အခန်း (၂၀၉)
Vol. 14 Ch. 209
“ဒါက..”
စုထန်ချီက မှင်သက်သွားသည်။ ဒေါသရေနဂါးဂိုဏ်း၏ ခေါင်းဆောင် ချီငါးဆင့် စစ်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်က ဟန်ကျောက်ကို ဂိုဏ်းသို့ ဝင်ရောက်ရန် ကိုယ်တိုင် လာရောက်ဖိတ်ခေါ်ခြင်းလား။
အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက်ကို ယခုမျှအထိ ယဉ်ကျေးစွာ ဆက်ဆံရန် မလိုဘူးမလား။
“ကျွန်တော်က တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင့်ကြံချင်တာ။ ဆေးပညာက ဒီအတိုင်း စိတ်ကူးပေါက်ရာ လုပ်ကြည့်ရုံပဲ။ ကျွန်တော့မှာ ဆေးပညာကို နက်နက်ရှိုင်းရှိုင်း လေ့လာဖို့ ရည်ရွယ်ချက်တောင် မရှိဘူး။ ပါရမီထူးကဲဖို့ဆို ပိုတောင်ဝေးသေး”
ဟန်ကျောက်က ခေါင်းကိုယမ်းသည်။
“ညီငယ်လေး.. မင်းဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်တောင် ယုံကြည်ချက်မထားတာလဲ”
ရှန့်ကွမ်းယွင်ဖေးက လက်မခံစွာ ကြည့်သည်။
“ပြီးခဲ့တုန်းက ငါ့ရဲ့ဂိုဏ်းက ဝတ်ပြုဆရာက မင်းကို ဖိတ်ခေါ်ခဲ့တယ်။ အဲ့ကိစ္စကြောင့် မင်းအနေနဲ့ ငါတို့ ဒေါသရေနဂါးဂိုဏ်းအပေါ် သံသယဝင်တာမျိုး ရှိနေလိမ့်မယ်။ ဒါပေမယ့်.. အခု.. ငါဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် လာဖိတ်ခဲ့ပြီ.. ဒါဆိုရင် ငါတို့ရဲ့ စိတ်ရင်းကို ပြသနိုင်လောက်တယ်မလား”
“မင်းသာ ဒေါသရေနဂါးဂိုဏ်းကို ဝင်ရင် နောင်မှာ ဆေးလုံးသန့်စင်ဖို့ လိုအပ်မယ့် ဆေးဖော်မြူလာတွေနဲ့ ဆေးပင်တွေ အားလုံးကို ငါတို့ဂိုဏ်းက ထောက်ပံ့ပေးမယ်”
“စစ်ဘုရင်အဆင့်ကို ချိုးဖျက်ပြီးရင် ကိုယ်တွင်းအင်္ဂါ သန့်စင်ဖို့အတွက် လိုအပ်တဲ့ ဒြပ်စင်ငါးမျိုးစွမ်းအင်ကိုလည်း ဂိုဏ်းက ထောက်ပံ့ပေးမယ်”
“ငါ့လိုမျိုးပဲ ဒြပ်စင်ငါးမျိုး ဒီဗိုင်းသဲလို အဆင့်မြင့်အရည်အသွေးပစ္စည်းကို သုံးရမယ်ကွာ”
“ဒါက ဘယ်အဖွဲ့အစည်းကြီးကိုပဲဖြစ်ဖြစ် မင်းဝင်ပြီးရင်တောင် မရနိုင်တဲ့ ခံစားခွင့်တွေပဲ”
ရှန့်ကွမ်းယွင်ဖေးက ဟန်ကျောက်ကို လောင်ကျွမ်းနေသည့် မျက်လုံးများဖြင့် ကြည့်သည်။
ထိုစကားကို ကြားရပြီးနောက် စုထန်ချီ၏ မျက်လုံးများက မနေနိုင်ပဲ ပြူးကျယ်သွား၏။ ဤသည်မှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကောင်းမွန်ပါသည်။
ဒေါသရေနဂါးဂိုဏ်းကို ရှန့်ကွမ်းမိသားစုက အထူး အုပ်စိုးထားသကဲ့သို့ ရှိ၏။ ရှန့်ကွမ်းယွင်ဖေး၏ စကားအရသာ ဆိုပါက ဟန်ကျောက်သာ သွားပါက သူ၏ ဂုဏ်ပုဒ်ဟာ လက်ထောက်ခေါင်းဆောင်များနှင့်ပင် နှိုင်းယှဉ်နိုင်လုနီးပါး ရှိနေပါပြီ။
