← Chapters

အခန်း (၂၀၄)

Vol. 14 Ch. 204

အခန်း (၂၀၄)

Vol. 14 Ch. 204

“ဒါက..”

သန့်စင်ပြီးသည့် သွေးချီနှင့် အစစ်အမှန်ချီများကို ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ပြီးနောက် ဟန်ကျောက်ဟာ သွေးစိတ်ဝိညာဉ်မူဝါဒနှင့် သက်ရှည်ကျမ်းတို့၏ တိုးတက်မှုများဟာ အလွန်ကြီးမားကြောင်းကို တွေ့လိုက်ရသည်။

“သွေးစိတ်ဝိညာဉ်မူဝါဒ(တတိယအဆင့် ပြီးပြည့်စုံခြင်း ၆၉%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- သွေးပြောင်းလဲခြင်း အဆင့်၁၀၊ စိတ်ထိန်းချုပ်ခြင်း အဆင့်၉၊ သွေးပေါက်ကွဲခြင်း အဆင့်၈၊ သွေးပေါင်းစပ်ခြင်း အဆင့်၇၊ သွေးစိတ်ဝိညာဉ်ကိုယ်ပွား”

“သက်ရှည်ကျမ်း(စတုတ္ထအဆင့် အကြီးစားကျွမ်းကျင်မှု ၃၈%၊ အဆင့်မြှင့်တင်နိုင်။ အထူးသက်ရောက်မှု- ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း အဆင့်၁၂၊ သန့်စင်သောယန် အဆင့်၇၊ ချီမျိုးစေ့ အဆင့်၅၊ အသက်ရှည်ခြင်း ၅၀၀နှစ်”

သွေးစိတ်ဝိညာဉ်မူဝါဒဟာ တတိယအဆင့်၏ စတင်ခြင်း ၁၁%မှ ပြီးပြည့်စုံခြင်း ၆၉%သို့ ရောက်ရှိသွားသည်။ ဗာဂျရာအတတ်ဟာ ဟယ်ကျင်းထုံ၏ အစစ်အမှန်ချီအပေါ် အသုံးပြုခြင်း မရှိပါ။

သို့ပေမယ့် သက်ရှည်ကျမ်းဟာတော့ မည်သည်ကိုမှ ငြင်းဆန်ခြင်း မရှိပေ။ အစစ်အမှန်ချီနှင့် ပေါင်းစပ်ပြီးနောက် ၎င်းဟာ စတုတ္ထအဆင့်၏ စတင်ခြင်း ၄၅%မှ စတုတ္ထအဆင့်၏ အကြီးစားကျွမ်းကျင်မှု ၃၈%အထိ မြင့်တက်သွားသည်။

အခြား အထူးသက်ရောက်မှုများကို ထားလျှင်တောင် သူ၏ သက်တမ်းဟာ ၂၀၀နှစ် တစ်ခါတည်း တိုးလာခဲ့သည်။

“ချီနှစ်ဆင့် စစ်ဘုရင်ရဲ့ နှစ်ဆယ်ပုံတစ်ပုံရှိတဲ့ ခွန်အားလေးက အများကြီး တိုးတက်လာစေခဲ့တယ်။ နောက်ထပ် အနည်းငယ်သာ ရှိရင်တော့..”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ သို့ရာတွင် ဤသည်မှာ မဖြစ်နိုင်ကြောင်းကို သူသိပါသည်။

အဘယ်ကြောင့်ဆိုသော် စစ်ဘုရင် အများစုတို့တွင် နောက်ခံများ ရှိကြသောကြောင့် ဖြစ်သည်။ ယခုအချိန်၌ သူသာ ချီသုံးဆင့် စစ်ဘုရင်တစ်ယောက်ကို ကြုံတွေ့ရပါက အနိုင်ယူနိုင်မည် မဟုတ်ပါ။

ယခုအချိန်အထိ သူကြုံတွေ့ခဲ့ရသည့် ရန်သူများဟာ ထိပ်တန်းအဆင့် မိသားစုများမှ မဟုတ်ပေ။ ထို့ကြောင့် အဆင့်တူသည့် အုပ်စိုးသူ မိသားစု မျိုးဆက်များ၏ သန်မာမှုကို သူနားမလည်သေးပေ။

ဥပမာအားဖြင့် လုယင်ရွှမ်းဟာ သူနှင့် ပထမဆုံးအကြိမ် စတင်တွေ့ရှိစဉ်က ချီတစ်ဆင့် စစ်ဘုရင်အဆင့်၌ ရှိသည်။

