← Chapters

ဆုများထုတ်ယူခြင်း

Vol. 4 Ch. 50

ဆုများထုတ်ယူခြင်း

Vol. 4 Ch. 50

အချိန်တခုအကြာမှာတော့ ကျိလင်တယောက် အဝတ်အစားတွေ ပြန်ဝတ်လိုက်ပြီး ကုတင်ပေါ် အိပ်မောကျနေတဲ့ ပိုင်လင်းရဲ့ချောမောတဲ့ မျက်နှာလေးကို တချက်ငေးကြည့်တယ်။ ပြီးတော့ နှာဖူးကိုခပ်ဖွဖွနမ်းလိုက်တယ်။

ပိုင်လင်းကတော့ ဒဏ်ရာသက်သာခါစဖြစ်တာ တကြောင်း ဆေးရည်ကြောင့်ကော လှုပ်ရှားမှု တွေပါပေါင်းစုံသွားတော့ ကိစပြီးသွားချိန်မှာပဲ တခါတည်းအိပ်ပျော်သွားတော့တယ်။

သူပြန်နိုးလာတော့ နေ့လည်ခင်းကိုရောက်နေပြီ အခန်းထဲမှာကျိလင်မရှိတော့ပဲ သူမကထျန်းနင် တို့အတွက် နေ့လည်စာစီစဥ်ပေးနေပုံရတယ်။ ပိုင်လင်းလည်းအိပ်ရာပေါ်က အသာထလိုက်ပြီး ရေချိုးခန်းထဲမှာ ရေချိုးသန့်စင်တယ်။

အောက်ထပ်ဆင်းလာချိန်မှာ ထျန်းနင်တို့က နေ့လည်စာစားနေလေပြီ။ သူ့ကိုတွေ့တော့ ထျန်းနင်ကဝမ်းသာအားရနဲ့ နှုတ်ဆက်တယ်။

အစ်မကျိလင်က မင်းသတိရလာပြီလို့ပြော တယ် ဆေးရည်ကြောင့်အိပ်ပျော်နေတယ်ဆိုလို့ ငါတို့တက်မလာတော့တာ မင်းပြန်ကောင်းတာ အတော်မြန်တာပဲ ငါကတလလောက်အိပ်ရာထဲ လဲနေမယ်ထင်ခဲတာ ဟားး

ထျန်းနင်ရဲ့စကားအဆုံးမှာ ပိုင်လင်းက

ဘာလဲ ငါ့ကိုတလလောက်သတိလစ်နေစေ ချင်တာလား

မဟုတ်ပါဘူး မဟုတ်ပါဘူး

ထိုအချိန် အစားစားနေတဲ့ တန်တန်လေးက ပိုင်လင်းဆီရောက်လာပြီ ပိုင်လင်းကိုယ်ပေါ် တက်လိုက်တယ်။

ဦးဦးနေကောင်းသွားပြီလား

ဒါပေါ့ အများကြီးကောင်းသွားပြီ

ကျိလင်ကပိုင်လင်းအတွက် နေ့လည်စာပြင်ပေး ရင်း ပြောတယ်။

အစ်ကိုမော့တို့က ပြီးခဲ့တဲ့ရက်က လုပ်ငန်းခွဲ ကိစနဲ့အလုပ်များနေတော့ သိပ်မလာဖြစ်ဘူး တကယ်လို့သခင်လေး သက်သာလာရင် ခန်းမ ဆီလာဖို့တော့ မှာသွားတယ်

အင်း မနက်ဖန်ကျ ကျတော်သွားလိုက်မယ်

နေ့လည်စာစားသောက်ပြီးနောက် တန်တန်နဲ့အတူ ခြံဝန်းထဲမှာ ခနဆော့ကစားပေး လိုက်တယ်။ ပြီးတော့ထျန်းနင်တို့က ဂိုဏ်းက ထွက်လာတာကြာပြီဖြစ်လို့ မနက်ဖန်ကျဂိုဏ်း ဆီပြန်ရမယ့်အကြောင်း ပြောလာတယ်။

ဟုတ်သားပဲ မင်းတို့ထွက်လာတာ ရက်မနည်း တော့ဘူး ပြန်ကြတော့လေ ငါသက်သာနေပါပြီ ဒါနဲ့ မင်းတို့ရှေ့လျှောက် ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ

