← Chapters

ပျော်ရွှင်စရာပူးပေါင်းမှု

Vol. 23 Ch. 331

ပျော်ရွှင်စရာပူးပေါင်းမှု

Vol. 23 Ch. 331

လုပ်ငန်းလည်ပတ်မှုများကို ကိုးငရဲဂိုဏ်းလုပ်ရမည်။ လုယန်ဘက်မှ အသားကင်ဖိုများနှင့် မီးစေ့များသာ ထောက်ပံ့ပေးမည်။ အမြတ်ငွေ ခြောက်ဆယ်ရာနှုန်းရမည်။

ပဥ္စမအကြီးအကဲပင် လုယန် ထိုသို့ပူးပေါင်းမှုမျိုး လုပ်ရဲမည်ဟုမထင်ခဲ့။

ထိုလုပ်ငန်းသည် သူငယ်ရွယ်စဉ်က ညီကိုးနှင့်အတူ လိုသလိုချုံ့ချဲ့မှော်ပညာ ရောင်းချစဉ်ကထက်ပင် ပို၍အကျိုးအမြတ်များသည်။

မျိုးဆက်တိုင်းတွင် ပါရမီရှင်များ ထွက်ပေါ်သည်။ လူငယ်က လူကြီးထက်သာလွန်သည်။

ကိုးငရဲဂိုဏ်းက ပဉ္စမအကြီးအကဲ၏ အကင်ဖိုမှော်စက်ဝန်းအကာအကွယ်များအား ချိုးဖျက်၍ သို့မဟုတ် မီးစေ့များအား ပုံတူပွား၍ ကောင်းကင်ရုံးတော်ဂိုဏ်းကိုကန်ထုတ်ပြီး သူတို့ဘာသာလုပ်ငန်းထူထောင်မည်ကိုလည်း လုယန်မကြောက်။

သူအရိပ်အမြွက်ပြထားသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းတွင် ဂိုဏ်းချုပ်နှင့် ပဲဝါမသေမျိုးရှိသည်။ သူတို့စွမ်းအားက ကိုးငရဲဂိုဏ်းထက် များစွာသာလွန်သည်။ ယခု ကိုးငရဲဂိုဏ်းနှင့် အဆင်ပြေအောင် ပူးပေါင်းလုပ်ဆောင်ခြင်းသည် ရှေးဟောင်းကိုးငရဲဂိုဏ်းကို လေးစား၍သာဖြစ်သည်။ သူတို့ကို ကိုးငရဲဂိုဏ်းက အသိအမှတ်မပြုလျှင် သူတို့ဘက်မှလည်း အသိအမှတ်ပြုမည်မဟုတ်။

ကိုးငရဲဂိုဏ်း တစ်ကိုယ်တော်လှုပ်ရှားရဲလျှင် ကိုယ့်ဘာသာဖျက်ဆီးသည့်လမ်းကြောင်းသို့ ဦးတည်သွားမည်။

ကိုးငရဲဂိုဏ်းကို အသားကင်ဆိုင်ခွဲများ ဖွင့်ခွင့်ပေးခြင်းနှင့်ပတ်သက်၍ လုယန်တွင် တစ်ခြားရည်ရွယ်ချက်တစ်ခုလည်းရှိသည်။ ကိုးငရဲဂိုဏ်းသားတို့၏လှုပ်ရှားမှုများကို ထိန်းချုပ်ဖို့ဖြစ်သည်။

လက်ရှိအခြေအနေက ကိုးငရဲဂိုဏ်းကို အပြည့်အဝဖျက်ဆီး၍ မရနိုင်သေး။ ကိုးငရဲဂိုဏ်း၏ နောက်လိုက်များက ရာဇဝတ်မှုများ ကျူးလွန်နိုင်ခြေရှိနေသည်။ သူတို့ကို ထင်သလိုရမ်းကားခွင့်ပြုထားခြင်းထက် လုပ်စရာတစ်ခုပေးထားခြင်းက ပိုကောင်းသည်။

...

