အခန်း (၂၀၃)
Vol. 14 Ch. 203
ဟယ်ကျင်းထုံ၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုရှိ သိုင်းသမားတစ်ယောက်ဟာ သူနှင့် အတွင်းအားအရာတွင် နှိုင်းယှဉ်နိုင်သည်လား။
သူ၏ အတွင်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားဟာ တစ်ဖက်လူ၏ အထက်တွင် ရှိသည်ဟု ရှင်းလင်းစွာ ခံစားရသည်။
သို့ရာတွင် ထိုစွမ်းအားဟာ တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သည်နှင့် မမြင်နိုင်သည့် အားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည့် ပုံပါ မည်သည့် ကြီးမားသည့် ဒဏ်ရာကိုမှ မရစေပဲ ဖြစ်နေ၏။
သိထားရမှာက ခွန်အားသန့်စင်ခြင်း အဆင့်နှင့် စစ်ဘုရင်အဆင့်တို့ အကြားရှိ အကြီးမားဆုံး ခြားနားချက်ဟာ အတွင်းအားဟာ အတွင်းအင်္ဂါများ အတွင်းအထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေခြင်း ဖြစ်သည်။
သိုင်းသခင်တစ်ယောက်သာ စစ်ဘုရင်တစ်ယောက်ကို ထိပ်တိုက် တိုက်ခိုက်ပါက အကွက်အနည်းငယ် အတွင်းတွင် ကိုယ်တွင်းအင်္ဂါများဟာ ဒဏ်ရာရသွားစေနိုင်သည်။ ဆက်လက် တိုက်ခိုက်ရန် ခက်ခဲနေမှာ ဖြစ်၏။
သို့ပေမယ့် သူ၏ရှေ့ရှိ လူငယ်ဟာတော့ လုံးဝ အဆင်ပြေနေသည့် ပုံပါ။
“သိုင်းသခင်တစ်ယောက်က တကယ်ပဲ ခံနိုင်ရည်ရှိမယ်လို့ ငါမယုံဘူး”
ဟယ်ကျင်းထုံက သွေးစိတ်ဝိညာဉ်မူဝါဒ လျှို့ဝှက်အတတ်ကို အသက်သွင်းလိုက်သည်။ သူ၏ နက်မှောင်သည့် ခန္ဓာကိုယ်ဟာ ချက်ချင်းပင် အနီရောင် သွေးမျဉ်းကြောင်းများနှင့် ဖုံးလွှမ်းသွား၏။ ခွန်အားဟာ မြင့်တက်လာခဲ့၏။
“ဘုန်း”
ကြောက်စရာကောင်းလှသည့် စွမ်းအားနှင့် အမြန်နှုန်းအောက်တွင် ဟန်ကျောက်၏ ခန္ဓာကိုယ်ဟာ အမြှောက်ဆံကဲ့သို့ လွင့်ထွက်သွားသည်။
“သေလိုက်တော့”
ဟန်ကျောက်က ကိုယ်ကို တည်ငြိမ်အောင် လုပ်နိုင်ရုံ ရှိသေး ဟယ်ကျင်းထုံက အခွင့်အရေး ယူကာ နောက်မှလိုက်သည်။
သူဟာ ရှေ့သို့ ခုန်တက်ကာ သံမဏိကဲ့သို့ လက်ဝါးများကို ဟန်ကျောက်၏ ရှေ့တွင် စုလိုက်၏။ သူ၏လက် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မီးဒြပ်စင်ချီနှင့် ရောထွေးနေသည့် ကြောက်စရာကောင်းသည့် အတွင်းအားဟာ မြင့်မားသည့် အပူချိန်နှင့် မီးပေါင်းဖိုကဲ့သို့ လေထုကို လောင်ကျွမ်းကာ တွန့်ခေါက်သွားစေသည်။
