အခန်း (၂၀၇)
Vol. 14 Ch. 207
သို့ရာတွင် ဒီတစ်ကြိမ်တွင် သူဟာ အသားမွှေးစံအိမ် အတွင်း၌ အစမ်းရှင်သန်ခြင်း နှစ်ကြိမ်ကို အသုံးပြုခဲ့ပြိး ယင်စွမ်းအင်လည်း အပိုကျန်သေး၏။
ကောင်းကင်မြစ်မိုး၏ တန်ပြန်ဓါးသိင်းဟာ ပဥ္စမအဆင့်သို့ မြင့်တက်သွားပြီး ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုသို့ ရောက်ရှိသွားသည်။ သုံးပါးသော အနှစ်သာရအားဟာလည်း ပိုမို တိုးတက်လာခဲ့၏။
ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစား ကျွမ်းကျင်မှုနှင့် မဝေးတော့ပေ။
သွေးစိတ်ဝိညာဉ်မူဝါဒဟာတော့ တစ်ခါတည်း အဆင့်ကြီးတစ်ဆင့် မြင့်တက်ကာ နှစ်ပေါင်းများစွာ ခါးသက်သည့် ကျင့်ကြံမှုအား လျှော့ချနိုင်ခဲ့သည်။
အိပ်မက်နတ်ဆိုး နယ်မြေမှာတော့ ဒီအချိန်အတွင်း အသုံးပြုနိုင်ခြင်း မရှိသေးပေ။ နောင်တွင်တော့ ၎င်းဟာ ကြီးမားစွာ အသုံးဝင်လာနိုင်၏။
သူဟာ ယခုကဲ့သို့ မတော်တဆ အဖြစ်အပျက်မျိုး နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်မံကြုံတွေ့ရန် မျှော်လင့်မိသည်။ ဖြစ်နိုင်တာက သိုင်းပညာ များစွာတို့ကို ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုကို ခဏအတွင်း ကျင့်ကြံနိုင်လောက်၏။
နှစ်ရက်ကြာပြီးနောက် ဟန်ကျောက်တို့ဟာ ရှလင်တို့ အဖွဲ့အား လိုက်မှီသွားသည်။ ထို့နောက် သူတို့ဟာ နောက်ထပ်သုံးရက်ကြာ အချိန်ယူခဲ့ပြီး ကျောက်နက်မြို့သို့ ပြန်ခဲ့သည်။
သွေးစိတ်ဝိညာဉ် ခန်းမ၏ ခန်းမသခင်နှင့် သက်ရှည်ဂိုဏ်း၏ ဂိုဏ်းစောင့်တို့ အသတ်ခံရမှုကြောင့် လင်ယွင် ကုန်သွယ်ရေး အဖွဲ့၏ အရောင်းအဝယ်ဟာ မပြီးမြောက်ခဲ့ပေမယ့် မည်သည့် လျော်ကြေးမှ ပေးစရာ မလိုတော့ပေ။ အဲ့ဒီအစား များပြားလှသည့် စရန်ငွေများကို ရရှိခဲ့၏။
သူတို့ ကျောက်နက်မြို့သို့ ပြန်ရောက်ပြီးနောက် လုယီဟာ သိုင်းကျောင်းတွင် ပြင်ဆင်ပြီး ဖြစ်သည်။ တပည့်တစ်ဝက်လောက်ဟာ လုယီနှင့်အတူ စီရင်စုမြို့တော်သို့ လိုက်လိုကြ၏။
သူတို့ထဲရှိ တစ်စိတ်တစ်ပိုင်းမှာ မြို့တွင်းပိုင်းရှိ မိသားစုကြီးများမှ တပည့်များ ဖြစ်ကြသည်။ တည်ငြိမ်ကာ သက်တောင့်သက်သာရှိသည့် ကျောက်နက်မြို့နှင့် နှိုင်းယှဉ်ပါက လူငယ်များဟာ အပြင်ဘက်လောကတွင် စွန့်စားခန်းထွက်ရန် ပိုမိုလိုလားကြသည်။
