ဗိုလ်လုပွဲ ၃
Vol. 4 Ch. 47
မိနစ်အနည်းငယ် ကြာပြီချိန်မှာတော့ ယုလုံက သိသိသာသာပြန်နိမ့်လာတယ်။
သူ့ခန္ဓာကိုယ်မှာလည်း လက်သီးချက်နဲ့ ခြေကန် ချက်တွေအပြင် တံတောင်ရိုက်ချက်တွေကြောင့် ထုံထိုင်းနေပြီး သွေးအန်ထားရတာက သူ့ကိုအားလျော့စေတယ်။
လာခဲ့စမ်း
ယုလုံက ကြုံးဝါးပြီး လက်သီးချက်တချက် ထိုးလွတ်တယ်။ လက်သီးချက်ထဲမှာ ခွန်အားအ ကုန်သုံးထားပြီး အပြင်းထန်ဆုံးစိတ်ခွန်အား ကြောင့် လက်သီးကပုံမှန်ထက်ပိုပြင်းထန်နေ တယ်။
ဟမ့်.. ဒါမျိုးမှကြိုက်တာ
ပိုင်လင်းရဲ့မျက်လုံးအစုံက တိုက်ခိုက်လိုစိတ်နဲ့ တောက်ပလာပြီး ယုလုံရဲ့တိုက်ခိုက်မှုကို ထိပ် တိုက်ပဲ ရင်ဆိုင်တော့တယ်။
ဖြောင်း
ကျာ်လောင်တဲ့ မြည်ဟည်းသံနဲ့အတူ ယုလုံတ ယောက် လွင့်ထွက်သွားပြီး စင်မြင့်အစွန်းနား ပြုတ်ကျသွားတယ်။
အင့်..
ပြီးသွားပြီ
ယုလုံနိုင်မယ်ထင်ခဲ့တာ ပိုင်လင်းက အဆင့်ချိုးဖြတ်သွားတော့ အလှည့်အပြောင်း တခုဖြစ်သွားတာပဲ
တီးတိုးသံတွေ တဖန်ထွက်ပေါ်လာချိန်မှာပဲ တစုံတယောက်ရဲ့အသံက စူးစူးရှရှထွက်ပေါ် လာတယ်။
ကြည့်စမ်း ယုလုံလည်းအဆင့်ချိုးဖြတ်နေပြီ
ဟာ..
အမှန်ပင် ယုလုံကလည်း အဆင့်ချိုးဖြတ်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ကြည့်ရတာ အစော တည်းက အဆင့်ချိုးဖြတ်မှာကို ဖိနှိပ်ခဲ့ပုံရတယ် ထိုအရာကိုတွေးမိတော့ ပိုင်လင်းတယောက် ဆွံ့အသွားတယ်။ ဒါပေမယ့် ပြိုင်ဘက်အဆင့် ချိုးဖြတိနေတာကို မနှောင့်ယှက်ပဲ အသာရပ် စောင့်ပေးနေလိုက်တယ်။
မင်းတယောက်ပဲ အဆင့်တတ်နိုင်တယ်လို့ ထင်နေတာလားကွ
ယုလုံတယောက် အဆင့်ချိုးဖြတ်မှုက အဆင့်၃ အစောပိုင်းထိ တက်သွားပြီးတော့ အားသာတာ တခုက စိတ်ဝိဉာဥ်စွမ်းအားကို ထိန်းချုပ်နိုင်နေ တာပဲ။ ဟုတ်တယ်။ သူကပြီးပြည့်စုံရောက်ချိန် အဆင့်ချိုးဖြတ်မှုအတွက် လိုအပ်ချက်ကိုကြို လေ့လာထားခဲ့တယ် မဟုတ်လား။
ပြန်တိုက်ကြမယ်
မိနစ်အနည်းငယ် ကြာတော့ ယုလုံကပြန်ခုန်ထ လာပြီးနောက် ပိုင်လင်းဆီ ပြန်တိုးဝင်လာတယ် ဒီတကြိမ်မှာတော့ တူညီတဲ့ကျင့်ကြံဆင့်နဲ့ တူညီတဲ့ခွန်အားကြောင့် ပွဲက ပိုပြင်းထန်လာတယ်။
နှစ်ယောက်စလုံက ရှောင်ဖို့အတွေးမရှိပဲ ထိပ် တိုက်တွေ့ဆုံနေတာကြောင့် စင်မြင့်တောင်အက် ကြောင်းထလာပြီး လူအုပ်ကြီးကလည်းတစစ ထိတ်လန့်စပြုလာတယ်။
သူ တို့ကသေတဲ့အထိ တိုက်ခိုက်ကြတော့မလို့ လားဟ
စင်မြင့်ပေါ်မှာ နှစ်ယောက်စလုံးရဲ့သွေးတွေက မြင်မကောင်းအောင် ပြန့်ကျဲနေတယ်။ သွေးစီး ကြောင်းငယ်လေးတောင် ဖြစ်နေသေးတယ်။
ဝုန်း..
