← Chapters

ဗိုလ်လုပွဲ ၂

Vol. 4 Ch. 46

ဗိုလ်လုပွဲ ၂

Vol. 4 Ch. 46

ပိုင်လင်းတို့အဖွဲ့ ပြိုင်ပွဲကွင်းနေရာကို ရောက်ချိန်မှာတော့ လူအုပ်ကြီးက အသင့်နေရာ ယူထားနေလေပြီ။ အများစုက ပြိုင်ပွဲအကြောင်းကို အဆက်မပြတ် ဆွေးနွေးနေကြပြီး ထိုအထဲမှာတော့ ပိုင်လင်းရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားအပြင် ယုလုံရဲ့ သွေးအေးတည်ငြိမ်တဲ့ ဟန်ပန်အမူအရာနဲ့ ခွန်အားအကြောင်းတို့ ပါဝင်ကြတယ်။

ပိုင်လင်းတို့အဖွဲ့က သက်မှတ်နေရာမှာ ဝင်ထိုင် လိုက်ကြတယ်။ ယုလုံကတော့ အစောတည်းက မီးတောက်ဂိုဏ်းအကြီးအကဲများ ဂိုဏ်းသားအ ချို့တို့နဲ့အတူ ရောက်ရှိနေကြလေပြီ။

ထိုအချိန်မှာ အစီစဥ်ကြေငြာသူက ပြိုင်ပွဲရဲ့ဆု လာဘ်များအကြောင်းကို နောက်တကြိမ်ကြေကြာချိန်မှာတော့ လူအုပ်ကြီးက ဟေးခနဲ အော်သံပြုပြီး အားတက်သရော အော်ဟစ်လာကြတော့တယ်။

ဟုတ်ပေတယ်။ ဒါကထူးခြားတဲ့ အဆင့်တန်း တခုကိုကိုယ်စားပြုတဲ့ ပြိုင်ပွဲတခုပဲ။ အနာဂတ် တခုလုံးဖြောင့်ဖြူးအောင် လမ်းကြောင်းချပေး နိုင်တဲ့ အခွင့်အရေးတခုပဲ။ လူတိုင်း လိုချင်နေတဲ့ အရာဆိုလည်း မမှားဘူးပေါ့။

လင်းမိသားစုလုပ်ငန်းခွဲရဲ့ ကိုယ်စားလှယ် တနည်းအားဖြင့် သခင်လေးဆိုတဲ့ အဆင့်အတန်း။ ဒါက ကျင့်ကြံသူတွေကိုတောက်ပတဲ့ အလင်းရောင် တခုကိုယ်စားပြုခြင်း မဟုတ်လား။

စိတ်လှုပ်ရှားစရာကောင်းတဲ့ ဗိုလ်လုပွဲကြီးက စတင်လာပါပြီ။

ပိုင်လင်းနဲ့ယုလုံတို့ စင်မြင့်ပေါ်မှာအသီးသီး မတ်မတ်ရပ်နေကြပြီး တဦးနဲ့တဦး အလေးအနက်ထား စိုက်ကြည့်နေကြတယ်။ ဘယ်သူကမှ ပေါ့ဆမနေတဲ့ သွင်ပြင်မျိုးပါပဲ။ ပိုင်လင်းရဲ့ တည်ငြိမ်မှုကလည်း ယုလုံထက်မ လျော့ကျပါဘူး။

စလို့ရပွိီ

စစချင်းမှာတင် နှစ်ယောက်စလုံး လက်ဗလာနဲ့ စတင်တိုက်ခိုက်ကြတော့တယ်။ ယုလုံကရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူပဲလား။ ပိုင်လင်းတယောက် အံ့သြသွားပေမယ့် တည်ငြိမ်နေတုန်းပဲ။ ထူးခြားတာက ယုလုံရဲ့ ရုပ်ပိုင်းဆိုင်ရာသန်မာမှုက သူထင်ထားတာထက်ပို သန်မာနေတာပဲ။

ဖြောင်း..

ခြေကန်ချက်ချင်း တိုက်ရိုက်ပဲ ထိပ်တိုက်တွေ့ ဆုံသွားတယ်။ ပိုင်လင်းတယောက် တည်ငြိမ်မှု ဆုံးရှုံးလိုက်ရပြီး ခြေထောက်က နာကျင်မှုအချို့ကို ခံစားလိုက်ရတယ်။

ဒါ တဖက်သူက ရုပ်ပိုင်းဆိုင်ရာအရ သူ့ထက် သာလွန်တယ်လို့ ပြဆိုတယ်မဟုတ်လား။ မှင် သက်စရာကောင်းလောက်အောင် တဖက်သူက ထိုအချင်းအရာကို အပြည့်အဝဖုံးကွယ်ထားပြီး အဆုံးမှာမှ ထုတ်ပြလာတာပဲ။

နတ်ဆိုးခန္ဓာကိုယ်

ချီယောင်ရဲ့ အံ့သြတကြီးမှတ်ချက်ပြုသံကို ပိုင်လင်းကြားလိုက်ရတယ်။ နတ်ဆိုးခန္ဓာကိုယ် ဟုတ်လား။