ထိုကိစ္စအတွက် ဟန်ကျောက်ဟာ လှိုက်လဲစွာ သဘောတူ၏။ သူတို့၏ မိသားစုများကိုသာ ခေါ်မလာပါက သူဟာ လူအားလုံးကို ခေါ်သွာားလိုပါသည်။
ဘာပဲဖြစ်ဖြစ် မိုင်၃၀၀၀ကျော်သည့် ခရီးတစ်ခုတွင် လူတစ်ယောက်ဟာ မြင်းတစ်ကောင်ကိုသာ တတ်နိုင်ပါက မြင်းစီးလို့ အဆင်ပြေပါသည်။ သာမန်လူများနှင့် ဆိုပါက လမ်းလျှောက်ခြင်းကိုသာ အမှီပြုနေရလျှင် မည်မျှ လျှောက်လှမ်းနေရလဲ မသိနိုင်ပေ။ လမ်းတွင် ဖျားနာနိုင်ခြင်းမှာလည်း ပြဿနာကြီးတစ်ခု ဖြစ်၏။
ဒီသိုင်းသမားများဟာ စီရင်စုမြို့တော်တွင် သူတို့၏ အခြေခံကို တည်ငြိမ်စေပြီးမှသာလျှင် မိသားစုကို ခေါ်ဆောင်ကာ အတူတူ ပျော်ရွှင်နိုင်မည် ဖြစ်သည်။
သူတို့အားလုံးဟာ တူညီသည့် သိုင်းကျောင်းများမှ ဖြစ်ကာ သူ့အနေနှင့် သေချာပေါက် စောင့်ရှောက်ပေးမည် ဖြစ်ပေမယ့် လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် မှီခိုရန် လိုအပ်ဆဲ ဖြစ်သည်။
ဤနည်းအားဖြင့် ဟန်ကျောက်ဟာ ကျောက်နက်မြို့တွင် သုံးရက်ကြာအောင် အနားယူပြီးနောက် အဖွဲ့လိုက် ပြန်လည်ထွက်ခွာကြ၏။
လူတစ်ရာကျော်သည့် အဖွဲ့ဟာ မြို့၏ တောင်ဘက်ဂိတ်တံခါးမှ ထည်ဝါစွာဖြင့် ထွက်ခွာကြပြီး အဝင်ဝတွင် လူစုကြသည်။
အဖွဲ့နှင့်အတူ လိုက်ပါလိုသည့် သိုင်းကျောင်းမှ တပည့် သုံးဆယ်ကျော် ပါရှိသည်။ စုမိသားစုနှင့် ရှမိသားစု၏ မိသားစုဝင်များ၊ အစေခံများနှင့် ဆွေမျိုးများမှ သိုင်းသမား ၁၀၀ကျော် ပါရှိသည်။
ကောင်တီမြို့ဆီသို့ သွားလိုခြင်းမရှိသည့် လူအနည်းငယ်အား မိသားစုနှစ်ခုမှ အခကြေးငွေ ပေးချေပေး၏။ တစ်ချိန်တည်းတွင် သူမတို့၏ မိသားစုများအား ဂရုစိုက်ပေးရန် မှာကြားခဲ့သည်။
စီရင်စုမြို့တော်ရှိ ဟန်ကျောက်တို့သာ မည်သည်မှ မဖြစ်ပါက ထိုဆက်ဆံရေးဟာ အမြဲတမ်း အသုံးဝင်နေမှာ ဖြစ်သည်။
“အချိန်ကျပြီ”
မနက်ခင်း၏ နှောင်းပိုင်းသို့ ရောက်ရှိလာမှုကို တွေ့ရပြီးနောက် အဖွဲ့၏ ရှေ့ဆုံးရှိ လုယီက ပြောသည်။
“သွားကြမယ်ဟေ့”
ဘေးတွင် မြင့်မားသည့် မြင်းတစ်ကောင်ကို စီးနင်းထားသည့် ကျောက်ယွမ်ထုက အော်လိုက်၏။ အဖွဲ့ဟာ စတင်ရွေ့လျားသည်။
“ဆရာလု.. အစ်ကိုကြီး.. ဂျူနီယာညီလေးဟန်.. ငါ့ကိုစောင့်ကြဦး”
မြို့တောင်ဘက်ဂိတ်မှ မျက်ခုံးထူထူနှင့် မျက်လုံးဝိုင်းကြီးများ ရှိသည့် လူငယ်တစ်ယောက်ဟာ မြင်းနက်နှင့် ဒုန်းဆိုင်းလာ၏။ ဟန်ကျောက်က အသံလာရာသို့ လှည့်ကြည့်ပြီးနောက် လီဖေးကို တွေ့လိုက်ရသည်။
“ဆရာလု..”
