သမိုင်းတစ်လျှောက် ကာကွယ်ပေးနေခဲ့သော မိန်းကလေး
Vol. 119 Ch. 1556
မာန်ဟုန်မြစ်အစတွင် အိုမင်းနေသော မက်မွန်ပင်တစ်ပင် ရှိနေသည်။
ထိုအပင်သည် အလွန်တရာ ထူးဆန်း၏။ ရှေးကျအိုမင်းနေပြီဖြစ်သော်လည်း အသက်ရှင်နေသေးသည်။ အချိန်၏ တိုက်စားမှု အရိပ်အယောင်ကိုလည်း မတွေ့မြင်ရချေ။
ပို၍ ထူးဆန်းသည်က ၎င်းကို ကြည့်လျှင်တော့ ထိုနေရာတွင် တည်ရှိနေ၏။
၎င်းကို မကြည့်လျှင် ပျောက်ကွယ်သွားပြီး မတည်ရှိတော့သည့်အလားပင်။
သစ်ပင်သည် တည်ရှိခြင်းနှင့် မတည်ရှိခြင်းအကြားတွင် ကူးသန်းနေသယောင်ပင်။ ၎င်း၏ တည်ရှိခြင်း၊ မရှိခြင်းက ကြည့်သူ၏ အမြင်အပေါ် မူတည်နေသည်။
ယင်းသစ်ပင်ကား ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးဖြစ်၏။
ကောင်းကင်နတ်အရှင်လင်၏ မက်မွန်သားဆံထိုးမှာ ဤနေရာတွင် အမြစ်တွယ်ကာ အပင်ပေါက်လာခဲ့၏။ နှစ်လေးသောင်းကြာ၍ ရာသီအလီလီ ကူးပြောင်းသွားသည့်အခါ မက်မွန်သစ်သားသည် အသက်ပြန်ဝင်လာပြီး အခက်အလက်များ၊ အရွက်များ ပေါက်လာကာ မက်မွန်ပန်းပွင့်များ ဝေဆာလာခဲ့သည်။ နွေရာသီရောက်လျှင် မက်မွန်သီးများ သီးနေတတ်သည်။ နွေရာသီကုန်သည့်အခါ ... မက်မွန်သီးများသည် ၀င်းမှည့်၍ မွှေးကြိုင်နေတတ်၏။
သစ်သီးများ မှည့်လာတိုင်း အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးသည် သစ်ပင်အောက်သို့ ရောက်လာ၍ မက်မွန်သီးများ ခူးကာ စားသုံးတတ်၏။
တစ်ချိန်တုန်းက ခိုင်ဧကရာဇ်လည်း မာန်ဟုန်မြစ်ကို လေ့လာခဲ့စဉ်ကို ဆာလောင်မှုကို သက်သာစေရန် မက်မွန်သီးတချို့ ခူး၍ စားသုံးခဲ့သည်။ သူသည် ဤနေရာတွင် တစ်စုံတစ်ယောက်ကို ရှာဖွေနေသည့်အလား မကြာခဏ ရပ်တန့်ခဲ့သော်လည်း ရှာတွေ့၊ မတွေ့ကတော့ အပြင်လူများ မသိနိုင်ပေ။
ကောင်းကင်နတ်အရှင်လင်သည်လည်း သူမ၏ ဆံထိုးကဲ့သို့ တည်ရှိခြင်းနှင့် မတည်ရှိခြင်းအကြားတွင် ဖြစ်နေခဲ့သည်။
သူမနှင့် ဆံထိုးအကြားရှိ အခြေအနေမှာ ပို၍ပင် ရှုပ်ထွေးနက်နဲလေသည်။
သူမသည် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းဖြင့် ဖြတ်ထုတ်ထားသော ကောင်းကင်နတ်မြစ်အပိုင်းအစထဲသို့ ရောက်နေသော်လည်း တစ်ချိန်တည်းမှာပင် အမှန်တကယ်လည်း တည်ရှိနေခဲ့၏။
နှစ်လေးသောင်းအလွန်တုန်းက ချင်မူသည် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ထိတွေ့ကာ သူမကို ကယ်တင်ပေးခဲ့သည်။ သူ ကယ်တင်ပေးပြီးနောက်၌ သူမသည် ချုံဧကရာဇ်ခေတ် အဆုံးသတ်၍ ခိုင်ဧကရာဇ်ခေတ် မပေါ်ထွန်းသေးသော လွန်ခဲ့သည့် နှစ်လေးသောင်းသို့ ပြန်လည်သွားရောက်ခဲ့ကာ မဟာဧကရာဇ်၊ ခိုင်ဧကရာဇ်၊ ရှောင်၊ ဟောင်စသဖြင့် တာအိုသိုင်းပညာရှင်များ၏ တိုက်ပွဲအကြား ညပ်သွားခဲ့၏။
