← Chapters

နတ်မယ်၏ဒွိဟ

Vol. 23 Ch. 340

နတ်မယ်၏ဒွိဟ

Vol. 23 Ch. 340

တာအိုလမ်းစဉ်ဂိုဏ်းကျမ်းစာတိုက်တွင်သိမ်းထားသည့် ကျင့်စဉ်နည်းလမ်းများသည် မဟာရှားနန်းတော်၏ကျမ်းစာတိုက်ထင်ပင် ပိုများသည်။

ရှေးခေတ်မှ ကျင့်စဉ်နည်းလမ်းမျိုးစုံကို ယခင်ဂိုဏ်းမျိုးဆက်တို့၏ကျင့်စဉ်များနှင့်အတူ အားလုံးကို ကျမ်းစာဆောင်တွင် သိမ်းထားသည်။

မုန်ကျင်းကျိုးလေ့ကျင့်သည့် သန့်စင်ယန်ကျင့်စဉ်ကိုပင် ဤနေရာတွင် တွေ့ရသည်။ လုယန်နှင့်ယှဉ်လျှင် မုန်ကျင်းကျိူး၏ ကျင့်စဉ်ပညာက ပိုရိုးရှင်းသည်။ ထင်ရှားသည့်ကျင့်စဉ်လမ်းကို ယခင့်ယခင်တစ်ကိုယ်တော်ကျင့်ကြံသူများက ချန်ထားခဲ့ပြီးဖြစ်သည်။ ထိုလမ်းကြောင်းအတိုင်း လိုက်နေသရွှေ့ ကူးဖြတ်ခြင်းအဆင့်သို့ ရောက်မည်မှာ မလွဲဧကန်ဖြစ်သည်။

သို့သော် ရှေ့မျိုးဆက်တို့၏ တစ်ကိုယ်တော်ဝိညာဉ်မြစ်အကန့်အသတ်ကို ချိုးဖျက်ပြီး တစ်ကိုယ်တော်အမွှာရွှေသန္ဓေတည်ဆောက်ခဲ့သည့် မုန်ကျင်းကျိုးသည် မူလခင်းထားသည့်လမ်းအတိုင်း လျှောက်လို့ရမရ လုယန်သေချာမပြောတတတ်။

"ဘာလို့ဒီလောက်ပါးနေတာလဲ"

သန့်စင်ယန်ဝိညာဉ်မြစ်ကျင့်စဉ်စာအုပ်ကိုကိုင်၍ လုယန်စဉ်းစားသည်။ ဤစာအုပ်တွင် ရွှေသန္ဓေအဆင့် နတ်ဝိညာဉ်အဆင့်တို့၏ ကျင့်ကြံနည်းများ အသေးစိတ်ရေးထားလိမ့်မည်။ စကားလုံးတိကျ၍ အရေးအသားကျစ်လျစ်လျှင်ပင် ယခုလောက်တော့ မပါးသင့်။

စာအုပ်ကိုဖွင့်ဖတ်လိုက်သည်။ အထဲတွင် စာတစ်ကြောင်းတည်းသာပါသည်။

"ဆက်သွားပါ၊ လူပျိုရည်မပျက်စေနဲ့။ ကျင့်ကြံမှုက အစပိုင်းပဲရှိသေးတယ်"

မှန်သည်၊ တစ်ကိုယ်တော်ဝိညာဉ်မြစ်မျိုးဆက်တွင် စုစည်းခြင်းအဆင့် ကူးဖြတ်ခြင်းအဆင့်သို့ရောက်ခဲ့သူ များစွာရှိသည်။ ထိုစီနီယာများနှင့် ယှဉ်ကြည့်လျှင် ရွှေသန္ဓေအဆင့်သည် ခရီးအစသာဖြစ်သည်။

"ဒါဆို..မင်းတို့ တစ်ကိုယ်တော်ဝိညာဉ်မြစ်တွေက လူပျိုရည်မပျက်သရွေ့ ဆက်ကျင့်ကြံလို့ရတယ်ပေါ့...ဟားဟား"

