ဗိုလ်လုပွဲ ၄ ယုလုံရဲ့ အခြေနေကလည်း ပိုင်လင်းလိုပဲ။
Vol. 4 Ch. 48
စင်မြင့်ကြမ်းပြင်ပေါ် မှောက်လျက်လဲကျနေတ ယ်။ ပြီးတော့ ခန္ဓာကိုယ်က တဆတ်ဆတ်တုန် ခါနေပြီး အတင်းတောင့်ခံနေတာကြောင့် သွား တွေကျိုးကြေလုမတတ် အံကိုကြိတ်ထားတယ်
ဘယ်သူကမှ အရှုံးမပေးလိုကြဘူး။ ရှိသမျှ လက်ကျန်ခွန်အားကိုသုံးပြီး မတ်တပ်ပြန်ရပ်ဖို့ ကြိုးစားနေတယ်။ တမိနစ် နှစ်မိနစ် ငါးမိနစ် ပြီးတော့ မိနစ်နှစ်ဆယ်။ လူအုပ်က တိတ်ဆိတ် နေတယ်။ လေထုက တည်ငြိမ်နေပြီး ခြောက် ခြားစရာတောင် ကောင်းနေသေးတယ်။
အဆုံးမှာ နှစ်ယောက်စလုံး မတ်မတ်ထရပ် လိုက်ကြတယ်။ တုန်ယင်နေတာကိုတော့ ထိန်း ချုပ်မရနိုင်ဘူးပေါ့လေ။
ငါတို့ အခြားနည်းလမ်းနဲ့ အဖြေထုတ်ရအောင် ဘယ်လိုလဲ
ယုလုံက ဓားကိုဖြေးဖြေးဆွဲထုတ်ရင်း အားမရှိ တဲ့လေသံနဲ့ မေးတယ်။
ကောင်းပြီ မင်းသဘောပဲ
ပိုင်လင်းလည်း ခေါင်းညိတ်ပြလိုက်ပြီး ချန်ထန် ပေးထားတဲ့ဓားကို ဆွဲထုတ်တယ်။
ဘုရားရေ ဓားတွေနဲ့ထပ်တိုက်မလို့လား
တော်ကြပါတော့ဟ ငါတို့မကြည့်ရက်တော့ပါ ဘူးကွာ
အမျိုးသမီးအများစုက မကြည့်ရဲကြတဲ့ဟန်နဲ့ မျက်လုံးအစုံကို မှိတ်လိုက်ကြပြီး အမျိုးသား တွေကတော့ မချိတင်ကဲရေရွတ်နေကြတယ်။
တစ်ကွက်ပဲ
ဟုတ်တယ် တစ်ကွက်ပဲ
နှစ်ယောက်စလုံး ဓားတွေကိုပင့်မြှောက်လိုက် တယ်။ နောက်တဖန် လေထုကအသက်ဝင်လာ တယ်။
ပိုင်လင်းက ဓားကွက်တွေထဲက ဒုတိယဓား ကွက်ကို ထုတ်ဖော်လိုက်တယ်။ ဒါကသူဒီရက် ပိုင်းထဲ နားလည်ထားတဲ့ဓားကွက်ပဲ။
ရွှီး..ရွှီး
အဆင့်မြင့်ဓားနှစ်ချောင်းက လေချွန်သံလို အသံပြုလာကြပြီး ဖြတ်ခနဲ
မီးအလင်းရောင်တစ ပွင့်ထွက်သွားသလို..
ညိုမှောင်တဲ့တိမ်ကြား လျှပ်စီးလက်သွားသလို..