ချင်မူ၏ တောင်းဆိုမှုကြောင့် လင်မှာ မဟာဧကရာဇ်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲမှ ထွက်ပြီး ချင်မူ၊ ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟောင်၊ နတ်ဘုရားမထိုက်စု၊ မဟာဧကရာဇ်တို့အား အနာဂတ်နှစ်လေးသောင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရ၏။
ထို့နောက် နှစ်လေးသောင်းအား တစ်ယောက်တည်း ရင်ဆိုင်ဖြတ်သန်းရင်း အနာဂတ်ကို စောင့်နေခဲ့ရလေသည်။
တစ်ချိန်တည်းမှာပင် မပြောင်းလဲသော ဒြပ်ထုထဲတွင်လည်း တည်ရှိနေရသည့်အတွက် သူမအား ထူးဆန်းသော အခြေအနေနှစ်ရပ်ထဲတွင် ဖြစ်နေစေခဲ့သည်။
သူမအနေဖြင့် အသက်ရှင်နေဆဲ ဖြစ်သော်လည်း အသက်ရှင်ရန် လိုအပ်ချက်တစ်ခုက သူမအား တစ်ယောက်ယောက် လာကြည့်နေရန် လိုအပ်သည်။ မည်သူမှ ကြည့်ရှုနေခြင်း မရှိပါက မပြောင်းလဲသောဒြပ်ထု၏ အခြေအနေထဲတွင်သာ နေထိုင်ရပေလိမ့်မည်။
ချင်မူ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို လာရောက်ဖြေရှင်းသည့်အချိန်မှ ဤသို့ထူးဆန်းသော အခြေအနေမှ ထွက်လာနိုင်ပေလိမ့်မည်။
ဤနှစ်များအတွင်း ကောင်းကင်နတ်အရှင်လင်သည် ချင်မူ ပေးခဲ့သော ကောင်းကင်မြေပြင်ကြေးမုံနှစ်ချပ်ကို ကြည့်ရှုကာ မီလော့နန်းတော်၏ တာအိုအမှတ်အသားများအား လေ့လာနေခဲ့သည်။
သူမသည် တစ်စုံတစ်ခု လေ့လာနေပါက ရင်ထဲတွင် တည်ငြိမ်အေးဆေးနေပြီး အပြင်လောက၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို လျစ်လျူရှုထားနိုင်သည့် ခပ်အေးအေး အမျိုးသမီးတစ်ဦး ဖြစ်၏။
သို့သော် မကြာခဏ ထွက်လာတတ်ပြီး ဟိုဟိုသည်သည် လျှောက်သွားတတ်သည်။ သွားနိုင်သည့်နေရာကတော့ မကျယ်ဝန်းပေ။ မာန်ဟုန်မြစ်အစပိုင်း၏ အနီးတစ်ဝိုက်တွင်သာ လှုပ်ရှားသွားလာနိုင်သည်။
အကွာအဝေးက တိုတောင်းသော်လည်း သူမ ဖြတ်သန်းရသည့်အချိန်ကတော့ ရှည်လျားလွန်းလှပါသည်။
လင်မှာ ပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို မာန်ဟုန်မြစ်အစပိုင်းတွင် တစ်ခါ အသက်သွင်းခဲ့ရင်း အချိန်နောက် ပြန်ရောက်သွားခဲ့၏။ ထိုစဉ်အခါက ခိုင်ဧကရာဇ်ချင်ယဲ့၏ ငယ်စဉ်ဘဝကို တွေ့မြင်ခဲ့ရသည်။ သူမက မြူခိုးအသွင် ပြောင်းလျက် လူငယ်လေးခိုင်ဧကရာဇ်အား နဂါးဟန်ခေတ်အစောပိုင်းသို့ ခေါ်ဆောင်ပေးခဲ့လေသည်။
ထိုအခါ ခိုင်ဧကရာဇ်သည် ချင်မူနှင့် နျိုစန်းသွောအား ဆုံတွေ့ကာ ကောင်းကင်နတ်အရှင်ချင် ဖြစ်လာခဲ့၏။ ခိုင်ဧကရာဇ်သည် အတိတ်ခေတ်သို့ ပြန်သွားခဲ့သည့် အံ့ဩဖွယ်ရာ အတွေ့အကြုံအား ခံစားခဲ့ရသော်လည်း မည်သူ့ကိုမှ ပြောမပြခဲ့ပေ။ သူ၏ အချစ်ခင်ရဆုံး သူငယ်ချင်းဖြစ်သည့် တန်ခိုးရှင်သစ်ခုတ်သမားမှ မေးမြန်းသည့်တိုင်အောင် ခိုင်ဧကရာဇ်ကား တွေ့ကြုံခဲ့သည့်အရာများကို ပြန်လည်မပြောပြခဲ့။