ဟန်ကျောက်က နောက်သို့ယိုင်ကာ ဟယ်ကျင်းထုံ၏ လက်ဝါးကို ရှောင်၏။ သို့ပေမယ့် လက်ကောက်ဝတ်ကို ဖမ်းဆုပ်ခံလိုက်ရသည်။
“မင်းကိုမိပြီ”
ဟယ်ကျင်းထုံက ရက်စက်စွာ ပြုံးသည်။ သူက လက်ဝါးများကို အားထည့်ကာ ဟန်ကျောက်၏ လက်ကိုဆွဲကာ ရှေ့သို့ ဆွဲယူလိုက်၏။
“ကောင်လေး.. သိုင်းသခင်အဆင့်လေးနဲ့ ငါ့ကို ခွန်အားအပြည့် သုံးရအောင် လုပ်နိုင်ခဲ့တာ မင်းလည်း မဆိုးဘူး”
ဟန်ကျောက်၏ ပုခုံးများဟာ ထိုကြီးမားသည့် အားများဖြင့် ရှေ့သို့ ဆွဲယူခံလိုက်ရသည်။ အတွင်းအားနှစ်ခုဟာ ထိပ်တိုက်တွေ့ကာ ပွတ်ဆွဲနေ၏။
ဘာပဲဖြစ်ဖြစ် ဟယ်ကျင်းထုံဟာ ချီနှစ်ဆင့် စစ်ဘုရင်အဆင့်ရှိ ခန္ဓာကိုယ်သန့်စင်ခြင်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါသည်။
သန့်စင်သည့် ခွန်အားနှင့် တိုက်ပွဲတွင် ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်ဟာ သူ၏ ပြိုင်ဘက်ဖြစ်မည်ဟု ယုံကြည်ခြင်း မရှိပါ။
“ဘဇ်၊ ဘဇ်၊ ဘဇ်..”
ထက်မြသည့် ဓါးငိုကြွေးသံဟာ လေဟာနယ်ကို ထိုးဖောက်ကာ မြင့်တက်လာ၏။ မိုးပြန်အားဟာ ဟယ်ကျင်းထုံ၏ နေက်ကျောကို တည့်မတ်စွာ ဖောက်ဝင်သွားသည်။
သို့ရာတွင် တစ်ဖက််လူဟာ ပိုမိုအားနည်းသည်ဟု ထင်ရသည့် ရှေ့ရှိ ဟန်ကျောက်ကို ရှင်းလင်းရန် စိတ်ပိုင်းဖြတ်ပြီးသည့် ပုံပါ။ ပြီးမှ ပိုမိုသန်မာသည့် လန်ဖန်းယွင်ကို ရှင်းမည်ဖြစ်၏။
ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများ ဖောင်းကြွလာပြီး သံနက်ရောင် အတုံးကြီးတစ်တုံးနှင့် တူလာခဲ့သည်။ သက်ခြွေဓါးရှိ အတွင်းအားဟာ အလွန်လျှင်မြန်စွာ လည်ပတ်နေပြီး ထိုခန္ဓာကိုယ်ပေါ်ရှိ အတွင်းအားကို ဆက်တိုက် ဖောက်ထွင်းနေ၏။
သို့ပေမယ့် မာကြောလှသည့် ခုခံမှုကို မဖျက်ဆီးနိုင်ပဲ ရှိနေပါသည်။ ဟယ်ကျင်းထုံက ခွန်အားကို တိုးမြှင့်ကာ ဟန်ကျောက်၏ လက်များကို ကြီးမားသည့် အားဖြင့် သူ၏ပုခုံးဆီသို့ နီးကပ်အောင် ဆွဲလိုက်သည်။
သူသာ ခွန်အားကို ဆက်တိုက် ထုတ်လွှတ်ပါက ဟန်ကျောက်၏ အတွင်းအင်္ဂါများဟာ ထိုကြီးမားသည့် အားကြောင့် ပျက်စီးသွားနိုင်ပါသည်။
“ကလန်”
ဓါး၏ ဓါးအိမ်အတွင်းသို့ ပြန်လည်ဝင်ရောက်သံဟာ ပေါ်လာခဲ့သည်။ သူ၏နောက်ရှိ လန်ဖန်းယွင်ဟာ တိုက်ခိုက်မှုကို လက်လျှော့လိုက်သည့် ပုံပါ။