လီဖေးက သူ၏မြင်းကို လုယီ၏ ဘေးသို့ မောင်းလိုက်သည်။ အောက်သို့ဆင်းကာ ဦးညွှတ်၏။
“အပိုတွေ လုပ်မနေနဲ့.. အဖွဲ့နဲ့ မြန်မြန် လိုက်ပါဖို့လုပ်”
လုယီက ဒေါသတကြီး ပြောသည်။
အစက သူဟာ ကောင်တီမြို့သို့ လီဖေးအား ခေါ်ဆောင်လိုခဲ့၏။ သို့ပေမယ့် လီဖေးဟာ တုံ့ဆိုင်းနေဆဲ ရှိသည်။ ရက်ပေါင်းများစွာ ဆုံးဖြတ်ပြီးသည့်တိုင် အဖြေမပေးခဲ့ပေ။
လီဖေးဟာ အသက်၃၀သို့ ရောက်ပေတော့မည်။ သူဟာ ဒီအသက်တွင် သွေးသန့်စင်ခြင်းအဆင့်သို့ မြင့်တက်ခြင်း မရှိပါက ကျောက်နက်မြို့တွင် အဆင့်ချိုးဖျက်ရန် မျှော်လင့်ချက်ရှိမည် မဟုတ်တော့ပေ။
စီရင်စုမြို့တော်ကဲ့သို့ နေရာတစ်ခုတွင်သာ အချို့ အဖိုးတန် ဆေးပင်များကို ဝယ်ယူကာ အတင်း အဆင့်ချိုးဖျက်နိုင်မည် ဖြစ်၏။
ထိုနည်းလမ်းဟာ အတွင်းအား ဖမ်းဆုပ်နိုင်ချေကို ပိုမိုနည်းပါးသွားစေပေမယ့် ပထမအဆင့် သွေးချီချိုးဖျက်မှု အဆင့်ကို ရောက်ရှိသည်နှင့် လူတစ်ယောက်၏ သက်တမ်းဟာ နှစ်၂၀ တိုးမြင့်လာမည် ဖြစ်သည်။
အတွင်းအား ဖမ်းဆုပ်ရန် ကိစ္စကို စဉ်းစားနေမည့်အစား သွေးချီချိုးဖျက်မှု အဆင့်သို့ အရင်ဆုံး တက်လှမ်းသည်သာ ပိုမိုလက်တွေ့ကျ၏။
လီဖေး၏ လက်သီးအတတ်ဟာ အလွန်ကောင်းမွန်၏။ လုယီဟာ စီရင်စုမြို့တော်တွင် သိုင်းကျောင်းကို ဆက်လက်ဖွင့်လှစ်လိုဆဲ ဖြစ်သည်။
သူသာ လီဖေးကို ခေါ်လာပါက လူသစ်များကို သင်ခိုင်းလို့ ရပါသည်။ ထိုအခါ တစ်ဘဝလုံး အဆင်ပြေပြီ ဖြစ်၏။ စွန့်စားမှုများ ပြုလုပ်ကာ အသက်ကို ထိပါးစရာ မရှိပေ။
နောင်တွေ သွေးချီချိုးဖျက်မှု တတိယအဆင့်သို့ ရောက်ရှိပါက အတွင်းအားကို ဖမ်းဆုပ်ရန် ကျရှုံးပြီးလျှင် ကျောက်နက်မြို့သို့ ပြန်ကာ ကောင်းမွန်စွာ နေထိုင်နိုင်ပါပြီ။
“ဟုတ်ကဲ့ပါဆရာလု”
လီဖေးက ဝမ်းသာသွားသည်။ သူဟာ မြင်းပေါ်သို့ ပြနလည်ခုန်တက်ကာ လုယီနှင့် ကျောက်ယွမ်ထုတို့၏ ဘေးမှ လိုက်၏။
မနေ့က သူဟာ တစ်ညလုံး စဉ်းစားခဲ့ပြီး နောက်ဆုံးတွင် စွန့်စားမှုပြုပြီး စီရင်စုမြို့တော်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ သူ၏ဘဝတွင် အမှန်တကယ်ကို နောက်ဆုံးအခွင့်အရေး ဖြစ်၏။
မြို့တောင်ဘက်ဂိတ်ရှိ ကျောက်နက်မြို့ဟူသည့် ဆိုင်းဘုတ်ကို နောက်ဆုံးအကြိမ် ပြန်လှည့်ကြည့်ကာ လီဖေးဟာ စိတ်ပျက်စွာ ခံစားလိုက်ရသည်။
သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ပြီးလျှင်တော့ သူ၏ ဇနီးဖြစ်သူများနှင့် မောင်းမများ၊ ကလေးများကို အတူတူ ခေါ်ဆောင်ရပေမည်။
သူ၏ဘဝတွင် မည်သည့် ကြီးမားသည့် အောင်မြင်မှုမှ မရနိုင်တာ ဖစ်ပေလိမ့်မည်။ သို့ပေမယ့် နောက်မျိုးဆက်ကိုတော့ စီရင်စုမြို့တော်အား စတင်မှတ်ဖြစ်စေကာ သိုင်းသခင်တစ်ယောက် ထုတ်လုပ်နိုင်ကောင်းပါရဲ့ဟု တွေးမိ၏။
ဘီးများဟာ ရှေ့သို့ တလိမ့်လိမ့် ရွေ့လျားသွားကြသည်။ ဖုန်မှုန့်များက ရစ်ဝဲနေပြီး အဖွဲ့ဟာ တောင်ဘက်ဂိတ်မှ တရွေ့ရွေ့ အဝေးသို့ ထွက်ခွာသွားကြ၏။
ကောင်တီအုပ်ချုပ်သူ ဝူဒီနှင့် သူ၏ အကြီးဆုံးသားဖြစ်သူ ဝူပီတို့ဟာ မြို့ဂိတ်၏ မျှော်စင်ပေါ်တွင် ရပ်ကာ ထွက်ခွာသွားသည့် ကုန်လှည်းကို ကြည့်သည်။
ဝူပီ၏ မျှော်လင့်နေသည့် ပုံကို တွေ့ရပြီးနောက် ဝူဒီက အသာပြုံး၏။
“ပီအာ.. ငါနဲ့အတူ စီရင်စုမြို့တော်ကို သွားချင်ရင် နောက်မကျသေးပါဘူး”
“အဖေ.. ကျွန်တော့ကို မနောက်ပါနဲ့ဗျာ”
ဝူပီက သတိလည်လာပြီးနောက် ခေါင်းကိုယမ်းသည်။
“စီရင်စုမြို့တော်ကို ကျွန်တော် တစ်ကြိမ်သွားခဲ့ပြီးပြီ။ သိုင်းသခင်မှ ဖြစ်မလာရင် အဲ့ကိုသွားလည်း ဘာမှ ထူးမှာမဟုတ်ဘူး။ အဲ့ဒီမှာ အခွင့်အရေးတွေ အများကြီး ရှိပေမယ့် နောက်ခံမရှိပဲ သာမန်လူတွေအတွက် ထူးချွန်နိုင်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်”
ကျောက်နက်မြို့တွင် သူဟာ ကောင်တီအုပ်ချုပ်သူ၏ အကြီးဆုံးသားဖြစ်ကာ သွေးချီချိုးဖျက်မှု တတိယအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက်ပင်လျှင် သူ့ကို မျက်နှာသာအချို့ ပေးရသည်။ မြင့်မားသည့် ရာထူးနှင့် အခွင့်အာဏာတို့ ရှိနေသည်ဟု ဆိုနိုင်၏။
စကားတစ်ခွန်းနှင့် လူပေါင်းများစွာက ခစားလိုကြသည်။ သို့ပေမယ့် စီရင်စုမြို့တော်သို့ သွားသည်နှင့် သူ့တွင် မည်သည်မှ ရှိတော့မည်မဟုတ်ပေ။
ထိုကဲ့သို့သော နေရာတွင် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားများသာ မဆိုးဘူးဟု ဆိုနိုင်၏။ ခွန်အားသန့်စင်ခြင်း အကြီးစား ကျွမ်းကျင်မှုအဆင့်ရှိ သိုင်းသမားတစ်ယောက်ကို ကျွမ်းကျင်သူတစ်ယောက်ဟု ယူဆနိုင်သည်။
ကောင်းမွန်စွာ နေထိုင်လိုပါက သူဟာ စစ်ဘုရင်အဆင့် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာမှ ရပေလိမ့်မည်။