ကူးဖြတ်ခြင်းအဆင့်ရောက်အောင် ပင်ပင်ပန်းပန်းကျင့်ကြံခဲ့သည့် တစ်ကိုယ်တော်ဝိညာဉ်မြစ်ပိုင်ရှင်အကြောင်း လုယန်ကြားဖူးသည်။ ထို့နောက်တွင် ခမ်းနားသည့်ဂုဏ်ပြုပွဲကျင်းပသည်။ နန်းမြို‌့တော်မှ ဆောင်ကြာမြိုင်အားလုံးကိုငှား၍ တစ်လုံးလုံးပျော်ပါးသည်။ မြို့တော်ဆောင်ကြာမြိုင်များ၏ ဝင်ငွေအသုံးစရိတ်ကို တစ်ကိုယ်တော်မြှင့်တင်ခဲ့သည်။

ထိုအဖြစ်ကို အခဲမကျေစိတ်ဖြင့် အတိုးချ၍သုံးဖြုန်းခြင်းဟု ခေါ်သည်။

တစ်ကိုယ်တော်ဝိညာဉ်မြစ်ကျင့်ကြံသူများသည် ဗုဒ္ဓဂိုဏ်းဝင်များနှင့်မတူ။

ဗုဒ္ဓဝါဒက ကာမဂုဏ်ဆန္ဒများ ပယ်သတ်ဖို့ စိတ်နှစ်မြှုပ်ထားသည်။ မိန်းမလှများကို အသားဖုံးထားသည့် မတည်မြဲသည့် တွယ်ငြိမ်ဖို့မထိုက်တန်သည့် အရိုးစုသက်သက်ဟု မြင်သည်။

သို့သော် တစ်ကိုယ်တော်ဝိညာဉ်မြစ်ကျင့်ကြံသူများက ထိုဆန္ဒများကို မပယ်သတ်နိုင်။ တကယ်တမ်းပြောရလျှင် သူတို့ကျင့်စဉ်အဆင့်မြင့်လာသည်နှင့်အမျှ ထိုဆန္ဒများလည်း တိုးပွားလာနိုင်သည်။ ထိုအခြေအနေမျိုးကြုံလျှင် စိတ်ကိုချုပ်တည်း၍ သည်းခံရုံသာရှိသည်။ မိန်းမလှကို အရိုးစုဟု မြင်ယောင်ရသည့်အခြေအနေဟုပင် ဆိုနိုင်သည်။

နောက်ထပ်ထူးခြားကျင့်စဉ်တစ်ခုလည်း လုယန်တွေ့သည်။ "ခန္ဓာစတေးကျင့်စဉ်"ဟုခေါ်သည်။ နာမည်အတိုင်းပင် ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကိုစတေး၍ ကျင့်ကြံသည့်နည်းလမ်းဖြစ်သည်။ အရာအားလုံး သဘာဝမှအစပြုပြီး နောက်ဆုံးတွင် သဘာဝသို့ပြန်ရောက်သွားသည်ဟူသည့် အယူအဆကို အခြေခံထားသည်။

အရာအားလုံး သဘာဝတရားမှ လာသည်ဆိုလျှင် ဘာကြောင့်ကိုယ့်ကိုယ်ကို သဘာဝတရားသို့ ပြန်မပေးနိုင်ရမည်နည်း။

ထိုကျင့်စဉ်ကိုကျင့်ကြံရန် ကျင့်စဉ်အဆင့်တက်မြန်ဖို့နှင့် ကျင့်စဉ်အဆင့်တက်မြန်ဖို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု စတေးရသည်။