နှစ်ယောက်စလုံး ပြိုင်တူ ပြန်လွင့်စင်လာတယ်။ အချိန်က နာရီအချို့ကြာလာပြီး ပြိုင်ပွဲဝင်နေသူ တွေလည်း လက်ပန်းကျလာတယ်။ တဖြေးဖြေး တိုက်ခိုက်ချက်တွေက နှေးကွေးလာတာကို အကုန်လုံးက သတိပြုမိလာကြတယ်။
တော်လိုက်တော့ သရေထားလိုက် သူတို့မခံနိုင် ကြတော့ဘူး
ဟုတ်တယ် ဒီတကြိမ်ပူးတွဲသရေထားပြီး ရက်အနည်းငယ်ကြာမှ ပြန်တိုက်ခိုင်းတော့
ဒီလိုပါရမီရှင်တွေ သေလို့မဖြစ်ဘူးလေ
လူအုပ်ကြီးက ဒိုင်လူကြီးထံ အပြင်းအထန်ပြော ဆိုလာတော့တယ်။
ကောင်လေးကို ရအောင်ဆွဲဆောင်ရမယ်
ပွဲကြည့်စင်တနေရာမှာတော့ ကျားဖြူခန်းမသခင်ဖြစ်တဲ့ စုလဲ့က တီးတိုးပြောဆိုလိုက်တယ်။ စုမင်က
ဆွဲဆောင်လို့မရရင်ကော
သတ်ပစ်လိုက်
ချန်မိသားစုမှာလည်း ချန်ထန်းတယောက် ပိုင်လင်းရဲ့ စိတ်ဓာတ်ပြင်းထန်မှုကို တုန်လှုပ်နေ ခဲ့ပြီး အကယ်၍ပိုင်လင်းမနိုင်ခဲ့ရင်တောင် သူ့အ တွက်အဆင့်တန်းတခု ရှာပေးမယ်လို့ တွေးနေခဲ့ တယ်။
ဟူး..
ချန်သခင်မကြီးရဲ့ သက်ပြင်းချသံက တိုးညင်း ပြီးလေထုကလည်း စိတ်မသက်မသာဖြစ်စေတဲ့ အထိ အုံ့မှိုင်းနေတယ်။ ချန်ရှင်းရဲ့လက်သီးဆုပ် လေးတွေက တင်းကြပ်နေတယ်။
ယန်ရှုကတော့ မျက်နှာကိုတည်တင်းနေပြီး ဒီ လိုတိုက်ပွဲတွေက တယောက်ယောက်သေမှ အ ဆုံးသတ်မယ်ဆိုတာကို သူနားလည်တယ်။
ထိုချိန်မှာပဲ ပိုင်လင်းတို့အခြေနေကိုမကြည့်ရက် တဲ့ ဒိုင်က ချန်ထန်းဆီ လှည့်ကြည့်တယ်။ ချန် ထန်းက ခေါင်းညိတ်ပြချင်ပေမယ့် ခုချိန်ရပ် လိုက်တာက အဖြေမဟုတ်ပါဘူး။ နှစ်ဖက်စလုံး အဆုံးထိမသွားရင် နောင်ကျင့်ကြံရေးလမ်းမှာ အခက်ခဲတွေ့တော့မှာပါ။
ဟူးးးး
ချန်ထန်းတယောက် စိတ်ရှုပ်ထွေးစွာနဲ့ ခေါင်း ယမ်းပြလိုက်တယ်။ ဒိုင်လူကြီးလည်း မျက်နှာ ပျက်သွားပေမယ့် သူကဆုံးဖြတ်ခွင့်မရှိပါဘူး။
ဝုန်း
ဒီတကြိမ်ထိပ်တိုက်တွေ့ဆုံမှုက နှစ်ဦးစလုံးကို စင်မြင့်ပေါ်ခွေခေါက်ပြီး လဲလျောင်းသွားစေ တယ်။ ပိုင်လင်းရဲ့လက်တွေက တဆတ်ဆတ် တုန်နေပြီး ပါးစပ်ကလည်း အဆတ်မပြတ်သွေး အန်နေရတယ်။ နာကျင်မှုက ပြောမပြနိုင် အောင်ပါပဲ။ အရိုးတွေကျိုးကြေတော့မလား ထင်မှတ်နေရပြီ။
..