တစ်ချက်ဖြတ်ခနဲ..ပြီးတော့
ဓားချက်နှစ်ချက်က တိတ်ဆိတ်စွာပဲ တိုးဝင် သွားကြတယ်။
အမလေး
အမျိုးသမီးအချို့ရဲ့ အထိတ်တလန့်အော်ဟစ် သံတွေ ပေါ်လာတယ်။ ကျိလင်က သူ့လက်သီး ကိုဆုပ်ထားရတာကြောင့် သွေးတောင်စို့လာနေ ပြီ။ မော့ပေတို့လည်း ထိတ်လန့်မှုကြောင့် လုံးဝ အသံတိတ်ကျနေပြီ။ ချန်မိသားစု စုလဲ့ စုမင် မီးတောက်ဂိုဏ်း ဇောင်မိသားစု ရှန်းမိသားစု ဇီပန်းပဲမိသားစု အကုန်လုံး တိတ်ဆိတ်
မိနစ်အနည်းငယ်အကြာထိ စင်မြင့်တခုလုံးကို ဓားအလင်းကဖုံးလွှမ်းထားပြီး အရာအားလုံး ပြန်ပေါ်လာချိန်မှာတော့
ဦးဦး.ဦးဦး
တန်တန်လေးက စူးရှတဲ့အသံနဲ့အတူ စင်မြင့်ပေါ်ကို လက်ညှိုးထိုးပြတယ်။ စင်မြင့် ပေါ်မှာက ပိုင်လင်းတယောက် လဲလျောင်းနေပြီ လက်တွေကတော့ အလျှော့မပေးလိုဟန်နဲ့ ကုတ် ခြစ်နေတယ်။ တဖက်မှာ ယုလုံကတော့ တည်တည်ငြိမ်ငြိမ်နဲ့ မတ်မတ်ရပ်နေတုန်းပဲ။
ဒါပေမယ့် လုံးဝငြိမ်နေခဲ့တာပါ။ အကြည့်တွေ ကပိုင်လင်းကို စူးစိုက်ထားပြီး လက်ထဲကဓား အကျိုးသာကျန်နေတယ်။
ပြီးသွားပြီ ယုလုံနိုင်သွားပြီ
အဆုံးတော့ အဖြေပေါ်ခဲ့ပြီ
လူအုပ်ကြီးက သက်ပြင်းချလိုက်တယ်။
ယုလုံ အနိုင်
အခြေနေကိုမြင်တော့ ဒိုင်လူကြီးလည်း အလျင် အမြန်ကြေငြာဖို့ ကြိုးစားလိုက်တယ်။ သူ့အသံ တဝက်တပျက်မှာပဲ
မတ်မတ်ရပ်နေတဲ့ယုလုံက ဘိုင်းခနဲ လဲကျသွား ပြီး လုံးဝငြိမ်သက်သွားတယ်။ ပြီးတော့ သွေး တွေကရင်ဘတ်နေရာကနေ စီးထွက်လာတယ်။
ဒါ.
ထိုချိန် လက်တွေကိုကုတ်ခြစ်နေတဲ့ ပိုင်လင်းက ဒူးထောက်ထိုင်ဖို့ ကြိုးစားနေပြီ။
ဟေး ငါတို့နိုင်ပြီကွ
မော့ပေရဲ့ကျယ်လောင်တဲ့အသံက လူအုပ်ကြီး တခုလုံးကို မှိန်းမောနေရာကနေ လှုပ်နှိုးလိုက် တယ်။
ဘယ်လိုတောင်ပြင်းပြတဲ့ စိတ်ဓာတ်ကြီးလဲ။ အဆုံးမှာပိုင်လင်း နိုင်ခဲ့ပါပြီ။ စည်းမျဥ်းအရ အရှုံးပေးတာ ဒါမှမဟုတ် တဖက်ဖက်က လုံးဝ ပြန်မထနိုင်ခဲ့ရင် အနိုင်မဟုတ်လား။
အနိုင်ရသူကတော့ ပိုင်လင်းဖြစ်ပါတယ်
ဟေး.. ဒါမှ မီးမီးရဲ့ဦးဦးကွ
တန်တန်လေးက ကျိလင်လက်ပေါ်ကနေပြေး ဆင်းသွားပြီး စင်မြင့်ပေါ်တက်ဖို့ကြိုးစားတယ်။ ဒါကိုမျက်စိထောင့်နားကနေ သတိပြုမိလိုက်တဲ့ ပိုင်လင်းက ဖျော့တော့စွာပြုံးရင်း တန်တန့်ကို ချစ်မြတ်နိုးစွာနဲ့ ပြန်ကြည့်ရင်း စင်မြင့်ပေါ်ထိုင် ချလိုက်တယ်။
နောက်ဆုံးတော့ နိုင်ခဲ့ပါပြီ။ သေဘေးနဲ့တကယ် ကိုနီးနီးလေး ဖြစ်ခဲ့တယ်မဟုတ်လား။
ဟူး..
စင်မြင့်ပေါ်တက်ဖို့ကြိုးစားနေတဲ့ တန်တန်လေး ကိုပရိတ်သတ်တယောက်က ချီမပြီး တင်ပေး လိုက်တယ်။ တန်တန်လေးက သူမရဲ့လက်နှစ် ဖက်ကိုဖွင့်ဟထားပြီး
ဦးဦး မီးမီးကိုချီပါ
အင်း
ပြေးဝင်လာတဲ့ တန်တန်လေးကိုကြည့်ရင်း မျက် လုံးအစုံက ဝေဝါးလာတယ်။ ပြီးတော့ တဖြေး ဖြေး အမှောင်တိကျသွားတော့တယ်။
သခင်လေး
ပိုင်လင်း
.