လင်
Vol. 119 Ch. 1555 (2)
မဟာဧကရာဇ်က ခိုင်ဧကရာဇ်အား ချီးကျူးလိုက်သည်။ “ဒါပေမဲ့ အများကြီး လိုအပ်နေသေးတယ် … ချင်ယဲ့၊ မင်းက ငါ့ထက် ခြေလှမ်းတစ်၀က် နောက်ကျခဲ့ပေမယ့် …. အခု ငါ ထိုက်ချူခန္ဓာကိုယ်ကို ရသွားပြီဆိုတော့ မင်းက အဝေးကြီးမှာ ကျန်ခဲ့ပြီ”
သူက လက်ဖဝါးမြှောက်ကာ ရိုက်ချလိုက်သည်။ ခိုင်ဧကရာဇ်က ဓားကို မြှောက်လိုက်ပြီး ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံ ထွက်ပေါ်လာသည်။ ၎င်းသည် မဟာဧကရာဇ်၏ လက်ဝါးအား ပြင်းပြင်းထန်းထန် ဝင်တိုက်သွားပြီး တဝှီးဝှီး မြည်ဟည်းသွား၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်က သံရှည်ဆွဲလျက် အားမာန်ပြင်းစွာ ဟိန်းဟောက်လိုက်ရင်း ကောင်းကင်နတ်ဧကရာဇ်၏ လက်ကောက်၀တ်ကို တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးဖြင့် ခုတ်ချလိုက်တော့သည်။ ဤတိုက်ကွက်တွင် တာအိုကျင့်စဉ်စနစ်၏ ကောင်ကင်းဘုံအဆင့် ၃၀ ၏ စွမ်းအားတို့ ကိန်းဝပ်ပါရှိနေပြီး ဒုတိယအကြိမ် ပေါက်ကွဲထွက်သွားကာ ကောင်းကင်နတ်ဧကရာဇ်၏ လက်ကောက်၀တ်ရှိ ကြွက်သားများနှင့် သွေးကြောများကို ခုတ်ပိုင်းနေသည်။ အကြိမ် ၃၀ မျှ တိုက်ခိုက်ပြီးနောက် လက်ဖဝါးမှာ ပြတ်ထွက်သွားတော့သည်။
ကောင်းကင်နတ်အရှင်ရှောင်ကလည်း လွတ်မြောက်လာသည့်နောက်၌ ချက်ချင်းဆိုသလို ထိုက်ချူကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ သူက ကောင်းကင်နတ်ဧကရာဇ်၏ ဦးခေါင်းအား အကြိမ်ကြိမ် တိုက်ခိုက်နေပြီး ရုပ်ခန္ဓာထဲသို့ ကျူးကျော်၀င်ရောက်ထားသော မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို ဖျက်ဆီးရန် ကြိုးစားနေသည်။
သို့သော် သူ၏ ကောင်းကင်နတ်သိုင်းများစွာ ကျဆင်းသွားပြီးသည့်တိုင် ကောင်းကင်နတ်ဧကရာဇ်က ခေါင်းအား အနောက်သို့ အနည်းငယ်သာ စောင်းလိုက်သည်။ ထို့နောက် အလွန်တရာ သိပ်သည်းအားပြင်းသော ထိုက်ချူတာအိုအလင်းရောင်များက သူ့မျက်လုံးထဲမှ ထွန်းတောက်လာပြီး ကောင်းကင်နတ်အရှင်ရှောင်အား လွင့်ထွက်သွားစေတော့သည်။
မဟာဧကရာဇ်က လက်နောက်တစ်ဖက်ကို မြှောက်၍ ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်မှာ ဘန်းခနဲ ပေါက်ကွဲသွားပြီး သူ၏အသွေးနှင့်အသားတို့သည် နေရာတိုင်းသို့ လွင့်စင်ထွက်သွား၏။ အရိုးအပိုင်းအစများက အရပ်လေးမျက်နှာသို့ ပျံထွက်သွားသည်။
နတ်ဘုရားမထိုက်စုသည် ပျံသန်းလာပြီး အထွတ်အမြတ်ရတနာအား စုတ်ပြတ်နေသော ခေါင်းလောင်းကြီးအသွင် အသွင်ပြောင်းလိုက်၏။ သူမက မဟာဧကရာဇ်ကို တိုက်ခိုက်နေရင်း တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟောင် ပြန်လည်သက်သာလာစေရန်အတွက် ထိုက်စုတာအိုကို သုံးကာ ကုသပေးနေသည်။
ခွမ်း….