ဤသို့ဖြင့် ကောင်းကင်နတ်အရှင်လင်မှာ တစ်ယောက်သောသူကို စောင့်နေရင်း မာန်ဟုန်မြစ်အစပိုင်းတွင်သာ နေထိုင်ခဲ့သည်။ တစ်ယောက်သောသူ ရောက်လာမှသာ သူမအား ထူးဆန်းသည့်အခြေအနေမှ ကယ်ထုတ်နိုင်ပေလိမ့်မည်။
ထိုသူသည် သူမအား မီလော့နန်းတော် တာအိုအမှတ်အသားများနှင့် သင်္ကေတများ ပေးခဲ့လေသည်။ ဤအရာတို့သည် အနာဂတ်၏ တိုက်ပွဲအခြေအနေအတွက် ဖြေရှင်းပေးနိုင်၏။ ထိုသူအနေဖြင့် သူမကို လာရောက်ကယ်တင်ပေးရလိမ့်မည်။
လင်မှာ စောင့်ပြီးရင်း စောင့်နေခဲ့သည်။ ပတ်ဝန်းကျင်ရှိ ဒြပ်ထုများသည် အဆက်မပြတ် ပြောင်းလဲနေ၏။ တောင်ကြီးများ ပြိုကျ၍ တောင်အသစ်များ ထွက်ပေါ်လာသည်။ မျိုးဆက်ဟောင်းတို့ ကြွေလွင့်၍ မျိုးဆက်သစ်တို့ ထွန်းတောက်လာကြသည်။ လူတို့ မွေးလိုက်၊ သေလိုက် သံသရာလည်နေကြသည်။
သူမ၏ မျက်စိရှေ့မှာပင် ခိုင်ဧကရာဇ်ခေတ်သည် ပေါ်ထွန်းလာပြီး ပျက်သုဉ်းသွားခဲ့၏။ လောကကြီး၏ အပြောင်းအလဲများ၊ မင်းဆက်တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲသွားခြင်း၊ လူသားတို့၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ မြို့တံတိုင်းတို့အထက်ရှိ နန်းစဉ်အလံတော်များ အသစ်သစ်တို့ ဖြစ်လာခြင်း... စသဖြင့် အရာရာအားလုံး ပြောင်းလဲနေကြလေသည််။ သူမမှာတော့ ထိုင်၍သာ ကြည့်နေမိသည်။
ဖွံ့ဖြိုးတိုးတက်နေခဲ့သော ကမ္ဘာဦးဘုံသည် မဟာမြို့ပျက် ဖြစ်လာခဲ့သည်ကိုလည်း ကြည့်ရှုနေသည်။
လင်မှာ ချင်မူ့ကို ထိုင်သာ စောင့်နေခြင်းမဟုတ်။ အချိန်များ ကုန်ဆုံးသွားသည်ကို စောင့်နေစဉ်အတွင်း သမိုင်းကြောင်းတလျှောက် ချင်မူ့အစအနများကို လိုက်လံရှာဖွေနေခဲ့သည်။ သူမသည် ချုံဧကရာဇ်ခေတ်သို့ ပြန်ရောက်သွားခဲ့၏။ နှစ်လေးသောင်းနီးပါး စောင့်ခဲ့သော်လည်း ချင်မူ့ကို ရှာမတွေ့သေးသောကြောင့် ချင်မူသည် ခိုင်ဧကရာဇ်ထက်ပင် အသက်ကြီး၍ ချုံဧကရာဇ်ခေတ်မှ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မည်ဟု သူမ ထင်ခဲ့မိသည်။ သို့မဟုတ် မဟာခြုံလွှမ်းကောင်းကင်ဘုံတိုက်ပွဲတုန်းက သူသည် သက်တမ်း ထောင်သောင်းပေါင်းများစွာ အိုမင်းနေပြီးလောက်၏။
တစ်နေ့ သူမ ရှာဖွေနေသည့်အချိန်တွင် သူမ၏ မက်မွန်ဆံထိုး ပျောက်ကွယ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူမ၏ ဆံထိုးကို အသုံးပြုနေလေပြီ။
သူမ သွားရောက်စစ်ဆေးကြည့်လိုက်သည့်အခါ ခိုင်ဧကရာဇ်ဘေးရှိ ကောင်းကင်ဆရာသခင်၏ တပည့် ဝေစွေ့ဖုန်း ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
သူမမှာ မည်သည်ကိုမှ မမေးမိပေ။
နောက်တစ်နေ့တွင် တစ်စုံတစ်ယောက် ဆံထိုးဖြင့် သူမအား လှမ်းခေါ်နေသလို ခံစားခဲ့ရသည်။ သူမမှာ သမိုင်းကြောင်းတလျှောက် ဖြတ်ကျော်ရင်း ထိုလူကို လှမ်းကြည့်လိုက်ပြီး စိတ်လှုပ်ရှားလာမိသည်။
ထိုသူက ကောင်းကင်နတ်အရှင်မူပင်။