ဂိူဏ်းချုပ်ပေးသည့်တာဝန်ပြီးမြောက်၍ ပူးပေါင်းရေးကိစ္စများ ဆွေးနွေးခဲ့ရသဖြင့် ကျောက်ရိုး အတော်ကျေနပ်နေသည်။

သူ့ဝိညာဉ်ကျောက်အကြွေးတစ်ဘီလျံ ပြန်ဆပ်နိုင်ဖို့ အချိန်သိပ်မကြာလောက်။

ထိုအကြွေးအကြောင်းတွေးမိသဖြင့် ကျောက်ရိုးအကြည့်က အသံတိတ်နေသည့် ချင်ယန်ယန်ထံရောက်သွားသည်။ သူထရပ်လာပြီး တဟဲဟဲရယ်လျက်

"ဒါက ခင်ဗျားတို့ဂိုဏ်းကတွေ့ထားတဲ့ ဂိုဏ်းချုပ်ချင်လူဝင်စားဆိုတာဖြစ်မယ်"

လုယန်လည်း ရယ်သည်။

"ဟုတ်မဟုတ်ဆိုတာ ဂိုဏ်းချုပ်ကျောက်ရိုးစိတ်ထဲမှာ အဖြေရှိပြီးသားဖြစ်ပါလိမ့်မယ်"

ချင်ယန်ယန်မျက်နှာက အရယ်အပြုံးမရှိ။ စကားတစ်ခွန်းမှ ပြောလိုဟန်မရှိ။

သူဘာပြောနိုင်မည်နည်း။ ယခု ကိုးငရဲဂိုဏ်းက သူ့ကို ချင်ဟော်ရန်လူဝင်စားဟုထင်နေသည်။ လူဝင်စားအစစ်က လီဟော်ရန်ပါဟုပြောလည်း ကိုးငရဲဂိုဏ်းက ယုံတော့မည်မထင်။

"ကိုးငရဲဂိုဏ်းချုပ်ဟောင်းက မိန်းမတစ်ယောက်အဖြစ် လူပြန်ဝင်စားလာမယ်လို့ ဘယ်သူထင်မိမှာလဲ။ လောကကြီးရဲ့ အနတ္တသဘောက တကယ်ခန့်မှန်းလို့မရဘူးပဲ"

ထိုသို့ပြောနေသော်လည်း ချင်ဟော်ရန်ကို သူတကယ်လေးစားပါသည်။

ချင်ဟော်ရန်သည် အောင်မြင်စွာ ပြန်ဝင်စားနိုင်ခဲ့ပြီး လူဝင်စားအရိယဖလနှင့် ဆက်နွယ်နေနိုင်ကြောင်း လက္ခဏာအားလုံးက သက်သေခံနေသည်။

လူဝင်စားအရိယဖလကို ကျောက်ရိုး စိတ်အဝင်စားဆုံးဖြစ်သည်။

ဒုဂိုဏ်းချုပ်သုံးယောက်သည် ချင်ဟော်ရန်အမွေအနှစ်များရရန် ဇွနပဲကြီးစွာအပြိုင်အဆိုင် ကြိုးစားကြသည်။ ထိုအမွေအနှစ်များက လူဝင်စားအရိယဖလနှင့် ပတ်သက်နေမည်ဟု ယူဆသောကြောင့်ဖြစ်သည်။

အရင်က ချင်ဟော်ရန်လူဝင်စားအယောင်ဆောင်ခိုင်းထားသည့်လူကို ကျောက်ရိုး မလိုအပ်တော့။ ယခု သူ့ရှေ့တွင် လူဝင်စားအစစ်ရှိနေသည်။

အမွေအနှစ်အတွက် ယှဉ်ပြိုင်ရမည့်အချိန် ရောက်လာလျှင် ချင်ယန်ယန်ကို လှုပ်ရှားဖို တောင်းဆိုရမည်။

သို့သော် ကိုးငရဲဂိုဏ်းနှင့် ကောင်းကင်ရုံးတော်ဂိုဏ်းသည် ယခုမှ စတင်ပူးပေါင်းစဖြစ်၍ ထိုကိစ္စများ ဆွေးနွေးဖို့ အချိန်မတန်သေး။

ပူးပေါင်းရေးကိစ္စဆွေးနွေးဖို့ ဂိုဏ်းချုပ်ကသူ့ကို ညွှန်ကြားသည်။ နောင်တစ်ချိန် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း သူပါဝင်နေရဦးမည်။ အလောတကြီးလုပ်စရာမလိုသေး။

