← Chapters

သဘာဝဖြစ်စဥ်နဲ့ သလင်းကျောက်

Vol. 4 Ch. 52

သဘာဝဖြစ်စဥ်နဲ့ သလင်းကျောက်

Vol. 4 Ch. 52

ရက်အနည်းငယ် ကြာပြီးချိန်မှာတော့ ပိုင်လင်း တယောက်ခြံဝန်းထဲ လေ့ကျင့်နေတယ်။

လျှပ်စီးခြေလှမ်းက ပိုအသားကျနေပြီး လျှပ်စီး ပုံရိပ်တွေက ပိုမိုများပြားလာနေခဲ့တယ်။ လှုပ် ရှားမှုတခုစီတိုင်းက သေသပ်တဲ့ပုံရိပ်တွေကို ကြည့်ရတာက တမျိုးကြည့်လို့ကောင်းနေတယ်

ကျိလင်က တန်တန်လေးနဲ့အတူ စားပွဲမှာထိုင်နေရင်း ပိုင်လင်းလေ့ကျင့်နေတာကို ကြည့်နေခဲ့တယ်။ ပိုင်လင်းက လေ့ကျင့်ရေးကို ဘယ်တော့မှပျက် ကွက်တာမျိုး မရှိခဲ့ဘူး။

မနက်ခင်းတိုင်း အခြေခံကျင့်စဥ်နဲ့ လက်ဝေ့ နည်းစနစ်ကို လေ့ကျင့်ပြီး နေ့လည်ပိုင်းမှာတော့ လျှပ်စီးခြေလှမ်းကို လေ့ကျင့်ပြီး ကျိလင်ကို လေ့ကျင့်ရေးမှာ ကူညီပေးလေ့ရှိတယ်။ ဒါက လုပ်ငန်းကိုမသွားရတဲ့ ရက်တွေပဲဖြစ်တယ်။ တပတ်ကို ၃ရက်လောက်ပဲ လုပ်ငန်းခွဲဆီသွားရ တာဆိုတော့ ကျန်ရက်တွေမှာ လေ့ကျင့်ရေးလုပ်လို့ရနိုင်တယ်လေ။

အတန်ကြာလေ့ကျင့်ပြီးချိန်မှာတော့ မောပန်းသွားဟန်နဲ့ စားပွဲမှာဝင်ထိုင်ပြီး ကျိလင် ငှဲ့ပေးထားတဲ့ လက်ဖက်ရည်ကို တခွက်လုံးမော့ ချလိုက်တယ်။

ဟူး.

လာမယ့်နှစ်ပတ်အတွင်း ယောက်ကျားခရီး ရှည်တခုထွက်ရဖို့ရှိတယ်

ပိုင်လင်းက ကျိလင်ကိုပြောတယ်။

ခရီးရှည်လား ဘယ်လောက်တောင်ကြာမှာလဲ

တလ ဒါမှမဟုတ် နှစ်လလောက်ပေါ့

ကျိလင်ရဲ့မျက်နှာလေး ညှိုးကျသွားတယ်။ သခင်လေးရာထူးကို လက်ခံပြီးချိန် ဒီလိုကိစ တွေဖြစ်မယ်ဆိုတာ သူမသိပြီးသားဆိုပေမယ့် ရက်အချို့ခွဲနေဖို့တောင် သူမအတွက်ခက်ခဲနေ တယ်။

ယောက်ကျားအတွက် အန္တရာယ်ရှိနိုင်လား

ကျိလင်က စိုးရိမ်နေဟန်နဲ့ မေးလာတယ်။

မရှိပါဘူး ခန်းမက သခင်ယန်ရှုလည်း လိုက်ပါ လာမှာလေ

ပိုင်လင်းက ကျိလင်တယောက်စိတ်ပူနေမှာစိုး တဲ့အတွက် ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တယ်။

မီးမီးအတွက် မုန့်တွေအများကြီးဝယ်လာနော်

တန်တန်လေးက ပိုင်လင်းကိုချစ်စဖွယ်အသံ လေးနဲ့ပြောတယ်။ ပိုင်လင်းက ပြုံးလိုက်ပြီး

ဒါပေါ့ မီးမီးအတွက်အများကြီး ဝယ်ပေးမယ်

ထိုသို့ပြောပြီး တန်တန်လေးကို သူ့ပေါင်ပေါ်ပွေ့ ချီလိုက်တယ်။ တန်တန်ရဲ့ တခစ်ခစ်ရယ်သံက လေတိုက်ခတ်သံနဲ့အတူ ရောထွေးသွားပြီး ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားတယ်။ ထိုချိန်မှာပဲ ကျယ်လောင်တဲ့မြည်ဟည်းသံတခု ထွက်ပေါ် လာပြီး ကောင်းကင်မှာသဘာဝဖြစ်စဥ်အနေနဲ့ အလင်းတန်းတခုက ဖြတ်ခနဲပေါ်သွားတယ်။

ဘာဖြစ်တာလဲ ငလျင်လား

ပိုင်လင်းလည်း ဆတ်ခနဲထရပ်ပြီး ပတ်ဝန်းကျင် ကိုစိတ်စွမ်းအားနဲ့ စူးစမ်းကြည့်တယ်။ မီတာရာ ဂဏန်းပတ်ပတ်လည်ကို စစ်ဆေးရသလောက် ငလျင်လှုပ်တဲ့နောက်ဆက်တွဲ အပျက်စီးကိုသူ မတွေ့ရဘူး။ ထူးဆန်းတာက အဖြစ်ပျက်တခု လုံးက ၅စက္ကန့်လောက်ပဲ ကြာတာပါ။