ပိုင်လင်းရဲ့အမေးကို ထျန်းချင်က

ငါတို့အတွေးကတော့ အဆင့်၅လောက်ထိ ဂိုဏ်းမှာအဆင့်တက်အောင်လုပ်မယ်ပေါ့ မင်းကအခုချိန်မှာ အခြေနေတခုကိုရောက်နေပြီ ဆိုပေမယ့် နောင်မင်းအားကိုးလို့ရအောင် ငါတို့ ကြိုးစားချင်သေးတယ်လေ

ထျန်းနင်ကလည်း

ဟုတ်တယ် ဂိုဏ်းထဲကချက်ချင်းထွက်ဖို့ကလဲ ထင်သလောက်မလွယ်တော့ နည်းနည်းထပ်နေ လိုက်ဦးမယ်ကွာ

ကိစ္စမရှိပါဘူး မင်းတို့အချိန်မရွေးသာလာခဲ့ အဓိက ငါပေးထားတဲ့နည်းစနစ်ကိုသာ ကျင့်ကြံဖို့မမေ့နဲ့

ပိုင်လင်းရဲ့စကားအဆုံးမှာ ထျန်းနင်တို့က ခေါင်းညိတ်ပြတယ်။ အချိန်အနည်းငယ် စကားပြောဆိုပြီးနောက် ညနေစောင်းအချိန် ရောက်သွားတော့ ထျန်းနင်တို့က စျေးထဲခနဆို ပြီးထွက်သွားတယ်။ ပိုင်လင်းကတော့ အခန်းထဲ ပြန်ဝင်ပြီး လေ့ကျင့်ဖို့ပြင်ဆင်တယ်။

အဆင့်၃ အစောပိုင်းရဲ့ခွန်အားက တကယ်များ တာပဲ အဆင့်၁ ဆိုရင်ဘာ်လောက်တောင် များနေလိုက်မလဲ

သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအပြင် ချီဓာတ်သိပ်သည်းမှု ကိုအာရုံခံမိတော့ ပိုင်လင်းတယောက် အနည်းငယ် မှင်သက်သွားတယ်။ အဆင့်ချိုးဖြတ်ပြီး သူ့အနေထားကအဆင့်၃ နှောင်းပိုင်းတယောက်ကို ရင်ဆိုင်ဖို့မခက်တော့ ပါဘူး။

ပြိုင်ပွဲနဲ့ပက်သက်တဲ့ အကြောင်းတွေကိုတော့ ပိုင်လင်းကမေ့ထားပြီး မနက်ဖန်ချန်ဟယ် ကုန်သွယ်ရေးကိုရောက်မှ စမယ်လို့တွေးတယ်။ ရှေ့လျှောက်လုပ်စရာတွေ များနေခဲ့ပြီ။ ပြိုင်ပွဲ မှာပထမရခဲ့တာက ကျော်ကြားမှုအပြင် ရန်သူ တွေပါရလာမယ်ဆိုတာ သူကောင်းကောင်းသိ ထားခဲ့တယ်။

အသက်ရှုလေ့ကျင့်ခန်းကို ထိန်းညှိလိုက်တယ်။ ပြီးတော့ ချီကိုယ်ထည်ကိုအဆတ်မပြတ် စစ်ဆေးနေခဲ့တယ်။ ညနက်လုနီးပါးထိ လေ့ကျင့်ပြီးချိန်မှာတော့ တံခါးဖွင့်သံနဲ့အတူ ကျိလင်တယောက် အခန်းထဲဝင်လာတယ်။ သူမဘာအတွက်ရောက်လာလဲဆိုတာ သူသိနေ ပြီးသားပါ။

တန်တန်လေးအိပ်ပြီလား

အင်း

သူမကတီးတိုးပြန်ဖြေရင်း ပိုင်လင်းရဲ့ရင်ခွင်ထဲ တိုးဝင်လာတော့တယ်။

ညကတိတ်ဆိတ်ပြီး အနည်းငယ်အေးသလိုရှိ နေပေမဲ့ ခန္ဓာကိုယ်နှစ်ခုကတော့ ပူနွေးနေခဲ့တယ်။

ချန်ဟယ်ကုန်သွယ်ရေးခန်းမ

ပိုင်လင်းရောက်သွားချိန် ခန်းမထဲမှာလူစုံနေပြီ ချန်သခင်ကြီးတို့လင်မယား ချန်ညီအစ်မနဲ့ အစောင့်ရှောက်၅ဦးစလုံး ရှိနေခဲ့တာပါ။

