← Chapters

ကံကြမ္မာဖြတ်တောက်နိုင်တဲ့သန္ဓေ

Vol. 23 Ch. 335

ကံကြမ္မာဖြတ်တောက်နိုင်တဲ့သန္ဓေ

Vol. 23 Ch. 335

ပုံမှန်ဆိုလျင် ဖခင်ဖြစ်သူ ပြည့်တန်ဆာများနှင့် ပတ်သက်ခဲ့သည့်အကြောင်း သမီးရှေ့တွင်ပြောခြင်းသည် မသင့်တော်ပေ။ သို့သော် လီဟော်ရန် မျိုသိပ်မထားချင်။ ချင်ဟော်ရန်၏မှတ်ဉာဏ်များ နှိပ်စက်သည့်ဒဏ်ကို သူခံခဲ့ရသည်။ ထို့ကြောင့် ချင်ဟော်ရန်၏ ဆိုးဝါးသည့်သမိုင်းကို ပြန်ပြောခြင်းဖြစ်သည်။

လုယန်နှင့် မုန်ကျင်းကျိုးတို့ ချင်ယန်ယန်ကို မသိမသာ အကဲခတ်ကြသည်။ သို့သော် သူ့မျက်နှာတွင် ဒေါသရိပ် သို့မဟုတ် စိတ်ပျက်သည့်အရိပ်မျိုး မရှိ။

သူတို့အကြည့်သတိထားမိသဖြင့် ချင်ယန်ယန်က မေးခွန်းထုတ်သည်။

"ရှင်တို့နှစ်ယောက် ဘာလို့ကျွန်မကို ဒီလိုကြည့်နေတာလဲ။ နတ်ဆိုးဂိုဏ်းမှာ ဘယ်လိုလူကောင်းမျိုး ရှိနိုင်မှာလဲ။ ဒီလိုကိစ္စမျိုးက ကျွန်မကြိုတွေးမထားဘူးထင်လို့လား"

လုယန်နှင့်မုန်ကျင်းကျိုးတို့ စဉ်းစားကြည့်သည်။ သူပြောသည့်စကားမှန်သည်ဟု ခံစားရသည်။

သူတို့ကိုယ်တိုင် နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်နေကြောင်းပင် မစဉ်းစားမိ။

လီဟော်ရန် ဆက်ပြောသည်။

"ချင်ဟော်ရန် ဂိုဏ်းချုပ်မဖြစ်ခင်က ရသမျှငွေကို အကုန်သုံးဖြုန်းပစ်တယ်။ လုံးဝမစုဘူး။ သူ့ဒဿနက လက်ရှိအချိန်ကို ပျော်အောင်နေပြီး ဘဝရသကို တတ်နိုင်သမျှခံစားဖို့ပဲ။

ဒါကြောင့် သူငွေပြတ်တိုင်း သူ့ခန္ဓာကိုယ်ကို ရောင်းရတယ်။...အင်း...သွေးကိုရောင်းတယ်လို့ ပြောတာပါ။

ဒါပေမယ့် သူသတိထားပါတယ်။ သူ့သွေးကိုမရောင်းခင်မှာ သူ့သဲလွန်စမှန်သမျှကို ဖျက်ပစ်တယ်။ ဘာလို့လဲဆိုတော့ သွေးကနေတစ်ဆင့် ကျိန်စာတိုက်နိုင်တဲ့ မှောပညာ်တွေရှိလို့ပါ။ ချင်ဟော်ရန်က အဲလိုမဖြစ်အောင် သတိထားပြီးရှောင်တယ်။

သူ့ထက်အရင်ဂိုဏ်းချုပ် ရုတ်တရက်နှလုံးဖောက်ပြီးသေသွားတဲ့အချိန်မှာ သူစဉ်းစားတယ်။ ကိုးငရဲဂိုဏ်းမှာ ဒီလောက်လူတွေ ငွေတွေအများကြီးရှိနေတယ်ဆိုတော့ သူဂိုဏ်းချုပ်ဖြစ်လာရင် စိတ်ကြိုက်သုံးဖြုန်းနိုင်မယ်ပေါ့။