ဟယ်ကျင်းထုံက ဟန်ကျောက်ကို ကြမ်းကြုတ်သည့် အသွင်ဖြင့် ကြည့်သည်။
“မင်းဆက်ပြီး မတောင့်ခံနိုင်တော့ဘူးမလား”
သို့ရာတွင် သူထင်ထားသည့် ကြောက်ရွံ့ထိတ်လန့်သွားသည့် အသွင်ဟာ ပေါ်လာခြင်းမရှိပါ။ လန်ဖန်းယွင်ဟာ ခုန်တက်လာပြီး သူ၏ အံ့ဩနေသည့် အကြည့်အောက်တွင် ဟန်ကျောက်၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားသည်။
“ပြန်မလွှတ်ကြေးနော်”
ဟန်ကျောက်က ပြုံးကာ သူ၏လက်များကို အားထည့်လိုက်သည်။
“မင်း”
ဟယ်ကျင်းထုံ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ သို့ပေမယ့် သူဟာ ဟန်ကျောက်၏ မျက်လုံးများ၌ ရွှေရောင်အလင်းတစ်ခု လက်သွားကြောင်းကို တွေ့လိုက်ရသည်။ အံ့ဩစရာကောင်းသည့် အပူဟာ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ချက်ချင်းပင် လက်များကို ဆန့်ထုတ်လိုက်သည်။
“ဗာဂျရာအကာအကွယ်”
“ဘုန်း”
ကြောက်စရာကောင်းသည့် အတွင်းအားနှင့် အစစ်အမှန်ချီဟာ ဟန်ကျောက်၏ လက်များမှ ထွက်ပေါ်လာပြီး သူ၏ လက်နှင် ရင်ဘတ်တို့အတွင်းတွင် ပေါက်ကွဲထွက်သွားသည်။
“ခရက်”
အရိုးကျိုးသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ထိပ်တိုက်တွေ့ဆုံမှုက သွားများကို တုန်ခါသွားစေ၏။ ဟယ်ကျင်းထုံ၏ ခန္ဓာကိုယ်ဟာ လွင့်စင်ထွက်သွားပြီး စံအိမ်၏ ထူထဲသည့် နံရံအား ထိမှန်သည်။ လူသားသဏ္ဍာန် အပေါက်တစ်ခု ဖြစ်သွားစေ၏။
“ဝေါ့”
သူက အားတင်းကာ မတ်တပ်ထပြီး အသားစများနှင့်အတူ သွေးများကို အန်ထုတ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး သန့်စင်သော ရွှေကဲ့သို့ ပြောင်းလဲနေသည့် ဟန်ကျောက်ကို ကြည့်ကာ မယုံကြည်နိုင်စွာ ဖြစ်သွား၏။
“မဖက်ဆီးနိုင်တဲ့ ဗာဂျရာ ဒီဗိုင်းအတတ်လား”
ခုနက သူဟာ ချက်ချင်းပင် ချီငါးဆင့် စစ်ဘုရင်တစ်ယောက်၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
နှစ်ပေါင်းဆယ်နှင့်ချီအောင် သူကျင့်ကြံခဲ့သည့် ခန္ဓာကိုယ်သန့်စင်ခြင်းအတတ်ဟာ ချက်ချင်းပင် ပျက်စီးသွားခဲ့၏။
ဒီအချိန်၌ ခန္ဓာကိုယ်ရှိ ကြွက်သားအားလုံးတို့ ဆွဲဖြဲခံလိုက်ရသည့်နှယ် ရှိသည်။ မဖျက်ဆီးနိုင်သည့် ဗာဂျရာဒီဗိုင်းအတတ်မှ လွဲ၍ ယခုကဲ့သို့ ကြောက်စရာကောင်းလှသည့် အဖျက်စွမ်းအားကို ထုတ်လုပ်နိုင်သည့် အခြား သိုင်းပညာ မရှိလောက်ပါ။
