ချိတ်ပိတ်စည်း
Vol. 4 Ch. 49
နင်ဘာလို့ လျှပ်စီးခြေလှမ်းကိုမသုံးတာလဲ
ကျတော်သုံးခဲ့တယ်
ဒါပေမယ့် ငါမတွေ့ခဲ့ဘူး
ပိုင်လင်းက သက်ပြင်းချလိုက်ပြီး ဘာစကားမှ ထပ်မပြောဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့တိုက် ခိုက်မှုတွေမှာ လျှပ်စီးခြေလှမ်းကို ထည့်သုံးခဲ့ပေမယ့် ထိရောက်မှုသိပ်မရှိတာကို သတိထားမိလိုက်တယ်။ ဘာလို့လဲ။
ထားတော့ အခုနင့်ရဲ့မူရင်း ခန္ဓာကိုယ်က ဒဏ်ရာအရမ်းပြင်းထန်နေတယ် ငါသာနင့်ရဲ့ စိတ်ဝိဉာဥ်ကိုမထိန်းချုပ်လိုက်ရင် နင်သေတာ ကြာပြီ
ပိုင်လင်းလည်း ထိုအရာကိုသိလိုက်တယ်။ အဆင့်ချိုးဖြတ်ပြီး သူ့ရဲ့မူလချီကိုယ်ထည်က စိတ်ဝိဉာဥ်အတွင်းတခု ထပ်ပေါ်လာတာကို သတိပြုမိပေမယ့် အဲ့ဒါကိုအာရုံစိုက်ဖို့ သူ့မှာ အချိန်မရှိခဲ့ဘူးလေ။
နင့်ရဲ့စိတ်ဝိဉာဥ်ကို စစ်ဆေးလိုက်
ချီယောင်ရဲ့သတိပေးစကားအဆုံးမှာ ပိုင်လင်း တင်ပျဥ်ခွေထိုင်ချပြီး လေဟာနယ်ထဲမှာပဲ သူ့ရဲ့ ကိုယ်တွင်းက စိတ်ဝိဉာဥ်ပုံစံကို ပြန်စစ်ဆေးကြည့်လိုက်တယ်။ ထိုအရာက သူနဲ့ ပုံစံတူပြီး လက်သီးဆုပ်အရွယ်လေးသာ ဖြစ်နေတာကို တွေ့ရတယ်။ ဒါက ငါ့ရဲ့စိတ်ဝိဉာဥ်လား။
ဟုတ်တယ် အဲ့ဒါနင့်ရဲ့စိတ်ဝိဉာဥ်ကိုယ်ထည်ပဲ နင်အခုလုပ်ရမှာက ချီကိုယ်ထည်ရဲ့အက်ကွဲ ကြောင်းတွေကို ပြန်ကောင်းဖို့ အချိန်တခုအနား ယူဖို့လိုတယ် စိတ်ဝိဉာဥ်ကြီးထွားဖို့နဲ့ စိတ်စွမ်းအင်တိုးတက်လာဖို့အတွက်ကတော့ ငါနင့်ကိုကျင့်စဥ်တခု ပေးမှာပါ
ပိုင်လင်းလည်း ခေါင်းညိတ်ပြလိုက်တယ်။ ပြီးနောက်..
