အခန်း (၅၁)
Vol. 4 Ch. 51
သင်းပျံ့ကောင်းကင်မြို့ရဲ့လေထုက တက်ကြွ လှုပ်ရှားနေတယ်။
အဓိကအားဖြင့် ကျဆင်းနေတဲ့ချန်ဟယ် ကုန်သွယ်ရေးအင်အားစုက အင်အားကြီးလင်း အိမ်တော်အထောက်ပံ့နဲ့ လုပ်ငန်းခွဲတခုတည် ထောင်တဲ့အပြင် ထူးခြားတဲ့ပါရမီရှင် လူငယ်တဦးဖြစ်တဲ့ ပိုင်လင်းကိုသိမ်းသွင်းနိုင်ခဲ့တာက ပြောစရာသတင်းတခု ဖြစ်နေခဲ့တယ်။
အကြောင်းရင်းကတော့ အင်အားစုလေးခုရဲ့ လှုပ်ရှားမှုတွေက သတိထားမိစရာ ဖြစ်နေခဲ့တယ်လေ။ အထူးသဖြင့် ချန်ညီအစ်မနဲ့ ပက်သက်ပြီး ဖိအားပေးတောင်းဆိုထားတဲ့ အင်အားစု၃ခုရဲ့ ထိပ်တန်းပါရမီရှင် သခင်လေး ၃ဦးနဲ့ ဆက်စပ်နေတာပဲ။
ထိုရက်တွေမှာ ပိုင်လင်းက လုပ်ငန်းခွဲရဲ့ရုံးချုပ် ဌာနကို နေ့စဥ်သွားရောက်ပြီး ကုန်သွယ်ရေးမှာ အဓိက ကျတဲ့လမ်းကြောင်းတွေစီမံတာမျိုး ကုန်ပစ္စည်းတွေ စီစစ်ပြီးလက်ခံတာမျိုးနဲ့ တဖက်မှာလည်း ယုံကြည်ရတဲ့အင်အားစုတွေ တည်ဆောက်ဖို့ကို စတင်လာတယ်။
မော့ပေ ရှန်ယု လျှိုချင်းဖုန်း ကျိလင် တို့က သိသာတဲ့လက်အောက်ခံ တနည်းအားဖြင့် အယုံကြည်ရဆုံး မိတ်ဆွေတွေဖြစ်နေတာပဲ။ ပိုင်လင်းက သူနားလည်တဲ့ လက်ဝေ့နဲ့မွှေထိုင်း နည်းစနစ်တွေအပြင် ချီယောင်ရဲ့ခွင့်ပြုမှုနဲ့ အခြေခံချီကျင့်စဥ်ကိုလည်း အပိုင်းခွဲပြီး ပြန်မျှ ဝေပေးခဲ့သေးတယ်။
နေ့ရက်တွေက ရိုးရှင်းတယ်ထင်ရပေမယ့် ပြဿနာက ပိုင်လင်းဆီရောက်လာဦးမယ်လို့ ဘယ်ထင်ထားပါ့မလဲ။
တစ္ဆေမြို့တော်ရဲ့ ဌာနတခုထဲကို လူတဦးဝင် ရောက်လာတယ်။ ထိုလူက ဌာနထဲတိုက်ရိုက်ပဲ ဝင်ရောက်သွားပြီး ဝန်ထမ်းအချို့နဲ့အတူ လျှို့ဝှက်တဲ့ အခန်းတခုထဲ ဝင်ရောက်လိုက်တယ်။
အလုပ်အပ်ချင်လို့ပါ
အရင်ဆုံးထိုင်ပါဦး
စားပွဲမှာထိုင်နေတဲ့ လူအိုကြီးတယောက်ကသူ့ ရှေ့က လူလတ်ပိုင်းသူကို ပြောလိုက်တယ်။
ဘယ်သူ့ကိုလဲ
လင်းမိသားစုခွဲလုပ်ငန်းရဲ့သခင်လေး ပိုင်လင်း
အခန်းထဲအနည်းငယ် တိတ်ဆိတ်သွားတယ်။ လူအိုကြီးက လက်ချောင်းတွေကို တတောက် တောက်ခေါက်နေရင်း တည်ငြိမ်တဲ့လေသံနဲ့ ပြောတယ်။
ငွေစ ၃၀၀၀၀
သက်လက်ပိုင်းလူက မျက်မှောက်ကြုတ်လိုက် တယ်။ ပြီးတော့
လူငယ်လေးတယောက်ပဲ ဘာလို့အဲ့လောက် တောင်းရတာလဲ
လူငယ်လေးတဲ့လား အဆင့်၃ အစောပိုင်းကျင့် ကြံသူနော် ပေါ့သေးသေးမဟုတ်ဘူး
လူအိုကြီးရဲ့လေသံက အလျှော့ပေးလိုဟန်မရှိ ပါဘူး။
၂၀၀၀၀ ကျုပ်ပေးနိုင်တာ အဲ့ဒါအများဆုံးပဲ
