အခန်း (၂၀၆)
Vol. 14 Ch. 206
“အစ်ကိုဟန်.. ကျွန်တော် နတ်ဆိုးအတတ်တွေ အများကြီးကို ကြားဖူးတယ်။ အဲ့အထဲမှာ သွေးချီနဲ့ သက်တမ်းကို ကုန်ဆုံးစေတဲ့ နတ်ဆိုးအတတ်တွေလည်း ရှတယ်။ ဒါပေမယ့် မင်းလိုမျိုး.. ဖြစ်နိုင်တာက မင်းက စွမ်းအားကြီးတဲ့ သွေးချီနဲ့ မွေးလာတာ ဖြစ်မယ်”
စုထန်ချီက ဟန်ကျောက်ကို ယုံကြည်နိုင်မည့် အကြောင်းပြချက်တစ်ခုကို ရှာ၏။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ အနိုင်ရခဲ့လေပြီ။ မည်ကဲ့သို့ အနိုင်ရသည် ဟူသည်မှာ အဓိကအချက် မဟုတ်ပေ။
“အစ်ကိုစုပြောတာ မှန်တယ်.. ကျွန်တော်က တကယ်ပဲ ဒီဗိုင်းခွန်အားနဲ့ မွေးဖွားလာတာ.. ငါ့ရဲ့ သွေးချီက ထူးကဲတယ်”
ဟန်ကျောက်က အကြိမ်ကြိမ် ခေါင်းညှိတ်သည်။
စုထန်ချီကဲ့သို့ နားလည်မှုရှိသည့် လူဟာ အမှန်တကယ်ကို သဘောကျဖို့ ကောင်း၏။
“ဒါနဲ့.. အစ်ကိုဟန်.. သက်ရှည်ဂိုဏ်းက ဟိုအဖိုးကြီးရော.. သူ့ကိုကြည့်ရတာ ခုနက မိန်းမထက် ပိုပြီး ရာထူးကြီးသလိုပဲ.. အစ်ကိုလန် သူ့ကို ရှင်းပြီးပြီလား”
စုထန်ချီက စကားပြောင်းကာ ဒီပြဿနာကို နက်ရှိုင်းစွာ ဆက်လက်မေးမြန်းလိုခြင်း မရှိတော့ပါ။
“ဟုတ်မယ်ထင်တယ်”
ဟန်ကျောက်က ပြောသည်။ ယခုအချိန်၌ ကိုယ်ပွားဟာ ခွန်အားသန့်စင်ခြင်းအဆင် သိုင်းသမားဆယ်ယောက်ကျော်ကို အလွယ်တကူ ရှင်းလင်းပြီး ခြောက်သွေ့အောင် စုပ်ယူပြီး ဖြစ်သည်။ သူဟာ ဒီကို လှမ်းလာနေ၏။
“သခင်လေးလန်.. ဟိုလူတွေရော..”
စုနင်ချုံက မေးသည်။
“ရှင်းပြီးပြီ”
ကိုယ်ပွားက ထူးမခြားနားစွာ ပြောသည်။
“သွေးစိတ်ဝိညာဉ်မူဝါဒ(စတုတ္ထအဆင့် စတင်ခြင်းအဆင့် ၇%၊ အဆင့်မြှင့်တင်နိုင်။ ထူးသက်ရောက်မှု- သွေးပြောင်းလဲခြင်း အဆင့်၁၁၊ စိတ်ထိန်းချုပ်ခြင်း အဆင့်၁၀၊ သွေးပေါက်ကွဲခြင်း အဆင့်၉၊ သွေးပေါင်းစပ်ခြင်း အဆင့်၈၊ သွေးခွဲခြင်း အဆင့်၁၊ သွေးစိတ်တိညာဉ်ကိုယ်ပွား)”
သွေးစိတ်ဝိညာဉ် ကိုယ်ပွားကို ကျင့်ကြံထားသည့်သိုင်းသခင် ဆယ်ယောက်ကျော်တို့ကို စုပ်ယူပြီးနောက် ဟန်ကျောက်၏ သွေးစိတ်ဝိညာဉ်မူဝါဒဟာ နောက်ဆုံးတွင် စတုတ္ထအဆင့်သို့ ချိုးဖျက်ခဲ့လေပြီ။
“စိတ်ဝိညာဉ်မူဝါဒ အသစ်သည် မူလလမ်းကြောင်းမှ သွေဖယ်သွားပြန်၏။ မူလ ကျင့်စဉ်၏ အားသာချက်တို့ကို ထိန်းသိမ်းထားပြီး ချီဖောက်လွဲဖောက်ပြန် ဖြစ်နိုင်ချေအား လျှော့ချပေးသည်။
တစ်ချိနတည်းတွင် အလားအလာ နိမ့်ပါးခြင်း မရှိသည့် သွေးခွဲခြင်း စွမ်းရည်ကိုလည်း ရရှိလာခဲ့သည်။ ပိုက်ဆံသုံးကာ အဆင့်မြင့်တက်အောင် လုပ်ရန် အကြံပေး၏”
“အခြေခံဆရာသခင်၏ ကျွမ်းကျင်မှု တိုးတက်လာသည်”
သွေးစိတ်ဝိညာဉ် မူဝါဒ၏ တိုးတက်မှုနှင့်အတူ အခြေခံဆရာသခင် ပါရမီဟာလည်း မြင့်တက်လာခဲ့သည်။
“သွေးခွဲခြင်း- ပြောကြသည်ကား သေခြင်းရှင်ခြင်း၏ ဆန်းကြယ်မှုကို တွေ့မြင်နိုင်သည့် သိုင်းသမားများဟာ သွေးတစ်စက်မှ ပြန်လည်မွေးဖွားနိုင်ကြသည်။ သင်သည် ပထမခြေလှမ်းကို ပြီးမြောက်ခဲ့ပြီး ဖြစ်၏..”