“စီနီယာ ရှန့်ကွမ်းရဲ့ စိတ်ကောင်းကို ကျွန်တော် လေးစားပါတယ်။ ဒါပေမယ့် စီနီယာပြောခဲ့တဲ့ စကားတွေအားလုံးက စကားကတိသက်သက်ပဲ။ ကျွန်တော်သာ ဒေါသရေနဂါးကျွန်းကို ရောက်ပြီးရင် ကျွန်တော်လုပ်ချင်တာ လုပ်ပိုင်ခွင့် အားလုံးတောင် ဆုံးရှုံးသွားမှာ ကြောက်ရပါတယ်”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို မိုးကာ တောင်းပန်စွာ ပြုံးသည်။
“ဒါဆို.. မင်းက လက်ဆွဲနှုတ်ဆက်တာကို ငြင်းဆန်ပြီး အတင်းအကြပ် လုပ်တာကို ရွေးမယ်ပေါ့”
ရှန့်ကွမ်းယွင်ဖေး၏ မျက်နှာက မဲမှောင်သွားသည်။
“စီနီယာရှန့်ကွမ်း.. ကျွန်တော်က…”
စုထန်ချီက စုမိသားစုနှင့် ကောင်းကင်နက်နဲဂိုဏ်းတို့ကို ပြောတော့မလို့ပါ။ ရှန့်ကွမ်းယွင်ဖေးဟာ ရုတ်တရက် တိုက်ခိုက်လာခဲ့၏။
သူ၏ မြင့်မားနေပြီးဖြစ်သည့် ခန္ဓာကိုယ်ဟာ ရုတ်တရက် ကြီးထွားလာခဲ့ပြီး အရိုးများမှ တဂျွတ်ဂျွတ် မြည်သံများ ပေါ်လာခဲ့သည်။ ချက်ချင်းပင် နှစ်မီတာကျော်အထိ ကြီးထွားလာ၏။
ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားအားလုံးတို့ဟာလည်း သံမဏိဖြင့် ပြုလုပ်ထားသည့် အတိုင်းပင်။ အရေအပြားပေါ်တွင် ဦးချိုနှင့်တူသည့် အလွှာတစ်ခု ပေါ်လာခဲ့သည်။ တစ်ချက်ကြည့်ပါက ဆူတက်လာသည့် ကြေးခွံများနှင့် တူ၏။
ခန္ဓာကိုယ်ရှိ အတွင်းအားနှင့် အစစ်အမှန်ချီတို့ မြင့်တက်လာပြီး ရေစီးဆင်းသည့် အသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းပင် ၎င်းတို့ဟာ အနက်ရောင်ချီများအဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ကို လှည့်လည်လာ၏။ နောက်ဆုံးတွင် အနက်ရောင်ချီဟာ ပုံမှန်မဆန်စွာ ကြမ်းကြုတ်လှသည့် မှင်နက်ရောင် ရေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
“မကောင်းတော့ဘူး.. အစ်ကိုဟန်.. ရှောင်လိုက်”
စုထန်ချီ၏ ပုံစံက ကြီးစွာ ပြောင်းလဲသွားသည်။ ရှန့်ကွမ်းယွင်ဖေးကို စကားတစ်ခွန်းမှ မဆိုတော့ပဲ အားကုန် တိုက်ခိုက်လာမည်ဟု ထင်မထားခဲ့ပေ။ ကြည့်ရတာ ဟန်ကျောက်ကို တစ်ခါတည်း သတ်ဖြတ်မည့် ပုံပါ။
“ဗာဂျရာအကာအကွယ်”
ကိုယ်ပွားက ရှေ့တက်လာ၏။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးဟာ သန့်စင်သည့် ရွှေဖြင့် ပြုလုပ်ထားည့် ရွှေလူသားတစ်ယောက်ပမာ ဖြစ်လာခဲ့သည်။
ထက်မြကာ အထက်စီးဆန်သည့် အတွင်းအားနှင့် အစစ်အမှန်ချီက ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် တစ်လမလောက် ထူသည့် ချပ်ဝတ်တစ်ခုအဖြစ် ဖွဲ့စည်းလာ၏။