အဲ့ဒါဘယ်လိုကျင့်စဥ်လဲ

ပိုင်လင်းရဲ့အမေးကို ချီယောင်က

ထိပ်တန်းရုပ်ပိုင်းဆိုင်ရာကျင့်စဥ် ဆယ်ခုထဲမှာ အဆင့်၇ ချိတ်တယ်

ဘာ

ထိုချိန်မှာပဲ ယုလုံရဲ့လက်သီးချက်တွေက အဆတ်မပြတ် တိုးဝင်လာတဲ့အတွက် ပိုင်လင်း တယောက် အသည်းအသန်ကာကွယ်နေရတယ် လက်သီးချက်တွေက လေထဲကိုထိုးခွင်းနေပြီး တချက်ထိလိုက်ရုံနဲ့ ပွင့်ထွက်သွားစေမယ့်ဟန် ပန်အပြည့်ပဲ။

ယုလုံက သန်မာလှချည်လား

လက်ဗလာသူရဲကောင်းကို လက်ဗလာနဲ့အနိုင် ယူတော့မှာလား

ဘုရားရေ မွန်းစတားပါရမီရှင်ပဲ

အကုန်လုံးက အံ့သြတကြီးရေရွတ်နေကြပြီး ချန်မိသားစုကလည်း ထိုအရာကိုမမျှော်လင့် ထားတဲ့အတွက် မှင်သက်နေကြတယ်။ သူတို့ အားလုံးက ပိုင်လင်းရဲ့ရုပ်ခန္ဓာကိုယ်ကို သန်မာ တယ်လို့ထင်ထားကြတာလေ။

ဘယ်လိုလဲ ပြိုင်ဘက်ကောင်းလို့ယူဆနိုင်ရဲ့လား

ယုလုံက တိုက်ခိုက်နေရင်း ထေ့ငေါ့တယ်။

မဆိုးဘူး ဒါပေမယ့်

ပိုင်လင်းက စကားကိုဆုံးအောင်ထပ်မပြောတော့ဘူး။ တဖက်သူက သူ့ထက်သန်မာတယ်ဆိုပေမယ့် တိုက်ခိုက်ရေးပညာမှာ သူ့ရဲ့နည်းစနစ်ကပိုသာ တယ်ဆိုတာ သူသိတယ်လေ။

ယုလုံရဲ့ထိုးနှက်ချက်တွေကို ကာကွယ်နေရင်း သူ့ရဲ့တန်ပြန်တိုက်ခိုက်မှုတွေကလည်း ယုလုံအ ပေါ်အတိုင်းအတာတခုထိ ထိခိုက်စေတာကို သူသတိပြုမိတယ်။

တကြိမ်မှာတော့ လက်သီးချင်းတိုက်ရိုက် ထိမှန် သွားပြီး နှစ်ယောက်စလုံးအနောက်ကို အနည်းငယ် လွင့်စင်သွားတယ်။ ပိုင်လင်းကပို အခြေနေဆိုးတဲ့သဘောပဲ။ ခန္ဓာကိုယ်ကိုတည် ငြိမ်အောင်ထိန်းချုပ်နေရပြီး သွေးတွေကလည်ချောင်းထဲကနေ ပျို့တက်လာ တာကိုမနည်းပြန်မြိုချနေရတယ်။

ချီးပဲ။

ကျင့်ကြံဆင့်တဆင့် သာလွန်တဲ့အပြင် သိသာ စွာပဲ ယုလုံကနတ်ဆိုးခန္ဓာကိုယ်ကျင့်စဥ်ကို ဒုတိယအဆင့်ထိ ရောက်နေပြီမဟုတ်လား။ ဒါက သူ့ထက်အဆင့်သေးတဆင့် သာတဲ့အနေထားပါ။

နောက်ထပ် လက်သီးချက်တွေ ထိပ်တိုက်ထပ် ဆုံတော့ ပိုင်လင်းမဟန်တော့ဘူး။ မြိုချနေရတဲ့ သွေးတွေက ထိန်းမရအောင်အန်ထွက်လာရ တော့တယ်။

သခင်လေး..

ဦးဦး

ကျိလင်နဲ့ တန်တန်တို့ရဲ့ စိုးရိမ်နေတဲ့အမူအရာ ကိုမြင်လိုက်တော့ ပိုင်လင်းတယောက်စိတ်ထိ ခိုက်သွားတယ်။ သူ့ကြောင့် ကျိလင်တို့ကိုစိတ် ပူစေမိပြီမဟုတ်လား။

ဟိတ်!