ညအချိန်တွင်..
တစ်နေ့တာ အနားယူပြီးသည့် သိုင်းသမားများဟာ အားအင်အချို့ ပြန်လည်ရရှိလာကြပြီ ဖြစ်၏။ သူတို့ဟာ ညဘက်တွင်ပင် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
နေ့ဘက်တွင် ဖြစ်ပွားခဲ့သည့် တိုင်းပွဲဟာ အလွန် ကြောက်ဖို့ကောင်းလှ၏။ အခန်းထဲတွင် ပုန်းအားကာ အပြင်ဘက်ရှိ အသံများကို နားထောင်ရုံနှင့် သေလောက်အောင် ကြောက်နေမိသည်။
ရန်သူကို ထိပ်တိုက်ရင်ဆိုင်နေရသည့် ဟန်ကျောက်၊ လန်ဖန်းယွင်၊ စုထန်ချီနှင့် စုနင်ချုံတို့ ဆိုလျှင် မည်မျှအထိ ဖိအားများနေမည်ကို စိတ်ကူး၍ပင် မရနိုင်ပေ။ လူစုဟာ ညလမ်းပေါ်တွင် ခရီးနှင်ရင်း ကျောက်နက်မြို့ဆီသို့ အမြန်ပြန်ခဲ့သည်။
ဟန်ကျောက်နှင့် လန်ဖန်းယွင်က အဖွဲ့၏ ရှေ့မှ ဦးဆောင်သည်။ ဒဏ်ရာရသူများဟာ အလယ်၌၊ စုထန်ချီနှင့် စုနင်ချုံတို့ဟာ နောက်၌ အသီးသီး သူ့နေရာနှင့်သူ သွားကြသည်။
လမ်းတစ်လျှောက်တွင် စုထန်ချီဟာ တိတ်ဆိတ်နေ၏။ စုနင်ချုံက မနေနိုင်ပဲ မေးသည်။
“အစ်ကို.. ဘာဖြစ်လို့လဲ။ ဒဏ်ရာပိုပြင်းလာလို့လား.. တော်တော်နာနေလား”
သူမ၏ စိုးရိမ်စွာ ကြည့်မှုကို တွေ့ရပြီးနောက် စုထန်ချီက ပြုံးကာ ခေါင်းကိုယမ်းသည်။
“ဘာမှမဟုတ်ပါဘူး.. ငါစဉ်းစားနေတာ တစ်ခုရှိလို့”
“အိုး”
စုနင်ချုံက ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။
စုထန်ချီဟာ အမှန်တကယ်ကို တစ်ခုခုအား စဉ်းစားနေခြင်း ဖြစ်သည်။ သူဟာ မနေ့ကနှင့် ယနေ့ရှိ အဖြစ်အပျက်များကို စဉ်းစားနေခြင်း ဖြစ်၏။
မနေ့ကသူတို့တွေ အိပ်မက်နတ်ဆိုး၏ ပုံရိပ်ယောင်အတွင်းသို့ ကျရောက်စဉ်က သူဟာ မိသားစု၏ စာအုပ်များမှ ထိုနတ်ဆိုးအကြောင်းကို ရှင်းလင်းစွာပင် မြင်ဖူးထားခဲ့၏။ သို့ပေမယ့် ပုံရိပ်ယောင်အတွင်းတွင် အကူအညီ မဲ့နေလေသည်။
အဲ့ဒီအစား ဟန်ကျောက်က အခြေအနေကို ချိုးဖျက်ခဲ့၏။ နောက်ဆုံးတွင် ဟန်ကျောက်နှင့် လန်ဖန်းယွင်တို့ကပင် သူတို့ကို ကယ်တင်ခဲ့ရသည်။
ယနေ့ရှိ တိုက်ပွဲဟာလည်း တူညီစွာ ဖြစ်သည်။ သက်ရှည်ဂိုဏ်း၏ သွေးစိတ်ဝိညာဉ် ခန်းမသခင်ဟု ဆိုသည့် မိန်ချောင်ယန်ဟာ မိန်းမတစ်ယောက် ဖြစ်ပါလျှက်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားလေသည်။