သူသည် ဆံထိုးဖြင့် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းကာ သူမကို ရှာဖွေရန် ကြိုးစားခဲ့၏။
“ကောင်းကင်နတ်ရှင်မူ၊ နင်လား… ကောင်းကင်နတ်အရှင်မူ”
သူမက အားရဝမ်းသာ လှမ်းခေါ်လိုက်သည်။ “ဒါဆို နင်က ချုံဧကရာဇ်ခေတ်မှာ မဟုတ်ဘူးပေါ့… ငါ နင့်ကို လာရှာမယ် စောင့်နေ”
သူမတွင် ပြောချင်သည့် စကားများစွာ ရှိသော်လည်း ချင်မူ့မှော်စွမ်းအင်က ကုန်ခမ်းပျောက်ကွယ်သွားခဲ့ချေပြီ။ (အပိုင်း ၈၀၂ တွင် ပြန်ဖတ်ရန်)
ဤသို့ဖြင့် လင်မှာ နောက်ထပ်နှစ်ပေါင်းများစွာ စောင့်နေခဲ့သည်။
တစ်နှစ်တွင် အဖြူရောင်ဝတ်ရုံနှင့် နဂါးမျိုးနွယ် အမျိုးသမီးတစ်ဦးသည် မာန်ဟုန်မြစ်အစပိုင်းတွင် ပြေးလွှားရင်း ကောင်းကင်နတ်ဘုံ လိုက်ဖမ်းနေသည်မှ ရှောင်တိမ်းနေသည်ကို တွေ့ခဲ့ရ၏။ လိုက်ဖမ်းနေကြသူများက သူမအား ချုံဧကရာဇ် ဓားနတ်ဘုရား ပိုင်ချွီအာဟု ခေါ်နေကြသည်။
ကောင်းကင်နတ်အရှင်မူ၏ ဓားသိုင်းကွက်အရိပ်အယောင်တို့အား ချုံဧကရာဇ်ဓားနတ်ဘုရား ပိုင်ချွီအာ၏ ဓားသိုင်းကွက်များတွင် တွေ့မြင်ရနိုင်၏။
ကောင်းကင်နတ်အရှင်လင်မှာ သိချင်စိတ်ပြင်းပြလာသောကြောင့် ပိုင်ချွီအာ၏ သမိုင်းကြောင်းအား ခြေရာခံလိုက်သွားရင်း လေပြင်းနှင့် သဲမှုန်များကြားတွင် ချုံဧကရာဇ်ခေတ်၏ သမိုင်းရာဇဝင်တို့ မြှုပ်နှံခံထားရသည့် သဲကန္တာရသို့ ရောက်သွားခဲ့သည်။
ဤနေရာသည် သူမ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်းပြီးနောက် ချင်မူ၊ ဟောင်၊ ရှောင်တို့အား နှစ်လေးသောင်းအလွန်ခန့်သို့ ပို့ဆောင်ပေးခဲ့သော နေရာ ဖြစ်နေ၏။ ကောင်းကင်နတ်အရှင်များ၏ တိုက်ပွဲကြားတွင် ကောင်းကင်ဘုံမှာ ဖျက်ဆီးခံခဲ့ရသော်လည်း သူမ၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကြောင့် အကောင်းအတိုင်း ပြန်ဖြစ်နေခဲ့သည်။
သူမ၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းသည် ဤနေရာတွင် နက်ရှိုင်းသောအမှတ်အသားတစ်ခုကို ကျန်ရစ်ခဲ့စေ၏။ နေနှင့် လ ပြောင်းလဲသွားသည့်အချိန်တိုင်း မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းသည် အချိန်နှင့် နေရာဟင်းလင်းပြင်ကို ရှေးကာလအချိန်များဆီသို့ ပြန်လည်ခေါ်ဆောင်သွားတတ်သည်။
ဤနေရာတွင် ချင်မူ ငယ်ရွယ်စဉ်တုန်းက အချိန်ကာလကို တွေ့မြင်ခဲ့ရ၏။ သူက သေတ္တာတစ်လုံးကို စီးလျက် သဲကန္တာရတလျှောက် လိုက်ဖမ်းနေသော ရန်သူများလက်မှ ပြေးလွှားနေလေသည်။
လင်မှာ အလွန်တရာ စိတ်လှုပ်ရှားနေသော်လည်း ကိုယ်ထင်ထွက်မပြခဲ့ပေ။ ချင်မူ့အနေဖြင့် ဤအချိန်တွင် သူမကို တွေ့မြင်သွား၍ မဖြစ်ပေ။
ချင်မူသည် သဲကန္တာရထဲရှိ တိုက်ပွဲတွင် သေဆုံးသွားခဲ့သော ချုံဧကရာဇ်ခေတ် နတ်ဘုရားမိစ္ဆာများအား အသက်သွင်းနေသည်ကို သူမ တွေ့မြင်နေရသည်။ သူက လမ်းမေးပြီးနောက် တိုက်ပွဲတွင် ကျဆုံးသွားခဲ့သော စစ်သည်တော်များကို ကောင်းမွန်စွာ မြှုပ်နှံပေးခဲ့သည်။