ဒါဆိုရင်တော့ သဘောတူညီမှုမရတော့ဘူး
လူအိုကြီးက ပြတ်ပြတ်သားသားပဲ ငြင်းဆိုလိုက်တယ်။ အဆင့်၃ ကျင့်ကြံသူကို လုပ်ကြံဖို့ အဆင့်မြင့်လုပ်ကြံရေးသမားကို သူတို့လိုအပ်မှာပါ။ ဒါက မြင့်မားတဲ့ငွေကြေး တခုသေချာပေါက်လိုအပ်မှာ ဖြစ်တယ်။
ခင်ဗျားတို့က တစ္ဆေဂိုဏ်းလက်အောက်မှာ မဟုတ်လား ကျုပ်တို့ခန်းမသခင်က တစ္ဆေဂိုဏ် ချုပ်နဲ့ ရင်းနှီးတယ်
သက်လတ်ပိုင်းလူက အနည်းငယ်ဖိအားပေး ချင်သလိုပြောလာတယ်။ တစ္ဆေလုပ်ကြံရေးအ ဖွဲ့စည်းက တစ္ဆေဂိုဏ်းရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိ နေခဲ့တာပါ။
လူအိုကြီးက နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက် ပြီး
ဒီခန်းမတခုလုံးရဲ့ အဓိကလုပ်ပိုင်ခွင့်ကို ဂိုဏ်း ရဲ့ဘိုးဘေးဟောင်းက စီမံတယ်ဆိုတာ မင်းမသိ ဘူးမဟုတ်လား ငါ့ကို တစ္ဆေဂိုဏ်းချုပ်လောက် နဲ့ဖိအားပေးဖို့မကြိုးစားနဲ့
အတန်ကြာတဲ့အထိ နှစ်ဦးသား တယောက်ကို တယောက်စိုက်ကြည့်နေခဲ့ကြပြီး မိနစ်အနည်း ငယ်ကြာချိန်မှာတော့ သက်လတ်ပိုင်းလူက သက်ပြင်းချလိုက်ပြီး တီးတိုးပြောတယ်။
ကောင်းပြီ ကျုပ်လက်ခံတယ်
ထိုအခါမှ လူအိုကြီးက နှစ်လိုဖွယ်ပြုံးလိုက်ပြီး သူ့ရဲ့အိုမင်းနေတဲ့ လက်တဖက်ကိုရှေ့ဆန့်ထုတ် လိုက်ပြီး
စရံငွေ တစ်သောင်းအရင်ချေခဲ့ အလုပ်ပြီးရင် ကျန်ငွေကို ၃ရက်အတွင်းအပြတ်ပေးရမယ်
သဘောတူတယ်
ဒီလိုနဲ့ နှစ်ယောက်သား လိုအပ်တဲ့အချက်လက် စာရွက်စာတမ်းကို စီမံပြီးနောက် သက်လတ်ပိုင် လူလည်းပြန်ထွက်ခွာသွားတယ်။
ထိုအချိန် ပိုင်လင်းကတော့ လုပ်ငန်းခွဲရဲ့ခန်းမ ကျယ်ထဲမှာ ချန်ညီအစ်မ မော့ပေတို့နဲ့အတူ ပထမဆုံးကုန်စည်ပို့ဆောင်ရေးအတွက် အကျိတ်အနယ် ဆွေးနွေးနေကြတယ်။
ဒီလမ်းကြောင်းက တုံမင် နဲ့ စီချွမ်းကို ဆက်စပ် ထားပြီးတော့ ချန်မြို့တော်ထိ ပေါက်တယ်
ချန်ဟယ်က မြေပုံပေါ်ရှိတဲ့ လမ်းကြောင်းတခု ထုတ်ပြပြီး ပြောတယ်။ သူမထောက်ပြတဲ့လမ်း ကြောင်းက မဟာချန်မြို့တော်ကို တိုက်ရိုက် သွားလို့ရတဲ့လမ်းကြောင်းဖြစ်ပြီး မဟာချန်ပြည်နယ်ကြီးရဲ့ အဓိကမြို့တော်လည် ဖြစ်တယ်။
ကုန်စည်ပို့ရမှာက မြို့၃ခုမဟုတ်လား
မော့ပေရဲ့အမေးကို ပိုင်လင်းက
ဟုတ်တယ် တုံမင် စီချွမ်နဲ့ အဆုံးသတ်က ချန် မြို့တော်ပဲ
သခင်မလေးပြတဲ့လမ်းကြောင်းအရဆို တစ္ဆေ မြို့တော်ကို ဖြတ်ရဦးမယ်ထင်တယ်
ရှန်ယုက ထောက်ပြတယ်။