“တကယ့်ကို မဖျက်ဆီးနိုင်တဲ့ ဗာဂျရာဒီဗိုင်းအတတ်လား.. အဲ့တော့ဘာဖြစ်လဲ.. ဒီအကွက်ကို ခံကြည့်လိုက်”
ရှန့်ကွမ်းယွင်ဖေးဟာ လန်ဖန်းယွင်၏ ကြီးစိုးလှသည့် အစစ်အမှန်ချီကို ခံစားရပြီး အံ့ဩသွားသည်။ သို့ရာတွင် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်ခြင်း လုံးဝမရှိပေ။ ရယ်မောကာ မြည်းစမ်းကြည့်၏။
ဟန်ကျောက်နှင့် စုထန်ချီတို့က ချက်ချင်း ဆုတ်ခွာသွားသည်။ ကြမ်းကြုတ်သည့် အနက်ရောင်နဂါးနှင့် တောက်ပသည့် ဗာဂျရာတို့ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ တွေ့ဆုံမိကြသည်။
“ဘုန်း”
ရွှေရောင်နှင့် အနက်ရောင် အလင်းဟာ ကောင်းကင်တိုင်အောင် ထိုးတက်သွား၏။ ကမ္ဘာပြိုမတတ် ပေါက်ကွဲမှုနှင့်အတူ ပြင်းထန်သော လေလှိုင်းဟာ သူတို့နှစ်ယောက်ကို ဗဟိုပြုကာ ဖြန့်ကျသွားသည်။
ကိုယ်ပွားဟာ လေလှိုင်းနှင့်အတူ လွင့်စင်ထွက်သွားပြီး ဟန်ကျောက်နှင့် စုထန်ချီတို့၏ နံဘေးတွင် ဒူးတစ်ဖက်ထောက်ကာ ကျသွာ၏။
သူ၏ အဝတ်အစားများဟာ ပေါက်ပြဲကုန်ပြီး ခန္ဓာကိုယ်ဟာ သွေးများဖြင့် ဖုံးလွှမ်းနေပါသည်။ ကြည့်ရတာ အခြေအနေ ဆိုးရွားလှ၏။ ရှန့်ကွမ်းယွင်ဖေးဟာ ဗာဂျရာအကာအကွယ်ကို တစ်ကွက်တည်းနှင့် ဖျက်ဆီးလိုက်လေသည်။
“ဒါက ချီငါးဆင့် စစ်ဘုရင်တစ်ယောက်ရဲ့ ခွန်အားလား” စုထန်ချီလည်း ထိတ်လန့်သွား၏။
အဲ့ဒီအစား ဟန်ကျောက်၏ ပုံစံကတော့ များစွာ ပိုမိုတည်ငြိမ်သည်။ သူ၏ ကိုယ်ပွားမှ ရှုမြင်မှုအရ ရှန့်ကွမ်းယွင်ဖေးဟာ အမှန်တကယ်ကို ဒဏ်ရာအပြင်းအထန် ရထားပါသည်။ တစ်ဖက်လူ၏ လှုပ်ရှားမှုဟာ စမ်းသပ်မှုတစ်ခုနှင့် ပိုမိုတူညီ၏။
မကြာခင် မြင်ကွင်းအတွင်းရှိ လေထုဟာ တည်ငြိမ်လာပြီး ဖုန်မှုန့်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ရှန့်ကွမ်းယွင်ဖေး၏ ပုံရိပ်ဟာ ပေါ်လာခဲ့၏။ သူဟာ လက်နှစ်ဖက်ကို နောက်တွင်ပစ်ကာ ရပ်လျှပ်ရှိနေပြီး အပြုံးတစ်ခုနှင့် ပြော၏။
“ကောင်းကင်သူတော်စင် ဂူကောင်းကင်ရဲ့ တပည့်တစ်ယောက်လို့ မပြောရဘူး”
သူက ပြောရင်းနှင့် ဟန်ကျောက်ကို ကြည့်သည်။
“ငါ.. ရှန့်ကွမ်းယွင်ဖေးက ကိုယ့်စားကို တည်တတ်တဲ့လူပဲ။ ငါ့ရဲ့ ကတိက အကျုံးဝင်သေးတယ်။ ညီငယ်လေး.. မင်းသေသေချာချာ စဉ်းစားသင့်တယ်”
“ဟုတ်တာပေါ့”
ဟန်ကျောက်က ရေရွတ်စွာ ပြော၏။
“ဉာဏ်ကောင်းတဲ့လူက အခြေအနေကို နားလည်ရတယ်။ မင်းရဲ့အဖြေကို ငါစောင့်နေမယ်”
ရှန့်ကွမ်းယွင်ဖေးက အသာပြုံးသည်။ သူက စကားဆုံးသည်နှင့် နောက်သို့လှည့်ကာ ထွက်ခွာသွား၏။
