အခန်း (၂၀၅)
Vol. 14 Ch. 205
ဟန်ကျောက်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အစစ်အမှန်ချီတို့ မြင့်တက်လာပြီး သူဟာ ပျံလွှားတစ်ကောင်ပမာ လေထဲတွင် ပျံသန်းသွားသည်။
“သုံးပါးသော အနှစ်သာရ လှည့်လတ်ခြင်း- တောင်ခွဲဆေဘာ”
“ဘဇ်၊ ဘဇ်”
လက်ထဲရှိ ကံကြမ္မာဖြတ်တောက်ခြင်း ဓါးဟာ အနီရောင် တောက်ပစွာဖြင့် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ သွေးဆာလောင်သည့် စိတ်လှုပ်ရှားမှုတို့ လျှံထွက်လာ၏။
“ဆေဘာဆန္ဒလား”
အစက ထိုဆေဘာဓါးချက်ကို ထိပ်တိုက် ရင်ဆိုင်ရန် ပြင်ဆင်ထားသည့် မိန်ချောင်ယန်ဟာာ ဦးခေါင်းထက်ရှိ ထက်မြသည့် ဆေဘာချီဟာ သူမဆီသို့ မရောက်ရှိခင်တွင်ပင် ခန္ဓာကိုယ်ကို ပိုင်းပစ်တော့မည်လားဟု ချက်ချင်း ခံစားလိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရေအပြာဟာ စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရ၏။
“သွေးစိတ်ဝိညာဉ်လျှို့ဝှက်အတတ်.. သွေးပေါက်ကွဲထွက်ခြင်း”
သူမ၏ ခန္ဓာကိုယ်ဟာ ရုတ်တရက် ရပ်တန့်သွားပြီး ကျောင်တိုင်များကဲ့သို့ ခြေထောက်များဟာ ကွေးညွှတ်သွာသည်။
“ဘုန်း”
ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး ခြံတစ်ခုလုံးဟာ တုန်ခါသွားသည့် ပုံပါ။ သူမ၏ ခြေထောက်ဆောင့်သည့် ကြောက်စရာခွန်အားကြောင့် ကြီးမားသည့် ချိုင့်ကြီးတစ််ခု ချက်ချင်း ပေါ်လာခဲ့သည်။
မိန်ချောင်ယန်ဟာ သူမ၏ လက်များကို ရင်ဘတ်ဆီသို့ ပြန်လည်ရိုတ်သိမ်းလိုက်၏။ ထူထဲနေပြီး ဖြစ်သည့် လက်များဟာ ပိုမိုကြီးထွားလာပြန်ပြီး ကြွက်သားများဟာ လေမှုတ်သွင်းထားသည့်အလား ဖောင်းကားလာခဲ့သည်။
အပေါ်ရှိ သွေးကြောများဟာ တီကောင်များသဖွယ် သိသာလှပြီး ကြည့်ရတာ ပုံမှန်မဆန်စွာ ကြမ်းကြုတ်နေပါသည်။
ထိုအချိန်၌ သူမ၏ အပေါ်ပိုင်းခန္ဓာကိုယ် တစ်ခုလုံးဟာ အောက်ပိုင်းနှင့် လုံးဝ အချိုးအစားမမျှစွာ ဖြစ်နေပြီး ဖြစ်သည်။ ထွားကြိုင်းလှည့် ကြွက်သားများဟာ ပုခုံးနှစ်ဖက်တွင် ပြည့်နှက်လာပြီး ထိုကြွက်သားများကြောင့် မျက်နှာနှင့် လည်ပင်းတစ်ခုလုံးတိုပါ အတူတူ ကြီးထွားလာသည့် ပုံပါ။