ကျတော်သိချင်တာ ချိတ်ပိတ်ထားတဲ့စွမ်းအား ဘယ်လောက်တောင်များတာလဲ
သူမထင်ထားလောက်အောင် များပြားတဲ့ စွမ်းအင်တွေ တိုးဝင်လာတည်းက ချီယောင်အ နေနဲ့ တချိန်က ဘယ်အထိကျင့်ကြံခဲ့သလဲ သူသိချင်လာမိတယ်။
နင့်ကိုယ်ထည်မှာ ချိတ်ပိတ်စည်း သုံးခုရှိတယ် အခုတခါဖြည်ပေးလိုက်ပြီး နောက်တခုကိုသိုင်း သခင်အဆင့်ရောက်မှ ငါစဥ်းစားမယ် ဟမ့် ဒီဘုရင်ရဲ့ခွန်အားကို နင်ကပါချီပါချက်များ ထင်နေခဲ့တာလား
သူမက နှာခေါင်းရှုံ့လိုက်ရင်း လှောင်ပြောင်လာ တယ်။ မောက်မာလွန်းပြီး ကိုယ့်ကိုကိုယ်အရမ်း အထင်ကြီးနေတယ်လို့ ပိုင်လင်းမြင်ပေမယ့် အထင်ကြီးလောက်အောင်လည်း သူမကအစွမ်း ထက်လွန်းပါတယ်။
ပထမဆုံးချိတ်ပိတ်စည်းရဲ့ ချီစွမ်းအားက အကုန်မဟုတ်သေးဘူး နင့်အတွက်အဆင်ပြေဖို့ ငါပြန်ထိန်းညှိပေးထားတယ်
ကောင်းပါပြီ
အတန်ကြာစစ်ဆေးပြီးနောက်မှာတော့ ပြန်ထလိုက်တယ်။ ချီယောင်က စိတ်စွမ်းအင် ကျင့်စဥ်တခုကို ထုတ်ပေးလာတယ်။
ဒါကို ကောင်းကောင်းလေ့ကျင့်လိုက်
ပိုင်လင်းလည်း အပိုစကားတွေပြောမနေတော့ပဲ သူမပေးတဲ့ကျင့်စဥ်ကို ယူပြီးသိမ်းလိုက်တယ်။ ဒဏ်ရာပြင်းထန်လွန်းတာကြောင့် သတိလစ်နေ ခဲ့ပြီး စိတ်ဝိဉာဥ်က လက်စွပ်ထဲ ချီယောင်နဲ့တွေ့ ဆုံနေတာပါ။
ဒီလိုနဲ့ လက်စွပ်လေးထဲမှာ ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ ချီကိုယ်ထည်တခုလုံးက အက်ကွဲကြောင်းတွေပျောက်ပြီး မူလအတိုင်း ပြန်ဖြစ်လာတယ်။
နင်ထွက်သွားလို့ရပြီ
သူမက မလိုအပ်တော့ရင် မောင်းထုတ်နေကြပါ ပြီးတော့ ဒီရက်ပိုင်းသူမပုံစံက ပိုဖျော့တော့လာ တာကိုလည်း ပိုင်လင်းသတိထားမိနေတယ်လေ ဒါကြောင့် တိတ်တိတ်လေးနေတာက ပိုကောင်း မယ်လို့တွေးပြီး လက်စွပ်လေးထဲက ပြန်ထွက် လာခဲ့တယ်။
ဟူး.. ငါစုဆောင်းထားတဲ့ ခွန်အားတွေကုန်ဆုံး သွားပြန်ပြီ နောက်ထပ်ဘယ်လောက်ကြာတဲ့ထိ အနားယူရဦးမှာလဲ
ချီယောင်က တီးတိုးညည်းညူနေခဲ့တယ်။ သူမ သာပိုင်လင်းရဲ့ စိတ်ဝိဉာဥ်ကိုမထိန်းချုပ်ထားခဲ့ ရင်စင်ပေါ်မှာ အသက်ပါသွားမှာက ပိုင်လင်းပဲ ဖြစ်နေပါလိမ့်မယ်။
ထိုအရာတွေကို ပိုင်လင်းကမသိတော့ပါဘူး။ မျက်လုံးအစုံကိုဖွင့်လိုက်တော့ စူးရှတဲ့အလင်း ရောင်ကြောင့် မျက်လုံးကိုချက်ချင်းပြန်ပိတ် လိုက်ရတယ်။ အတန်ကြာမှ တဖြေးဖြေးပြန် ဖွင့်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်တယ်။