စစ်ဘုရင်အဆင့် ဖြစ်ပြီးသည့်တိုင် ချီငါးဆင့် စစ်ဘုရင်များနှင့် သိုင်းသူတော်စင်များ ရှိနေသေး၏။
ဒီနေရာတွင်တော့ သူဟာ ကျောက်နက်မြို့တစ်ခုလုံး၏ အရင်းအမြစ်များကို စံစားကာ ကျင့်ကြံနိုင်ပါသည်။ စီရင်စုမို့တော်သို့ သွားလျှင်တော့ အမြီးကုပ်ခါသာ နေရမည် ဖြစ်သည်။
“ဟုတ်တယ်။ စီရင်စုမြို့တော်ကို ငါသွားရင်တောင် အဖွဲ့ကြီးတစ်ခုခုမှာ ဝင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်နိုင်ရုံ လုပ်နိုင်မှာ။ ဒါပေမယ့် အတွင်းအားကို ဖမ်းဆုပ်ပြီးရင်တော့ စီရင်စုမြို့တော်ကို မင်းသွားသင့်သေးတယ်”
“စီရင်စုမြို့တော်လို နေရာမျိုးမှာပဲ ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုကို ချိုးဖျက်ဖို့ အခွင့်အရေးရှိမယ်။ ဘာပဲဖြစ်ဖြစ် ကျောက်နက်မြို့က သေးလွန်းတယ်လေ”
ဝူဒီက ခေါင်းညှိတ်သည်။
“ဟုတ်ကဲ့ပါအဖေ”
ဝူပီက လေးနက်စွာ ဖြေကြား၏။ သူက အဖွဲ့၏ရှေ့ဆုံးရှိ ဝတ်စုံဖြူနှင့် လူငယ်ကို ကြည့်ကာ အသံနှိမ့်ကာ ပြောသည်။
“အဖေ.. နောက်ဆုံး အချက်အလက်တွေ အရဆို.. ပြီးခဲ့တုန်းက ကျွန်တော်တို့ကို ဆက်သွယ်ခဲ့တဲ့ သက်ရှည်ဂိုဏ်းက တပည့်တွေအားလုံး ကျောက်နက်မြို့ကနေ ဆုတ်ခွာသွားကြပြီ။ ကြည့်ရတာ သွေးစိတ်ဝိညာဉ်ခန်းမရဲ့ ခန်းမသခင် တစ်ခုခု ဖြစ်သွားပုံပဲ။ ဒီကိစ္စက..”
“ဒီကိစ္စက ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
ဝူဒီ၏ ပုံစံက မဲမှောင်သွား၏။
“သွေးစိတ်ဝိညာဉ်ခန်းမရဲ့ ခန်းမသခင်က ငါနဲ့အဆင့်တူပဲ။ ခွန်အားသန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုကို အတူတူရောက်ခဲ့ကြတယ်။ သူမရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်က အရမ်းကောင်းတယ်။ ချီတစ်ဆင့် စစ်ဘုရင်နဲ့တောင် နှိုင်းယှဉ်နိုင်လောက်တယ်”
“သွေးစိတ်ဝိညာဉ်ခန်းမရဲ့ အောက်မှာ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမား ခုနစ်ယောက် ရှိတယ်။ ဟန်ကျောက်ရဲ့ဘေးက လန်ဖန်းယွင်ပဲ သူတို့အားလုံးကို ရှင်းနိုင်လိမ့်မယ်”
“အသက်၂၀ကျော်ရုံလေးနဲ့ စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်နိုင်တဲ့ ချီလင်အဆင့်က ပါရမီတစ်ယောက်က တကယ့်ကို ကြောက်ဖို့ကောင်းလွန်းတယ်”
“ဟုတ်တယ်..”
ဝူပီက သက်ပြင်းချသည်။
င်မြန်စွာ လိုက်မှီခဲ့၏။