ထို့ကြောင့် ထိုကျင့်စဉ်ကျင့်ကြံသူများသည် မျက်ကန်းများ၊ အ,အများ၊ စိတ်ပျက်စရာခန္ဓာကိုယ်ပိုင်ရှင်များ ဘဝဖြင့် အဆုံးသတ်ရလေ့ရှိသည်။ တစ်ချို့ဆိုလျှင် အထပ်ထပ်စတေးမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အခွံသက်သက်သာကျန်သည်။

ကျင့်စဉ်က အလွန်တရာပြင်းထန်သည်။ သို့သော် နတ်ဆိုးကျင့်စဉ်လမ်းအဆင့်ထိတော့ မရောက်။

လုယန်၏စီနီယာအကိုတစ်ယောက် ထိုကျင့်စဉ်ကို ကျင့်ကြသည်။

ချီစုစည်းခြင်းအဆင့်တွင် သူ့အူအတက်ကို စတေးခဲ့သည်။ အခြေတည်အဆင့်တွင် ခန္ဓာကိုယ်အဆီကို စတေးခဲ့သည်။ ရွှေသန္ဓေအဆင့်တွင် ဆံပင်ကိုစတေးသည်။ နတ်ဝိညာဉ်အဆင့်တွင် အမြင်အာရုံကို စတေးခဲ့သည်။ ယခုသူသည် မျက်မှန်တပ်ရသည့် အဝေးမှုန်တစ်ယောက်ဖြစ်နေသည်။

(**အတော်နစ်နာမယ့် စတေးချက်တွေပဲ)

"အရာအားလုံး သဘာဝတရားကနေစတင်ပြီး နောက်ဆုံးမှ သဘာဝတရားဆီ ပြန်သွားရမယ်တဲ့လား။ ဒီစကားကို အတော်ရင်းနှီးနေသလိုပဲ။ အချိန်မသေမျိုးက အဲလိုစကားမျိုး ငါ့ကိုပြောဖူးတယ်။ အရာအားလုံးဟာ တိုးတက်တဲ့အချိန် ဆုတ်ယုတ်တဲ့အချိန်ဆိုတာရှိတယ်၊ နှစ်ခုလုံးက သဘာဝရဲ့ခမ်းနားတဲ့အစီအစဉ်ကြီးထဲက တဒင်္ဂအချိန်လေးတွေပဲတဲ့။

သဘာဝကိုအတုယူပြီး အရိုးရှင်းဆုံးအခြေအနေကို ပြန်ရောက်မှသာ လူတစ်ယောက်ဟာ ထာဝရစွမ်းအားကို ထိန်းသိမ်းနိုင်မယ်တဲ့။

သူ့စကားကြောင့် ငါအချိန်အကြာကြီးအခက်တွေ့နေခဲ့တဲ့ ပြဿနာတစ်ခု ရှင်းသွားတယ်။ သူ့စကားကြောင့် စိတ်ခွန်အားတစ်ခုရလာပြီး ထာဝရမသေမျိုးကျင့်စဉ်ကို ရေးခဲ့တယ်။ တာအိုကိုရပြီး မသေမျိုးဖြစ်လာတယ်"

"နတ်မယ်၊ ခင်ဗျားဉာဏ်ရည်နဲ့တောင် အခက်တွေ့တဲ့ပြဿနာမျိုး ရှိသေးတယ်ပေါ့"

လုယန် ပင့်ပေးလိုက်သည်။ ထာဝရနတ်မယ့် အတော်ပီတိဖြာသွားသည်။ သို့သော် လုယန်ရှေ့တွင် အမူအရာထိန်းသိမ်းဖို့ ဆုံးဖြတ်လိုက်သည်။ ချီးမွှမ်းစကားအနည်းငယ်ပြောရုံဖြင့် ထိုမျှအလွယ်တကူ ပျော်ရွှင်ကျေနပ်သွား၍မဖြစ်။ ထို့ကြောင့် အပြုံးကိုထိန်းချုပ်လိုက်သည်။ ပြုံးရုံလေးသာပြုံးသည်။