အဟန့်အတားတွေကို သူရှင်းထုတ်ပြီး ပြိုင်ဘက်တွေကိုအနိုင်ယူတယ်။ နောက်ဆုံးမှာ သူဖြစ်ချင်တဲ့ ဂိုဏ်းချုပ်ဖြစ်လာတယ်။ အဲဒီ့နောက်မှာ ကိုးငရဲဂိုဏ်းဟာ သူထင်ခဲ့သလောက် မချမ်းသာဘူးဆိုတာ သိသွားတယ်။

ပြီးတော့ သူနောက်ဆုတ်ဖို့လည်း နောက်ကျလွန်းသွားပြီလေ"

ချင်ဟော်ရန် ဘယ်လောက်စိတ်ပျက်သွားမည်ကို လုယန် စိတ်ကူးဖြင့်မှန်းဆနိုင်သည်။

စိတ်တိုင်းကျ သုံးဖြန်းနိုင်မည့်ဘဝကို စိတ်ကူးယာဉ်၍ ဂိုဏ်းချုပ်ဖြစ်ဖို့ စိတ်အားတက်ကြွနေခဲ့သည်။ ကိုးငရဲဂိုဏ်းသည် မွဲလွန်းသဖြင့် ဂိုဏ်းဝင်များ၏ လစဉ်ထောက်ပံ့ကြေးကိုပင် မပေးနိုင်ကြောင်း သိသွားသည်။ ထိုပြင် ထိုက်စ္စကို ဘယ်သူမှမသိကြ။ အရင်ဂိုဏ်းချုပ်က ဂိုဏ်းရန်ပုံငွေကို အရှုံးပေါ်မည့်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ၍ ဖြုန်းတီးပစ်ခဲ့ပါသည်ဟု အမှန်အတိုင်း သူရှင်းပြလျှင်လည်း ဂိုဏ်းဝင်များက ရန်ပုံငွေကို သူကိုယ်တိုင်အလွဲသုံးစားလုပ်ထားသည်ဟုသာ ထင်ကြမည်။

အရင်ဂိုဏ်းချုပ် အလိမ်ခံရသည်ကို ယုံကြမည်မဟုတ်။ မဖြစ်နိုင်ဟု တွေးမည်။ နတ်ဆိုးဂိုဏ်းဝင်များသည် တစ်ခြားလူကိုသာလိမ်သည်။ တစ်ခြားလူများလိမ်သည်ကို ခံရမည်မဟုတ်ဟု တွေးကြမည်။

ထိုအခြေအနေကြောင့် ဂိုဏ်းချုပ်ဖြစ်လာသည့်ချင်ဟော်ရန် မတတ်သာတော့ဘဲ သူ့နည်းလမ်းများကို ပြောင်းလဲရသည်။ အကျင့်ဟောင်းများကို စွန့်ပယ်ရသည်။ ကိုးငရဲဂိုဏ်း တိုးတက်ဖို့ သို့မဟုတ် ဆက်လက်ရှင်သန်နိုင်ဖို့သာ အာရုံစိုက်ရသည်။

လက်ရှိကိုးငရဲဂိုဏ်းခေါင်းဆောင်သည်လည်း ထိုစိတ်ဓာတ်မျိုးရှိမည်ဟု လုယန်ယူဆသည်။ ဂိုဏ်းချုပ်ဘဝကို ကောင်းသည်ဟုတွေးမည်။ တကယ့်လက်တွေ့ကြုံချိန်တွင် ထိုရာထူးသည် အလွန်တရာကြီးလေးသည့် ဝန်ထုပ်ဝန်ပိုးသာဖြစ်ကြောင်း တွေ့ရမည်။ ကံကြမ္မာက ကျိန်စာတိုက်ထားသည့် ရာထူးဖြစ်သည်။

လက်ရှိဂိုဏ်းချုပ်အနေဖြင့် အခြေအနေမှန်ကို ထုတ်ပြော၍ပင်မရလောက်။ ဂိုဏ်းဝင်များက မေးခွန်းထုတ်မည်။

'ချင်ဟော်ရန်လက်အောက်မှာတုန်းက ကိုးငရဲဂိုဏ်းဟာ ပုံမှန်လည်ပတ်နေတာပါ။ ဘာလို့ ခင်ဗျားဂိုဏ်းချုပ် စဖြစ်ဖြစ်ချင်း ငွေပြတ်သွားရတာလဲ။ ဒီငွေ့တွေ ဘယ်ကိုရောက်သွားတာလဲ'