မဟာဧကရာဇ်က ခေါင်းလောင်းကြီးကို ထိုးချလိုက်သည့်အခါ အပေါက်ဗလပွဖြင့်် ခေါင်းလောင်းကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲသွားချေပြီ။
သူ နတ်ဘုရားမထိုက်စုကို လှမ်းဆုပ်ကိုင်လိုက်သည့်အချိန် သူမ၏ခန္ဓာကိုယ်သည် ကောင်းကင်နတ်အရှင်ကုန်း ဖြစ်သွား၏။ မဟာဧကရာဇ်မှာ စိတ်ရှုပ်ထွေးသွားသော်လည်း တခဏကြာသော် မဲ့ပြုံးလိုက်ပြီး သူမအား ပြားပြားဝပ်အောင် ထုချလိုက်တော့သည်။
နတ်ဘုရားမထိုက်စုမှာ အပိုင်းပိုင်း ပြတ်ထွက်သွားသော်လည်း ထိုက်စုချီအဖြစ် ပြောင်းလဲကာ သူမ၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ဖွဲ့တည်လိုက်သည်။ သို့သော် သူမ၏အရှိန်အဝါမှာလည်း သိသိသာသာ အားနည်သွားပြီး သူမမှာ အံ့ဩဒေါသထွက်နေမိ၏။ ‘တာအိုသိုင်းပညာရှင်တွေက သိပ်ကို သန်မာတာပါလား… ငါ မယုံနိုင်ဘူး..’
အခြားတစ်ဖက်တွင် ချင်မူက ကောင်းကင်နတ်အရှင်လင်ဆီ သွားနေသည်။ ကောင်းကင်နတ်အရှင်လင် ပြေးလာတော့မည့်အချိန်တွင် ချင်မူက လက်ကာပြကာ တားဆီးလိုက်၏။ “သူတို့ တိုက်ခိုက်ကြပါစေ..”
ကောင်းကင်နတ်အရှင်လင်မှာ အံ့ဩနေသဖြင့် ချင်မူက ရှင်းပြသည်။ “မမကြီးလင်၊ ကျွန်တော်တို့ ဒီနေရာမှာပဲ ခွဲရတော့မယ် ထင်တယ်”
ကောင်းကင်နတ်အရှင်လင်မှာ ကြောင်အနေ၏။
ချင်မူ့အသိစိတ်အလျဉ်က လှိုင်းထသွားပြီး မီလော့နန်းတော်မှ သိမြင်နားလည်ခဲ့သည့် အသိပညာများကို သူမအား လွှဲပြောင်းပေးနေသည်။ ထို့နောက် တာအိုအမှတ်အသားများ တံဆိပ်ခတ်နှိပ်ထားသည့် ကောင်းကင်မြေပြင်ကြေးမုံနှစ်ချပ်ကို ထုတ်ကာ သူမလက်ထဲ ထည့်လိုက်၏။
ကောင်းကင်နတ်အရှင်လင်၏ ရင်ထဲတွင် အေးခဲသွားသည်။ “မူ၊ နင် ဘာတွေ လုပ်နေတာလဲ”
“မဟာဧကရာဇ် သေမှဖြစ်မယ်… ဒါပေမဲ့ ဒါက ချုံဧကရာဇ်ခေတ်ရဲ့ အဆုံးသတ်အချိန်ပဲ…. ခိုင်ဧကရာဇ်ခေတ် မတည်ထောင်ခင် နှစ်လေးသောင်းအလိုလေ”
ချင်မူ၏ မျက်ဝန်းများက တောက်ပနေသည်။ “မမကြီး မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းပြီး ကျွန်တော်တို့ကို နှစ်လေးသောင်းအလွန် ပစ္စုပ္ပန်ခေတ်ဆီ ပြန်ပို့ပေးဖို့ လိုတယ်” သူက တည်ကြည်လေးနက်စွာ ပြောသည်။ “အဲ့ဒီအချိန်မှာ ခိုင်ဧကရာဇ်အတွက် ဓားတာအိုမဟာခြုံလွှမ်းကောင်းကင်ဘုံ၊ တာအိုသစ်ပင်နဲ့ တာအိုပန်းပွင်တို့ အန္တိမဟင်းလင်းပြင်မှာ ရှိနေကြပြီ… အဲ့အချိန်မှာပဲ ကျွန်တော် မဟာဧကရာဇ်ကို တိုက်ခိုက်နိုင်တဲ့ ခွန်အားရှိလိမ့်မယ်… ကျွန်တော် ကောင်းကင်နတ်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝှက်ထာားတဲ့ နိုင်ဖဲက မဟာဧကရာဇ်ကို ရှင်းလင်းနိုင်မှာ မဟုတ်လောက်ဘူး..”