ဟန်ကျောက်ဟာ အဓိကခန္ဓာကိုယ်၏ ၈၀% ခွန်အးကို အသုံးပြုကာ ဒေါသရေနဂါးဂိုဏ်းမှ ချီတစ်ဆင့် စစ်ဘုရင် ချန်လော့ဟိုင်ကို သတ်ဖြတ်ခဲ့သည်။ သို့ရာတွင် အဓိကခန္ဓာကိုယ်နှင့် လုယင်ရွှမ်းကို တွေ့ရလျှင်တောင် စနစ်ဟာ သူ့ကို သူမ၏ ပြိုင်ဘက်လုံးဝ မဟုတ်ဟု ပြသလေ့ရှိ၏။

လုယင်ရွှမ်းဟာ အုပ်စိုးသူ မိသားစုတစ်ခုမှ မဟုတ်ပေ။ သူမဟာ ထိပ်တန်း ကျင့်စဉ်တစ်ခုဖြစ်သည့် ကောင်းကင်ဖင်းနတ်ဆိုး အတတ်ကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းတစ်ထောင်ကျော်သည့် အမွေအနှစ်များနှင့် အုပ်စိုးသူ မိသားစုများသာ ဆိုပါက သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။

“ဟူး… ငါက လုံလုံလောက်လောက် မသန်မာသေးဘူးပဲ” ဟန်ကျောက်ဟာ နှလုံးသားထဲတွင် သက်ပြင်းချသည်။ သူက ထိုင်လိုက်ပြီး အလောင်းကို ရှာ၏။

ဟယ်ကျင်းထုံတွင် ဆန်မာရုံအိတ် မရှိပေ။ ပိုက်ဆံအများကြီးပင် ယူလာခြင်း မရှိပါ။ သူ၏ မျက်နှာက ညို့မှိုင်းသွား၏။ သို့ရာတွင် ပစ္စည်းကောင်းတစ်ခုဟု ယူဆရသည့် ဓါးပျော့တစ်ချောင်း ရှိပါသည်။ ၎င်းဟာ ပိုက်ဆံများများ တန်လောက်၏။

စံအိမ်ရှိ တိုက်ပွဲအသံများကို ကြားရပြီးနောက် ဟန်ကျောက်ဟာ ဓါးပျော့ကို ဆန်မာရုအိတ်အတွင်းသို့ ထည့်ကာ ချက်ချင်းပင် ကိုယ်ပွားကို ထုတ်လွှတ်ပြီး စံအိမ်ဆီသို့ ပြေးသွားသည်။

စံအိမ်အနောက်ဘက်ရှိ ခန်းမတစ်ခု၏ အပြင်ဘက်တွင် စုထန်ချီဟာ မိန်ချောင်ယန်ကို ခြံဝန်းအတွင်းတွင် တိုက်ခိုက်နေ၏။

သူဟာ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားပြီး အဖြူရောင် ပိုးချည်လက်အိတ် တစ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ လှုပ်ရှားမှုများကို မြန်ဆန်ကာ ကြမ်းတမ်းသည်။

မိန်ချောင်ယန်၏ နှလုံးသား၊ လည်ပင်းနှင့် အခြား အဓိကနေရာများကို အကြိမ်ပေါင်းများစွာ ထိအောင် ထိုးနိုင်၏။

သို့ပေမယ့် မိန်ချောင်ယန်၏ ခန္ဓာကိုယ်ဟာ အနည်းငယ် ယိုင်သွားသည်မှ လွဲ၍ မည်သည့်ဒဏ်ရာမှ ရသွားခြင်း မရှိပါ။ သူမဟာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရပြီးမှ စုထန်ချီကို တစ်ကြိမ်နှစ်ကြိမ်လောက် ထိခိုက်စေနိုင်၏။

သို့ရာတွင် လက်သီးချက်တစ်ချက်ကို ခံရသည်နှင့် စုထန်ချီဟာ ရင်ဘတ်မှ မွန်းကြပ်မှုကို ခံစားရသည်။

“ချီး.. ဒါကြီးက လိပ်ခွံလိုပဲ.. လုံးဝ မဖျက်ဆီးနိုင်ဘူး”

စုထန်ချီဟာ စဉ်းစားလေလေ ပိုမိုဒေါသထွက်လေလေ ဖြစ်လာခဲ့၏။

သူဟာ အဆင့်တူသည့် ဒီဗိုင်းလက်နက် မိသားစုမှ မျိုးဆက်တစ်ယောက်ကို ဆုံတွေ့ရလျှင်တောင် ယခုမျှအထိ ဒေါသထွက်မည် မဟုတ်ပါ။