လုယန်စိတ်ထဲ မေးခွန်းတစ်ခုရှိသည်။ ယခုလက်ရှိဂိုဏ်းချုပ် ဘယ်လိုငွေရှာနေသနည်း။ ချင်ဟော်ရန်နည်းလမ်းအတိုင်း ချေးငွေများထုတ်နေသလားမသိ။

လီဟော်ရန်အသံကြောင့် လုယန်အတွေးစများ ပြတ်သွားသည်။

"ချင်ဟော်ရန်ရဲ့ အသစ်ဖန်တီးနိုင်တဲ့ပညာက သွေးရောင်းဖို့ပဲ အသုံးဝင်တာတော့မဟုတ်ဘူး။ ကံကြမ္မာကိုလည်း ဖြတ်တောက်ပေးနိုင်တယ်။ ဒါပေမယ့်ကျုပ်က သန္ဓေတည်ဆောက်ပြီးစပဲရှိသေးတာ။ ဒီပညာကို မသုံးနိုင်သေးဘူး"

"ဘာကိုဆိုလိုတာလဲ"

ခြေလက်ပြန်ဖန်တီးနိုင်သည့်ကျင့်စဉ်ပညာသည် "ကံကြမ္မာ"ဟူသည့် နက်ရှိုင်းသည့်အရာနှင့်ပတ်သက်နေမည်ဟု သူထင်မထား။

လီဟော်ရန် ရှင်းပြသည်။

"စဉ်းစားကြည့်လေ။ လက်ဖြတ်ခံရရင် အသစ်ပြန်ပေါက်တယ်မဟုတ်လား"

"အင်း"

လုယန်ခေါင်းငြိမ့်သည်။

"ခြေဖြတ်ခံရရင်လည်း အသစ်ပြန်ဖြစ်လာတယ်မဟုတ်လား"

"အင်း"

မုန်ကျင်းကျိုးခေါင်းငြိမ့်သည်။

"ခန္ဓာကိုယ်နဲ့ ကိုယ်တွင်းအင်္ဂါတွေပျက်စီးရင်လည်း အသစ်ပြန်ဖန်တီးနိုင်တယ်မဟုတ်လား"

"အင်း"

ချင်ယန်ယန်ခေါင်းငြိမ့်သည်။

"ခေါင်းဖြတ်ခံရရင်လည်း အသစ်တစ်ခု ပြန်ပေါ်တယ်မဟုတ်လား"

"အင်း"

ကျိုးရှင်းခေါင်းငြိမ့်သည်။

လီဟော်ရန်က မပွင့်တပွင့်ပြုံး၍

"ခေါင်း၊ ခန္ဓာကိုယ်နဲ့ ခြေလက်တွေအားလုံး အသစ်ပြန်ဖန်တီးလိုက်ရင် ကျုပ်တစ်ကိုယ်လုံး အစားထိုးလိုက်တဲ့သဘောပဲမဟုတ်လား။ ကျုပ်က အရင်လူဟုတ်သေးလို့လား"

"..."

"ကျုပ်တစ်ကိုယ်လုံးကို အစားထိုးပြီးရင် ကျုပ်က မူလလူမဟုတ်တော့ဘူးလေ။ ကံကြမ္မာက ကျုပ်ကို ရှာနိုင်ဦးမှလား"

လုယန်စိတ်ထဲ တွေးနေသည်။

'သူကိုးငရဲဂိုဏ်းချုပ်ဖြစ်ခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး။ တကယ်ကြမ်းတမ်းပြီး ပါးနပ်တဲ့လှည့်ကွက်ပဲ။ ဒီလိုအတွေးမျိုး ဘယ်သူတွေးမိမှာလဲ'

"ဒါပေမယ့် ဒီပညာမှာ ကံကြမ္မာစွမ်းအားပါနေတယ်။ ကျုပ်ကျင့်စဉ်အဆင့်က မတည်ငြိမ်သေးဘူး။ တည်ငြိမ်သွားတဲ့အခါ ကျုပ်လည်း ဒီလိုလုပ်နိုင်လာမှာပါ"

လီဟော်ရန် သူ့ရွှေသန္ဓေသူ အတော်ကျေနပ်နေဟန်ရှိသည်။ တိုက်ပွဲတွင်အသုံးတည့်ရုံမက ကံကြမ္မာကိုလည်း ဖျောက်ဖျက်ပေးသည်။ 'ပြန်မွေးဖွားခြင်း"ဟူသည့်နာမည်နှင့် တကယ်ကိုက်ညီသည်။