သို့ရာတွင် သေခြင်းရှင်ခြင်း အခြေအနေအောက်တွင် သူမဟာ လျှို့ဝှက်အတတ်ကို အားကုန် အသုံးပြုခြင်း၏ ဆိုးကျိုးများကို ဂရုစိုက်နိုင်ခြင်း မရှိတော့ပါ။ ဒီတိုက်ခိုက်မှုကို ခံနိုင်ရည် မရှိပါက သူမတွင် မည်သည့်အနာဂတ်မှ ရှိမည်မဟုတ်တော့ပေ။
ဤသည်မှာ သူမတိုက်ခိုက်ခဲ့သည့် တိုက်ပွဲများစွာတို့ အကြားတွင် အန္တရာယ်အများဆုံး ဖြစ်သည်။ တစ်ဖက်လူဟာ ဆေဘာဆန္ဒကို နားလည်သဘောပေါက်ထားပြီး အပေါ်စီးမှ ဖြစ်နေလျှင်တောင် သူမ၏ သန့်စင်သည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ဒဏ်ရာအပြင်းအထန် ရသွားမှာ ဖြစ်သည်။
ခန္ဓာကိုယ်သန့်စင်သူ စစ်ဘုရင်တစ်ယေက် မဟုတ်ပါက သာမန် စစ်ဘုရင်များပင်လျှင် သေချာပေါက် ထိုလက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်ရဲမည် မဟုတ်ပေ။ ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့်ရှိ သိုင်းသမားတစ်ယောက်ဆိုလျှင် ပိုတောင် ဆိုးသေးသည်။
“သေစမ်း”
မိန်ချောင်ယန်ဟာ ကောင်းကင်သို့ မြင့်တက်သွားပြီး လက်သီးနှစ်ခုလုံးကို ထိုးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ အနက်ရောင် အတွင်းအားအလွှာများ ထွက်ပေါ်လာ၏။
ဤသည်မှာ သူမ၏ အတွင်းအင်္ဂါများအတွင်းသို့ ကြိုးစားပမ်းစား ပေါင်းစပ်ထားသည့် မြေဒြပ်စင်ချီ ဖြစ်သည်။ သူမအနေနှင့် စစ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်မည့် အထောက်အပံ့လည်း ဖြစ်၏။
သို့ရာတွင် ဒီအချိန်၌ သူမဟာ ရွေးချယ်စရာမရှိပဲ ၎င်းတို့ကို ခန္ဓာကိုယ်အတွင်းမှ ညှစ်ထုတ်လိုက်ရသည်။
“အစ်ကိုဟန်.. သတိထား”
စုထန်ချီ၏ ပုံစံက ရုတ်တရက် ပြောင်းလဲသွား၏။ တစ်ဖက်လူတွင် ယခုကဲ့သို့ ကြောက်စရာကောင်းသည့် ဝှက်ဖဲတစ်ခု ချန်ထားမည်ဟု ထင်မထားခဲ့ပေ။ ခုနက ထိုလက်သီးချက်ကိုသာ သူရင်ဆိုင်ရပါက သေလုနီးပါး ဖြစ်သွားနိုင်ပါသည်။
“ဘုန်း”
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ အနက်ရောင် အတွင်းအားလှိုင်းများဟာ ကြက်သွေးရောင် ဆေဘာချီနှင် ပြင်းထန်စွာ ထိရိုက်ကြသည်။