မင်းသက်သာလာတာ မြန်သားပဲ သိပ်ကောင်း တယ်

ချန်ထန်းပုံစံက ဝမ်းသာနေပုံရတယ်။ သူတို့ မျှော်လင့်ထားတဲ့အတိုင်း ပိုင်လင်းကပထမဆု ရခဲ့တဲ့အတွက် အစီစဥ်တိုင်းရှေ့ဆက်လို့ ရနေပြီလေ။

ကျန်းထန်း ဆုတွေကိုသွားယူလိုက်ပါ

ကျန်းထျန်းလည်း ခန်းမထဲကထွက်သွားပြီး ခဏကြာတော့ သေတ္တာတလုံးနဲ့အတူပြန်ရောက် လာတယ်။ သေတ္တာကလေးထောင့်ပုံစံရှိပြီး အနည်းငယ်သေးပါတယ်။ ချန်ထန်းကသေတ္တာ ဆွဲယူလိုက်ပြီး ပိုင်လင်းကိုပေးတယ်။

ဒီထဲမှာ ကျင့်ကြံရေးဆေးလုံးနဲ့ ငွေစ၁၀၀၀၀ ပါတဲ့သိုလှောင်လက်စွပ်ရှိတယ် မင်းအခုနေတဲ့ ခြံဝန်းကိုလည်း အပိုဆုအနေနဲ့ယူလိုက်ပါ

ပိုင်လင်းက သေတ္တာကိုယူလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်တယ်။ သူ့အနေနဲ့ ငြင်းပယ်စရာအကြောင်းမရှိဘူးလေ။

လုပ်ငန်းကိစ္စပြောကြရအောင်

ခဏကြာတော့ ခန်းမထဲမှာလူတစု ဆွေးနွေးနေ ကြပြီး လုပ်ငန်းခွဲနဲ့ပက်သက်လို့ ချန်ဟယ်က မည်သည့်နေရာက ကူညီမည်ဆိုတဲ့အကြောင်းနဲ့ လုပ်ငန်းခွဲရဲ့ အဓိကဆောင်ရွက်ရမယ့်အပိုင်း စတာတွေအတွက် တိုင်ပင်ကြတယ်။

လုပ်ငန်းကစတင်ပြီးတော့ လည်ပတ်နေပြီ မကြာခင်မှာ ပထမဆုံးကုန်စည်ပို့ဆောင်ရေး တခုနဲ့ လေလံပွဲတခုလုပ်ဖို့ရှိတယ်

ချန်သခင်မကြီးက ပြောတယ်။ ချန်ဟယ်ကလဲ

ရှင့်အနေနဲ့ ပထမဆုံးပို့ဆောင်ရေးကို တာဝန်ယူ ရလိမ့်မယ် ပြီးတော့လေလံပွဲကိုရောပေါ့ ဒါက ဒီနယ်ပယ်မှာရှင့်ကို ပထမဆုံးမိတ်ဆက်တဲ့ သဘောပဲ

ပိုင်လင်းကသူမရဲ့စကားကို သဘောတူဟန်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ကျတော်နားလည်ပါတယ်

အကျိုးအမြတ်ကတော့ အမြတ်ရဲ့ဆယ်ရာနှုန်း ကိုရှင်ရမယ်

ကောင်းပြီ

လုပ်ငန်းခွဲက ကုန်စည်ပို့ဆောင်ရေးနဲ့ လေလံပွဲ ကိုသာအဓိကထားမည်ဖြစ်ပြီး အခြားအရောင်း နဲ့ပက်သက်တာကိုတော့ မူလချန်ဟယ်လုပ်ငန်း ခေါင်းစဥ်အောက်ကပဲ ဆက်သွားမယ့်သဘော ရှိတယ်။