ကောင်းကင်နတ်အရှင်လင်မှာ တုန်လှုပ်သွားပြီး ခြောက်သွေ့အက်ကွဲစွာ ပြောသည်။ “ငါက နှစ်လေးသောင်းအလွန်မှာ ရှိသေးတဲ့လူ မဟုတ်ဘူးဆိုတော့ နှစ်လေးသောင်းအလွန်ကို လိုက်လာလို့ မရဘူး… နင်တို့အားလုံးကို ပြန်ပို့ပြီး ဒီနေရာမှာ နေကျန်ခဲ့ရမှာလား...”
“နှစ်လေးသောင်းကြာပြီးရင် ကျွန်တော်တို့ ပြန်တွေ့မှာပါ… အဲ့ဒီအချိန်ကျရင် မမကြီးက မီလော့နန်းတော်ရဲ့ တာအိုအမှတ်အသားတွေကို နှစ်လေးသောင်းကြာ လေ့လာထားပြီးပြီဆိုတော့ ကိန်းဝပ်နေတဲ့ ဆန်းကြယ်မှုတွေကို သိမြင်နားလည်ပြီးနေလောက်ပြီ မဟုတ်လား”
ချင်မူက ပြုံးလျက် ပြောသည်။ “ကျွန်တော်တို့ မဟာဧကရာဇ်ကို အဲ့ဒီအချိန်အထိ ရှင်းလင်းသတ်ဖြတ်မနိုင်ခဲ့သေးရင် မမကြီး မဟာခြုံလွှမ်းကောင်းကင်ဘုံဆီ လာပြီး တစ်ချက်တည်းနဲ့ ဖြေရှင်းပေးရလိမ့်မယ်”
သူ့အကြည့်က စူးရှနေသည်။ “မမကြီး၊ နှစ်လေးသောင်းလုံး တစ်ယောက်တည်း နေနိုင်လား.... ကောင်းကင်နတ်အရှင်ယွင်ရဲ့ မူလ၀ိညာဉ်ကို ကယ်တင်ဖို့ မမကြီး နှစ်လေးသောင်းတိုင်တိုင် အထီးကျန်ရမယ့်စိတ်ကို တောင့်ခံနိုင်ဖို့ လိုတယ်”
ကောင်းကင်နတ်အရှင်လင်၏ မျက်ဝန်းများသည် ဖြည်းဖြည်းချင်း မှေးမှိန်သွား၏။ တခဏကြာသော် တဖြည်းဖြည်း ပြန်လည်တောက်ပလာပြီး သူမက ပြုံးလိုက်လေသည်။ ထို့နောက် ဂုဏ်ယူ၀င့်ကြွားဟန်ဖြင့် ပြောသည်။ “နှစ်လေးသောင်းလား… ငါ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို လေ့လာခဲ့တုန်းကတောင် နှစ်တစ်သန်း ကြာခဲ့တယ်…. ငါ ရှင်သန်နိုင်ခဲ့တာပဲလေ… နှစ်လေးသောင်းလောက်တော့ စာဖွဲ့နေစရာတောင် မလိုဘူး… မူ၊ နှစ်လေးသောင်းကြာပြီးရင် မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ပြန်တွေ့ကြမယ်နော်”
“ကျွန်တော် မမကြီးကို မဟာခြုံလွှမ်းကောင်းကင်ဘုံရဲ့ အဝေးကို ပို့ပေးပါ့မယ်”