မှင်သက်နေသည့် စုထန်ချီဟာ ဟန်ကျောက်အား အနှိုင်းမဲ့သည့် ရတနာဆေဘာတစ်ချောင်းသဖွယ် ပြောင်းလဲသွားသည်ဟု တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ဟာ လက်ထဲရှိ ဆေဘာနီနှင့် ပေါင်းစပ်သွား၏။
ကြီးမားသည့် တန်ပြန်အားက သူ၏နောက်ရှိ အက်ကွဲနေသည့် နံရံကို ချက်ချင်းပင် ပြိုကျသွားစေသည်။ စုထန်ချီဟာ ကျန်ရှိသည့် အစစ်အမှန်ချီကို အသုံးပြုပြီး သူ၏ရှေ့နှင့် မျက်နှာတို့ကို လက်နှစ်ဖက်နှင့် ကာလိုက်၏။
“ဝုန်း”
သူ၏ ခန္ဓာကိုယ်ဟာ အားလှိုင်း၏ တွန်းအားဖြင့် အခန်းထဲသို့ ဝင်ရောက်သွားသည်။
“အစ်ကိုဟန်”
စုထန်ချီဟာ ရင်ဘတ်ရှိ နာကျင်မှုကို တောင့်ခံပြီး အတင်း ရုန်းကန်ထသည်။ ဒီအချိန်၌ ခြံဝန်းတစ်ခုလုံးဟာ လုံးဝ တိတ်ဆိတ်နေပါပြီ။
သူက အခန်းနံရံ အပေါက်မှ လှမ်းကာကြည့်သည်။ ခုနက ကြောက်စရာကောင်းသည့် အတွင်းအားကြောင့် ခြံဝန်းအတွင်းရှိ မြေပြင်ပေါ်ရှိ အစိမ်းရောင် ကျောက်ပြားများဟာ ကွဲကြေနေပြီး ဖြစ်သည်။
အလယ်ရှ ချိုင့်ဝှမ်းဆီမှ မြေပြင်ပေါ်သို့ လေးလံသည့် ပစ္စည်းများ ပြုတ်ကျသံတစ်ခု ပေါ်လာခဲ့သည်။ ကြက်သွေးရောင် ဆေဘာရှည်ဟာ မိန်ချောင်ယန်၏ ဦးခေါင်းထဲတွင် နစ်ဝင်နေပါသည်။
သူမ၏ ကြောက်စရာကောင်းသည့် နှစ်မီတာရှိ ခန္ဓာကိုယ်ကြီးဟာ လဲကျသွား၏။ ခန္ဓာကိုယ် တစ်ခုလုံးရှ အရေအပြားများဟာ သွေးများ စိမ့်ထွက်လာခဲ့သည်။
“ဂလု၊ ဂလု”
ရေသောက်သည်နှင့် တူညီသည့် အသံတစ်ခုဟာ အနီရောင် ဆေဘာဆီမှ ထွက်ပေါ်လာ၏။ မိန်ချောင်ယန်၏ ခန္ဓကိုယ်ဟာ မျက်စိဖြင့် တွေ့မြင်နိုင်သည့် အမြန်နှုန်းနှင့် စတင်ကျုံ့ဝင်လာခဲ့သည်။
မကြာခင် သူမ၏ ခန္ဓာကိုယ်ဟာ လူသားဦးခေါင်းအရွယ်ရှ အသားတုံးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ကံကြမ္မာဖြတ်တောက်ခြင်း ဓါးဟာ သူမခန္ဓာကိုယ် အတွင်းရှိ သွေးချီတစ်ဝက်ကို စုပ်ယူခဲ့ပြီး ကျန်ရှိသည့် သွေးချီတစ်ဝက်ဟာ အစစ်အမှန်ချီနှင့် အတွင်းအားတို့နှင့်အတူ ဟန်ကျောက်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွာသည်။
“အစ်ကိုဟန်.. မင်း..”