အားနည်းသည့်လူကို သားကောင်သဖွယ် လိုက်ကာ ရက်စက်သည့် ယှဉ်ပြိုင်မှုများနှင့် သက်ရှည်ဂိုဏ်းကဲ့သို့ မိစ္ဆာဂိုဏ်းတွင် ခန်းမသခင်တစ်ယောက် ဖြစ်လာခဲ့၏။ သူမဟာ အဆင့်တူတွင် ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
သို့ရာတွင် သူဟာလည်းပဲ တိမ်စီရင်စု မြို့တော်၏ အုပ်စိုးသူ မိသားစု သုံးစုမှ တစ်ခုဖြစ်သည့် စုမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်၏။ ကောင်းကင်နက်နဲဂိုဏ်း၏ အစစ်အမှန် တပည့်တစ်ဦးလည်း ဖြစ်သည်။ အဆင့်တူတို့ အကြားတွင် ထူးချွန်သည့် လူတစ်ယောက်ဟု ယူဆနိုင်၏။
သို့ရာတွင် ဒီနေ့တိုက်ပွဲဟာ သူ့ကို သင်ခန်းစာတစ်ခု သင်ပေးခဲ့သည်။ ဂိုဏ်းအတွင်းရှိ ယှဉ်ပြိုင်ပွဲများဟာ ပြင်းထန်ပေကာ ခေါင်းမော့ကြည့်ရမည့် ပါရမီရှင်အချို့ ရှိပေမယ့် ထိုတိက်ပွဲများဟာ ဆရာများ၏ အကာအကွယ်အောက်တွင် ဖြစ်ကာ မည်သည့် သက်စွန့်ဆံဖျား ကိစ္စမှ မရှိပေ။
သူတို့အနေနှင့် သေအောင်တိုက်ခိုက်ကာ အနီးကပ် အနိုင်ရမှုမျိုးဟာ ရှားပါးလှ၏။ အချိန်အများစုတို့တွင် ဆရာများက အချိန်မှီ တားဆီးကြ၏။
ယနေ့တွင်တော့ သူဟာ ဘဝ၏ စစ်မှန်သည့် သွေးလွှမ်းတိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ တိုက်ပွဲအတွင်းတွင် မိန်ချောင်ယန်ဟာ သူနှင့် ဒဏ်ရာလဲလှယ်ရန် အကြိမ်ကြိမ် ပြုလုပ်ခဲ့၏။
သူသာ ဒဏ်ရာ၊ ဒဏ်ရာချင်း လဲလှယ်ကာ အမှန်တကယ် စွန့်စားပါက သူမကို သေချာပေါက် သတ်ဖြတ်ရန် နည်းလမ်းရှိလာမှာ ဖြစ်သည်။
သို့ပေမယ့် သူ့အနေနှင့် လုံးဝ လုပ်ဆောင်ရဲခြင်း မရှိပါ။ ပြောရလျှင် သူ့တွင် မိန်ချောင်ယန်ကဲ့သို့ အသည်းအသန် တိုက်ခိုက်မှုမျိုး မရှိပေ။ သူ၏ တိုက်ခိုက်မှု ပုံစံဟာ ဂိုဏ်းအတွင်းရှိ ယှဉ်ပြိုင်မှု အခြေအနေ၌သာ ရှိနေပါသေးသည်။ မဟုတ်ပါက နောက်ဆုံးတွင် မိန်ချောင်ယန်ကြောင့် ဒဏ်ရာရသွားမည် မဟုတ်ပေ။
ယခုကဲ့သို့ အချိုးမကျသည့် တိုက်ခိုက်ပုံမျိုးနှင့် သူဟာ ဘယ်လိုလုပ်ပြီး နောင်တွင် ချီလင်အဆင့်နှင့် ချန်ကောင်းကင် အဆင့်တို့၏ ထိပ်တန်းတွင် ပါဝင်ရန် အခွင့်အရေး ရနိုင်မည်နည်း။
အုပ်စိုးသူ မိသားစုတစ်ခု၏ မျိုးဆက်အနေနှင့် သူဟာ သွေးမျိုးဆက် အားသာချက်ကို လက်လျှော့ကာ သိုင်းပညာကျင့်ကြံမှုကို အလေးပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏နှလုံးသားထဲတွင် သိုင်းနတ်ဘုရားတစ်ပါး ဖြစ်လာရန် အိပ်မက်တစ်ခု ရှိသောကြောင့် ဖြစ်၏။ သိုင်းပညာကို ပြန်လည်ထွန်းကားလာစေရန် လုပ်ဆောင်မည် ဖြစ်သည်။