"ချင်ယန်ယန်ကို ကျုပ်နဲ့အတူ ကိုးငရဲဂိုဏ်းကို ပြန်ထည့်ပေးလိုက်လို့ အဆင်ပြေမလား။ ဂိုဏ်းချုပ်ချင်က ကိုးငရဲဂိုဏ်းကို နှစ်ကိုးရာအုပ်ချုပ်ခဲ့တာပါ။ သူ့ခြေရာတွေ အများကြီးကျန်ခဲ့ပါတယ်။ ချင်ယန်ယန်သာ ကျုပ်တို့ဂိုဏ်းကို ပြန်လိုက်လာရင် နေရာပတ်ဝန်းကျင်ကြောင့် အတိတ်မှတ်ဉာဏ်တွေ ပိုပြီးရလာနိုင်ပါတယ်"

ချင်ယန်ယန် နည်းနည်းလန့်သွားသည်။ ကိုးငရဲဂိူဏ်းသို့ တစ်ယောက်တည်းလိုက်သွားခြင်းသည် ခြင်္သေ့ဂူထဲ ဝင်သွားသလိုပင်ဖြစ်သည်။ ခြေလှမ်းတစ်ချက်မှားသည်နှင့် အဆုံးစမဲ့ဒုက္ခများ ဖြစ်လာနိုင်သည်။

လီဟော်ရန် ရှေ့တက်လာပြီး ချင်ယန်ယန်ကို ကိုယ်တစ်ခြမ်းကာ၍ တည်ငြိမ်စွာပြောသည်။

"ကျုပ်သိသလောက်တော့ ခင်ဗျားတို့ဂိုဏ်းဟာ သိပ်မစည်းလုံးဘူးမဟုတ်လား။ ချင်ယန်ယန်အပေါ် ဂိုဏ်းချုပ်သစ်ရဲ့သဘောထားကို မပြောနဲ့ဦး။ သက်တမ်းရင်ဂိုဏ်းဝင်ကြီးတွေက သူ့ကိုဘယ်လိုမြင်မလဲ။ ဂိုဏ်းချုပ်အသစ်ဆိုပြီး ထောက်ခံအားပေးကြမှာလား။ ဒါဆို ခင်ဗျားတို့ဂိုဏ်း ပရမ်းပတာဖြစ်မလာနိုင်ဘူးလား။

ပြီးတော့ လူဝင်စားဘဝဆိုတာ အတိတ်ဘဝနဲ့ အဆက်သွယ်ဖြတ်တဲ့အဓိပ္ပါယ်ပါ။ နောက်ထပ် ဆက်သွယ်ဖို့မဟုတ်ဘူး။ အတိတ်မှတ်ဉာဏ်တွေနောက်ကို လိုက်တယ်ဆိုတာ ကိုယ့်ဘာသာနိမ့်ကျအောင်လုပ်တာပဲ။

ဒုဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေပြီး ငရဲကိုးထပ်နဲ့လူဝင်စားသံသရာအပေါ် ခင်ဗျားနားလည်တဲ့ အတိုင်းအတာက အဲလောက်ပဲလား"

ဤတစ်ခန်းလုံးတွင် ကိုးငရဲဂိုဏ်းအကြောင်း နားအလည်ဆုံးလူသည် လုယန်မဟုတ်။ လီဟော်ရန်ဖြစ်သည်။

အတိတ်ဘဝမှတ်ဉာဏ်အစိတ်အပိုင်းများကြောင့် လူဝင်စားကိစ္စနှင့် ငရဲကိုးထပ်အကြောင်း ချင်ဟော်ရန်၏နားလည်မှုကို သူသုံးသပ်နိုင်သည်။

လူဝင်စားပြီးနောက် ကံအကြောင်းဆက်နွယ်မှုအားလုံး ပြတ်တောက်သွားသည်။ ငရဲကိုးထပ်သည် လူပြန်ဝင်စားသည့်နေရာဖြစ်သည်။ ကံသန့်စင်သည့်နေရာလည်း ဖြစ်သည်။