စုထန်ချီ၏ ပါးစပ်က ပွင့်ဟနေ၏။ သူဟာ ရှေ့ရှိ ဟန်ကျောက်ကို ကြည့်ကာ ခဏတာအတွင်း မည်သည်ကို ပြောရမည်မသိ ဖြစ်သွားခဲ့သည်။
လန်ဖင်းယွင်က လောင်းပွဲတစ်ခုတွင် ဟန်ကျောက်အား မည်ကဲ့သို့ ရှုံးနိမ့်ခဲ့ပုံအား သူဘယ်တုန်းကမှ နားမလည်နိုင်ပေ။ သူ၏ ခွန်အားနှင့် တစ်ဖက်လူကိုငါးနှစ်ကြာအောင် ကာကွယ်ပေးရန် သဘောတူခဲ့၏။ ယခုတော့ နားလည်မှု ရလာသည့် ပုံပါ။
“ငါအားသုံးတာ များလွန်းသွားတယ် ထင်တယ်” တစ်ဖက်လူ၏ ပုံစံကို ကြည့်ကာ ဟန်ကျောက်ဟာ ဘယ်လိုလုပ်ပြီး ခွန်အား အလွန်အကျူး ပြသလိုက်မိကြောင်းအား မသိပဲ နေမည်လဲ။
သူက ခန္ဓာကိုယ်ကို အမြန်ယိုင်ကာ ကံကြမ္မာဖြတ်တောက်ခြင်း ဓါးနှင့် မနည်း ထိန်းထားလိုက်သည်။ ကြည့်လိုက်ပါက မနည်းရပ်နေရသည့် ပုံပါ။
“အစ်ကိုဟန်.. အဆင်ပြေရဲ့လား”
စုထန်ချီက ရှေ့သို့ အမြန်တက်ကာ ဒယိမ်းဒယိုင်ဖြင့် လျှောက်သွားသည်။ ခြံအတွင်းရှိ ချိုင့်ထဲတွင် ဆောင့်ကြောင့်ထိုင်၏။
“အစ်ကို.. နင်အဆင်ပြေရဲ့လား”
ထိုအချိန်၌ အဖြူရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခု ပျံဝလာ၏။ ဤသည်မှာတော့ စုနင်ချုံ ဖြစ်သည်။ သူမဟာ အထိမခိုက်မရှိစွာ ရှိနေ၏။
“ညီမ.. နင်ဘယ်လိုလုပ်ပြီး ဒီမှာ ရှိနေရတာလဲ”
စုထန်ချီက သိလိုစွာ မေးသည်။
“ဟိုခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတွေနဲ့ ငါတိုက်ခိုက်နေတုန်း သခင်လေးလန် ရုတ်တရက် ပေါ်လာပြီး နင့်ကိုသွားကူလို့ ပြောလိုက်တာ။ နင်ဘယ်လိုနေလဲ.. အဲ့မိန်းမကို နင်သတ်လိုက်လား.. အစ်ကို.. နင်က အရမ်းစွမ်းအားကြီးတာပဲ”
စုနင်ချုံက ရှုပ်ထွေးနေသည့် ခြံဝန်းကို ကြည့်ကာ မိန်ချောင်ယန်၏ ခန္ဓာကိုယ်ကို တွေ့ရခြင်း မရှိပေ။ ရှေ့သို့တက်ကာ တွဲထူပေး၏။
စုထန်ချီ “…”
“ညီမ.. တကယ်တော့.. ငါ..”
စုထန်ချီက ပြန်ဖြေတော့မှာပါ။
“ဟုတ်တယ်။ အစ်ကိုစုရဲ့ တစ်ဖက်ရန်သူရဲ့ ခွန်အားအများစုကို ကုန်ခမ်းအောင် လုပ်ခဲ့တာကို ကျေးဇူးတင်ရမယ်။ အဲ့ဒါကြောင့် ငါလည်း ကပ်သီးလေး အနိုင်ရသွားတာ”
ဟန်ကျောက်က ကံကြမ္မာဖြတ်တောက်ခြင်း ဓါးနှင့် လျှောက်လာ၏။
“အစ်ကိုဟန်.. စောစောကတည်းက ဘာလို့ အရမ်းစွမ်းအားကြီးတာကို မပြောရတာလဲ”
စုထန်ချီ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။