ခြေနှစ်လှမ်း လျှောက်ပြီးနောက် သူ၏ ပါးစပ်ထဲရှိ သွေးများကို ဖိနှိပ်နိုင်စွမ်း မရှိတော့ပေ။
‘မဖျက်ဆီးနိုင်တဲ့ ဗာဂျရာဒီဗိုင်းအတတ်က တကယ့်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်တယ်.. ငါသတိလက်လွတ် ဖြစ်လွန်းသွားတယ်’
သူက သွေးများကို အမြန်မြိုချကာ အဝေးသို့ ပျံသန်းသွား၏။
ရှန့်ကွမ်းယွင်ဖေးဟာ အဝေးတွင် ပျောက်ကွယ်သွား၏။ စုထန်ချီက လန်ဖန်းယွင်ကို ကြည့်ကာ လက်မထောင်သည်။
“အစ်ကိုလန်.. ဒီနေ့မှာ ငါမင်းကို တကယ်လေးစားသွားပြီ။ ခွန်အားသန့်စင်ခြင်း အကြီးစားကျွမ်းကျင်မှုအဆင့်နဲ့ ချီငါးဆင့် စစ်ဘုရင်ဆီက တိုက်ကွက်တစ်ခုကို ခံယူခဲ့တယ်။ ဒါမျိုးက မဖြစ်စဖူးလို့တောင် ပြောလို့ရတယ်။ နောင်မှာလည်း မင်းလိုလူ ထပ်မရှိမှာ စိုးရတယ်”
“သူ့ရဲ့ ခွန်အားအပြည့်ကို မသုံးခဲ့ဘူး”
ကိုယ်ပွားက ထူးမခြားနားစွာ ပြော၏။
“မင်းက သူ့ကို ခွန်အားအပြည့် သုံးစေချင်သေးတာလား”
စုထန်ချီက ကြောင်တောင်သွား၏။
ဟန်ကျောက်က ဆန်မာရုအိတ်ငယ်အတွင်းမှ အဖြူရောင် အဝတ်အချို့ကို ထုတ်ကာ ကိုယ်ပွားဆီသို့ ပစ်ပေးလိုက်သည်။
ပုံရိပ်ယောင်အဖြစ် ပြောင်းလဲနိုင်သည့် ကိုယ်ပွားတစ်ခုဟာ အလွန် အသုံးဝင်၏။ သူကိုယ်တိုင် ဗာဂျရာအတတ်ကို အသုံးပြုုပါက ပိုမိုကြီးမားသည့် ခွန်အားကို ထုတ်လုပ်နိုင်မှာ ဖြစ်သည်။
သို့ရာတွင် ရလဒ်ဟာ ပြောင်းလဲမည်မဟုတ်ပေ။ အလွန်ဆုံး အနည်းငယ် ပိုမိုကြာရှည်စွာသာ တောင့်ခံနိုင်မှာ ဖြစ်၏။
သူ၏ ကိုယ်ပွားသာလျှင် နာကျင်မှုအား ခံစားရခြင်း မရှိပဲ တည်ငြိမ်စွာ နေနိုင်၏။
“ကျေးဇူး”
ကိုယ်ပွားက စုတ်ပြဲနေသည့် အဝတ်များကို ချွတ်ကာ နေရာမှာတင် လဲသည်။
ထိုပုံကို တွေ့ရပြီးနောက် စုထန်ချီ၏ ပုံစံက အနည်းငယ် ထူးဆန်းသွား၏။ ဒီနှစ်ယောက်၏ ဆက်ဆံရေးဟာ သာမန်ဖြစ်ပုံ ပေါ်ပေမယ့် အလွန် နီးကပ်သည်လား။
“အစ်ကိုဟန်.. ခုနက မကြောက်ဘူးလား.. အစ်ကိုလန် ဝင်ခံတာ နောက်ကျရင်ရော”
စုထန်ချီက မနေနိုင်ပဲ မေးသည်။
“မဟုတ်ပါဘူး.. တကယ်တော့ ငါအရမ်းကို ကြောက်သွားခဲ့တာ။ ခြေထောက်တွေတောင် အားနည်းပြီး မလှုပ်နိုင်ဘူး”
ဟန်ကျောက်က အပြုံးတစ်ခုဖြင့် ပြောသည်။
“…”
စုထန်ချီ၏ နှုတ််ခမ်းထောင့်များက တွန့်ကွေးသွား၏။ သူ၏ ပုံစံက ‘ငါက အရူးနဲ့တူနေလို့လား’ ဟူ၍ ရှိနေပါသည်။
“သွားရအောာင်”
ကိုယ်ပွားက ပြော၏။
“ကောင်းပြီ”
ဟန်ကျောက်က ခေါင်းညှိတ်သည်။
‘ကြည့်ရတာ ငါ့ရဲ့ အတွေ့အကြုံက အရမ်းကို နည်းပါးနေသလိုပဲ’
စုထန်ချီက နှလုံးသားထဲတွင် သက်ပြင်းချသည်။ သုံးယောက်သားဟာ အဖွဲ့အား လျှ