ထို့နောက် ချင်မူ အမှောင်ထုထဲသို့ ဝင်ရောက်သွားပြီး ချုံဧကရာဇ်ခေတ်၏ နောက်ဆုံးနေရောင်၊ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည့် ပိုင်ဖန်းရုံမြို့ထဲသို့ ဝင်သွားသည်ကို သူမ ကြည့်ရှုနေခဲ့သည်။
ထိုနေရာတွင် ချင်မူသည် နဂါးဖြူမျိုးနွယ်စုမှ သွက်လက်ထက်မြတ်၍ ချစ်စရာကောင်းသော ပိုင်ချွီအာနှင့် တွေ့ဆုံခဲ့၏။
“မူ၊ နောက်ဆုံးတော့ နီးစပ်လာခဲ့ပြီ”
ကောင်းကင်နတ်အရှင်လင်မှာ ပြုံးလိုက်ပြီး မာန်ဟုန်မြစ်ရင်းသို့ ပြန်သွား၍ ချင်မူနှင့် တစ်ညလုံး ဘေးချင်းယှဉ်လျက် အတူတကွ တိုက်ခိုက်ခဲ့သော မိန်းကလေးကို အကဲခတ်နေသည်။ ထိုအခိုက်အတန့်တွင် အမှောင်ထုကြီး ဆင်းသက်လာခဲ့ပြီး ကောင်းကင်ထက်ရှိ ကြယ်တာရာများမှာ ဧရာမအရိပ်ကြီးများဖြင့် လွှမ်းမိုးခြင်း ခံလိုက်ရ၏။
အရှိန်အဟုန်အားကောင်းလှသော မာန်ဟုန်မြစ်ရေထဲမှ သိပ်သည်းအားကောင်းသော ယိုတုချီများ ထွက်ပေါ်လာကြသည်။ အမျိုးသမီးတစ်ဦးက ဝါးခြင်းတောင်းကို ပိုက်လျက် ယိုတုထဲမှ အစွမ်းကုန် ရုန်းကန်ထွက်လာနေ၏။
သူမမှာ အစွမ်းကုန်ကြိုးစား၍ ခြင်းတောင်းကို ကာကွယ်ပေးနေသော်လည်း အထဲမှ ကလေးငိုသံအား ခပ်သဲ့သဲ့ ကြားရနိုင်သည်။ ငိုသံက ကြားရသူတိုင်း၏ နှလုံးသားကို ထိရှနာကျင်မိစေသည်။
ခြင်တောင်းထဲရှိ ကလေးမှာလည်း သူ၏ ကံဆိုးလှသောအခြေအနေကို ခံစားနေမိပြီး အနာဂတ်အတွက် ငိုကြွေးနေသည့်အလားပင်။
ကောင်းကင်နတ်အရှင်လင်မှာ ငေးကြောင်သွားသည်။ သူမက ကောင်းကင်နတ်ဘုံဆီမှ ပုန်းကွယ်နေသော ချုံဧကရာဇ် ဓားနတ်ဘုရား ပိုင်ချွီအာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် မာန်ဟုန်မြစ်ထဲတွင် ရုန်းကန်တိုက်ခိုက်နေသည့် ခြင်းတောင်းဖြင့် အမျိုးသမီးကို ပြန်လှည့်ကြည့်လိုက်မိ၏။ သူမမှာ တခဏကြာ အံ့အားသင့်နေလေသည်။
မာန်ဟုန်မြစ်ထဲရှိ ယိုတုချီတို့သည် မြင့်တက်လာပြီး နက်မှောင်နေသော ရေတို့က ကောင်းကင်အထိ မြောက်တက်သွားကြသည်။
“ကျူပင်လေးတွေ ရှည်မျောမျော၊ ရှည်မျောမျော...ကျူတောထဲဝယ် တူတူပုန်းတမ်း ကစားကြမယ်ကွယ်... ဟိုးတစ်ချိန်တုန်းက အောင်မြင်ချမ်းသာလာကြတဲ့သူတွေဟာ နွားကျောင်းဖူးကြတယ်တဲ့”
“ကျူပင်လေးတွေ ရှည်မျောမျော၊ ရှည်မျောမျော... တောင်တွေကို ဖြတ်၊ ပင်လယ်တွေကို ဖြတ်လို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်ကြမယ်ကွယ်... ကျူတောရဲ့ ဒီဖက်ခြမ်းက တို့တွေရဲ့ မွေးရပ်မြေ၊ ဟိုဖက်ခြမ်းက ပင်လယ်ပြင်ကြီးလို့ မှတ်ထားကွဲ့”
“ကျူပင်လေးတွေ ရှည်မျောမျော၊ ရှည်မျောမျော... ကျူတောထဲမှာ ကျူရက်ကြမယ်ကွယ်... ကျူလွယ်အိတ်လေး ရက်ပြီးတဲ့အခါ တို့တွေနဲ့အတူ ခရီးဆက်မယ့် အဖော်လေး ဖြစ်လာမှာကွဲ့”