အကြောင်းစုံပြောဆိုပြီး ပိုင်လင်းပြန်ထွက်သွား မယ်ပြင်တော့ အနောက်ကနေ ယန်ရှုလိုက်ပါ လာတယ်။

ဘာကိစ္စရှိလို့လဲ

ယန်ရှုကခပ်ဖွဖွရယ်ရင်း

အထူးအထွေမရှိပါဘူးကွာ မင်းအဆင်ပြေတဲ့ တရက်ငါတို့ လက်ရည်စမ်းကြည့်မလားလို့

ပိုင်လင်းတယောက် ကြောင်အသွားတယ်။ ဒီအ ဆင့်၂ ပညာရှင်ကသူ့ကိုလာနောက်နေတာလား။

အရမ်းအလေးနက်မထားနဲ့ မင်းဒဏ်ရာလုံးဝ သက်သာတော့မှ အဲ့ကိစဆွေးနွေးလို့ရတယ်

ဒဏ်ရာတွေက သက်သာပြီဆိုပေမယ့် အမှန်တိုင်းတော့ မပြောလိုက်တော့ဘူး။ ရက် နည်းနည်းနားရလည်း မနည်းဘူးလေ။

ကောင်းပြီ ရက်အချို့ကြာပြီးရင် ကျတော်ပြော ပါ့မယ်

သူ့ထက်အဆင့်သာတဲ့သူက တလေးတစားဖိတ် ခေါ်နေတာကို ငြင်းပယ်လို့မသင့်တဲ့အတွက် ပိုင်လင်းလည်း လက်ခံလိုက်တယ်။ ဒါကအတွေ့အကြုံတမျိုးပဲ မဟုတ်လား။

အိမ်ကိုပြန်ရောက်တော့ ထျန်းနင်တို့ပြန်သွားပြီ ဆိုတာကိုသိလိုက်ရတယ်။ ပိုင်လင်းလည်း ကျိလင်ကိုလေ့ကျင့်ရာမှာ ကူညီပေးပြီး နေ့လည်စာစားတယ်။ ပြီးတော့ အခန်းထဲပြန် ဝင်လိုက်ပြီး လေ့ကျင့်နေလိုက်တယ်။ လျှပ်စီးခြေလှမ်းကိုတော့ ရက်အနည်းငယ် ကြာပြီးတော့မှ လေ့ကျင့်ဖို့ဆုံးဖြတ်လိုက်တယ်။

ဒါက ငွေစ၁၀၀၀၀ ပါတဲ့လက်စွပ်ပဲ အစ်မယူ ပြီးသိမ်းထားပါ လိုအပ်မယ်ထင်တာကိုဝယ်လို့ ရတယ် မနှမြောနဲ့

ပိုင်လင်းက လက်စွပ်ကိုကျိလင်ဆီ အပ်လိုက် တယ်။ သူမကသူ့ဇနီးပဲ ဇနီးကိုအပ်တာက ပုံမှန် လုပ်ရိုးလုပ်စဥ်လို့ သူမြင်တယ်။

ပြီးခဲ့တဲ့ရက်က အစ်မအရမ်းပင်ပန်းနေခဲ့တာ ကျတော်သတိထားမိတယ် ကောင်းကောင်းလေ အနားယူလိုက်ပါ နောက်ပြီး သခင်လေးလို့လည် မခေါ်နဲ့တော့ အဲ့အစား ယောက်ျားလို့ခေါ်ပါ

ပိုင်လင်းက စတာတဝက် အတည်တဝက်နဲ့ ပြောလိုက်တယ်။ ထင်တဲ့အတိုင်းပဲ ကျိလင်တစ်ယောက် မျက်နှာလေးနီရဲသွားပြီး တိုးညင်းတဲ့လေသံနဲ့ ပြောလာတယ်။

ဟုတ်ကဲ့ ယောက်ျား

ပိုင်လင်းလည်း စိတ်ကျေနပ်စွာနဲ့ ပြုံးလိုက်မိ တော့တယ်။ အနည်းဆုံးတော့ မိန်းမတယောက် ရလိုက်ပြီ။ ချစ်စရာကောင်းတဲ့ သမီးလေးတစ် ယောက်က အဆစ်ပေါ့။

.

All Chapters