သူသာ အချိန်ဆွဲကာ ရှောင်တိမ်းတိုက်ခိုက်ပါက ရှည်ကြာသည့် တိုက်ပွဲတွင် ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းသမားဟာ စွမ်းအားကို ပေါက်ကွဲထွက်မှု ပြီးဆုံးသွားပြီး ရှုံးနိမ့်သွားမှာ‌ သေချာပေါက်ဖြစ်သည်။

သို့ရာတွင် သူ၏နောက်ရှိ နေရာကာ ကုန်လှည်းမှ လူများ၏ နားခိုရာဖြစ်သည်။ ဆက်လက် ဆုတ်ခွာလို့ မရတော့ပေ။ မိန်ချောင်ယန်ကို တားဆီးထားရန်သာ တတ်နိုင်၏။

သူတို့နှစ်ဦးဟာ တိုက်ခိုက်နေစဉ် အနက်ရောင် ဝတ်စုံနှင့် ဟန်ကျောက်ဟာ ခေါင်မိုးပေါ်မှ ခုန်ချလာကြောင်းကို ရုတ်တရက် တွေ့လိုက်ရသည်။

“အစ်ကိုဟန်”

စုထန်ချီက ပျော်သွား၏။ သူဟာ ဟန်ကျောက်၏ တကယ့်ပြင်ပတွင် တိုက်ခိုက်မှုကို တစ်ခါမှ မြင်ဖူးခြင်း မရှိပေမယ့် အိပ်မက်အတွင်းရှိ စကေးများအရ သေချာပေါက် သိုင်းသခင်များအကြားတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်မှာပါ။

နှစ်ယောက်တစ်ယောက် တိုက်ခိုက်ချိန်တွင် သေချာပေါက် အနိုင်ရမှာ ဖြစ်၏။ ထိုပုံကို တွေ့ရပြီးနောက် စုထန်ချီဟာ သွေးသစ်လောင်းလိုက်သည့် ပုံပါ။ တိုက်ခိုက်လိုက် ရှောင်ပြေးလိုက် မလုပ်တော့ပေ။ အဲ့ဒီအစား ခွန်အားအပြည့်ကို အသုံးပြုကာ မိန်ချောင်ယန်ကို ထိုးလိုက်၏။

“ဘုန်း.. ဘုန်း..”

တစ်ချက်တည်းနှင့် စုထန်ချီဟာ ကြီးမားသည့် ခွန်အားကြောင့် ခြေခုနစ်လှမ်း၊ ရှစ်လှမ်းလောက် ဆုတ်သွားရသည်။ ခြေတစ်လှမ်းတိုင်းဟာ ကျောက်ကြမ်းပြင်ပေါ်တွင် နက်ရှိုင်းသည့် ခြေရာများ ကျရစ်ခဲ့၏။

သူဟာ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီများ မြင့်တက်လာသည်ဟု ခံစားရသည်။ အသက်ရှူနိုင်ခြင်း မရှိသည်အထိ ရိုက်နှက်ခံရသည်ဟု ဆိုနိုင်၏။

သို့ရာတွင် မိန်ချောင်ယန်မှာလည်း အခြေအနေ ကောင်းမွန်ခြင်း မရှိပေ။ သူမဟာ စုထန်ချီကြောင့် အချိန်ကြာရှည်စွာ တိုက်ခိုက်ခဲ့ရပြီး ခွန်အားဖောက်ခွဲသည့် လျှို့ဝှက်အတတ်ကိုလည်း ဆက်တိုက် အသုံးပြုခဲ့ရသည်။

သူမ၏ သွေးချီများဟာ တော်တော်လေး ကုန်ဆုံးနေပြီး ဖြစ်၏။ နောက်ထပ် ရန်သူတစ်ယောက် ရောက်ရှိလာကာ ထောက်ပံ့ပေးမည်ကို တွေ့ရပြီးနောက် ဆုတ်ခွာရန် ရည်ရွယ်ချက်တို့ ရှိလာခဲ့ပြီး ဖြစ်သည်။

ဟန်ကျောက်ဟာ ပျံသန်းဆင်းသွားပြီး ကံကြမ္မာဖြတ်တောက်ခြင်း ဆေဘာကို ရုတ်တရက် ထုတ်လိုက်သည်။ ထည်ဝါသည့် အရှိန်အဝါနှင့် ခုတ်ပိုင်းချလိုက်၏။

ထိုပုံကို တွေ့ရပြီဂနောက် မိန်ချောင်ယန်က နောက်သို့လှည့်ကာ ပြေးသည်။

“ဘယ်ကို ပြေးချင်တာလဲ”