ချင်မူက ချီစွမ်းအင်ကို စုစည်းလိုက်သည့်အခါ ရွှေသင်္ဘောတစ်စီးက သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ပျံထွက်လာသည်။ ကောင်းကင်နတ်အရှင်လင် ရွှေသင်္ဘောပေါ် ခုန်တက်လိုက်သည်နှင့် ၎င်းက မဟာခြုံလွှမ်းကောင်းကင်ဘုံမှ ထွက်ခွာသွားပြီး သူမအား အန္တိမဟင်းလင်းပြင်အပြင်သို့ သယ်ထုတ်သွား၏။
“မူ၊ နှစ်လေးသောင်းကြာရင် ငါ ပြန်လာခဲ့မယ်နော်...”
လှေဦးရှိ အမျိုးသမီးသည် သူ့အား အဝေးမှ လက်ပြနှုတ်ဆက်နေသည်။ “အသက်ရှင်အောင် နေနော်”
ချင်မူက သူမကို ဟင်းလင်းပြင်အလွှာများထဲမှ ထွက်ခွာသွားစေပြီး မကြာမီ ရွှေသင်္ဘောသည် ကောင်းကင်နတ်အရှင်လင်အား ချုံဧကရာဇ်ခေတ်အပျက်အစီးများဆီ ခေါ်ဆောင််လာလေသည်။ ကောင်းကင်နတ်အရှင်လင်က သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ရာ သင်္ဘောသည် အဝေးသို့ ပျံသန်း၍ ဟင်းလင်းပြင်အနက်ပိုင်းထဲ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်နတ်အရှင်လင်က ခေါင်းမော့၍ ကြည့်လိုက်သည့်အခါ အန္တိမဟင်းလင်းပြင်ထဲရှိ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ခပ်ရေးရေးသာ မြင်ရတော့ကြောင်း တွေ့လိုက်ရ၏။
သူမက မက်မွန်ဆံထိုးကို ထုတ်လိုက်ပြီး မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းအား မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ် ကောင်းကင်ဘုံဆီသို့ ပို့လွှတ်အသက်သွင်းလိုက်သည်။ ကောင်းကင်နတ်သိုင်းကို အသက်သွင်းရခြင်းက အလွန်တရာ ခက်ခဲကြမ်းတမ်း၏။
သူမအနေဖြင့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံဆီသို့ ကောင်းကင်နတ်သိုင်းအား လှမ်းပို့နေရသည့်အပြင် ၎င်းအတွင်း၌ ရှိကြသူအားလုံးမှာ ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်များ မဟုတ်လော။ တာအိုသိုင်းပညာရှင်သုံးယောက်ပင် ရှိပြီး မဟာဧကရာဇ်ကဲ့သို့ ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုအပြင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာလည်း ရှိနေ၏။
ကောင်းကင်နတ်အရှင်လင်မှာ အစွမ်းကုန်ကြိုးစား၍ ကောင်းကင်နတ်သိုင်းကို အသက်သွင်းကာ ချင်မူနှင့် အခြားသူများအား သူတို့ လာခဲ့သည့်ခေတ်သို့ ပြန်လည်ပို့ဆောင်လိုက်သည်။