“နွားကျောင်းသားလေးတွေဟာ အဝေးမြေမှာ နွားကျောင်းကာ နေလို့ရယ် ၊ သူတို့ဖေဖေ၊ မေမေတွေကလည်း အမြဲသတိရနေကြတယ်ကွယ်”
မာန်ဟုန်မြစ်မှာ မြူခိုးများဖြင့် ဖုံးလွှမ်းသွားသည်။ ခြင်းတောင်းကိုင်ထားသည့် ပင်းအာမှာ မြူခိုးများထဲသို့ ပြေးဝင်သွား၏။ မြူများ လွင့်ပြယ်သွားအချိန်တွင်တော့ နေ့အချိန်ရောက်သွားချေပြီ။ ယခုလေးတင် ညအချိန်ဖြစ်ခဲ့ပြီး ချက်ချင်း ပြောင်းလဲသွားသည်ကို ပင်းအာအနေဖြင့် စဉ်းစားနေရန် အချိန်မရှိပေ။ မြူများကို ဖြတ်သန်းလာခဲ့ပြီးနောက် ဓားပေါ်မှ နတ်ဘုရားသွေးများကို ဆေးကြောနေသော နက်မှောင်တောက်ပသည့် ဆံနွယ်များဖြင့် ပိုင်ချွီအာကို တွေ့လိုက်ရသည်။ (အပိုင်း ၈၆၉ တွင် ဖတ်ရန်)
ထိုအခိုက်အတန့်တွင် ပိုင်ချွီအာမှာလည်း ခြင်းတောင်းတစ်လုံး သယ်လျက် သူမထံ ဒယိမ်းဒယိုင် လျှောက်လာနေသော ပင်းအာကို တွေ့လိုက်ရသည်။
ပိုင်ချွီအာ ခြင်းတောင်းကိုင်ထားသည့် ပင်းအာနှင့် ဆုံတွေ့ရန် လမ်းပြစောင့်ရှောက်ခဲ့သူမှာ ကောင်းကင်နတ်အရှင်လင် ဖြစ်သည်။ ပင်းအာ ပိုင်ချွီအာကိုတွေ့နိုင်ရန် လမ်းပြခဲ့သူမှာလည်း ကောင်းကင်နတ်အရှင်လင်သာ။
ဓားရောင်တစ်ချက် ထွက်ပေါ်လာပြီး အဖြူရောင်နဂါးတစ်ကောင်က လေထဲတွင် ကခုန်သွားသည်။ ၎င်းက မြို့များကို ချေမှုန်းပစ်နိုင်သည့် ဓားတစ်လက် ဖြစ်ပြီး စီရင်စုကိုးစုတွင် ထွန်းလင်းတောက်ပသွား၏။
ပိုင်ချွီအာက ပင်းအာနှင့် ခြင်းတောင်းထဲရှိ ကလေးကို ကူညီခေါ်ဆောင်လာပေးခဲ့ပြီး ပင်းအာမှာ နောက်ဆုံးတွင် အသက်ဓာတ်ကုန်ခမ်း၍ ရေထဲ ပြုတ်ကျသွားတော့သည်။
သူမက လက်မလွှတ်သေးပေ။ ကလေးပါသည့် ခြင်းတောင်းကို ကိုင်ထားဆဲဖြစ်ကာ ထိုက်တန်သည့် တစ်စုံတစ်ယောက်ထံတွင် အပ်နှံရန် စိတ်ပိုင်းဖြတ်ထားသည်။
ကောင်းကင်နတ်အရှင်လင်မှာ ပိုင်ချွီအာနှင့် အလောင်းဖြစ်သွားခဲ့သော ပင်းအာတို့ လှိုင်းလုံးများတလျှောက် ရွေ့လျားနေသည်ကို ကြည့်ရှုနေသည်။ ကောင်းကင်မှာ တဖြည်းဖြည်းမှောင်လာပြီး ခြင်းတောင်းသည် မြစ်ဘေးရှိ ရွာငယ်လေးတစ်ရွာသို့ ရောက်သည်အထိ မြောလာခဲ့၏။
ရွာလေးကို ကျောက်တုံးရုပ်တု လေးခုက စောင့်ကြပ်ထားသည်။ အမှောင်ထုထဲတွင် ရုပ်တုများက ခပ်မှိန်မှိန် နတ်အလင်းတန်းတချို့ ထုတ်လွှတ်ကာ ပတ်ဝန်းကျင်တစ်ဝိုက် ဘေးကင်းနေစေသည်။
“ဟဲ့ နားထောင်ကြစမ်း… အပြင်မှာ ကလေးငိုသံ ကြားသလိုပဲ”
ကောင်းကင်နတ်အရှင်လင်က အကြည့်လွှဲပြီး ပြုံးလိုက်သည်။
“နင့်ကို စောင့်နေခဲ့ရတာ… ကောင်းကင်နတ်အရှင်မူ၊ နင်က တကယ်ကို ကံကောင်းတယ်… မွေးဖွားလာပြီး မကြာခင်မှာပဲ အမျိုးသမီးသုံးယောက်က အသက်ကို ပဓာနမထားဘဲ နင့်ကို ကာကွယ်ပေးခဲ့ကြတယ်” သူမက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