“အဲ့ဒီ ထူးဆန်းတဲ့ မိန်းမကို သခင်လေးဟန် သတ်လိုက်တာလား”
စုနင်ချုံက ဟန်ကျောက်ကို အံ့ဩစွာ ကြည့်သည်။ သူဟာ ဆေဘာကို ထောက်ကာ လျှောက်လှမ်းလာပြီး အားနည်းနေသည့် ပုံပါ။ သို့ပေမယ့် အထိအခိုက်မရှိပဲ ရှိနေ၏။ ကိုယ်ပေါ်တွင်ပင် ဖုန်တစ်စက် မရှိပါ။
“အစ်ကိုစု.. အစ်မစု.. မင်းတို့ နားလည်မှု လွဲနေပြီ…. တကယ်တော့ ငါက ခုနက တိုက်ကွက်မှာ မတတ်သာတဲ့ အခြေအနေကြောင့် လျှို့ဝှက်အတတ်တစ်ခုကို သုံးလိုက်ရတာ။ ဒါက တစ်ချက်တည်းနဲ့ သက်တမ်းအများကြီးကို ကုန်ဆုံးစေတဲ့ အတတ်ပဲ။ အဲ့လို နတ်ဆိုးအတတ်တွေကို မင်းတို့တွေ ကြားဖူးတယ်မလား။ အခု.. ငါ့ရဲ့ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တာ အရမ်းကို ဆိုးရွားတယ်”
စုနင်ချုံ၏ အလွန်အကျူးဖြစ်သွားသည့် ပုံစံကို ကြည့်ကာ ဟန်ကျောက်က လေးနက်စွာ ရှင်းပြသည်။
စုထန်ချီက ဟန်ကျောက်ကို ကြည့်သည်။ သူ၏ မျက်နှာဟာ ရှင်းလင်းစွာပင် သွေးရောင်လွှမ်းနေဆဲ ရှိ၏။ အသံမှလည်း စွမ်းအင်အပြည့် ရှိနေပါသည်။ ဒဏ်ရာအပြင်းအထန် ရသည့်ပုံ လုံးဝမရှိပေ။
စုနင်ချုံလည်း ဟန်ကျောက်ကို ကြည့်သည်။ ထို့နောက် အဝတ်များ ပေါက်ပြဲကာ မျက်နှာလည်း ဖြူရော်နေသည့် သူမ၏ အစ်ကိုကို ကြည့်၏။ အနည်းငယ် ကြောင်တောင်သွားသည်။
‘ဘယ်သူက ဒဏ်ရာအပြင်းအထန် ရတာလဲ’
ဟန်ကျောက်ဟာ မည်သည်ကို ဆက်ပြောရမည်မသိ ဖြစ်နေ၏။ သူ၏ သရုပ်ဆောင်စွမ်းရည်ဟာ မည်မျှပင် ကောင်းမွန်စေကာမူ ဘာပဲဖြစ်ဖြစ် ဒဏ်ရာရခြင်း မရှိပေ။ အမှန်တကယ်ကို သရုပ်ဆောင်ရန် ခက်ခဲလှ၏။
သူဟာ သူ၏ကိုယ်ပွား ထွက်ခွာသွားချိန်၌ ခွန်အား ၅၀%ကိုသာ အသုံးပြုနိုင်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူဟာ ခုနက ခွန်အား ၃၀%ကိုသာ သုံးခဲ့၏။
နောက်ဆုံးတွင် ရန်သူမိန်းမကို တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့လေသည်။ ဤသည်မှာ သူထင်ထားသည့် အရာမဟုတ်ပေ။
အစက သူဟာ သွေးလွှမ်းသည့် တိုက်ပွဲကြမ်းတစ်ခုကို ဆင်နွှဲပြီးမှ သူ၏ကိုယ်ပွားကို ပေါ်လာစေကာ တိုက်ပွဲကို အလှည့်အပြောင်း လုပ်မည်ဟု စဉ်းစားထားခဲ့၏။ ယခုတော့ ရှုပ်ကုန်လေပြီ။ ဘယ်လိုလုပ်ပြီး ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့်ရှိ လူဟာ အလွန် အားနည်းရသနည်း။
ထိုအချိန်၌ မြင်ကွင်းက တိတ်ဆိတ်သွားသည်။