သူက ကုတင်ပေါ်မှာရှိနေပြီး နေရောင်ကပြတင်း ပေါက်မှတဆင့် ဝင်ရောက်နေတာပါ။ သူ့တစ်ကိုယ်လုံးမှာလည်း ပတ်တီးကအဖွေးသားနဲ့ တခုရှိတာက ရက်အ နည်းငယ်ကြာအောင် လက်စွပ်ထဲအချိန်ကုန်ပြီး နောက် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေက အပြည့် အဝနီးပါး သက်သာနေတာပဲ။
ပတ်တီးအောက်က ဓားဒဏ်ရာကအစ သေးငယ်တဲ့ အမာရွတ်လေးသာ ရှိတော့တာပါ။ ရွှေခန္ဓာကိုယ် ဒုတိယအဆင့်သာရောက်ခဲ့ရင် ဒီထက်ပို ကောင်းမယ်မဟုတ်လား။
ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားကြည့်တယ်။ မည်သည့်နာကျင်မှုမှ မခံစားရတော့ စိတ်ထဲ အနည်းငယ်ဝမ်းသာသွားမိတယ်။ ကုတင်ပေါ် လဲလျောင်းနေတဲ့ လူမမာလိုမနေချင်ဘူးလေ။
ထိုစဥ်မှာပဲ ကျိလင်တယောက် အခန်းထဲဝင်လာ တယ်။ သူမလက်ထဲမှာတော့ ဆေးပင်အချို့နဲ့ ဆေးလို့ယူဆရတဲ့ အရာအနည်းငယ်ပါလာသေး တယ်။ ပိုင်လင်းတယောက်နိုးနေတာမြင်တော့ ဝမ်းသာသွားပြီး ကုတင်နားအမြန်လျှောက်လာ တယ်။
သခင်လေး သတိရပြီလား
အင်း
သူမက ဆေးနဲ့ဆေးပင်တွေကို စားပွဲပေါ်တင်ပြီး ပိုင်လင်းရဲ့ခန္ဓာကိုယ်ကို စမ်းကြည့်တယ်။ သူမ ပုံစံက စိုးရိမ်နေပုံရပြီး သူမရဲ့မျက်ဝန်းထဲမှာလဲ ပူပန်သောကရောက်နေတာကို အရှင်းသားမြင် နိုင်ပါတယ်။
ကျတော်သက်သာနေပါပြီ စိတ်မပူနဲ့တော့ ဒါနဲ့ ကျတော်သတိမေ့နေတာ ဘယ်နှစ်ရက်ရှိပြီလဲ
ပိုင်လင်းရဲ့အမေးကို ကျိလင်က သက်ပြင်းဖွဖွ ချလိုက်ပြီး
တပတ်တိတိရှိပြီ
တပတ်တောင်လား
လက်စွပ်လေးထဲ သူအဲ့လောက်ကြာအောင်နေ ခဲ့တာလား။ သူ့စိတ်ထဲ ၄ရက်လောက်ပဲရှိနေ မယ်လို့ထင်ခဲ့တာပါ။
ဟုတ်တယ် သခင်လေးသတိမေ့နေတဲ့ ရက်အ တွင်း ချန်မိသားစုကခနခနလာကြတယ် ဒီဆေး ဝါးတွေကလည်း သူတို့ပို့ပေးထားတာပါ
ကျိလင်က စားပွဲပေါ်ကဆေးရည်ပန်းကန်ကို အသာယူပြီး ပြောတယ်။ ပြီးနောက်
သခင်လေးဒါက ပြင်ပဒဏ်ရာတွေကိုကုပေးတဲ့ ဆေးရည်ပါ ချန်သခင်ကြီးပေးထားတာလေ
သူမပုံစံက ဆေးရည်ကိုသောက်စေချင်ပုံရတဲ့ အတွက် ပိုင်လင်းလည်း ခေါင်းညိတ်ပြလိုက်ရ တယ်။ ထိုအခါမှ ကျိလင်ရဲ့မျက်နှာလေးက ဝင်းပသွားပြီး ဆေးရည်ကိုပိုင်လင်းရဲ့ ပါးစပ် နားထိထားပြီး သောက်စေတယ်။
ဖန်ရှရှအရသာတခု လည်ချောင်းထဲထိ စီးဝင် သွားခဲ့ပြီးနောက် ကိုယ်တွင်းမှာလည်း အပူဓာတ် အချို့ဖြစ်လာတယ်။ ဒါကရုပ်ပိုင်းဆိုင်ရာကို ပြန်လည်အားဖြည့်ပေးတဲ့ ဆေးရည်ပါ။