"ဒီမသေမျိုးရဲ့ပါရမီက ရှေးဟောင်းခေတ်မှာ ပြိုင်ဘက်ကင်းပြီး ယင်ထန်အုပ်စုထက် သာလွန်ပေမယ့်လည်း မသေမျိုးဖြစ်ဖို့ကိစ္စနဲ့ ပတ်သက်လာရင် အခက်အခဲတွေကြုံရတာပါပဲ"

လုယန် ခေါင်းငြိမ့်သည်။ မသေမျိုးဘဝသည် ကျင့်ကြံသူတိုင်းအတွက် အဓိကပန်းတိုင်ဖြစ်သည်။ ထာဝရနတ်မယ် အခက်အခဲတွေ့များရင်ဆိုင်ရသည်ကို နားလည်နိုင်ပါသည်။

"အခက်အခဲဆိုတာက အရိယဖလရဖို့ကိစ္စလား"

"ဘယ်လိုအရိယဖလတည်ဆောက်မလဲဆိုတာပါ"

လုယန် - "..."

"အဲဒီတုန်းက ငါ့မှာရွေးချယ်စရာတွေအများကြီးပဲ။ ယင်ထန်မသေမျိုးလို "ကောင်းကင်ဆင်းရဲအရိယဖလ" ဒါမှမဟုတ်လေဟာနယ်ရဲ့ဆန်းကျယ်မှုတွေကို နားလည်နိုင်တဲ့ "လေဟာနယ်အရိယဖလ"ကို ငါတည်ဆောက်လို့ရတယ်။ အချိန်မသေမျိုးလို "အချိန်အရိယဖလ"တောင် တည်ဆောက်လို့ရတယ်။ ဒါပေမယ့် ဘယ်အရိယဖလကိုမှ ငါအားမရဘူး။ ဒါတွေက ငါ့စွမ်းရည်အစစ်တွေကို မထင်ဟပ်နိုင်ဘူး။

တကယ်တော့ ငါ့တိုးတက်နှုန်းအရဆို ကိုးဆမသေမျိုး အချိန်မသေမျိုးတို့ထက်စောပြီး ငါမသေမျိုးဖြစ်ခဲ့သင့်တာ။ ဒါပေမယ့် ကံဆိုးချင်တော့ အရိယဖလရွေးချယ်တဲ့နေရာမှာ အခက်အခဲတွေကြုံရတယ်။ ဘယ်တစ်ခုကို ရွေးရမယ်ဆိုတာ မဆုံးဖြတ်နိုင်ဘူး။

ဒါကြောင့်ငါ အချိန်နည်းနည်းလေး နှောင့်နှေးသွားတယ်။ တကယ့်နည်းနည်းလေးပါ"

နတ်မယ် လက်မနှင့်လက်ညှိုးကွေး၍ ကြားတွင်ဟာကွက်နည်းနည်းချန်ပြီး အမူအရာလုပ်ပြနေသည်။

ထို"နည်းနည်း"ဆိုသည့်အချိန်သည် ဘယ်လောက်ကြာမည်မှန်း လုယန်မသိ။ ရက်ပိုင်းလား လပိုင်းလား နှစ်ပိုင်းလား မပြောတတ်။

ထာဝရနတ်မယ်က ဆယ့်ခြောက်နှစ်ဟု သူ့ကိုယ်သူ ကြေညာထားသဖြင့် သူ့အချိန်အယူအဆကို လုယန်မယုံရဲ။

"နောက်တော့ ကိုးဆမသေမျိုး၊ အချိန်မသေမျိုး၊ ယင်ထန်မသေမျိုး၊ ချီလင်မသေမျိုးတို့ တစ်ယောက်ပြီးတစ်ယောက် မသေမျိုးဖြစ်လာတယ်။ ငါကနောက်ကျကျန်ခဲ့တယ်"