သူတို့စကားပြောနေရင်း ယာဉ်ပျံက တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်လာသည်။ ကျိုးရှင်းက လီဟော်ရန်ကိုဆွဲ၍ တစ်ခြားအကြီးအကဲများနှင့် ယွမ်ကျိကိုတွေ့ဆုံရန် ခေါ်သွားသည်။ သူ့ရွှေသန္ဓေ ပြဿနာရှိမရှိ သေချာစစ်ဆေးဖို့ဖြစ်သည်။

"ညီလေးလု၊ ညီလေးမုန်၊ အကိုတိုင်ပုဖန်က မင်းတို့ကိုရှာနေတယ်"

သူတို့ကိုမြင်သည်နှင့် စီနီယာအကိုတစ်ယောက်က ပြောသည်။

"ကျုပ်တို့ကိုရှာတယ်..."

နှစ်ယောက်လုံး အံ့အားသင့်သွားသည်။ ဤခရီးစဉ်တွင် သူတို့ ဘာမှအမှားလုပ်ခဲ့သည်မထင်။

"တူမလေး၊ ငါတို့ သွားလိုက်ဦးမယ်။ မင်းက သန့်စင်မှု့တစ်ရာတောင်ထိပ်မှာနေပါ"

လုယန် ချင်ယန်ယန်ကို ပြောသည်။ ထိုတောင်ထိပ်တွင် ကျင့်ကြံမှုလုပ်ရင်း သို့မဟုတ် တာအိုလမ်းစဉ်ဂိုဏ်းအခြေနေကို လေ့လာခံစားရင်း အချိန်ဖြုန်းဖို့ အကြံပြုသည်။

သူလည်း စားသောက်ခန်းမကို သွားလေ့လာဖြစ်မည် ထင်ပါသည်။

...

နှစ်ယောက်သား မစ်ရှင်ခန်းမသို့ သွာားကြသည်။

"အကိုတိုင်၊ ကျုပ်တို့ကိုရှာနေတယ်ဆို။ ဒီခရီးမှာ အကြီးအကဲကျိုးရှင်းလည်းပါပါတယ်။ ကျုပ်တို့ စည်းဘောင်‌ကျော်တာ ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး"

လုယန်က အပြစ်ကင်းကြောင်း ချက်ချင်းကြေညာသည်။

တိုင်ပုဖန် စိတ်သက်သာရာရသွားသည်။

"ကောင်းတာပေ့ါ။ မင်းတို့က အပြင်ထွက်တိုင်း ဂြိုလ်မွှေတတ်လို့ပါ။ တစ်နေ့နေ့ မင်းတို့ပြန်လာချိန် မင်းတို့လုပ်ခဲ့တာ ငါ‌တောင်မသိရဘဲ နတ်ဆိုးဂိုဏ်းတစ်ခုလုံးရှင်းခဲ့ပြီးပြီလို့ ပြောလာမှာကို ငါအမြဲစိုးရိမ်နေရတာ"

တာအိုလမ်းစဉ်ဂိုဏ်း၏ သတင်းအချက်အလက်များကို စီမံကွပ်ကဲရသည့် တိုင်ပုဖန်သည် လုယန်တို့ခရီးထွက်တိုင်း အချက်အလက်များ ပြန်ပြင်ရတတ်သည်။ သူတို့က အမြဲတမ်း ထူးခြားသည့်ရလာဒ်မျိုးနှင့် ပြန်လာသောကြောင့်ဖြစ်သည်။

တစ်နေ့နေ့တွင် "အကိုတိုင်၊ သတင်းကောင်းရှိတယ်။ ကျုပ်တို့ နတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်းလုံးကို ချေမှုန်းခဲ့ပြီးပြီ"ဟု ပျော်ပျော်ရွှင်ရွှင် အစီရင်ခံလာမည်ကိုကြောက်သည်။

အသေးစိတ်အချက်အလက်များကို သူမသိရဘဲ ထိုအခြေအနေမျိုးဖြစ်လာခဲ့လျှင် သူ့ကိုယ်သူ သတင်းစီမံမှုညံ့သည်ဟု သတ်မှတ်မိမည်။