သေချာပေါက်ပဲပေါ့ ဒါကအန္တရာယ်အများဆုံး အဓိကအကျဆုံးပဲ ချန်မြို့တော်ကိုသွားတာက မြို့တော်ရဲ့အဓိက ဆေးဝါးနဲ့ကျင့်ကြံရေးအရင် အမြစ်တွေကို ပြန်သယ်ဆောင်လာချင်တာလေ
ချန်ရှင်းက သူမသိသလောက်လေး ဝင်ပြောနေ တယ်။ သင်းပျံ့ကောင်းကင်မြို့က သေးငယ်ပြီး အရင်းအမြစ်ရှားပါးတာကြောင့် ကြီးမားတဲ့လေ လံပွဲတခုလုပ်ချင်ရင် ချန်မြို့တော်ကိုမဖြစ်မနေ သွားရမှာပါ။
ပြိုင်ပွဲကြောင့် သူတို့ဘက်က လှုပ်ရှားမှုအချို့ ရှိလာနိုင်တယ် ရှင့်အတွက် အန္တရာယ်အရမ်း များနေမှာနော် ပြန်စဥ်းစားဦးမလား
ချန်ဟယ်က စိုးရိမ်နေဟန်နဲ့ မေးလာတယ်။
မလိုဘူး ပြဿနာက စောတာနဲ့နောက်ကျတာပဲ ကွာမှာ ကြောက်နေလို့မရဘူး
ပိုင်လင်းရဲ့စကားအဆုံးမှာ ချန်ဟယ်က ခေါင်း ညိတ်ပြလာတယ်။
ကောင်းပြီ ဒါဆိုကျွန်မလည်း လိုက်ခဲမယ်
အကုန်လုံးက မှင်သက်သွားပြီး ချန်ဟယ်ကို ဝိုင်းကြည့်လာတယ်။ အားလုံးရဲ့အကြည့်တွေ သတိထားမိတော့ ချန်ဟယ်က
ဘာဖြစ်လို့လဲ ဒီလမ်းခရီးက အန္တရာယ်များ လွန်းနေတယ် အခုချိန်မှာ လူငယ်သခင်လေးက အလှုပ်ရှားဆုံးကိစဖြစ်နေတာလေ ဒီကုန်စည်ပို့ တဲ့ကိစကိုမီပြီး သူ့ကိုပြဿနာရှာနိုင်တယ်
အဲ့ဒါနဲ့ မမ လိုက်တဲ့ကိစ ဘာဆိုင်လို့လဲ
ချန်ရှင်းကမေးတယ်။
တဖက်သူတွေက ငါတို့ညီအစ်မကို ဖိအားပေး တာပဲရှိတယ် အန္တရာယ်မပေးဘူး ဒါကငါတို့ကို ထိခိုက်အောင်မလုပ်တဲ့သဘောပဲ ငါလိုက်သွား ခဲ့ရင် လူငယ်သခင်လေးကိုအန္တရာယ်ပေးချင်တဲ့ လူတွေအနေနဲ့ နှစ်ကြိမ်တော့ပြန်စဥ်းစားရမယ်
အကုန်လုံးက ချန်ဟယ်ရဲ့ အကြောင်းပြချက် ကိုကြားတော့ အနည်းငယ်နည်းလမ်းကျတယ် လို့ခံစားသွားရတယ်။ ချန်ဟယ်က ဆက်ပြီး
နောက်ပြီး လင်းအိမ်တော်အမည်ခံတဲ့ကိစ္စကို ခုလောက်ဆိုအဖိုးတို့ သိနေလောက်ပြီး အဲ့ကိစ ကိုလည်း ငါကိုယ်တိုင်သွားပြီး ရှင်းပြတာပိုသင့် လျော်လိမ့်မယ် မဟုတ်ရင် ဦးလေးတို့ကအမေ့ အပေါ်ဖိအားပေးလာရင် အကုန်ရှုပ်ကုန်မှာ
ဒီတချက်ကိုတော့ ချန်ရှင်းကလက်ခံတယ်။ လင်းအဖိုးကြီးက သူမတို့ညီအစ်မကိုသာ လက် ခံထားပြီး ချန်ထန်းကိုတော့ လုံးဝမုန်းတီးနေခဲ့ တာပါ။
ကောင်းပြီ ဒါဆိုလဝက်အတွင်း စမယ်
ပိုင်လင်းရဲ့စကားအဆုံးမှာတော့ ခရီးစဥ်ကို လိုက်ပါမယ့်အစောင့်ရွေးချယ်ခြင်းကို ဆွေးနွေး ကြတော့တယ်။ ဒီအခေါက်မှာ မော့ပေ ချန်ဟယ်တို့ လိုက်ပါမှာဖြစ်ပြီး ချန်ဟယ်ကိုစောင့်ရှောက်ဖို့ ယန်ရှုလည်းလိုက်ပါ မှာဖြစ်တယ်။
.