စုထန်ချီက သူမကို ဘယ်လိုလုပ်ပြီး အပြေးခံမည်နည်း။ လေခွဲအစစ်အမှန်ချီကို ခြေထောက်တွင် စုစည်းကာ ခြေတစ်လှမ်းနှင့် မီတာအနည်းငယ်ကို လှမ်းလိုက်သည်။

လက်သီးဖြင့် မိန်ချောင်ယန်၏ ဦးခေါင်းနောက်ကို ထိုးလိုက်၏။

ထိပ်တိုက် ရင်ဆိုင်သည့် တိုက်ပွဲတွင် သူမဟာ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းဖြင့် တိုက်ခိုက်မှုအား ကာကွယ်နိုင်ပါသည်။

သို့ပေမယ့် ဒီအချိန်၌ သူမဟာ တစ်ခါတည်း ထွက်ပြေးခြင်းဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးဟာ အားနည်းချက်တို့ဖြင့် ပြည့်နှက်နေ၏။ သေစေနိုင်သည့် နေရာအား အမှန်တကယ် ထိမှန်ပါက သူမအတွက် အကောင်းအတိုင်း ဆက်လက်ရှိရန် မဖြစ်နိုင်တော့ပါ။

“သွားစမ်း”

မိန်ချောင်ယန်၏ မျက်လုံးများက နီရဲသွားပြီး သွေးစိတ်ဝိညာဉ် မူဝါဒ လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်ပြန်သည်။

များပြားလှသည့် အတွင်းအားများဟာ သူမ၏ လက်သီးတွင် စုစည်းလာပြီး လက်သီးတစ်ချက်နှင့် လေဟာနယ်ကို ကွဲကြေသွားစေနိုင်သည့် ပုံပါ။ ထိုကြမ်းတမ်းသည့် လက်သီးအားအောက်တွင် လေဟာ တွန့်ခေါက်သွားခဲ့၏။

“မကောင်းတော့ဘူး”

စုထန်ချီဟာ တစ်ဖက်လူ၏ အသည်းအသန် တန်ပြန်တိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိပါ။

လေခွဲအစစ်အမှန်ချီဟာ သူ၏ရှေ့တွင် စုစည်းလာပြီး ပြင်းထန်သည့် လေလှိုင်းများ ဖြစ်ပေါ်လာစေသည်။ တစ်ချိန်တည်းတွင် သူ၏ ခန္ဓာကိုယ်ဟာ ရပ်တန့်သွားပြီး နောက်သို့ ဆုတ်ခွာ၏။

သို့ရာတွင် ယခုမျှအထိ နီးကပ်သည့် အကွာအဝေးနှင့် သူဟာ မိန်ချောင်ယန်၏ ဒေါသတကြီး တိုက်ခိုက်မှုကို မည်ကဲ့သို့ ရှောင်နိုင်မည်နည်း။

“ဘုန်း”

ချက်ချင်းပင် ခြံထဲတွင် အားလှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ လေလှိုင်းများဟာ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ခွဲဖြာသွားပြီး နေရာတစ်ခုလုံးကို ရှုပ်ထွေးသွားစေသည့် လေကြမ်းတစ်ခု ဖြစ်လာခဲ့သည်။

စုထန်ချီ၏ ခန္ဓာကိုယ်ဟာ အမြှောက်ထိမှန်သည့်အလား လွင့်စင်ထွက်သွား၏။ အခန်း၏ နံရံနှင့် လေးလံစွာ ဝင်ဆောင့်မိရာ သူ၏နောက်ရှိ အခန်းနံရုံကို ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖုံးလွှမ်းသွားစေသည်။

“ဝေါ့”

သူက သွေးတစ်လုတ်ကို အန်ထုတ်ကာ မျက်နှာက ဖြူရောနေ၏။ ကံကောင်းစွာင် လေခွဲအစစ်အမှန်ချီက သူ့ကို ကာကွယ်ထား၏။ မဟုတ်ပါက ဒဏ်ရာအပြင်းအထန်ရကာ မြေပြင်ပေါ်တွင် လဲနေမှာပါ။

“ဆွစ်”

မိန်ချောင်ယန်က ရှေ့သို့တက်ကာ စုထန်ချီကို အရင်ဆုံး သတ်ဖြတ်တော့မှာပါ။ သို့ရာတွင် ဟန်ကျောက်၏ ပုံရိပ်ဟာ ဦးခေါင်းထက်သို့ ပျံသန်းလာခဲ့သည်။

All Chapters