သို့ရာတွင် သူ့တွင် သိုင်းသမားတစ်ဦး၏ နှလုံးသားပင် မရှိပေ။
ယနေ့တွင် မိန်ချောင်ယန်ကို အနိုင်ယူသူမှာ လန်ဖန်းယွင်သာ ဖြစ်ပါက သူ့အနေနှင့် မသက်မသာ ခံစားရမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လန်ဖန်းယွင်ဟာ အမှန်တကယ်ကို သူ့ထက် ပိုမိုသန်မာသောကြောင့် ဖြစ်သည်။
သို့ရာတွင် နောက်ဆုံး၌ ဟန်ကျောက်ဟာ လျှို့ဝှက်အတတ်ကို အသုံးပြုပြီး သက်တမ်းကို လျော့ပါးစေကာ အားကုန်တိုက်ခိုက်လာသည့် မိန်ချောင်ယန်ကို သတ်ဖြတ်ခဲ့သည်။
သူဟာ ရှင်းလင်းစွာပင် ဟန်ကျောက်ထက် ပိုမိုသန်မာ၏။ သူသာ စွန့်စားမှုပြုကာ တိုက်ခိုက်ပါက သူ၏ ဒဏ်ရာများဟာ ယခုမျှအထိပင် ကြီးလေးမည်မဟုတ်ပဲ မိန်ချောင်ယန်ကို သတ်ဖြတ်နိုင်လိုက်မှာ ဖြစ်သည်။
“ဟူး…”
ထိုကဲ့သို့ တွေးမိပြီးနောက် စုထန်ချီဟာ ရှည်လျားသည့် သက်ပြင်းကို ချမိသည်။
“အစ်ကို”
စုထန်ချီ၏ ရှုံးနိမ့်သွားသည့် ကြက်ဖကြီးအလား အသွင်ကို တွေ့ရပြီးနောက် စုနင်ချုံဟာ မည်ကဲ့သို့ နှစ်သိမ့်ရမည်မသိ ဖြစ်သွား၏။
သူမ၏ အစ်ကိုဟာ အချိန်အများစုတို့တွင် ကျွမ်းကျင်သူတစ်ယောက်၏ အသွင်အပြင် မရှိပေမယ့် သူမဟာ သူနှင့် သွားလာစဉ်တွင် ဘယ်တုန်းကမှ လုံခြုံရေးကို စိုးရိမ်စရာ မလိုခဲ့ပေ။
သူဟာ ကိစ္စများကို အပြစ်အနာအဆာ မရှိအောင် လုပ်တတ်၏။ ဒီတစ်ကြိမ်တွင်တော့ ကြီးမားသည့် ထိုးနှက်ချက်ကို ခံလိုက်ရသည့် ပုံပါ။
အဖွဲ့၏ ရှေ့တွင် လျှောက်လှမ်းနေသည့် ဟန်ကျောက်ဟာတော့ စုထန်ချီ၏ ရှုပ်ထွေးနေသည့် စိတ်အခြေအနေကို မသိပေ။
သူဟာ ပိုမိုကောင်းမွန်စွာ ဟန်ဆောင်နိုင်ရန် လမ်းလျှောက်စဉ်တွင် ကိုယ်ပွားကိုတောင် တွဲခိုင်းထားပြီး အားနည်းပုံ လုပ်နေ၏။
ဒီခရီးစဉ်ဟာ အမှန်တကယ်ကို ရရှိမှု များလှသည်။ သူ၏ သိုင်းအဆင့်ဟာ မြင့်မားလာခဲ့သလို အစမ်းရှင်သန်ရန် လိုအပ်သည့် ယင်စွမ်းအင်လည်း တိုးပွားလာ၏။ ယခုအချိန်၌ ဝိညာဉ်အဆီအနှစ်လုံးနှင့် နဂါးနီလှံတို့မှ ပုံမှန် ထောက်ပံ့လာသည့် ယင်စွမ်းအင်နှင့် သူဟာ ခုနစ်လ၊ ရှစ်လတွင် တစ်ကြိမ် အစမ်းရှင်သန်ရန်သာ လုံလောက်ပါသည်။
ထို့အပြင် သူ၏ အပြင်ပိုင်းကျင့်ကြံမှုဟာ ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုသို့ ချိုးဖျက်သွားရာ အစမ်းရှင်သန်ရန် တန်ကြေးဟာ ပိုမိုတိုးလာမှာ ဖြစ်သည်။