လက်စွပ်လေးထဲမှာ ချီယောင်တယောက် မျက် ခုံးအစံကိုတွန့်ကွေးထားရင်း တစုံတရာကိုအ လေးအနက်တွေးနေတယ်။

သဘာဝဖြစ်စဥ်လား ရတနာတခုပေါ်လာတဲ့ သဘောပဲ

မြို့မကုန်သွယ်ရေးခန်းမမှာတော့ ခန်းမသခင်က အရပ်မျက်နှာတခုကို စူးစိုက် ကြည့်နေပြီး တီးတိုးရေရွတ်လိုက်တယ်။ သဘာ ဝဖြစ်စဥ်ဆိုတာ ထူးခြားပြီးအဆင့်မြင့်တဲ့ရတနာ အချို့မွေးဖွားလာတဲ့ လက္ခဏာလို့ သူသိထားခဲ့ တယ်။

ရတနာဖြစ်စဥ်ဆိုရင် ဒီထက်ပိုကြာသင့်တယ် ရတနာမဟုတ်ပဲ.

ခန်းမသခင်တယောက် ဆတ်ခနဲ မတ်တပ်ထရပ်လိုက်ပြီး အစောင့်တယောက်ကို အမြန်ခေါ်လိုက်တယ်။ ပြီးတော့ တနေရာကို ချက်ချင်းပဲ စေလွှတ်လိုက်တော့တယ်။

ကျားဖြူခန်းမ ထန်းမိသားစု ဇောင်မိသားစုနဲ့ အခြားမိသားစုကြီးတွေကလည်း လှုပ်ရှားလာ တယ်။ ဖြစ်စဥ်ကိုတွက်ချက်ကြည့်ရာကနေ ဒီ ဖြစ်စဥ်က သလင်းကျောက်တွင်းနဲ့ ဆက်စပ်နေ မယ်လို့ သတိပြုမိသွားပုံရတယ်။

ချန်ဟယ်ခန်းမမှာတော့ ချန်ထန်းနဲ့ လူအချို့ရှိ နေပြီး ချန်သခင်မကြီးကသက်ပြင်းချ၍

ဒါက မှတ်တမ်းတွေအရဆို သလင်းကျောက် တွင်းပေါ်လာတဲ့သဘောပဲ

သလင်းကျောက်တွင်းလား

အကုန်လုံးက အံ့သြသင့်နေကြတယ်။ မဟာချန် ပြည်နယ်ရဲ့ နိမ့်ကျမှုသာမက ကျင့်ကြံရေးလော ကတခုလုံးရဲ့ စည်းမျဥ်းတွေ နိမ့်ကျသွားတာ ကြောင့် သလင်းကျောက်တွေ ပျောက်ကွယ်သွာ ခဲ့ပြီး နောက်ဆုံးသလင်းကျောက်ကို အသုံးပြုခဲ့ ကြတာက လွန်ခဲ့တဲ့နှစ်၅၀၀၀ ခန့်ကဖြစ်နေတယ်မဟုတ်လား။

သလင်းကျောက်တွင်း ပြန်ပေါ်လာတာက ဒီမြို့ တခုတည်းတော့မဟုတ်ဘူး ဒါပေမယ့် ချန်ပြည် နယ်တခုလုံးလည်း မဟုတ်နိုင်ဘူး သေချာတာ တခုကဒီအနီးနားမှာတော့ သင်းပျံ့ကောင်းကင် တခုပဲ ပေါ်တာဆိုရင်တော့ ပြဿနာများသွားပြီ လို့ကျွန်မထင်တယ်

ချန်သခင်မကြီးရဲ့ စကားအဆုံးမှာ အကုန်လုံးက လေးနက်သွားတယ်။ ဒါကဘယ် လိုဖြစ်စဥ်ကို ပြဆိုနေသလဲ။ သွေးချောင်းစီးတာမျိုးလား။ သိပ်ကိုသေချာ တာပေါ့။

ဝေမင် ချန်တင်း ကျန်းထျန်း တိလုံ မင်းတို့၄ ယောက်အရပ်မျက်နှာလေးခုကို ဖြန့်ကျက်ပြီး အခြေနေကို စောင့်ကြည့်ထားကြ မြို့တော်ကို ပြင်ပ လူတွေဝင်လာနိုင်တယ်

ချန်ထန်းက ချက်ချင်းအစီစဥ်ဆွဲတယ်။ ဒါကို ကြားတော့ချန်သခင်မကြီးက လက်ကာပြပြီး

မလောနဲ့ယောက်ကျား ဖြစ်စဥ်ပေါ်ပေမယ့် အချိန်ကြာဦးမှာ မှတ်တမ်းတွေအရဆို ၃လက ၆လထိ စောင့်ရနိုင်တယ်

ချန်သခင်မကြီးရဲ့စကားကို ချန်ထန်းက

ကိစ္စမရှိဘူး ခုတည်းကကြိုပြင်ထားတာပေါ့ ဒီသလင်းကျောက်က အနာဂတ်ချန်အိမ်တော် တိုးတက်ရေးနဲ့ပက်သက်နေတယ် နောက်ပြီး အခြားသူတွေလည်း ခုလောက်ဆိုလှုပ်ရှားဖို့စ နေလောက်ပြီ ငါတို့နောက်ကျလို့မရဘူး

..

All Chapters