လီဟော်ရန် လူဝင်စားအကြောင်း နက်နက်ရှိုင်းရှိုင်းနားလည်နေသည်ကို ‌ကျောက်ရိုးမအံ့ဩပါ။ မည်သို့ဆိုစေ သူသည် ရှေးဟောင်းခေတ်ပါရမီရှင်ဖြစ်သည်။ ရှေးဟောင်းကိုးငရဲဂိုဏ်းနှင့် အဆက်အဆံရှိခဲ့သူဖြစ်သည်။ ထိုအကြောင်းများသိနေသည်မှာ မဆန်းလှ။

ချင်ယန်ယန်ကို ခေါ်သွားချင်သော်လည်း အဆင်မပြေသဖြင့် ကျောက်ရိုး လက်လျှော့လိုက်သည်။

"ဟားဟားဟား၊ ခုနက ကျုပ်စနောက်လိုက်တာပါ။ ဘယ်လိုမှသဘောမထားပါနဲ့"

လုယန်လည်း ရယ်လိုက်သည်။

"စနောက်တာဆိုရင်တော့ ကောင်းပါတယ်။ ကျုပ်တို့ဂိုဏ်းက လူတစ်ယောက်ကို ခင်ဗျားတို့ လုယူချင်တာလားလို့တောင် ကျုပ်တွေးမိတော့မလို့ပဲ။ ယင်ထန်မသေမျိုးတောင် ဒါမျိုးမလုပ်ရဲဘူး"

လုယန်လေသံက တည်ငြိမ်နေသော်လည်း နည်းနည်းဒေါသထွက်နေကြောင်း ‌ကျောက်ရိုး ရိပ်မိသည်။ ထို့ကြောင့် နောက်ထပ်အကဲမစမ်းတော့။

"တော်ကြစို့။ ကျုပ်တို့ဂိုဏ်းနှစ်ခု ပူးပေါင်းတဲ့အဆင့်ရောက်လာတာ ကောင်းတဲ့ကိစ္စပါ။ ဒီအသားကင်ဆိုင် ခင်ဗျားကို လွှဲခဲ့မယ်။ ရော..ဒီမှာကျောက်စိမ်းတံဆိပ်။ ကျုပ်ကိုဆက်သွယ်ချင်ရင် ဒါကိုသုံးပါ"

လုယန် ပျင်းရိပျင်းတွဲပြော၍ ကျောက်စိမ်းတံဆိပ်တစ်ခု ကျောက်ရိုးဆီ ပစ်ပေးလိုက်သည်။

ကိုးငရဲဂိုဏ်းနှင့် ဆက်သွယ်လိုလျှင် ဤနေရာသို့ သူတို့ အချိန်မရွေးလာနိုင်သည်။

ဆိုင်ကိုလွှဲပေးခြင်းသည် လုယန်၏ယုံကြည်မှုသင်္ကေတဖြစ်ကြောင်း သိသဖြင့် ကျောက်ရုံးမပေါ့ဆရ။ နောက်လှည့်၍ ဟော်ဟွာရှန်းကို ညွှန်ကြားသည်။

"ယုံကြည်ရတဲ့လူတစ်ချို့ခေါ်ပြီး ဒီအသားကင်ဆိုင်ကို ကောင်းကောင်းစီမန်ပါ"

နောင်တစ်ချိန် ဆိုင်ခွဲများဖွင့်လျှင် ဤဆိုင်သည် ပင်ရင်းဆိုင်ဖြစ်လာမည်။ ဝိညာဉ်ပြောင်းအဆင့်ဂိုဏ်းဝင်တစ်ယောက် ကြီးကြပ်နေမှ သဘာဝကျမည်။

"ဟုတ်ကဲ့"

ဝိညာဉ်ကျောက်ရမည့်အခွင့်အရေးကို ဟော်ဟွာရှန်း လက်လွတ်မခံ။ သူသည် ဝိညာဉ်ကျောက်တစ်ဘီလျံကတိစာချုပ်ကို ယူလာခြင်းဖြစ်ကြောင်း ကျောက်ရိုးသိသွားသည့်တစ်နေ့ ရောက်လာလျှင်လည်း အကြောင်းပြစရာတစ်ခုရမည်။

ကျောက်ရိုး မုသားခွဲခြားသည့် လျှို့ဝှက်ကျင့်စဉ်ကို ရပ်လိုက်သည်။ ထိုကျင့်စဉ်ပညာကို အချိန်ကြာမြင့်စွာ အသက်သွင်းထားရသည်မှာ တကယ်ပင်ပန်းသည်။