သူမ၏မှော်စွမ်းအင်တို့ မြင့်တက်လာပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှ တုန်ခါမှုများ ထွက်ပေါ်လာကြောင်း ခံစားနေရ၏။ ၎င်းက သူမအပေါ် တန်ပြန်သက်ရောက်မှု ဖြစ်လေသည်။
မကြာမီ သူ၏ မှော်စွမ်းအင်တို့ လျော့နည်းကုန်ခမ်းလာသောကြောင့် ကောင်းကင်နတ်သိုင်း ပြီးပြည့်စုံစေရန် အတင်းအကြပ် ဖိအားပေးနေရတော့သည်။
နောက်ဆုံးတွင်တော့ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းသည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတစ်ဘုံလုံးကို လွှမ်းခြုံသွားချေပြီ။ ကောင်းကင်နတ်အရှင်လင်က တစ်ချက်မျှ အော်ဟစ်လိုက်သည့်အခါ ကောင်းကင်နတ်သိုင်းသည် ပေါက်ကွဲထွက်သွားပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ ဝှစ်ခနဲ ပျောက်ကွယ်သွားတော့၏။
ကောင်းကင်နတ်အရှင်လင်၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး ဒူးထောက်လျက် ကျသွားသည်။ သူမ၏အရှိန်အဝါက အားနည်းနေပြီး ခံနိုင်ရည်မရှိတော့ပေ။
အချိန်အတော်ကြာပြီးနောက် သူမက ကတုန်ကယင် ထရပ်လိုက်ပြီး သူမ၏ မျက်နှာအမူအရာတွင် ပျော်ရွှင်မှုနှင့် ၀မ်းနည်းမှုတို့ ရောပြွှန်းနေ၏။
“ငါ တစ်ယောက်တည်း ဖြစ်သွားပြန်ပြီ...”
သူ၏မျက်၀န်းထောင့်မှ မျက်ရည်များ စီးကျနေသော်လည်း သူမက ရေရွတ်လိုက်၏။ “တစ်ယောက်တည်းပဲ… ဒါပေမဲ့ ရှေ့ဆက်လျှောက်နေမှာ… ငါ့ကို စောင့်နေကြ”
သူမက ချင်မူပေးခဲ့သော ကောင်းကင်မြေပြင်ကြေးမုံနှစ်ချပ်ကို ကြည့်ကာ သိမ်းဆည်းလိုက်သည်။ ထို့နောက် ချာခနဲ လှည့်ကာ ဝေးသထက် အဝေးသို့ လျှောက်သွား၏။
နှစ်ထောင်သောင်းများစွာ ကြာပြီးနောက် ခိုင်ဧကရာဇ်ကောင်းကင်ဘုံ တည်ထောင်ခဲ့သည်။ ခိုင်ဧကရာဇ်သည် နန်းတက်၍ ဧကရာဇ်ဖြစ်လာခဲ့၏။ တစ်နေ့ ခိုင်ဧကရာဇ် မှတ်တမ်းများအား ဖတ်ရှုနေစဉ် အစိမ်းရောင်၀တ်ရုံ ၀တ်ဆင်ထားပြီး ဆံထိုးထိုးထားသော အမျိုးသမီးတစ်ဦးက အမှောင်ထုထဲမှ လမ်းလျှောက်ကာ ထွက်လာလေသည်။
ခိုင်ဧကရာဇ် ခေါင်းမော့ကြည့်လိုက်သည့်အခါ အစိမ်းရောင်၀တ်ရုံနှင့် အမျိုးသမီးကို တွေ့လိုက်ရ၏။ သူ့ခန္ဓာကိုယ်မှာ တုန်ရီသွားလေသည်။
အစိမ်းရောင်၀တ်ရုံနှင့် အမျိုးသမီးက ချိုသာစွာ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ချင်၊ မတွေ့တာ ကြာပြီနော်… ငါ နင့်ကို စောင့်နေခဲ့တာ… ဒီအတောအတွင်း သိပ်ကို ခက်ခဲပင်ပန်းခဲ့ရတယ်”