“ငါ့ရဲ့ ခွန်အားအပြည့်ကို အသုံးပြုအောင် လုပ်နိုင်ခဲ့တာ.. ခင်ဗျားလည်း မဆိုးပါဘူး”
ဟန်ကျောက်က သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာ၏။
ဤသည်မှာ မူလအစွန်းရောက်ယန် အစစ်အမှန်ချီနှင့် ပေါင်းစပ်မှုအပြီးတွင် သူ၏ ခွန်အားအပြည့်ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ စွမ်းအားဟာ ခန့်မှန်းထားသည်ထက် ကျော်လွန်နေ၏။
သို့ရာတွင် ပုံမှန်အခြေအနေမျိုးတွင် သူသာ ဗာဂျရာအကာအကွယ်ကို တစ်ခါတည်း အသုံးပြုလိုက်ပါက ရန်သူဟာ မိုက်ရူးရဲစွာဖြင့် အနီးကပ် တိုက်ခိုက်မှုအား ပြုလာမည်မဟုတ်ပါ။
သိုင်းသမားတစ်ယောက်ဟာ မည်မျှပင် သန်မာစေကာမူ တစ်ဖက်လူကို ထိခိုက်အောင် မလုပ်နိုင်ပါက အလကားပင်။
“မင်း.. ဝေါ့..”
တူညီသည့် စကားလုံးများနှင့် ပြန်လည် အပြောခံရ၏။ ဟန်ကျင်းထုံဟာ များပြားလှသည့် သွေးတစ်လုတ်ကို အန်ထုတ်မိသည်။ မျက်နှာဟာ စက္ကူကဲ့သို့ ဖြူရော်နေပြီး အရှိန်အဝါတို့ ကြီးစွာ ညှိုးနွမ်းသွားသည်။
“ဟေး.. ခင်ဗျားဘာလုပ်တာလဲ.. မဖြုန်းတီးနဲ့လေ”
သူ၏ မျက်လုံးထဲတွင် ရွှေနတ်ဘုရားတစ်ပါးကဲ့သို့ ဟန်ကျောက်ဟာ ကပြာကယာ ပြေးလာခဲ့၏။ သူ၏ သွေးအန်မှုဟာ တစ်ခုခု ဆန်းကြယ်နေသည့် ပုံပါ။
“ဘုန်း”
ဟယ်ကျင်းထုံဟာ လက်သီးနှစ်ဖက်ကို အားကုန် ထိုးလိုက်သည်။ သူ၏ နောက်ဆုံး တန်ပြန်တိုက်ခိုက်မှုဟာ ဟန်ကျောက်၏ ရင်ဘတ်ကို ထိမှန်ပြီး ကျယ်လောင်သည့် အော်သံတစ်ခု ထွက်ပေါ်လာ၏။
သို့ရာတွင် ဟန်ကျောက်၏ ခန္ဓာကိုယ်ဟာ လှုပ်ရှားခြင်း လုံးဝမရှိပေ။ ထို့နောက် ချက်ချင်းပင် ကြောက်စရာကောင်းသည့် စုပ်ယူအားတစ်ခုဟာ ဟန်ကျောက်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။
“မင်းက.. ဘယ်သူလဲ”
ဟယ်ကျင်းထုံဟာ သူ၏ အတွင်းအား၊ သွေးချီနှင့် အစစ်အမှန်ချီတို့ လျှင်မြန်စွာ ဆုံးရှုံးသွားပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွာားကြောင်းကို ခံစားလိုက်ရသည်။
မကြာခင် သူဟာ အဆုံးမသတ်နိုင်သည့် အမှောင်ထုအတွင်းသို့ ကျဆင်းသွား၏။
‘ချီနှစ်ဆင့် စစ်ဘုရင်တစ်ယောက်ရဲ့ အပုံ၂၀ပုံ ၁ပုံရှိတဲ့ ခွန်အားက တကယ်ပဲ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတွေထက် ကျော်လွန်လှတယ်…’
“ဆီး..”