သူတို့ဆွေနွေးပြောဆိုခဲ့သည့်တလျှောက်လုံး ဂိုဏ်းသခင်လေးလုသည် အလိမ်အညာတစ်ခွန်းမှ မပြောခဲ့။ ကောင်းကင်ရုံးတော်ဂိုဏ်းမွေခံ၏ အမူအကျင့်က ထိုသို့ဖြစ်ရမည်။ ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်မတ်မတ်လုပ်သည်။ လိမ်ညာလှည့်စားမှုများ တစ်ခြားလူကို အကဲစမ်းသည့်လုပ်ရန်များကို ရွံရှာသည်။

အမှန်တော့ အစကတည်းက ကျောက်ရိုး မုသားခွဲခြားလျှို့ဝှက်ပညာတစ်ခုသုံးနေကြောင်း လုယန်ကို နတ်မယ်က သတိပေးခဲ့သည်။ ထိုစွမ်းအားကို ပိတ်ဆို့ပေးဖို့လိုမလို မေးခဲ့သည်။

လုယန် ငြင်းလိုက်သည်။ ထိုသို့လုပ်လျှင် နတ်မယ် အတော်ပင်ပန်းလိမ့်မည်။ အမှန်တရားဖြင့် တစ်ခြားလူများကို လုယန် လိမ်ညာနိုင်သည်။ ကျောက်ရိုးရိပ်မိမည်ကို သူဘာကြောင့်ကြောက်နေရမည်နည်း။

......

ကိုးငရဲဂိုဏ်းသို့အပြန်လမ်းတွင် ဖြစ်နိုင်ခြေတစ်ခုကို ကျောက်ရိုး ရုတ်တရက် တွေးမိလာသည်။

'ဂိုဏ်းသခင်လေးက တစ်ဘီလျံအကြွေးကတိစာချုပ်ကို အစောကတည်းကသတိထားမိပြီး ငါ့ဆီကို တမင်ပို့ခဲ့တာများလား။

ငါအကြွေးဝန်ပိချိန်ရောက်မှ အသားကင်ဆိုင်လုပ်ငန်းကိုပြပြိး ငါ့ကို မဖြစ်မနေပူးပေါင်းဖို့ လက်ခံလာအောင် ဖိအားပေးခဲ့တာလား'

သူထိတ်လန့်တုန်လှုပ်သွားသည်။ ထိုဂိုဏ်းသခင်လေး၏ အကွက်ချပုံက အတော်သိမ်မွေ့သည်။ ဗျူဟာကျလှုပ်ရှားတတ်သည့်လူမျိုးဖြစ်သည်။

ပွင့်ပွင့်လင်းလင်း အကွက်ချခြင်းဖြစ်သည်။ သူဘာမှ‌‌ရွေးချယ်စရာမရှိဘဲ သဘောတူခဲ့ရသည်။

ပဲဝါအရှင်၏တပည့်၊ ကောင်းကင်ရုံးတော်၏ဂိုဏ်းမွေခံ ဖြစ်နေသည်မှာ မဆန်းတော့။

...

တာအိုလမ်းစဉ်ဂိုဏ်းသို့ အပြန်လမ်းတွင် ယာဉ်ပျံသည် အလာတုန်းကလောက်မမြန်တော့။ ပဉ္စမအကြီးအကဲက စိတ်ဝင်တစားမေးသည်။

"လုယန်၊ ခုနက လောကကြီးရဲ့ အခြေအနေတွေကို သုံးသပ်ခဲ့တဲ့အမြင်တွေ၊ ကိုးငရဲဂိုဏ်းအတွက် ချပေးခဲ့တဲ့ အစီအစဉ်တွေ၊ အသားကင်ဆိုင်ခွဲစိတ်ကူးတွေ။ အဲဒါတွေ ငါတို့နဲ့ဆွေးနွေးတုန်းက မပါဘူးမဟုတ်လား"

မူလအစီအစဉ်တွင် ကိုးငရဲဂိုဏ်းချုပ်၏မေးခွန်းနှစ်ခုကို တုံ့ပြန်ဖို့ကိစ္စ မပါဝင်။

"ဪ...အဲဒါတွေက စကားပြောနေရင်းနဲ့ စိတ်ကူးမိတာလေးတွေပါ"

*****************************************

All Chapters