ဘယ်လိုနေလဲ သခင်လေး အဆင်ပြေရဲ့လား
ကျိလင်က ပိုင်လင်းရဲ့မျက်နှာကိုကြည့်ပြီး သိလိုဟန်နဲ့မေးတယ်။ ပိုင်လင်းကအသာယာ ပြုံးလိုက်ပြီး
ဆေးရည်ကအရမ်းကောင်းတယ် အဆင်ပြေပါ တယ်
တော်သေးတာပေါ့
ထိုအခါမှ သူမကိုသေချာကြည့်မိတယ်။ သူမပုံစံက အားနည်းနေဟန်ရှိပြီး မျက်ကွင်းများကလည်း သိသိသာသာကို ချောင်ကျနေခဲ့တယ်။ နူးညံ့တဲ့လက်လေးတွေ မသိမသာတုန်ယင်နေတာကို သတိပြုမိလိုက်ပြီ သူသတိမေ့နေစဥ်မှာ သူမဘယ်လောက်ပူပင် နေရမလဲဆိုတာ တွေးမိတော့ ပိုင်လင်းလည်း ကြည်နူးသလိုခံစားရတယ်။
ကျိလင်ရဲ့လက်နှစ်ဖက်ကို အသာဆုပ်ကိုင် ထားလိုက်ရင်း နူးညံ့တဲ့အသံနဲ့ ပြောလိုက်တယ်
အစ်မ နောက်တခါအစ်မကို စိတ်ပူအောင် မလုပ်တော့ပါဘူး
သူ့ကြောင့် သူ့ကိုချစ်တဲ့သူတွေ နာကျင်ရမှာကို မလိုလားပါဘူး။ သူသာလုံလောက်တဲ့ခွန်အားနဲ့ ပြိုင်ဘက်ကိုအလေးအနက်ထားခဲ့ရင် ဒီလိုဖြစ် လာမှာမဟုတ်ဘူးလို့ တွေးနေခဲ့တယ်။
အင်း..
ကျိလင်က ဦးခေါင်းကိုငုံ့ချလိုက်တယ်။ ပိုင်လင်းရဲ့ လက်ဖဝါးကနေတဆင့် ထူးဆန်းတဲ့ အနွေးဓာတ်တခုစီးဝင်လာတာကို သူမခံစားမိနေခဲ့ပြီး ထိုအရာကဘာလဲဆိုတာ သူမသိနေပါတယ်။
ရှက်ရွံစွာနဲ့ခေါင်းငုံ့ချထားတဲ့ သူမရဲ့မေးဖျားလေးကို ပင့်လိုက်ပြီး မျက်ဝန်းအစုံကို စိုက်ကြည့်လိုက်တယ်။ ကော့ရွန်းတဲ့မျက်တောင်တွေ ကြည်လင်ပြီးရီဝေသလိုဖြစ်နေတဲ့ မျက်လုံးတွေ မိတ်ကပ်လိမ်းထားသလို နီရဲထွေးမြနေတဲ့ ပါးပြင်နုနုလေးတွေကို မြင်ရချိန်မှာတော့ ပိုင်လင်းတယောက် ထိန်းချုပ်ဖို့ခက်ခဲ သွားတော့တယ်။
ဦးခေါင်းကိုငုံ့လိုက်ပြီး နှုတ်ခမ်းအစုံကိုနမ်းလို က်တော့ သူမကိုယ်လေး တုန်ယင်သွားပြီး မျက်လုံးအစုံကို မှိတ်ချလိုက်တော့တယ်။
ပတ်ဝန်းကျင်တခုလုံး လေတိုက်သံတီးတိုး ထွက်ပေါ်နေတာကလွဲပြီး ခန္ဓာကိုယ်နှစ်ခုက တဖြေးဖြေးပူးကပ်သွားတယ်။ ဆေးရည်ကြောင့်လား ဒါမှမဟုတ် စိတ်ခံစားမှု ကြောင့်လား မသိရတဲ့အပူဓာတ်တမျိုး ပြန့်နှံ့ လာချိန်မှာတော့ ပိုင်လင်းကသူမကိုပွေ့ဖက် လိုက်ပြီး ကုတင်ပေါ်ဆွဲတင်လိုက်တော့တယ်။
အာ
တိုးညည်းတဲ့ အသံလေးတခု ပြီးတော့..။
နေရောင်ခြည်အောက်မှာ ကိုယ်ခန္ဓာနှစ်ခုက တဖြေးဖြေးလှုပ်ရှားအသက်ဝင်လာရင်း ကျိလင်ရဲ့အဝတ်အစားတွေကတော့ ကုတင် ခြေရင်းကိုရောက်သွားတော့တယ်။