ဒြပ်ထုပြောင်းလဲမှုများက အချိန်ကုန်လွန်သွားသည့် ပုံရိပ်ယောင်များကို ဖြစ်တည်လာစေသည်။ သို့သော် ပုံရိပ်ယောင်ထဲတွင် ကလေးမှာ ဒြပ်ထုပြောင်းလဲမှုများနှင့်အတူ အရွယ်ရောက် ကြီးပြင်းလာချေပြီ။
တစ်နေ့တွင် ခြင်းတောင်းထဲရှိ ကလေးမှာ သန်မာသော ဆယ်ကျော်သက်အရွယ် ရောက်နေပြီ ဖြစ်သည်။ သူသည် သူ၏ ဘဝအတွေ့အကြုံများကြောင့် ဒုက္ခရောက်ခဲ့ရပြီး သူ၏မိဘများကို ရှာဖွေချင်သယောင်ပင်။
သူက ကြီးပြင်းလာခဲ့သောနေရာမှ ထွက်လာခဲ့ပြီး မာန်ဟုန်မြစ်အစပိုင်းသို့ ရောက်လာခဲ့၏။
ကောင်းကင်နတ်အရှင်လင်မှာ မာန်ဟုန်မြစ်အစပိုင်းတွင် ဟိုဟိုသည်သည် စူးစမ်းရှာဖွေနေသည့် ထက်ထက်မြက်မြက်အသွင်နှင့် လူထူးဆန်းလေးကို ကြည့်ရှုနေသည်။ သူမက သူ့အား မြူခိုးများဖြင့် လွှမ်းခြုံ၍ ယခင်ခေတ်၏ ခိုင်ဧကရာဇ်အား တွေ့မြင်စေခဲ့သည်။
နောက်ပိုင်းတွင် ဤလူငယ်သည် မာန်ဟုန်မြစ်အစပိုင်းသို့ ညအချိန်ကြီး ထပ်ရောက်လာခဲ့ပြီး ရန်သူ့လက်မှ ရှောင်တိမ်းနေခြင်း ဖြစ်သည်။
ကောင်းကင်နတ်အရှင်လင်မှာ ထိုလူငယ်လေး ကောင်းကင်နတ်အရှင်တို့ တိုက်ပွဲဖြစ်ခဲ့သော ကောင်းကင်ဘုံများဆီ ဝင်ရောက်သွားသည်ကို ကြည့်နေပြီး တောင်ချုံဧကရာဇ်နှင့် မြောက်ချုံဧကရာဇ်တို့၏ စစ်သည်တော်အလောင်းများအား မြင်စေခဲ့သည်။ (အပိုင်း ၄၈၅ တွင် ဖတ်ရန်)
ထို့နောက် ချင်မူက ရှေးကာလများသို့ ပြန်လည်သွားရောက်၍ ချုံဧကရာဇ်ခေတ်အဆုံးပိုင်းသို့ သွားကာ ပိုင်ဖန်းရုံမြို့တွင် ပိုင်ချွီအာနှင့် ဆုံတွေ့သည်။
ချင်မူ ပြန်ရောက်လာသည့်အခါ လင်မှာ တိတ်ဆိတ်စွာ စောင့်နေခဲ့ပြန်၏။
သူမသည် ဤလူငယ်လေး သူမ ရင်းနှီးနေသောရုပ်သွင်ဖြင့် အရွယ်ရောက်လာရန် စောင့်နေခြင်းဖြစ်သည်။
နောက်ဆုံးတော့ ထိုနေ့ရက်က ရောက်လာခဲ့လေပြီ။ ချင်မူသည် နျိုစန်းသွောနှင့် တွေ့ဆုံကာ မာန်ဟုန်မြစ်ပေါ်တွင် လျှောက်လှမ်း၍ ကောင်းကင်ယင်ကမ္ဘာသို့ သွားရောက်ရန် ပြင်ဆင်နေသည်။
ကောင်းကင်နတ်အရှင်လင်က ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သဖြင့် မြစ်ပေါ်၌ မြူခိုးများ ထလာကာ သူတို့အား လွှမ်းခြုံသွား၏။
သူမက သူတို့အား နဂါးဟန်ခေတ်အစောပိုင်း နဂါးသွဲ့ရေကန်အစည်းအဝေးသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
ကောင်းကင်နတ်အရှင်မူသည် ကောင်းကင်နတ်အရှင်မူ၏ တာဝန်ကို ထမ်းရွက်သင့်၏။
ထိုနေရာတွင် သူသည် ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွီ၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်သူများဖြင့် တွေ့ဆုံပေလိမ့်မည်။ ရှေ့ဆက်လျှောက်ရန် ခွန်အားပေးမည့် လူတစ်ယောက် လိုအပ်နေသော သူမကိုလည်း ပြန်တွေ့ရလိမ့်မည်။