ထိုသို့ပြောရင်း နှာခေါင်းရှုံ့သည်။ နောက်ကောက်ကျခဲ့သည့်အဖြစ်ကို အလိုမကျသည့်သဘောဖြစ်သည်။

"ချီလင် မသေမျိုးဖြစ်ပြီးတဲ့အချိန်မှာ အချိန်မသေမျိုးက ခုနကစကားတွေ ငါ့ကိုပြောခဲ့တာ။ ဒါတွေက ငါ့ကိုခွန်အားဖြစ်စေခဲ့တယ်။ နောက်ဆုံးတော့ သူတို့အားလုံး မနာလိုဖြစ်ကြရတဲ့ ထာဝရအရိယဖလကို ငါတည်ဆောက်ခဲ့တယ်"

ထာဝရနတ်မယ်က ဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။ ထိုအရိယဖလသည် သူဂုဏ်အယူရဆုံး အရိယဖလဖြစ်သည်။

စိတ်ခွန်အားပေးသည့် အချိန်မသေမျိုးကို ကျေးဇူးဆပ်သည့်အနေဖြင့် အရသာရှိသည့်အစားအသောက်များ စားပွဲအပြည့် အထူးတလည် သူပြင်ဆင်ပေးခဲ့သည်။ အချိန်မသေမျိုးက ရင်ထဲထိလွန်းသဖြင့် အတိတ်ကသူ့ဆုံးဖြတ်ချက်များအတွက် ဝမ်းနည်းကြေကွဲ၍ နာကျင်စွာငိုကြွေးသည်။

လုယန် အတွေးနစ်သွားသည်။ အချိန်မသေမျိုး၏စကားတွင် နက်ရှိုင်းသည့်အဓိပ္ပါယ်များစွာပါသည်။ သို့သော် လက်ရှိတွင် သူ့ကျင့်စဉ်အဆင့်နိမ့်သေးသဖြင့် အပြည့်အဝနားမလည်။

ထိုမျှနက်နဲ့သည့်အဓိပ္ပါယ်ကို တစ်ခြားတစ်ယောက်က တိုက်ရိုက်ရှင်းပြလိုက်လျှင် အရသာပျက်သွားမည်။

အချိန်မသေမျိုး၏စကားများကို မှတ်ထားလိုက်ပြီး ကျင့်စဉ်ပညာများကို ဆက်ကြည့်သည်။

ဈေးတွင်တွေ့ရသည့် သာမန်ကျင့်စဉ်များအပြင် အနည်းငယ်ကွဲပြားသည့် ကျင့်စဉ်ပညာအမျိုးမျိုးကိုလည်း ကျမ်းစာတိုက်တွင် သိမ်းထားသည်။ စီနီယာအကိုအမများ၏ကျင့်စဉ်နည်းများဖြစ်သည်။

သူ့စီနီယာများသည် လုံးဝအသစ်စစ်စစ်ကျင့်စဉ်ပညာများ မဖန်တီးနိုင်သော်လည်း ရှိပြီးကျင့်စဉ်များကိုတော့ ကောင်းစွာတီထွင်ဆန်းသစ်နိုင်ကြသည်။

ဥပမာ အခုလုယန်လေ့လာနေသည့် "မဟာနေမင်းဓမ္မခန္ဓာကျင့်စဉ်"တွင် နေမင်းအကြောင်း ထိုးထွင်းနားလည်ခြင်းနှင့် အရာအားလုံးကိုပြာချပစ်နိုင်သည့် "မဟာနေမင်းဓမ္မခန္ဓာ"တည်ဆောက်ရန် နေစွမ်းအားကို ထိန်းချုပ်ခြင်းများပါဝင်သည်။ နေ့ခင်းဘက်တွင် မဟာနေမင်းဓမ္မခန္ဓာစွမ်းအားက အမြင့်ဆုံးသို့ရောက်သည်။ သို့သော် နေဝင်၍ညရောကလျှင် စွမ်းအားလျော့ကျသွားသည်။