ဟန်ကျောက်ဟာ လေအေးများကို ရှူသွင်းလိုက်သည်။ သူ၏ မူလက အားနည်းနေသည့် ခန္ဓာကိုယ်ဟာ လျှင်မြန်စွာ အားပြည့်လာခဲ့၏။
“ဘုန်း”
ဟန်ကျောက်က ညာဘက်လက်သီးကို ဆုပ်လိုက်သည်။ သူ၏ စုပ်ယူခြင်းကို လုံးဝ ခံပြီးဖြစ်သည့် ဟယ်ကျင်းထုံ၏ ခန္ဓာကိုယ်ဟာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွား၏။
ဤနည်းအားဖြင့် ချီနှစ်ဆင့်နှင့် ခန္ဓာကိုယ်သန့်စင်မှု ပြီးပြည့်စုံခြင်း စစ်ဘုရင်တစ်ယောက်ဟာ ဘာမှ မကျန်ရစ်တော့အောင် ဖြစ်သွားခဲ့သည်။
တကယ်တော့ ဟယ်ကျင်းထုံသာ ခန္ဓာကိုယ်သန့်စင်သူတစ်ယောက် မဟုတ်ကာ သူနှင့် အနီးကပ်တိုက်ခိုက်ခြင်း မပြုပါက ဒဏ်ရာအပြင်းအထန်ရမည် မဟုတ်ပေ။
ပြောရလျှင် သာမန်သိုင်းသမားများအတွက် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် သိုင်းသမားများဟာ ရင်ဆိုင်ရန် အခက်ခဲဆုံး ဖြစ်၏။
သို့ရာတွင် ဟန်ကျောက်မှာ သာမန်သိုင်းသမားတစ်ယောက် မဟုတ်ပေ။ ဗာဂျရာအကာအကွယ်မှာ မဖျက်ဆီးနိုင်သည့် ဗာဂျရာဒီဗိုင်းအတတ်မှ မှတ်တမ်းတစ်ခု ဖြစ်၏။ ၎င်းဟာ တိုက်ခိုက်မှုနှင့် ခုခံမှု ပေါင်းစပ်ထားသည့် ဒီဗိုင်းစွမ်းအား ဖြစ်သည်။
ဟန်ကျောက်လည်းပဲ ၎င်းကို ကျီမိသားစု၏ ရှေးဟောင်းစာအုပ်များမှ တွေ့ခဲ့ခြင်း ဖြစ်၏။ တတ်မြောက်ရန်အတွက် ပါရမီရှင် သိုင်းသမားတစ်ယောက်ပင်လျှင် ဆယ်စုနှစ်များ ကြာအောင် ကျင့်ကြံရပါသည်။
သို့ရာတွင် အစမ်းရှင်သန်မှု၏ အားဖြင့်မှုနှင့် သူဟာ တတိယအဆင့်ကိုသာ ရောက်ရှိပေမယ့် ဗာဂျရာအကာအကွယ် စကေးကို ရရှိခဲ့ပါသည်။
ထိုဗာဂျရာအကာအကွယ်ဟာ မဖျက်ဆီးနိုင်သည့် ဗာဂျရာဒီဗိုင်းအတတ်၏ ဒီဗိုင်းစွမ်းအားထက် သေချာပေါက် နိမ့်ကျမည်ဖြစ်သည်။
သို့ရာတွင် အသက်၂၂နှစ် အရွယ်တွင် မဖျက်ဆီးနိုင်သည့် ဗာဂျရာ ဒီဗိုင်းအတတ်ကို တီထွင်ခဲ့သူပင်လျှင် ဗာဂျရာအကာအကွယ်ကို ရရှိနိုင်ခြင်း မရှိခဲ့ပေ။