ထိုနေရာတွင် ချင်မူကား သူ၏နာမည်ကို မူချင်းအဖြစ် ပြောင်းလဲ၍ အနာဂတ်မျိုးဆက်သစ်များကို နှစ်တစ်သန်းကြာအောင် လွှမ်းမိုးနိုင်သည့် ကောင်းကင်နတ်အရှင်မူ ဖြစ်လာပေလိမ့်မည်။ လူသားမျိုးနွယ်၏ မှတ်ကျောက်တိုင် ဖြစ်လာလိမ့်မည်။ (အပိုင်း ၇၃၁, ၇၃၂ .. တို့တွင် ဖတ်ရန်)
ကောင်းကင်နတ်အရှင်လင်မှာ ဤအရာအားလုံး ပြီးဆုံးသွားသည့်တိုင်အောင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ မဟာမြို့ပျက်၏ ပြောင်းလဲမှု၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးဖြစ်ပွားမှုနှင့် လူငယ်များ၏ နာကျင်စွာ အော်ဟစ်သံများကို တွေ့ကြုံခံစားခဲ့ရသည်။ ကောင်းကင်ပေါ်သို့ တက်ရောက်နိုင်ခြင်း မရှိသလို၊ မြေကြီးထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိသော်လည်း သူမသည် ကောင်းကင်နတ်အရှင်မူ ပြန်လာမည်ကိုသာ စောင့်ပြီးရင်း စောင့်နေခဲ့လေသည်။
ထိုနှစ်များအတွင်း မီလော့နန်းတော်၏ တာအိုအမှတ်အသားများကို သိမြင်နားလည်ခဲ့သည့်အလျောက် သူမ၏အောင်မြင်မှုများက ပိုပို၍ မြင့်မားလာခဲ့သည်။
ဤအဆင့်တွင် သူမအနေဖြင့် သူမ၏ကိုယ်ပိုင်ခွန်အားကို အားကိုး၍ ကောင်းကင်နတ်သိုင်း၏ လွှမ်းမိုးခြင်းခံနေရသော အခြေအနေမှပင် ရုန်းထွက်နိုင်နေချေပြီ။ မီလော့နန်းတော် တာအိုအမှတ်အသားများနှင့် ကမ္ဘာဦးဖရိုဖရဲသင်္ကေတ၏ ဆန်းကြယ်မှုများထဲမှ အများစုကို ဖြေရှင်းပြီးလည်း ဖြစ်လေသည်။
လင်သည် တာအိုအမှတ်အသားများ၏ ပြောင်းလဲမှုများကို စတင်သိမြင်နားလည်နေပြီး စွမ်းအင်နှင့်ဒြပ်ထု ထိန်းသိမ်းနိုင်စွမ်းအပေါ် နားလည်ထားခြင်းကလည်း ပိုပို၍လေးနက်လာ၏။
တစ်နေ့တွင် ချင်မူ မာန်ဟုန်မြစ်ဆီသို့ ထပ်ရောက်လာသည်ကို သူမ တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူက ရွှေရောင်သင်္ဘောကြီးတစ်စင်းပေါ်၌ ထိုင်နေ၏။ ၎င်းက သူမအား မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲမှ ခေါ်ထုတ်ပေးခဲ့သော ရွှေသင်္ဘောဖြစ်လေသည်။
ကောင်းကင်နတ်အရှင်လင်က ထရပ်လိုက်သည်။ ချင်မူ သူမ၏ ဆံထိုးကို အသက်သွင်း၍ မြူခိုးထဲသို့ ဝင်ရောက်သည့်အချိန်သည် သူမ လွတ်လပ်မည့် နေ့ရက်ပင် ဖြစ်၏။ ချင်မူ၊ ခိုင်ဧကရာဇ်နှင့် အခြားသူများ လွန်ခဲ့သောနှစ်လေးသောင်းမှ ပြန်ရောက်လာမည့်အချိန်လည်း ဖြစ်သည်။
ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် နတ်ဘုရားမထိုက်စုတို့လည်း ထွက်ပေါ်လာကြပြီး မာန်ဟုန်မြစ်မြူခိုးများထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
နောက်ဆုံးတော့ ဤနေ့သို့ ရောက်လာခဲ့လေပြီ။
ကောင်းကင်နတ်အရှင်လင် မော့ကြည့်လိုက်သည့်အခါ ကောင်းကင်မှာ နှစ်ခြမ်းကွဲသွား၏။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကား အန္တိမဟင်းလင်းပြင်တွင် ထွက်ပေါ်လာချေသည်။