အမတစ်ယောက်က ထိုကျင့်စဉ်ကို အနည်းငယ်ပြုပြင်ပြီး "မဟာလမင်းဓမ္မခန္ဓာကျင့်စဉ်"ကို ရေးသားသည်။ လအကြောင်းနားလည်ခြင်းနှင့် အားကောင်းသည့်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ပြီး ရေကဲ့သို့နူးညံ့သည့် မဟာလမင်းဓမ္မခန္ဓာတည်ဆောက်ခြင်းများပါဝင်သည်။

ထိုထက်အ‌ရေးကြီးသည်မှာ ထိုကျင့်စဉ်နှစ်ခုကို ပူးတွဲကျင့်ကြံနိုင်ခြင်းပင်ဖြစ်သည်။ ကျင့်ကြံသူအနေဖြင့် နေ့ဘက်တွင်နေခန္ဓာနှင့် ညဘက်တွင်လခန္ဓာကို ပြောင်းလဲနိုင်သည်။

ဤအပိုင်းက ပထမအဆင့်ဖြစ်သည်။ ရွှေသန္ဓေအဆင့်နှင့် နတ်ဝိညာဉ်အဆင့်အတွင်း ကျင့်ကြံနိုင်သည်။

ဒုတိယအဆင့်သို့ရောက်လျှင် နေခန္ဓာ လခန္ဓာနှစ်ခုကို တစ်ပြိုင်တည်းဆင့်ခေါ်နိုင်သည်။ 'နေလအတူယှဉ်တွဲတောက်ပခြင်း'ဖြစ်စဉ်ဟုခေါ်သည်။ စွမ်းအားနှစ်ဆတိုးလာသည်။

တတိယအဆင့်တွင် နေခန္ဓာလခန္ဓာ တစ်ခုတည်းပေါင်းစည်းသွားသည်။ "ထိုက်ချိအသွင်ပြောင်းခြင်း"ဟုခေါ်သည့် ဓမ္မခန္ဓာအသစ်တစ်ခု ဖြစ်ပေါ်လာသ်ည။ ခန္ဓာနှစ်ခု၏ အားသာချက်များ ပေါင်းစပ်သွားသည်။ တိုက်ခိုက်ခြင်း ခုခံခြင်းနှစ်ခုလုံးတွင် ထိရောက်သည်။

ထိုကျင့်စဉ်ကို လုယန်အတော်စိတ်ဝင်စားသွားတယ်။ တကယ်စွမ်းအားကြီးသည်ဟု ထင်မိသည်။

ကျမ်းစာတိုက်ပထမထပ်တွင် လေ့လာစဉ်က "နေကြည့်ကျင့်စဉ်"ဟုခေါ်သည့် ကျင့်စဉ်တစ်ခုတွေ့ခဲ့သည်။ ‌ရွှေန္ဓေအဆင့်ရောက်လျှင် ဒုတိယထပ်သို့ဆက်သွား၍ ထိုကျင့်စဉ်၏နောက်ဆက်တွဲများဖြစ်သည့် "မဟာနေမင်းဓမ္မခန္ဓာကျင့်စဉ်"နှင့် "မဟာလမင်းဓမ္မခန္ဓာကျင့်စဉ်"ကို လေ့လာနိုင်သည်ဟု ဖော်ပြထားသည်။

ထိုစဉ်က နောက်ဆက်တွဲကျင့်စဉ်များသည် ထိုမျှစွမ်းအားကြီးမည်မှန်း သူမသိခဲ့။

လုယန် ရေးသားသူနာမည်ကို စစ်ဆေးကြည်ည်။

ယွမ်ကျိ။

သူခေါင်းမော့ကြည့်လိုက်သည်။ သူမရည်ရွယ်ဘဲ ဒဏ္ဍာရီ "ယွမ်ကျိစာအုပ်စင်"သို့ ရောက်လာကြောင်း နားလည်သွားသည်။

*********************************

All Chapters