ထိုသို့မဖြစ်စေရန် လုယန်တို့ခရီးတစ်ခုထွက်တိုင်း ဘာတွေလုပ်ခဲ့သည်ကို သူမေးမြန်းဖို့လိုသည်ဟု ခံစားရသည်။

"ဒီတစ်ခေါက် ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းဟာ ရှေးဟောင်းစွမ်းအားမြင့်ပုဂ္ဂိုလ်တွေနဲ့ တည်ထောင်ထားတယ်လို့ ကိုးငရဲဂိုဏ်းယုံကြည်အောင် လုပ်ခဲ့တယ်။ ဒီအခြေအနေကို အသုံးချပြီး သူတို့နဲ့ ရေရှည်လက်တွဲဖို့ အစီအစဉ်ချနိုင်ခဲ့တယ်။ ကျုပ်တို့အတူပူးပေါင်းပြီး အသားကင်ဆိုင်ဖွင့်တော့မှာ။ ကျုပ်တို့က နည်းပညာထောက်ပံ့မယ်။ သူတို့က လူအင်အားစိုက်မယ်။ ကျုပ်တို့က အမြန် ၆၀ ရာနှုန်းရမယ်။ သူတို့က ၄၀ ရမယ်။

အချိန်နည်းနည်းကြာလို့ လုပ်ငန်းလည်ပတ်ပုံကို သူတို့ကျွမ်းကျင်သွားတာနဲ့ ဆိုင်သစ်တွေဖွင့်ဖို့ သူတို့အရှိန်မြှင့်နိုင်မယ်ထင်ပါတယ်။ သိပ်မကြာခင် တိုက်နယ်တစ်ခုလုံး ကျုပ်တို့ရဲ့အသားကင်ဆိုင်ခွဲတွေ ဖွင့်နိုင်မယ်လို့ ယုံကြည်ပါတယ်"

သူတို့အစီအစဉ်ကို တိုင်ပုဖန် အတော်သဘောကျသွားသည်။

"ဒါတကယ် သတင်းကောင်းပဲ။ ကြည့်ရတာ ကိုးငရဲဂိုဏ်း ခဏတော့ ငြိမ်သွားမယ်ထင်တယ်။ ဒါနဲ့...အကြီးအကဲကျိုးရှင်းကို ဘယ်လိုနေရာမျိုးပေးခဲ့လဲ"

ရှုပ်ထွေးနေသည့်ကာလတွင် မလိုအပ်သည့်ပြဿနာများမဖြစ်အောင် ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။

မုန်ကျင်းကျိုးက အလေးအနက်လေသံဖြင့်

"ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ကာကွယ်သူကိုးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ ရတနာများရှင်ကောင်းကင်ဘုရင်ပါ"

တိုင်ပုဖန် လည်ပင်းဆန့်လိုက်သည်။

"ဟား...ရတနာများရှင်ကောင်းကင်ဘုရင်။ တကယ်ကွက်တိကျတဲ့ဘွဲ့နာမည်ပဲ။ သူသဘောကျမှာ သေချာတယ်...နေပါဦး၊ ကာကွယ်သူကိုးယောက်တဲ့လား။ ဒီကိုးယောက်က ဘယ်ကလဲ"

လုယန် စတင်လက်ချိုးရေတွက်သည်။

"အကြီးအကဲရှစ်ယောက်ရယ်။ ပြီးတော့ ကျုပ်ဆရာရယ်။ ကိုးယောက်ပဲလေ။ အမယွမ်ကို ဂိုဏ်းချုပ်ခန့်ဖို့လည်း စီစဉ်ထားတယ်။ ဘာပဲပြောပြော ကောင်းကင်ရုံးတော်ဂိုဏ်းဟာ လောကကိုလွှမ်းမိုးနိုင်စွမ်းရှိတဲ့ အဓိကအင်အားစုတစ်ခုဖြစ်နေရမှာ။ ဒီတော့ လူအင်အားဒီလောက်ရှိတာ မလွန်ဘူးမဟုတ်လား"

"ဒါဆိုမင်းက ငါတို့ဂိုဏ်းရဲ့ ထိပ်တန်းဂိုဏ်းဝင်တွေအားလုံးကို မင်းတို့ကောင်းကင်ရုံးတော်ဂိုဏ်းထဲထည့်ဖို့ စီစဉ်နေတယ်ပေါ့"

***********************************

All Chapters