ရုပ်ခန္ဓာရဲ့ အမြင့်ဆုံးအနေထားထိ တွန်းပို့လိုက် တယ်။ သွေးကြောတွေက ဖောင်းပွလာပြီး ထို အချင်းအနေက ရွှေခန္ဓာကိုယ်ကျင့်စဥ်ကို နှောင်းပိုင်းထိ အတင်းမြင့်တင်လိုက်တဲ့အချိန် ဖြစ်လာတဲ့လက္ခဏာပဲ။

ဖုဖောင်းလာတဲ့ ကြွက်သားထုကို ခံစားမိနေပြီး အဆုံးမရှိတဲ့ အားအင်တွေကိုအလိုလို ခံစားမိ လာတယ်။

ဝုန်း

နောက်တကြိမ်လေထဲမှာပဲ လက်သီးချက်တွေ ထပ်မံထိပ်တိုက်တွေ့ပြန်တယ်။ ဒီတကြိမ်တော့ ပိုင်လင်းဟန်မပျက်တောင့်ခံလိုက်နိုင်ပေမယ့် သေချာတာက သူ့ဘက်ကသိသိသာသာကို နိမ့်ကျသွားနေပြီ။

ပွဲက အဖြေပေါ်သွားပြီ

ဒီဲပွိုငျပှဲက ယုလုံအနိုင်ပဲ

ဟူး ငါတကယ်မထင်ထားဘူး ယုလုံကအ ရမ်းလျှို့ဝှက်ထားတာပဲ

အကုန်လုံးက ပိုင်လင်းအတွက် စိတ်မကောင်း ဖြစ်နေကြပြီး ယုလုံကိုလည်း အဆက်မပြတ် ချီးကျူးနေကြတယ်။

ဟင်း ဒီပုံတိုင်းဆိုနင်မလွယ်ဘူး ဒီဘုရင်မ ဒီတကြိမ်နင့်ကိုချိတ်ပိတ်စည်းတခု ဖွင့်ပေးလိုက်မယ် မူလက နင်အဆင့်တစ်ရောက် မှဖွင့်ပေးဖို့ တွေးထားတာ

ချီယောင်ရဲ့ သက်ပြင်းချသံကို ကြားလိုက်ရပြီး ခဏကြာမှာတော့ သွေးရဲနေပြီဖြစ်နေတဲ့ ပိုင်လင်းရဲ့ ခန္ဓာကိုယ်က အက်ကွဲသံအချို့ထွက် ပေါ်လာတယ်။

ဘာလဲဟ.. သူကအဆင့်တက်နေတာလား

တိုက်ပွဲအလယ်မှာ အဆင့်ချိုးဖြတ်တယ်ပေါ့

အကုန်လုံးရဲ့မှင်သက်နေတဲ့ အကြည့်တွေအော က်မှာပဲ ပိုင်လင်းရဲ့ကျင့်ကြံဆင့်က အဆင့်၄ နှောင်းပိုင်းထိ တက်သွားပြီး တဆက်တည်းများ ပြားတဲ့ချီဓာတ်က အဆင့်၃ အစောပိုင်းထိ ထိုး တက်သွားတော့တယ်။

ပိုင်လင်းက ချီဓာတ်ကိုမထိန်းနိုင်တဲ့အပြင် အဆင့်၃ရဲ့ အဓိကဖြစ်တဲ့ စိတ်ဝိဉာဥ်တည်ဆောက်မှုကိုလည်း တိုက်ရိုက် ချိုးဖြတ်သွားတာကြောင့် သူ့ရဲ့ချီပင်လယ်ကို အက်ကွဲကြောင်းတွေ ဖြစ်လာစေတယ်။ မျက်လုံးအစုံကလည်း နီရဲလာပြီး လက်သီးချက်တွေက ပိုပြင်းထန်လာတယ်။

မကောင်းတော့ဘူး

ယုလုံတယောက် အန္တရာယ်အငွေ့အသက်ကို ရလိုက်ပြီး ထိတ်လန့်သွားတယ်။ အဆင့်၃ အစောပိုင်းအဆင့် ဒါက သူ့ထက်အဆင့်သေး ၂ဆင့်သာသွားတာပါ။

ပိုင်လင်းက ခွန်အားအသားမကျသေးတာကို အသည်းအသန်းထိန်းချုပ်နေရင်း ယုလုံကိုအ ဆက်မပြတ်တိုက်ခိုက်နေတယ်။

ဖြောင်း အွတ်

ခြေကန်ချက်တခုက ယုလုံကိုလွင့်ထွက်သွားစေ ပြီး သွေးတလုပ်အန်ထွက်လာတယ်။

ကောင်းတယ် ပွဲကအခုမှစတာ ဟားးး

ယုလုံရဲ့ ရယ်မောသံက ကျယ်လောင်စွာထွက် ပေါ်လာပြီးနောက် ပိုင်လင်းဆီအတင်းပြန်တိုး ဝင်လာပြန်တယ်။

ဝုန်း ခွပ်.ဖြောင်း

လေထဲမှာ ခြေလက်တွေ ထိပ်တိုက်ဆုံနေတာက ပြင်းထန်လွန်းတာကြောင့် စင်မြင့်ပတ်ပတ်လည် တခုလုံးမှာ လေထုကိုတောင် တုန်ခါစေတဲ့ဖြစ် စဥ်တွေ ပေါ်လာတော့တယ်။

ကြောက်ဖို့ကောင်းလိုက်တာ

ဒါက လူငယ်ပါရမီရှင်တွေကော ဟုတ်ရဲ့လား တကယ့်ပညာရှင်တွေလိုပဲ

..

All Chapters