်လိုက်၏။

၎င်းဟာ ဟန်ကျင်းထုံ၏ အနောက်ဘက်ရှိ အတွင်းအားအလွှာကို ဖောက်ခွဲပစ်ကာ ကျောကို ထိမှန်သွားသည်။

“ကြီးစိုးသည့် မိုးနှင့်တိမ်များ”

ကိုယ်ပွာ၏ လက်ထဲရှိ သက်ခြွေဓါးဟာ တောက်ပသည့် အဖြူရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာ၏။ ပြင်းထန်သည့် တုန်ခါမှုနှင့်အတူ ရစ်ပတ်နေသည့် ဟယ်ကျင်းထုံ၏ ဓါးပျော့အား တွန်းကန်ထုတ်လိုက်သည်။

တောက်ပသည့် ဓါးအလင်းဟာ ကောင်းကင်ကို ပြည့်နှက်စွာဖြင့် အေးစက်သည့် အလင်းတစ်ခုအဖြစ် စုစည်းလာ၏။

“ရွှက်..”

သွေးများ စင်ထွက်လာ၏။

ဟန်ကျင်းထုံ၏ ပုံစံက ပြောင်းလဲသွားပြီး နှစ်ယောက်သား၏ ပူးပေါင်းတိုက်ခိုက်မှုမှ ဆုတ်ခွာလိုက်သည်။ သူဟာ ခန္ဓာကိုယ်အတွင်းရှိ သွေးချီများ မြင့်တက်လာသည်ဟု ခံစားရပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။ ညာဘက်လက်ဝါးရှိ အရိုးအထိ နက်သည့် ဒဏ်ရာကို ကြည့်၏။

“ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်က သိုင်းသမားတစ်ယောက်မှာ ဒီလို အထူးစကေးတစ်ခု ရှိနေတာလား။ ခုနက ဓါးချက်မှာ ဓါးဆန္ဒကို ထည့်သွင်းထားတာပေါ့.. မင်းက ချီလင်အဆင့်က မိုးပြန်ဓါး လန်ဖန်းယွင်လား”

သက်ရှည်ဂိုဏ်း၏ ဂိုဏ်းစောင့်ဓမ္မဘုရင်တစ်ယောက် အနေနှင့် သူဟာ ယွမ်ကန်းမြို့ရှိ ဒီလူကို သိပါသည်။

“မင်းကရော.. ဘယ်သူလဲ”

ဟန်ကျင်းထုံဟာ ဒီဒဏ်ရာသေးလေးကို လုံးဝ ဂရုမစိုက်သည့် ပုံပါ။ ခေါင်းကိုလှည့်ကာ ဟန်ကျောက်ကို ကြည့်၏။

ပြီးပြည့်စုံသည့် ခန္ဓာကိုယ်သန့်စင်ခြင်း စစ်ဘုရင်တစ်ယောက် အနေနှင့် သူ၏ ပထမဆုံး ပေါင်းစပ်သည့် ဒြပ်စင်ချီဟာ မြေဒြပ်စင် ဖြစ်သည်။ ထို့ကြောင့် ခံနိုင်ရည်ဟာ အံ့ဩစရာ ကောင်းလှသည်။

ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုသို့သာ ရောက်သေးသည့် သိုင်းသမားတစ်ယောက်က ဒဏ်ရာရစေမည်ဟု ထင်မထားခဲ့ပေ။

အထူးသဖြင့် နောက်တစ်ယောက် ဖြစ်သည်။ သူဟာ တစ်ဖက်လူကို တစ်ခါမှ ကြားဖူးခြင်း မရှိပေ။ တစ်ဖက်လူ အသုံးပြုသည့် သိုင်းပညာကိုလည်း သိရှိခြင်း မရှိပေ။

“အားနဲ့ ဖောက်ထွင်းနိုင်စွမ်းက လုံလောက်သွားရဲ့လား”

ဟန်ကျောက်က ပြုံးသည်။

“သေလိုက်တော့”

ဟန်ကျင်းထုံ၏ အရေအပြားဟာ ရုတ်တရက် မဲနက်သွားသည်။ သူ၏ လက်သည်းများဟာ သံကဲ့သို့ မဲနက်လာပြီး အနက်ရောင်အလင်းတစ်ခု လက်လာကာ ရှေ့ရှိ ဟန်ကျောက်၏ မျက်နှာကို ဖမ်းဆွဲလိုက်သည်။

ဟန်ကျောက်က မြေပြင်ကို ခြေဖျားဖြင့် တောက်ကာ အနောက်သို့ ဆုတ်သွာသွား၏။။ ခါးရှိ ကြက်သွေးရောင် ကံကြမ္မာဖြတ်တောက်ခြင်း ဓါးက ရုတ်တရက် ဓါးအိမ်မှ ထွက်လာခဲ့သည်။

“ကလန်၊ ကလန်၊ ကလန်..”

ဤသည်မှာ ရှင်းလင်းစွာပင် ဓါးနှင့် အရေအပြားတို့ ထိတွေ့ခြင်း ဖြစ်၏။

သို့ပေမယ့် သတ္တုအချင်းချင်း ထိရိုက်မိသည့်အလား မီးပွားများ လွင့်စင်လာခဲ့သည်။ များပြားလှသည့် အတွင်းအားများဟာ ဆေဘာမှတစ်ဆင့် ဟန်ကျောက်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွား၏။

နှစ်ဖက်ဟာ သူတစ်ပြန်ကိုယ်တစ်ပြန် အနေအထားတွင် ရှိနေပါသည်။

All Chapters